သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာမှာ လွှတ်တော်ဖျက်သိမ်း


သီရိလင်္ကာသမ္မတ Maithripala Sirisena (ဗဟို)
သီရိလင်္ကာသမ္မတ Maithripala Sirisena (ဗဟို)

သီရိလင်္ကာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ ရှုပ်ထွေးနေချိန်မှာပဲ သမ္မတ Mathripala Sirisena က ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး ရွေးကောက်ပွဲအသစ်ကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က သီရိလင်္ကာသမ္မတ Sirisenna က ဝန်ကြီးချုပ် Ranil Wickremesinghe ကို ရာထူးကနေ ဖြုတ်ချပြီး သူ့နေရာမှာ သမ္မတဟောင်း Mahinda Rajapaksa ကို အစားထိုးလိုက်ချိန်ကစပြီး သီရိလင်္ကာနိုင်ငံမှာ အခြေအနေတွေရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်နေတာပါ။

ပါလီမန်ကို သောကြာနေ့ည သန်းခေါင်ကျော်ကစတင်ပြီး ဖျက်သိမ်းလိုက်ကြောင်း သမ္မတလက်မှတ် ထိုးထားတဲ့ တရားဝင်အမိန့်ကို ကြေငြာခဲ့ပါတယ်။ သမ္မတ Sirisena ရဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပြီး ဒီမိုကရေစီမဆန်ကြောင်း ဝန်ကြီးချုပ် Wickremesinghe အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး Mangala Samaraweera က ပြောကြားလိုက်ပြီး သူရဲ့ United National ပါတီအနေနဲ့ အာဏာရှင်ဆန်ဆန်ဖိနှိပ်အုပ်ချုပ်လာနေတဲ့အပေါ်မှာ တွန်းလှန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သမ္မတက ပါလီမန်ကို ဖျက်သိမ်းလိုက်ရတာဟာ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ပြည်သူတွေ ဆုံးဖြတ်သင့်တာကြောင့်ဖြစ်တယ်လို နိုင်ငံခြားရေးဝန်ကြီးက Sarath Amunugama က ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG