သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ စစ်ဦးစီးချုပ်ဟောင်း တရားစွဲခံရ


သီရိလင်္ကာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဆာရတ်သ် ဖုန်ဆီကာကို လိမ်လည်မှုနဲ့ စစ်ခုံရုံးတခုမှာ တရားစွဲတင်လိုက်ပါတယ်။ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူတာမှာ လိုက်နာ လုပ်ဆောင်ရမယ့် စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန် လုပ်ဆောင်ခဲ့တဲ့အတွက် ဖုန်ဆီကာဟာ ထောင်ဒဏ် ၃ နှစ်ထိ ကျခံရဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်ကို သီရိလင်္ကာသမ္မတ မဟိန္ဒာ ရာဂျာပက်က်ဆာက အတည်ပြုပေးရပါလိမ့်မယ်။

စစ်ဝတ်စုံ ဝတ်ဆင်ထားဆဲအချိန်မှာ နိုင်ငံရေးလုပ်တဲ့အတွက် ဖုန်ဆီကာမှာ အပြစ်ရှိတယ်လို့ စစ်ဘက်တရားရုံးတခုက ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ပြီး တပ်ထဲကနေ ထုတ်ပစ်ခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖုန်ဆီကာဟာ တမီလ်ကျားသူပုန်တွေကို ပြီးခဲ့တဲ့နှစ်က အောင်အောင်မြင်မြင် နှိမ်နင်းခဲ့တဲ့ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ဇန်နဝါရီလကလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတ ရာဂျာပက်က်ဆာနဲ့ ယှဉ်ပြိုင် အရွေးခံပြီး ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် သိပ်မကြာ ခင်မှာပဲ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG