သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလွှမ်းမိုးမှုကြောင့် သီရိလင်္ကာမှာ လူ ၁,၀၀၀,၀၀၀ ကျော် ထိခိုက်


ရေလွှမ်းမိုးမှုကြောင့် သီရိလင်္ကာမှာ လူ ၁,၀၀၀,၀၀၀ ကျော် ထိခိုက်

သီရိလင်္ကာနိုင်ငံမှာ မုတ်သုန်မိုးတွေ ပြင်းပြင်းထန်ထန် ရွာသွန်းမှုတွေနဲ့ လူပေါင်း ၁,၀၀၀,၀၀၀ ကျော် ကြုံတွေ့ခဲ့ရပြီးနောက် အနည်းဆုံး လူ ၆ ဦး သေဆုံးကာ လူတော်တော်များများ ပျောက်ဆုံးနေပါတယ်။

မိုးကြောင့် အိုးအိမ်တွေကို စွန့်ခွာရသူတွေ ယာယီစခန်း ၃၀၀ ကျော်မှာ ခိုလှုံနေရပါတယ်။ နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ လမ်းတွေ၊ လယ်တွေ ရေဖုံးလွှမ်းခံနေရပါတယ်။ အဲဒီဒေသတွေက အရင်တခေါက်ကလည်း မုတ်သုန်မိုးဒဏ် ခံခဲ့ရပါတယ်။

အရင်တခေါက် ရေဘေးဒဏ် ခံခဲ့ရသူတွေအတွက် နိုင်ငံတကာက အလှူငွေ ဒေါ်လာ ၅၁ သန်း ထည့်ဝင်ဖို့ ကုလသမဂ္ဂက တောင်းခံလိုက်ပြီးတဲ့နောက်မှာ အခုနောက်ဆုံး ရေဖုံးလွှမ်းမှု ထပ်ဖြစ်တာ ဖြစ်ပါတယ်။

XS
SM
MD
LG