သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

2015 ခုနှစ်ရဲ့ ထိပ်တန်း နည်းပညာများ


FILE - Craig Federighi, Apple senior vice president of Software Engineering, speaks about Apple Pay at the Apple Worldwide Developers Conference event in San Francisco, June 8, 2015.
FILE - Craig Federighi, Apple senior vice president of Software Engineering, speaks about Apple Pay at the Apple Worldwide Developers Conference event in San Francisco, June 8, 2015.

magic Leap ကုမ္ပဏီရဲ့ ကွန်ပြူတာ နည်းပညာတီထွင်မှု တခုက virtual reality လို့ခေါ်တဲ့ 3D ရုပ်လုံးပေါ် အောင် လုပ်ပေးနိုင်တာပါ။ လက်ကိုင်ဖုံးကဖြစ်စေ ကွန်ပြူတာကဖြစ်စေ ပြောဆိုလှုပ်ရှားမှုတွေဟာ တကယ်အပြင်မှာ ထိတွေ့ဆက်ဆံ ရသလို ဖြစ်အောင်လုပ်ပေးတာဖြစ်ပါတယ်။

နောက်နာနိုနည်းပညာနဲ့ တီထွင်မှုတခုက Caltech ပုံဆောင်ခဲလေးတွေ ပါ။ သူတို့နဲ့ တည်ဆောက်တဲ့ ပစ္စည်းတွေဟာ ပေါ့ပါးသလောက် ခိုင်ခန့်တာမို့ သိသာတဲ့ အကျိုးကျေးဇူးတွေ ရနေပြီဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကားအစင်းရေ ပိုများလာတာနဲ့အမျှ တီထွင်မှုကလည်း တိုးတက်လာပါတယ်။ ကားတကားနဲ့ တကား ဝိုင်ဖိုင်နဲ့ ဆက်သွယ်ပြီး တကားရဲ့ အရှိန် ဘယ်ဦးတည်ချက်နဲ့ လာနေတယ်ကအစ နောက်တကားကသိနိုင်တဲ့ နည်းမို့ ယာဉ်အန္တရာယ် ကာကွယ်ရေးမှာ အသုံးဝင်တာပါ။

Google ကုမ္ပဏီက တာဝါတိုင်ကြီးတွေ မရှိတဲ့ နေရာတွေမှာ ဟီလီယံ ဘောလုံးကြီးတွေ လွှတ်တင်ပြီး ဝေးလံခေါင်သီတဲ့ ဒေသတွေ အတွက် အင်တာနက် သုံးနိုင်ဖို့ စီစဉ်ပေးတာကလည်း ထူးခြားလှပါတယ်။

Apple ကုမ္ပဏီက စက်တင်ဘာလမှာ စတင်ပြီး သူ့ ဖုံးကို ခရက်ဒစ်ကပ်လို သုံးနိုင်ပြီလို့ ကျေညာခဲ့ပါတယ်။ သူတီထွင်တဲ့ နည်းပညာက ကပ်ပြားထဲက အချက်လက်တွေကို အလွယ်တကူ ခိုးမယူနိုင်ပါဘူး။

ကျန်းမာရေးအတွက်လည်း ထူးခြားတဲ့ နည်းပညာ တီထွင်မှုတွေ ရှိပါတယ်။ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ။ liquid biopsy နည်းပညာနဲ့ ကင်ဆာလို ရောဂါ ဖြစ်ပွါးနိုင်ချေ ရှိတဲ့ DNA ကို တိုင်းတာနိုင်တာကို တွေ့ရှိခဲ့တာပါ။

နောက်ကျန်းမာရေးအတွက် နည်းပညာသစ် တခုကတော့ Brain Organoids ပါ။ လူသားတွေရဲ့ ဦးနှောက်ဆဲလ်နဲ့ သူ့ပြောင်းလဲမှု ကိုလေ့လာပြီး အာရုံကြောရောဂါတွေ၊ အယ်လ်ဇိုင်းမားလို ရောဂါမျိုးတွေအတွက် ကုသနိုင်ဖို့ လမ်းပွင့်လာပါပြီ။ ဒ့ါအပြင် ရောဂါရှင်တယောက်ရဲ့ ဇီဝဗီဇ အချက်လက်တွေကို သုံးပြီး အလားတူရောဂါရှင်ကို ကုသပေးဖို့ လုပ်နိုင်တဲ့ DNA internet ကို လည်း သုံးနေနိုင်ပြီ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ရေချိုရရှိရေးပြဿ နာ ပေါ်ပေါက်နေချိန်မှာပဲ ရေငံကနေ ရေချို အများအပြား ရအောင်ထုတ်ယူတဲ့ နည်းကို ထွင်နိုင်ပြီဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံးနဲ့ ဈေးအသက်သာဆုံး ရေချိုထုတ်တဲ့ reverse- osmosis desalination စက်ကြီးကို အစ္စရေးက အသုံးပြုနေပါပြီ။ တနေ့ကို ရေချို ဂါလံ သန်းပေါင်း ၁၇၀ ကျော် ထုတ်နိုင်တာမို့ သူတို့နိုင်ငံရဲ့ ရေသုံးစွဲမှု ၄၀ ရာခိုင်နှုံးကို ဖြည့်ဆည်းပေးနိုင်ပြီ ဖြစ်ပါတယ်။

နောက်နည်းပညာတခုကတော့ တောင်သူလယ်သမားတွေအတွက် အကျိုးဖြစ်စေမယ့် နည်းပါ။ supercharged photosynthesis နည်းဟာ အထူးသဖြင့် စပါးစိုက်ပျိုးရေးအပါအဝင် သီးနှံတွေအတွက် အထွက်တိုးစေတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG