သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာသမၼတ ျပည္ပတိမ္းေရွာင္


FILE- Sri Lankan President Gotabaya Rajapaksa sings the country's national anthem during Independence Day celebrations in Colombo, Feb. 4, 2022. Demonstrators have for months demanded Rajapaksa's resignation, blaming Sri Lanka's economic collapse on him a

သီရိလကာၤ သမၼတ Gotabaya Rajapaksa ႏိုင္ငံက တိမ္းေရွာင္သြားပါၿပီ။ ဆႏၵျပသူေတြက သူ႔ရဲ႕ အိမ္နဲ႔ ရံုးခန္း၊ ေနာက္ ၀န္ႀကီးခ်ဳပ္ရဲ႕ ေနအိမ္တို႔ကို ၀င္ေရာက္စီးနင္းခဲ႔ၿပီး ရက္ပိုင္း အၾကာမွာ အခုလို ႏိုင္ငံကေန ထြက္ခြာသြားတာ ျဖစ္ပါတယ္။ လူ၀င္မႈ ႀကီးၾကပ္ေရး ဌာန တာ၀န္ရွိသူ တဦးက အခုလို ေျပာဆိုတာ ျဖစ္ပါတယ္။ ႏိုင္ငံမွာ စားနပ္ရိကၡာနဲ႔ ေလာင္စာ ျပတ္လပ္မႈ ဆိုးဆိုးရြားရြား ေပၚေပါက္ေစတဲ႔ သံုးလတာ စီးပြားေရး အက်ပ္အတည္းေတြ ျဖစ္ၿပီးေနာက္မွာ သမၼတက ႏိုင္ငံကေန ထြက္ခြာတာလည္း ျဖစ္ပါတယ္။ သမၼတ၊ သမၼတရဲ႕ ဇနီးနဲ႔ သက္ေတာ္ေစာင့္ ၂ ဦးတို႔ သီရိလကာၤ ေလတပ္ ေလယာဥ္နဲ႔ ေမာ္လ္ဒိုက္ႏိုင္ငံ ၿမိဳ႕ေတာ္ Male ကို ထြက္ခြာသြားတာ ျဖစ္ေၾကာင္း တာ၀န္ရွိသူက ေျပာပါတယ္။ ဖိအားေပးခံေနရတဲ႔ သမၼတ Rajapaksa က ရာထူးက ႏုတ္ထြက္ဖို႔ သေဘာတူထားတာပါ။ ၀န္ႀကီးခ်ဳပ္ Ranil Wickremesinghe ကေတာ့ အစိုးရသစ္ ဖြဲ႔ၿပီးတာနဲ႔ ရာထူးက ႏုတ္ထြက္မယ္လို႔ ေျပာဆိုထားပါတယ္။

Unicode

သီရိလကၤာသမၼတ ျပည္ပတိမ္းေရွာင္
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္

သီရိလကာၤ သမ္မတ Gotabaya Rajapaksa နိုင်ငံက တိမ်းရှောင်သွားပါပြီ။ ဆန္ဒပြသူတွေက သူ့ရဲ့ အိမ်နဲ့ ရုံးခန်း၊ နောက် ဝန်ကြီးချုပ်ရဲ့ နေအိမ်တို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး ရက်ပိုင်း အကြာမှာ အခုလို နိုင်ငံကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ဌာန တာဝန်ရှိသူ တဦးက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။ နိုင်ငံမှာ စားနပ်ရိက္ခာနဲ့ လောင်စာ ပြတ်လပ်မှု ဆိုးဆိုးရွားရွား ပေါ်ပေါက်စေတဲ့ သုံးလတာ စီးပွားရေး အကျပ်အတည်းတွေ ဖြစ်ပြီးနောက်မှာ သမ္မတက နိုင်ငံကနေ ထွက်ခွာတာလည်း ဖြစ်ပါတယ်။ သမ္မတ၊ သမ္မတရဲ့ ဇနီးနဲ့ သက်တော်စောင့် ၂ ဦးတို့ သီရိလကာၤ လေတပ် လေယာဉ်နဲ့ မော်လ်ဒိုက်နိုင်ငံ မြို့တော် Male ကို ထွက်ခွာသွားတာ ဖြစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။ ဖိအားပေးခံနေရတဲ့ သမ္မတ Rajapaksa က ရာထူးက နုတ်ထွက်ဖို့ သဘောတူထားတာပါ။ ဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ အစိုးရသစ် ဖွဲ့ပြီးတာနဲ့ ရာထူးက နုတ်ထွက်မယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG