သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓိကရုဏ်းတွေ ကြုံနေရတဲ့ သီရိလင်္ကာမှာ လူမှုကွန်ယက်တွေကို ပိတ်ပင်


အဓိကရုဏ်းဖြစ်ခဲ့သည့်နေရာ
အဓိကရုဏ်းဖြစ်ခဲ့သည့်နေရာ

သီရိလင်္ကာနိုင်ငံမှာ လူနည်းစုမူစလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေကို တားဆီးဖို့ကြိုးပမ်းတဲ့အနေနဲ့ သီရိလင်္ကာအစိုးရဟာ လူမှုကွန်ယက်တွေ အသုံးပြုလို့မရအောင် ပိတ်ပင်လိုက်ပါတယ်။

လွန်ခဲ့တဲ့ စနေနေ့က ဆင်ဟာလီစ်ကားသမားတဦးဟာ မူစလင်လူငယ်တွေနဲ့ အချင်းများပြီး ခိုက်ရန်ဖြစ်ပွါးရာကနေ ရတဲ့ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ချိန်ကစလို့ လူမှု အသိုင်းအဝိုင်းကြား ပဋိပက္ခတွေ စတင်ဖြစ်ပွါးလာတာပါ။

ကန္ဒီခရိုင်အတွင်းက မူစလင်တွေရဲ့ ဗလီတွေနဲ့ ဈေးဆိုင်တွေကို ဆင်းဟာလီစ် ဗုဒ္ဓဘာသာဝင်တွေက ဖျက်ဆီးတိုက်ခိုက်ခဲ့ကြပြီး နောက်တရက်မှာတော့ သီရိလင်္ကာသမ္မတ Maithripala Sirisena ဟာ အင်္ဂါနေ့မှာ နိုင်ငံအရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

မူစလင်တွေကို တိုက်ခိုက်ကြဖို့ လှုံ့ဆော်ရေးသားတဲ့ စာတွေ လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် Facebook, Instagram နဲ့ WhatsApp စတဲ့ လူမှုကွန်ယက်တွေ အသုံးမပြုနိုင်အောင်လည်း ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့အခြေအနေအောက်မှာပဲ ဒီကနေ့ထိ တိုက်ခိုက်မှုတချို့ ဆက်ရှိနေပါသေးတယ်။

သီးခြားလွတ်လပ်ရေးတောင်းဆိုကြတဲ့ လူနည်းစု တမီးလ်ကျားသူပုန်တွေကို အစိုးရဘက်က နှိမ်နှင်းခဲ့လို့ ၃၆ နှစ်ကြာ ပြည်တွင်းစစ်ကြီး အဆုံးသတ်သွားခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး သီရီလင်္ကာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေးအရ သဘောထားကွဲပြားမှုတွေ ပြင်းထန်လာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG