လူတွေနေနိုင်မယ်လို့ ယူဆရတဲ့ ကမ္ဘာနဲ့တူတဲ့ KOI-172 ဂြိုဟ်နဲ့အတူ ဒီနှစ်ထဲမှာပဲ ကမ္ဘာလို ရေနဲ့ လေထုအပြင် နေပါရှိနေတဲ့ ဂြိုဟ်ပေါင်း ၅လုံးနဲ့ တခြားသက်ရှိတွေနေနိုင်တဲ့ ဂြိုဟ်ပေါင်း သန်းနဲ့ ချီပြီးရှိနေတာ တွေ့ခဲ့တယ်လို့ ဒေါက်တာဝင်းသာထွေးကပြောပါတယ်။
ဒါ့အပြင် supernova လို့ခေါ်တဲ့ နေပေါက်ကွဲမှုအပြင် Quasars လို့ခေါ်တဲ့ အတောက်ပဆုံးဖြစ်တဲ့ ဒြဗ်ထုအစုကြီးကို အလင်းနှစ် သန်းပေါင်း ၄ ထောင်လောက် ဖြန့်ကျက်ထားတာတွေ့ခဲ့ရသလို Supermassive blackhole လို့ခေါ်တဲ့ ကြီးမားတဲ့ အနက်ထည်တွင်းကြီးရဲ့ လည်ပါတ်နှုံးကိုပါ NuStar ဂြိဟ်တုကတဆင့် ပထမဆုံး အတိအကျ တိုင်းနိုင်ခဲ့တာပါ။
အာရှနိုင်ငံတွေထဲက ပထမဆုံး အိန္ဒိယနိုင်ငံက အင်္ဂါဂြိုဟ်စူးစမ်းရေးယဉ်ကို
နိုဝင်ဘာလမှာ လွှတ်တင်နိုင်ခဲ့သလို တရုတ်နိုင်ငံကလည်း ဒီဇင်ဘာလမှာ လဆင်းယဉ်လွှတ်တင်ပြီး စူးစမ်းရေးတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
စနေဂြိုလ်ရဲ့ တိုင်တန်လို့ခေါ်တဲ့ လတခုမှာတော့ ကမ္ဘာပေါ်က ရေနံသိုက်စုစုပေါင်း ထက်အဆ၃၀၀ လောက်ပိုကြီးတဲ့ မီသိန်းဓါတ်ရည်အိုင်ကြီးတွေကိုတွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် အာတိတ်သမုဒ္ဒရာ ကြမ်းပြင်အောက်က မီသိန်းလို့ခေါ်တဲ့ ဟိုက်ဒရိုကာဗွန်တွေ လေထုထဲ ထွက်နေတဲ့ နှုံးဟာ ခန့်မှန်းထားတာထက် ၂ ဆလောက်ပိုနေတာ ကိုပါ တွေ့ရတာမို့ လက်ရှိ ဖန်လုံအိမ်ဓါတ်ငွေ့အထွက်နှုံးကို ရပ်သွားအောင်လုပ်ပစ်တာတောင်မှ နောက်ရာစုနှစ်တွေမှာလည်း ကမ္ဘာကြီး ဆက်ပြီး ပူနွေးနေအုံးမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။