သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းဒေသတလျှောက်မှာ လေပြင်းကျရောက်ပြီး မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းနေတာမို့ လေဒဏ်မိုးဒဏ်ကြောင့် သေဆုံးရသူဟာ တနင်္ဂနွေနေ့အထိဆိုရင် ၂၇ ဦးရှိသွားပြီလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ငါးဖမ်းသမားက ၂၉ ဦး ရှိနေတယ်လို့လည်း အစိုးရပြောခွင့်ရက ပြောပါတယ်။
စနေနေ့ အစောပိုင်းကစပြီး မုတ်သုန်မိုး သည်းထန်စွာရွာသွန်းပြီး ပြင်းထန်တဲ့လေ တိုက်ခတ်နေတာကြောင့် သင်္ဘော ၃၂ စီးကျော် ပျောက်ဆုံးခဲ့ရသလို သင်္ဘောတွေနဲ့အတူ ပျောက်ဆုံးနေတဲ့ငါးဖမ်းသမားတွေကို ရေတပ်ကလိုက်လံ ရှာဖွေနေတယ်လို့ သီရိလင်္ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဗဟိုဌာနပြောခွင့်ရ ပရာဒိ ကိုဒီပီလီ Pradeep Kodippili ကပြောပါတယ်။
တနင်္ဂနွေနေ့လည်ပိုင်းမှာ ငါးဖမ်းသမား ၂၆ ဦးသေဆုံးခဲ့ရသလို တဦးကတော့ စနေနေ့က ပြိုကျတဲ့ သစ်ပင်နဲ့ ရိုက်မိပြီး သေဆုံးခဲ့ရပါတယ်။ နောက် တံငါသည် ၃၅ ဦးလည်း ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဆိုပါတယ်။
အနောက်တောင် မုတ်သုန်လေကြောင့် ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ခံရနိုင်တယ်လို့ သီရိလင်္ကာနိုင်ငံ မိုးလေဝဿနဲ့ ဇလဗေဒဌာနက သတိပေးကြေငြာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။