သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ်မှာ ဗုံးကြဲတဲ့ဗိုလ်ချုပ် စစ်ရာဇဝတ်မှု စွဲဆိုခံရ

ပြည်တွင်းစစ်မှာ ဗုံးကြဲတဲ့ဗိုလ်ချုပ် စစ်ရာဇဝတ်မှု စွဲဆိုခံရ
ပြည်တွင်းစစ်မှာ ဗုံးကြဲတဲ့ဗိုလ်ချုပ် စစ်ရာဇဝတ်မှု စွဲဆိုခံရ

သီရိလင်္ကာစစ်တပ်က တပ်မှူးဟောင်း တယောက်ကို စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ဖို့ လှုံ့ဆော်စည်းရုံးရေး အဖွဲ့ ၂ ဖွဲ့က ဆွစ်ဇာလန် အစိုးရကို တောင်းဆိုထားပါတယ်။

ဆွစ်ဇာလန် အခြေစိုက် အဖွဲ့တွေ ဖြစ်ကြတဲ့ Society for Threatened Peoples အဖွဲ့နဲ့ TRIAL လို့ခေါ်တဲ့ Track Impunity Always အဖွဲ့တို့က ဂျဂါ့သ် ဒီယပ်စ် (Jagath Dias) အပေါ် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုဖို့ ဆွစ်ဇာလန် ရှေ့နေချုပ်ဆီမှာ လျှောက်ထားလိုက်ကြတာပါ။

သီရိလင်္ကာ ပြည်တွင်းစစ်ပွဲ နောက်ဆုံးအဆင့်မှာ အရပ်သားတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ် ဆိုပြီး သူ့ကို စွပ်စွဲထားပါတယ်။ သီရိလင်္ကာ ပြည်တွင်းစစ်ပွဲမှာ တမီလ် ကျားသူပုန်တွေ ရှုံးနိမ့်ပြီး ၂၀၀၉ ခုနှစ်ကမှ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီယပ်စ်ဟာ ဂျာမနီနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒုတိယသံအမတ်အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေပါတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်နဲ့ ဗာတီကန်ဆိုင်ရာ သံတမန်အဖြစ်လည်း သူ့ကို ခန့်အပ်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သီရိလင်္ကာ အစိုးရဘက် တုံ့ပြန်ချက် တစုံတရာ ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ကြေညာချက်တစောင် ထွက်လာနိုင်ဖွယ် ရှိတယ်လို့ သီရိလင်္ကာ တာဝန်ရှိသူတွေက ပြောဆိုတာတော့ ရှိပါတယ်။

This item is part of
XS
SM
MD
LG