သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမီလ်ကျားကို နှိမ်နင်းစဉ် အရပ်သားများ သေဆုံးမှု သီရိလင်္ကာအစိုးရ ဝန်ခံ


တမီလ်ကျားကို နှိမ်နင်းစဉ် အရပ်သားများ သေဆုံးမှု သီရိလင်္ကာအစိုးရ ဝန်ခံ
တမီလ်ကျားကို နှိမ်နင်းစဉ် အရပ်သားများ သေဆုံးမှု သီရိလင်္ကာအစိုးရ ဝန်ခံ

သီရိလင်္ကာနိုင်ငံမှာ အစိုးရနဲ့ တမီလ် ကျားသူပုန် အဖွဲ့တို့ကြား ဖြစ်ပွားခဲ့တဲ့ ၂၅ နှစ်ကြာ ပြည်တွင်းစစ်ရဲ့ နောက်ဆုံးရက်တွေအတွင်း အရပ်သားတွေ သေကောင်း သေခဲ့နိုင်တယ်ဆိုတဲ့ အချက်ကို သီရိလင်္ကာ အစိုးရက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလာပါတယ်။

အရပ်သားတွေ လုံး၀ သေကျေခြင်း မရှိစေရဆိုတဲ့ ပေါ်လစီကို အစိုးရက ချမှတ် ကျင့်သုံးနေပေမဲ့လည်း စစ်ပွဲပမာဏ ကြီးမားလွန်းတာနဲ့ တဘက်ရန်သူက လူမဆန်စွာ အကြမ်းဖက် ရက်စက်မှုတွေ လုပ်ဆောင်ခဲ့တာတွေကြောင့် အရပ်သား အသေအပျောက် မရှိဖို့ဆိုတာ မလွယ်ဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တမီလ်ကျားသူပုန်တွေကို အစိုးရတပ်တွေက အနိုင်ရခဲ့ပြီးနောက် သီရိလင်္ကာ ပြည်တွင်းစစ်ဟာ ၂၀၀၉ ခုနှစ်မှာ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG