သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာမှာ လောင်စာဆီပြတ်လို့ကျောင်းတွေအလုပ်တွေပိတ်


SRI LANKA-POLITICS-ECONOMY-FUEL
SRI LANKA-POLITICS-ECONOMY-FUEL

[[Zawgyi/Unicode]]

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ မလုံလောက်လို့ ဒီကနေ့ စာသင်ကျောင်းတွေကို ပိတ်လိုက်ပြီး ရုံးဝန်ထမ်းတွေလည်း အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အုပ်ချုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

သီရိလင်္ကာမှာ ဆယ်စုနှစ်နဲ့ချီ ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း ကြုံနေရချိန်မှာ လောင်စာဆီ လုံးဝ ပြတ်လပ်လုနီးပါး အခြေစိုက်နေတာပါ။ နိုင်ငံတဝန်းက ဓာတ်ဆီဆိုင်တွေမှာ လောင်စာဆီရဖို့အတွက် ဒီရက်ပိုင်း လူတွေ နေ့စဉ် တိုးဝှေ့နေပါတယ်။ သီရိလင်္ကာ အစိုးရဟာ ပြည်ပကနေ လောင်စာဆီ၊ သဘာဝဓာတ်ငွေ့နဲ့ တခြား အခြေခံကုန်ပစ္စည်းတွေ တင်သွင်းဖို့မှာ ငွေလိုနေတာကြောင့် ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက လုံးပမ်းနေရတာပါ။

လက်ရှိမှာ နိုင်ငံ ဒေဝါလီခံရလုဆဲဆဲ အခြေအနေကို ရောက်နေပြီး နိုင်ငံခြား ကြွေးမြီ ပြန်ဆပ်တာတွေလည်း ရပ်ထားရပါတယ်။ စီးပွားရေး အကျပ်အတည်း မဖြေရှင်းနိုင်တဲ့အတွက် နိုင် ငံရေးပြဿနာတွေလည်း ကြီးထွားလာနေပြီး နိုင်ငံတဝန်း အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ကျယ်ပြန့်လာပါတယ်။ အစိုးရဝန်ကြီးတွေ အများအပြား နုတ်ထွက်ခဲ့ကြပြီးတဲ့နောက် အစိုးရတွင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြန် ကြိုးစားတဲ့အနေနဲ့ သမ္မတ Gotabaya Rajapaksa က ဒီကနေ့ အစိုးရအဖွဲ့ဝန်ကြီး ၉ ဦးကို ကျမ်းကျိန်ပေးခဲ့ပါတယ်။

ဒီကနေ့ ၉ ဦးအပါအဝင် ဒီရက်ပိုင်းတွေအတွင်း ခန့်အပ်တဲ့ အစိုးရဝန်ကြီးသစ် ၁၃ ဦး ရှိသွားပါပြီ။ ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကတည်းက ညီညွတ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းဖို့ သမ္မတ Rajapaksa က ကြိုးစားခဲ့ပေမဲ့လို့ နိုင်ငံတွင်း အင်အားအကောင်းဆုံး အတိုက်အခံ နိုင်ငံရေးပါတီ၊ ညီညွတ်သော ပြည်သူ့တပ်ပေါင်းစုပါတီက ဒါကို ကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]





============

XS
SM
MD
LG