သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရီလင်္ကာ ရေဘေး လူ ၂၀၀ ကျော်သေဆုံး


မုတ်သုန်ရာသီမိုးကြောင့် ရေကြီး၊ မြေပြိုမှုတွေကြုံခဲ့ရာက သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၂၀၂ ယောက်အထိ ရှိခဲ့ကြောင်း သီရီလင်္ကာနိုင်ငံက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

လူပေါင်း ၉၆ ယောက်ဟာလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ ၈ သောင်း နီးပါးဟာလည်း ယာယီခိုလှုံရာနေရာတွေမှာ နေထိုင်နေကြရကြောင်း သီရိလင်္ကာနိုင်ငံက ကပ်ဘေးဒဏ်စီမံခန့်ခွဲရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကစလို့ မိုးသည်းထန်ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားရာက ရာချီတဲ့ အဆောက်အဦးတွေ၊ နေအိမ်တွေ ပျက်စီးခဲ့သလို၊ လမ်းတွေ၊ စိုက်ခင်းတွေဟာလည်း ရွှံ့နွံတွေ ဖုံးလွှမ်းခဲ့ပါတယ်။

ရေဘေးဒဏ်ခံခဲ့ရသူ စုစုပေါင်းကတော့ လူပေါင်း ၆ သိန်း ၃ သောင်း အထိ ရှိခဲ့တာပါ။ သီရိလင်္ကာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေကတော့ ကပ်ဘေးသင့်သူတွေကို အကူအညီတွေ ပေးအပ်ဖို့၊ အန္တရာယ်နဲ့ ရင်ဆိုင်နေရသူတွေကို ကယ်ဆယ်ဖို့ ဝိုင်းဝန်းကူညီနေကြပါတယ်။ ကုလသမဂ္ဂ၊ အမေရိကန်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေကလည်း ရေဘေးဒဏ်သင့်သူတွေကို အကူအညီပေးဖို့ ကတိပြုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG