သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ သီရိလင်္ကာလွှတ်တော်မဲခွဲ


သီရိလင်္ကာနိုင်ငံမှာ ၀န်ကြီးချုပ် Mahinda Rajapaksa အပေါ် အယုံအကြည်မရှိ အဆိုကို ဒီကနေ့ပဲ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့အတွက် နိုင်ငံရေး အကျပ်အတည်းတွေလည်း ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။

အဆိုကို မဆွေးနွေးခင် ၀န်ကြီးချုပ်ကို ထောက်ခံသူတွေ လွှတ်တော်ထဲမှာ ဆန္ဒပြခဲ့ကြပြီးနောက်မှာပဲ၊ လွှတ်တော်ဥက္ကဋ္ဌ Karu Jayasuriya က မဲခွဲဖို့ စီစဉ်ခဲ့တာပါ။ အဆိုကို ကန့်ကွက်မယ့်မဲ အလုံအလောက် မရနိုင်တဲ့အကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြီးခဲ့တဲ့ သီတင်းပတ်မှာကတည်းက ပြောဆိုထားတဲ့အတွက် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကတော့ ကြိုသိနှင့်ပြီး ဖြစ်နေပါတယ်။ သီရိလင်္ကာသမ္မတ Maithripala Sirisena က သူ့ကိုလုပ်ကြံဖို့ ကြံစည်မှုမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦး ပါဝင် ပတ်သက်နေကြောင်း ပြောဆိုခဲ့ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာပဲ ၀န်ကြီးချုပ်တာဝန်ယူထားတဲ့ Ranil Wickremesinghe ကို ရာထူးက ဖယ်ရှားရာက နိုင်ငံရေးပြဿနာတွေနဲ့ ကြုံခဲ့ရတာပါ။

ရာထူးဖြုတ်လိုက်တဲ့ ၀န်ကြီးချုပ် နေရာမှာတော့ တချိန်က သမ္မတဟောင်းအဖြစ် တိုင်းပြည်ကို ခပ်ကြမ်းကြမ်းအုပ်ချုပ်ခဲ့တဲ့ Rajapaksa နဲ့ အစားထိုးခဲ့လိုက်ပြီး နောက်တရက်မှာပဲ လွှတ်တော်ကိုလည်း ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ ဖိအားတွေကြားမှာပဲ သမ္မတက လွှတ်တော်ကို တနင်္လာနေ့မှာ ပြန်လည်ခေါ်ယူခဲ့ရတာပါ။ ဒါပေမဲ့လည်း ၀န်ကြီးချုပ်အနေနဲ့ အယုံအကြည်မရှိ အဆိုနဲ့ရာထူးက ဖယ်ရှားခံရဖို့ သေချာသလောက် ဖြစ်လာချိန်မှာပဲ သမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း တရားရုံးချုပ်က သမ္မတရဲ့ အမိန့်ကို မနေ့ကပဲ ပယ်ဖျက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG