သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ရူပဗေဒ နိုဗယ်ဆု LED

Sweden Nobel  Physics
Sweden Nobel Physics

၂၀၁၄ ခုနှစ် ရူပဗေဒ နိုဗယ်ဆုကို လျှပ်စစ် စွမ်းအင်သိပ်သုံးစရာ မလိုပဲ သဘာဝဝန်းကျင် ထိမ်းသိမ်းရေးအတွက် အဖိုးတန်တဲ့ အပြာရောင် LED မီး တီထွင်တဲ့ ဂျပန် ရူပဗေဒပညာရှင် ၃ ဦးကို ပေးအပ်ခဲ့တာပါ။

နိုဗယ်ဆု ရွေးချယ်ရေး ကော်မတီကနေ ဂျပန်နိုင်ငံ နာဂိုယာ တက္ကသိုလ်က Isamu Akasaki နဲ့ Hiroshi Amano နဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်က ပါမောက္ခ Shuji Nakamura တို့ ၃ ဦးကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ပေးတဲ့ ရူပဗေဒ နိုဗယ်ဆုဟာ ထူးခြားတယ်လို့ ရူပဗေဒ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။ သူတို့ ၃ဦးရဲ့ LED မီး ဟာ လူသားတွေအတွက် အလွန်အသုံးဝင်ပြီး လူနေမှု အဆင့်အတန်း ကအစ ခေတ်ပြောင်းသွားအောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ LED မီးဟာ စွမ်းအင်သိပ်သုံးစရာမလိုပါဘူး။ နေစွမ်းအင်သုံးဆိုလာပြားတွေနဲ့ အားဖြည့်နိုင်သလို ဝေးလံခေါင်ဖျား ဒေသတွေအတွက် မီးတထိန်ထိန်နဲ့ နေနိုင်အောင် လုပ်ပေးနိုင်တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG