သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ အမှိုက်ပုံပြိုကျမှု အနည်းဆုံး ၂၆ ဦး သေဆုံး


သီရိလင်္ကာ အမှိုက်ပုံပြိုကျ
သီရိလင်္ကာ အမှိုက်ပုံပြိုကျ

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ အမှိုက်ပုံပြိုကျပြီး အောက်မှာ ပိတ်မိနေသူတွေကို တနင်္ဂနွေနေ့က သီရိလင်္ကာစစ်သားတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေကယ်ဆယ်နေကြပါတယ်။

ကိုလံဘို မြို့ပြင်က Meetotamulla အရပ်မှာ ရှိတဲ့ အမှိုက်ပုံတဝိုက် စစ်တပ်တာဝန်ရှိသူတွေက အခုထိ လိုက်လံရှာဖွေနေကြတာ ဖြစ်ပြီး အခုထိ သေဆုံးသူပေါင်း ၂၆ ဦး ရှိနေပြီလို့ စစ်တပ်ပြောခွင့်ရ Roshan Seneviratne ကပြောပါတယ်။ အမှိုက်ပုံအနားက နေအိမ်တွေပါ ပြိုပျက်ခဲ့သလို အခုထိ အသက်ရှင်ကျန်နေသူရော၊ ပျောက်ဆုံးနေသူပါ အရေတွက် ဘယ်လောက်ရှိတယ် ဆိုတာမသိရသေးပါဘူး။

ဒေသခံတွေ နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေချိန် သောကြာနေ့ ညနေပိုင်းမှာ အမှိုက်ပုံပြိုကျခဲ့တာဖြစ်ပါတယ်။ နေအိမ် ၇၈ လုံးကတော့ လုံးဝပြိုပျက်သွားသလို ပျက်စီးသွားတဲ့ အိမ်ပေါင်းက ၁၅၀ ကျော်ရှိနေတယ်လို့ ရှာဖွေကယ်ဆယ်ရေး ကို ဦးဆောင်တဲ့ ဗိုလ်ချုပ် Sudantha Ranasinghe ကပြောပါတယ်။

အခုလို အမှိုက်ပုံပြိုကျမှုဟာ မတော်တဆ ဖြစ်မှု လား တစုံတယောက် က လုပ်ဆောင်တာလား ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲကပြောပါတယ်။

ကိုလံဘိုမြို့တော် သားနားအောင် လုပ်ဆောင်နေတဲ့ အာဏာပိုင်တွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာပဲ ဒီနေရာမှာ အမှိုက်လာပုံခဲ့တာ ဖြစ်ပါတယ်။ ဒီအမှိုက်ပုံကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံနေကြတယ်ဆိုပြီး ဝန်းကျင်မှာ နေထိုင်သူတွေက အမှိုက်လာပုံတာကို ကန့်ကွက်နေကြတာပါ။

ဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ အမှိုက်ပုံကို ဒီနေရာကနေ မကြာခင်မှာပဲ ဖယ်ရှားပေးမယ်လို့ စနေနေ့က ပြောပါတယ်။

သီရိလင်္ကာ အမှိုက်ပုံပြိုကျမှု အနည်းဆုံး ၂၆ ဦး သေဆုံး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG