သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင် ဝတ်ပြုနေ့ သီရိလင်္ကာ လုံခြုံရေးတင်းကြပ်


A Sri Lankan soldier stands guard at the damaged St. Anthony's Church or Shrine in Colombo, Sri Lanka, April 26, 2019.
A Sri Lankan soldier stands guard at the damaged St. Anthony's Church or Shrine in Colombo, Sri Lanka, April 26, 2019.

သီရိလင်္ကာနိုင်ငံတဝှမ်းက ဘာသာရေးဆိုင်ရာဝတ်ပြုဆုတောင်းတဲ့နေရာတွေမှာ လုံခြုံရေးတွေ ထောင်နဲ့ချီပြီး စောင့်ကြပ်နေပါတယ်။ မနေ့ကသောကြာနေ့ဟာ မူဆလင်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတဲ့နေ့လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကပဲ ခရစ်ယန်ဘုရားကျောင်းတွေနဲ့ဟိုတလ်ကြီးတွေကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူတွေရာနဲ့ချီ သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရာနဲ့ချီရှိနေပါတယ်။ လူတိုင်းစိတ်ပူနေကြတယ်၊ မူဆလင်တွေ တင် မကဘဲ ဗုဒ္ဓဘာသာရော၊ ခရစ်ယန်ရော၊ ဟိန္ဒူဘာသာဝင်တွေရော လူတွေအကုန်လုံး စိတ်ပူနေကြတာလို့ မူဆလင်အမျိုးသား အသက် ၄၈ နှစ် အရွယ် အဗ္ပဒူလာ မိုဟာမက်က အေပီသတင်းဌာနကို သောကြာနေ့ ဆုတောင်းဝတ်ပြုသူတွေရှေ့မှာ ပြောပါတယ်။

တနင်္ဂနွေနေ့ဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ပါလို့ပြောထားတဲ့ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်တဲ့ သီရိ လင်္ကာက အစ္စလမ်းမစ် စစ်သွေးကြွအဖွဲ့ဝင်တွေကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အပြင်းအထန် ရှာဖွေနေကြပါတယ်။

နိုင်ငံရဲ့ အရှေ့ပိုင်းခရိုင်က ရှာဖွေစီးနင်းမှုတခုအတွင်း အပြန်အလှန်ပစ်ခတ်မှုတခု သောကြာနေ့တုန်းက ဖြစ်ပွါး ခဲ့တယ်လို့ သီရိလင်္ကာ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။ နောက်ထပ်တိုက်ခိုက်မှုတွေ ဆက်ပြီး ဖြစ်နိုင်တယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေလို့ ဘာသာရေးဝတ်ပြုဆုတောင်းရာနေရာတွေနဲ့ လူစုလူဝေး တွေကို ရှောင်ကြဖို့ သတိထားပြီးနေကြဖို့ မြို့ တော်ကိုလံဘိုမှာရှိတဲ့ အမေရိကန်သံရုံးကလည်း အကြံပြု ထားပါတယ်။

တနင်္ဂနွေနေ့ကဗုံးခွဲတိုက်ခိုက်မှုတွေကိုကြီးကျပ်စီ စဉ်တယ်လို့ သံသယရှိသူ Zahran Hashim ဟာ ရှန်ဂရီလာ ဟိုတလ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ သီရိလင်္ကာ အရာရှိတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG