သီရိလကၤာမွာ ႏိုင္ငံျခားေငြျပတ္ စီးပြားပ်က္ကပ္အတြက္ ႏိုင္ငံတကာအကူအညီ ေဒၚလာ သန္း ၃,၀၀၀ ခန႔္ ရဖို႔ ႀကိဳးပမ္းေနပါတယ္။
သီရိလကၤာ ဘ႑ာေရးဝန္ႀကီးက ေလာင္စာဆီနဲ႔ ေဆးဝါးအပါအဝင္ မရွိမျဖစ္လိုတာေတြ ျပန္ျဖည့္ဆည္းႏိုင္ဖို႔ လာမဲ့ (၆) လအတြင္း အခုလို ႏိုင္ငံျခားအကူအညီ လိုလိမ့္မယ္လို႔ ဒီေန႔ ေျပာလိုက္ပါတယ္။
လူဦးေရ (၂၂) သန္းရွိတဲ့ သီရိလကၤာမွာ ေရရည္ လွ်ပ္စစ္မီးပ်က္၊ ေဆးဝါး၊ ေလာင္စာဆီနဲ႔ တျခားကုန္ပစၥည္းျပတ္ၿပီး ကုန္ေစ်းႏႈန္းေတြတက္ လူေတြေဒါသထြက္ကာ လမ္းမေပၚတက္ ဆႏၵျပခဲ့တာေၾကာင့္ သမၼတ Gotabaya Rajapaksa အေပၚ ဖိအားေတြ ႀကီးမားလာခဲ့ပါတယ္။
ဘ႑ာေရးဝန္ႀကီး Ali Sabry ကလည္း ဒီလိုတဲ့ေငြရဖို႔က ဟာက်ဳလီအလုပ္လို ႀကီးမားလြန္းၿပီး ဒီလလည္ အေမရိကန္သြားကာ IMF ႏိုင္ငံတကာေငြေၾကးရံပုံေငြအဖြဲ႕နဲ႔ ေဆြးေႏြးဖို႔ ျပင္ထားတယ္လို႔ ဒီအပတ္တာဝန္စယူၿပီး ပထမဆုံးအင္တာဗ်ဳးမွာ ႐ိုက္တာစ္သတင္းဌာနကို ေျပာပါတယ္။
သီရိလကၤာအေနနဲ႔ ႏိုင္ငံတကာရန္ပုံေငြစာခ်ဳပ္ေတြ ျပဳျပင္ေျပာင္းလဲၿပီး ေပးေခ်စရာေတြအတြက္ ဆိုင္းငံ့မူေတြ ေတာင္းဆိုဖို႔ ျပင္ထားကာ ဇူလိုင္မွာ ေပးေခ်ဖို႔ရွိတဲ့ ေဒၚလာသန္း ၁,၀၀၀ အတြက္ ညႇိႏႈိင္းဖို႔ပါ ယုံၾကည္မူရွိထားတယ္လို႔ ဝန္ႀကီး Sabry က ဆိုပါတယ္။
ဒါ့အျပင္ အခုလိုႀကိဳးပမ္းေနတာက လုံးဝျပန္ေပးဆပ္ဖို႔ ပ်က္ကြက္တဲ့အဆင့္မေရာက္ေအာင္ အစြမ္းကုန္လုပ္ေနတာျဖစ္ၿပီး ဒီအဆင့္ရဲ႕ ဆိုးက်ိဳးႀကီးမားလြန္းမူကိုလည္း သိထားပါတယ္လို႔ ဝန္ႀကီး Sabry က ဆက္ရွင္းျပခဲ့ပါတယ္။
လတ္တေလာမွာေတာ့ အေရးေပၚအေျခအေနေအာက္ လမ္းမေပၚထြက္ ွဆႏၵျပမူေတြကို ထိန္းႏိုင္ေအာင္ မရွိမျဖစ္လိုအပ္တဲ့ ကုန္ပစၥည္းေတြ ျပန္ျဖည့္ဆည္းၿပီး ပုံမွန္အေျခအေနတခု ျပန္ေရာက္ဖို႔ အေရးႀကီးေနတယ္လို႔လည္း ဝန္ႀကီး Sabry က အေလးထားေျပာခဲ့ပါတယ္။
== Unicode ==
သီရိလင်္ကာမှာ နိုင်ငံခြားငွေပြတ် စီးပွားပျက်ကပ်အတွက် နိုင်ငံတကာအကူအညီ ဒေါ်လာ သန်း ၃,၀၀၀ ခန့် ရဖို့ ကြိုးပမ်းနေပါတယ်။
သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီးက လောင်စာဆီနဲ့ ဆေးဝါးအပါအဝင် မရှိမဖြစ်လိုတာတွေ ပြန်ဖြည့်ဆည်းနိုင်ဖို့ လာမဲ့ (၆) လအတွင်း အခုလို နိုင်ငံခြားအကူအညီ လိုလိမ့်မယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။
လူဦးရေ (၂၂) သန်းရှိတဲ့ သီရိလင်္ကာမှာ ရေရည် လျှပ်စစ်မီးပျက်၊ ဆေးဝါး၊ လောင်စာဆီနဲ့ တခြားကုန်ပစ္စည်းပြတ်ပြီး ကုန်ဈေးနှုန်းတွေတက် လူတွေဒေါသထွက်ကာ လမ်းမပေါ်တက် ဆန္ဒပြခဲ့တာကြောင့် သမ္မတ Gotabaya Rajapaksa အပေါ် ဖိအားတွေ ကြီးမားလာခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး Ali Sabry ကလည်း ဒီလိုတဲ့ငွေရဖို့က ဟာကျုလီအလုပ်လို ကြီးမားလွန်းပြီး ဒီလလည် အမေရိကန်သွားကာ IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့နဲ့ ဆွေးနွေးဖို့ ပြင်ထားတယ်လို့ ဒီအပတ်တာဝန်စယူပြီး ပထမဆုံးအင်တာဗျုးမှာ ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။
သီရိလင်္ကာအနေနဲ့ နိုင်ငံတကာရန်ပုံငွေစာချုပ်တွေ ပြုပြင်ပြောင်းလဲပြီး ပေးချေစရာတွေအတွက် ဆိုင်းငံ့မူတွေ တောင်းဆိုဖို့ ပြင်ထားကာ ဇူလိုင်မှာ ပေးချေဖို့ရှိတဲ့ ဒေါ်လာသန်း ၁,၀၀၀ အတွက် ညှိနှိုင်းဖို့ပါ ယုံကြည်မူရှိထားတယ်လို့ ဝန်ကြီး Sabry က ဆိုပါတယ်။
ဒါ့အပြင် အခုလိုကြိုးပမ်းနေတာက လုံးဝပြန်ပေးဆပ်ဖို့ ပျက်ကွက်တဲ့အဆင့်မရောက်အောင် အစွမ်းကုန်လုပ်နေတာဖြစ်ပြီး ဒီအဆင့်ရဲ့ ဆိုးကျိုးကြီးမားလွန်းမူကိုလည်း သိထားပါတယ်လို့ ဝန်ကြီး Sabry က ဆက်ရှင်းပြခဲ့ပါတယ်။
လတ်တလောမှာတော့ အရေးပေါ်အခြေအနေအောက် လမ်းမပေါ်ထွက် ှဆန္ဒပြမူတွေကို ထိန်းနိုင်အောင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ပြန်ဖြည့်ဆည်းပြီး ပုံမှန်အခြေအနေတခု ပြန်ရောက်ဖို့ အရေးကြီးနေတယ်လို့လည်း ဝန်ကြီး Sabry က အလေးထားပြောခဲ့ပါတယ်။