သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုင္းရႈးစခန္းသုံးခု႐ုပ္သိမ္းမည္မဟုတ္ စစ္ေကာင္စီကို SSPP အေၾကာင္းျပန္


SSPP/ SSA

စစ္ေကာင္စီက ေတာင္းဆိုထားတဲ့ မိုင္းရႈးၿမိဳ႕နယ္ရွိ စခန္း ၃ခုကို ႐ုတ္သိမ္းဖို႔ မျဖစ္ႏိုင္ေသးေၾကာင္း ရွမ္းျပည္တိုးတက္ေရးပါတီ SSPP က မၾကာမီက အေၾကာင္းျပန္ၾကားလိုက္ပါတယ္။ ဒီစခန္း ၃ခု ဆုတ္ခြာေပးဖို႔အတြက္ စစ္ေကာင္စီဘက္ ၃ႀကိမ္ထက္ မနည္း ေတာင္းဆိုထားတာပါ။ ေလာေလာဆယ္မွာေတာ့ စခန္းေတြ ဖယ္ရွားေရးအတြက္ စစ္ေရးအရ ဖိအားေပးေဆာင္႐ြက္တာေတြ မရွိတာေၾကာင့္၊ ႏွစ္ဘက္အၾကား ေဆြးေႏြးေျဖရွင္းၿပီး ေျပလည္ႏိုင္ဖြယ္ရွိေၾကာင္းလည္း သုံးသပ္ၾကပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုၿငိမ္းခ်မ္းေျပာျပမွာပါ။

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းရႈးၿမိဳ႕နယ္ထဲက ရွမ္းျပည္တိုးတက္ေရးပါတီ SSPP စခန္း ၃ခုကို ႐ုတ္သိမ္းဖို႔အတြက္ စစ္ေကာင္စီက ဇြန္လဆန္းက စတင္ၿပီး ၃ႀကိမ္တိုင္ စာေရး အေၾကာင္းၾကားခဲ့တာပါ။ SSPP ဖက္က တရားဝင္အေၾကာင္းျပန္ၾကားမႈမရွိေသးတဲ့ေနာက္ စစ္ေကာင္စီနဲ႔ SSPP အၾကား တင္းမာမႈအနည္းငယ္ရွိခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ရဲ႕ တိုက္႐ိုက္ကမ္းလွမ္းမႈကို လက္ခံထားတဲ့အထဲ SSPP ပါဝင္ေပမယ့္လည္း၊ စစ္ေကာင္စီအႀကီးအကဲနဲ႔ SSPP အၾကား ေတြ႕ဆုံေဆြးေႏြးမႈကလည္း မျဖစ္ေသးပါဘူး။

ဒီလ ၁၄ရက္ေန႔ မိုင္းေနာင္ၿမိဳ႕မွာ ဒု ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္နဲ႔ SSPP ကိုယ္စားလွယ္အဖြဲ႕ ေတြ႕ဆုံခ်ိန္မွာလည္း တစ္ပတ္အတြင္း ဒီစခန္းေတြကေန ဆုတ္ခြာေပးဖို႔ ထပ္မံေတာင္းဆိုခဲ့ပါတယ္။ စခန္းေတြကေန ဆုတ္ခြာဖို႔ မျဖစ္ႏိုင္ေၾကာင္း ဒုဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ကို လိပ္မူၿပီး အခုဇူလိုင္ ၂၀ရက္ေန႔မွာ အေၾကာင္း ျပန္ၾကားခဲ့တယ္လို႔ SSPP ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးစိုင္းဖုန္းဟန္က VOA ကို ေျပာပါတယ္။

“ က်ေနာ္တို႔ ၂၀ရက္ေန႔မွာ စာျပန္လိုက္ပါတယ္။ ေလာေလာဆည္အေျခအေနက က်ေနာ္တို႔ ေ႐ႊ႕ဖို႔ ျပဳဖို႔က အခက္အခဲရွိတယ္။ ဒါ မျဖစ္ႏိုင္ေသးဘူးေပါ့ေလ။ အဲဒါကို အေၾကာင္းျပန္လိုက္တာျဖစ္တယ္။ တပ္စခန္း ၃ခုကလည္း တပ္မေတာ္အတြက္၊ ၿငိမ္းခ်မ္းေရးအတြက္ ထိခိုက္ေလာက္ေအာင္ ျဖစ္ေနတဲ့ စခန္းလည္း မဟုတ္ပါဘူး။ ဆိုေတာ့ ဒီဟာကို နားလည္ေပးဖို႔ က်ေနာ္တို႔ စာျပန္လိုက္တာျဖစ္တယ္ဗ်။ ”

ဒီလို စာျပန္ၿပီးတဲ့ေနာက္မွာ အေရွ႕အလယ္ပိုင္းတိုင္း တိုင္းမႈးက ျပန္လည္ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ လိုအပ္မွာျဖစ္ေၾကာင္း ထပ္မံ အေၾကာင္းၾကားလာတယ္လို႔ ဆက္ေျပာပါတယ္။

“ခိုလမ္တိုင္းမႈးနဲ႔ ဒုတိုင္းမႈးကေတာ့ ေျပာလာတာေပါ့ဗ်ာ။ ဒီစခန္းေ႐ႊ႕ဖို႔ စာေရးတယ္ဆိုတာကေတာ့ ျပန္ညႇိႏႈိင္းဖို႔ လိုအပ္တယ္ေပါ့ေလ။ ျပန္လည္ညႇိႏႈိင္းၿပီးေတာ့ ဘယ္လို ေဆာင္႐ြက္ရင္ အဆင္ေျပမလဲဆိုတဲ့ ညႇိႏႈိင္းမႈမ်ိဳး ေျပာလာတာ ရွိပါတယ္။ ဒါကေတာ့ ဖုန္းနဲ႔ေပါ့။ ”

မတ္လ ၃၁ရက္ေန႔မွာ စစ္ေကာင္စီရဲ႕အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေကာ္မတီနဲ႔ SSPP ကိုယ္စားလွယ္အဖြဲ႕ ေနျပည္ေတာ္မွာ ေတြ႕ဆုံစဥ္မွာ မိုင္းရႈးၿမိဳ႕နယ္က သံလြင္ျမစ္ကမ္းရွိ တပ္စခန္းေတြနဲ႔ ပင္လုံၿမိဳ႕နယ္ ဆနင္းေတာင္ေဒသက တပ္စခန္းေတြကို ဆုတ္ခြာေပးဖို႔ စတင္ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ေနာက္ပိုင္း ဇြန္လ ၁၀ရက္၊ ဇြန္လ ကုန္နဲ႔ ဇူလိုင္လ ၇ရက္ေန႔ ေနာက္ဆုံးထားဆုတ္ခြာဖို႔ အေၾကာင္းၾကားခဲ့ပါတယ္။ ဒီလို အေၾကာင္းၾကားတဲ့အခ်ိန္မွာ့ စစ္ေကာင္စီတပ္ဘက္က မိုင္းေနာင္၊လဲခ်ား နဲ႔ မိုင္းကိုင္ဘက္မွာ တပ္အင္အား ျဖည့္တင္းတာေတြ ရွိေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

ႏိုင္ငံေရးသုံးသပ္သူ ဦးရဲထြန္းက လက္ရွိအေျခအေနမွာ စစ္စခန္း ၃ခု ဖယ္ရွားေရးအတြက္ စစ္ေကာင္စီဘက္က စစ္ေရးနည္းအရ ဖိအားေပး ေဆာင္႐ြက္မယ့္ အေနအထားမရွိေၾကာင္း သုံးသပ္ပါတယ္။

“ အလားအလာေတာ့ ခန႔္မွန္းၾကည့္ရတာ လက္နက္ကိုင္တိုက္တဲ့အဆင့္ထိေတာ့ မျဖစ္ႏိုင္ဘူးလို႔ ထင္တယ္။ နစက ဘက္ကလည္း တျခား စစ္မ်က္ႏွာေတြမွာ တိုက္ပြဲေတြ ျဖစ္ေနတဲ့အခါက်ေတာ့ ထပ္ၿပီးေတာ့ စစ္မ်က္ႏွာ မခ်ဲ႕ခ်င္ဘူးေပါ့ဗ်ာ။ SSA/ SSPP ဘက္ကလည္း အခု ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ေခၚတဲ့အခါ သြားတက္တဲ့အခါက်ေတာ့ သူတို႔ရဲ႕ သေဘာထားကို ခန႔္မွန္းၾကည့္ရတာလည္း ညႇိႏႈိင္းၿပီးေတာ့ပဲ။ ေဆြးေႏြးၿပီးေတာ့ အဆင္ေျပသြားမယ္ထင္ပါတယ္။ ”

ရွမ္းျပည္တိုးတက္ေရးပါတီ SSPPဟာ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ဖိတ္ေခၚထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ အေၾကာင္းျပန္ခဲ့တဲ့ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ဖြဲ႕ အနက္က တစ္ဖြဲ႕ျဖစ္ပါတယ္။ ေလာေလာဆည္မွာ လက္နက္ကိုင္ ၉ဖြဲ႕နဲ႔ ေဆြးေႏြးၿပီးသြားၿပီျဖစ္ေပမဲ့ SSPP နဲ႔ ေဆြးေႏြးေရးကေတာ့ ၾကန႔္ၾကာေနဆဲျဖစ္ပါတယ္။

--------------------------------

မိုင်းရှုးစခန်းသုံးခုရုပ်သိမ်းမည်မဟုတ် စစ်ကောင်စီကို SSPP အကြောင်းပြန်

စစ်ကောင်စီက တောင်းဆိုထားတဲ့ မိုင်းရှုးမြို့နယ်ရှိ စခန်း ၃ခုကို ရုတ်သိမ်းဖို့ မဖြစ်နိုင်သေးကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က မကြာမီက အကြောင်းပြန်ကြားလိုက်ပါတယ်။ ဒီစခန်း ၃ခု ဆုတ်ခွာပေးဖို့အတွက် စစ်ကောင်စီဘက် ၃ကြိမ်ထက် မနည်း တောင်းဆိုထားတာပါ။ လောလောဆယ်မှာတော့ စခန်းတွေ ဖယ်ရှားရေးအတွက် စစ်ရေးအရ ဖိအားပေးဆောင်ရွက်တာတွေ မရှိတာကြောင့်၊ နှစ်ဘက်အကြား ဆွေးနွေးဖြေရှင်းပြီး ပြေလည်နိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းပြောပြမှာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP စခန်း ၃ခုကို ရုတ်သိမ်းဖို့အတွက် စစ်ကောင်စီက ဇွန်လဆန်းက စတင်ပြီး ၃ကြိမ်တိုင် စာရေး အကြောင်းကြားခဲ့တာပါ။ SSPP ဖက်က တရားဝင်အကြောင်းပြန်ကြားမှုမရှိသေးတဲ့နောက် စစ်ကောင်စီနဲ့ SSPP အကြား တင်းမာမှုအနည်းငယ်ရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ တိုက်ရိုက်ကမ်းလှမ်းမှုကို လက်ခံထားတဲ့အထဲ SSPP ပါဝင်ပေမယ့်လည်း၊ စစ်ကောင်စီအကြီးအကဲနဲ့ SSPP အကြား တွေ့ဆုံဆွေးနွေးမှုကလည်း မဖြစ်သေးပါဘူး။

ဒီလ ၁၄ရက်နေ့ မိုင်းနောင်မြို့မှာ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံချိန်မှာလည်း တစ်ပတ်အတွင်း ဒီစခန်းတွေကနေ ဆုတ်ခွာပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ စခန်းတွေကနေ ဆုတ်ခွာဖို့ မဖြစ်နိုင်ကြောင်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို လိပ်မူပြီး အခုဇူလိုင် ၂၀ရက်နေ့မှာ အကြောင်း ပြန်ကြားခဲ့တယ်လို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းဖုန်းဟန်က VOA ကို ပြောပါတယ်။

“ ကျနော်တို့ ၂၀ရက်နေ့မှာ စာပြန်လိုက်ပါတယ်။ လောလောဆည်အခြေအနေက ကျနော်တို့ ရွှေ့ဖို့ ပြုဖို့က အခက်အခဲရှိတယ်။ ဒါ မဖြစ်နိုင်သေးဘူးပေါ့လေ။ အဲဒါကို အကြောင်းပြန်လိုက်တာဖြစ်တယ်။ တပ်စခန်း ၃ခုကလည်း တပ်မတော်အတွက်၊ ငြိမ်းချမ်းရေးအတွက် ထိခိုက်လောက်အောင် ဖြစ်နေတဲ့ စခန်းလည်း မဟုတ်ပါဘူး။ ဆိုတော့ ဒီဟာကို နားလည်ပေးဖို့ ကျနော်တို့ စာပြန်လိုက်တာဖြစ်တယ်ဗျ။ ”

ဒီလို စာပြန်ပြီးတဲ့နောက်မှာ အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှုးက ပြန်လည်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ကြောင်း ထပ်မံ အကြောင်းကြားလာတယ်လို့ ဆက်ပြောပါတယ်။

“ခိုလမ်တိုင်းမှုးနဲ့ ဒုတိုင်းမှုးကတော့ ပြောလာတာပေါ့ဗျာ။ ဒီစခန်းရွှေ့ဖို့ စာရေးတယ်ဆိုတာကတော့ ပြန်ညှိနှိုင်းဖို့ လိုအပ်တယ်ပေါ့လေ။ ပြန်လည်ညှိနှိုင်းပြီးတော့ ဘယ်လို ဆောင်ရွက်ရင် အဆင်ပြေမလဲဆိုတဲ့ ညှိနှိုင်းမှုမျိုး ပြောလာတာ ရှိပါတယ်။ ဒါကတော့ ဖုန်းနဲ့ပေါ့။ ”

မတ်လ ၃၁ရက်နေ့မှာ စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ SSPP ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ မိုင်းရှုးမြို့နယ်က သံလွင်မြစ်ကမ်းရှိ တပ်စခန်းတွေနဲ့ ပင်လုံမြို့နယ် ဆနင်းတောင်ဒေသက တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ စတင်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်း ဇွန်လ ၁၀ရက်၊ ဇွန်လ ကုန်နဲ့ ဇူလိုင်လ ၇ရက်နေ့ နောက်ဆုံးထားဆုတ်ခွာဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒီလို အကြောင်းကြားတဲ့အချိန်မှာ့ စစ်ကောင်စီတပ်ဘက်က မိုင်းနောင်၊လဲချား နဲ့ မိုင်းကိုင်ဘက်မှာ တပ်အင်အား ဖြည့်တင်းတာတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းက လက်ရှိအခြေအနေမှာ စစ်စခန်း ၃ခု ဖယ်ရှားရေးအတွက် စစ်ကောင်စီဘက်က စစ်ရေးနည်းအရ ဖိအားပေး ဆောင်ရွက်မယ့် အနေအထားမရှိကြောင်း သုံးသပ်ပါတယ်။

“ အလားအလာတော့ ခန့်မှန်းကြည့်ရတာ လက်နက်ကိုင်တိုက်တဲ့အဆင့်ထိတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ နစက ဘက်ကလည်း တခြား စစ်မျက်နှာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အခါကျတော့ ထပ်ပြီးတော့ စစ်မျက်နှာ မချဲ့ချင်ဘူးပေါ့ဗျာ။ SSA/ SSPP ဘက်ကလည်း အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်တဲ့အခါ သွားတက်တဲ့အခါကျတော့ သူတို့ရဲ့ သဘောထားကို ခန့်မှန်းကြည့်ရတာလည်း ညှိနှိုင်းပြီးတော့ပဲ။ ဆွေးနွေးပြီးတော့ အဆင်ပြေသွားမယ်ထင်ပါတယ်။ ”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPPဟာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ အကြောင်းပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့ အနက်က တစ်ဖွဲ့ဖြစ်ပါတယ်။ လောလောဆည်မှာ လက်နက်ကိုင် ၉ဖွဲ့နဲ့ ဆွေးနွေးပြီးသွားပြီဖြစ်ပေမဲ့ SSPP နဲ့ ဆွေးနွေးရေးကတော့ ကြန့်ကြာနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG