ဟောလီးဝုဒ် က အော်စကာဆုပေးပွဲကို မတ်လ ၂ ရက်နေ့မှာ ကျင်းပပါတယ်။ ဒါဟာ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေကို နှစ်တိုင်း ဂုဏ်ပြုတဲ့ အကယ်ဒမီဆုပေးပွဲဖြစ်ပါတယ်။ ရုပ်ရှင်လောကမှာ ထူးထူးဆန်းးဆန်းတွေ တွေ့ရ မြင်ရ ကြားရအောင် မျက်လှည့်ပြသလို ဖန်တီးပေးနိုင်တဲ့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကိုတော့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ သိပ္ပံနဲ့ နည်းပညာ အကယ်ဒမီဆုပေးခဲ့ပါတယ်။
ဆုရသူတွေထဲမှာ နံမယ်ကျော် ဂျိမ်းစ်ဘွန်းကားတကားဖြစ်တဲ့ Skyfall မှာ မင်းသားရဲ့ လှုပ်ရှားမှုတွေကို အပေါ်စီးကရိုက်ပြတဲ့ Flying camera လို့ခေါ်တဲ့ မိုးပျံကင်မရာ တီထွင်တဲ့ ဘယ်လ်ဂျီယံက ကုမဏီကဆုရခဲ့ပါတယ်။
ထူးဆန်းထွေလာ ရုပ်ရှင်တွေ ဖန်တီးနိုင်အောင် ခေတ်မှီ ပစ္စည်းကရိယာတွေ တီထွင်တဲ့ထဲက ZBrush လို့ခေါ်တဲ့ ကွန်ပြူတာ program ဖန်တီးမှုနဲ့ အကယ်ဒမီဆု ဆွတ်ခူးခဲ့သူက Ofer Alon ပါ။
ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုကို ကွန်ပြူတာမှာ ဖန်တီးထားတဲ့ ကာတွန်းရုပ်တွေ လှုပ်ရှားမှုဖြစ်အောင် ပြောင်းလဲဖန်တီးပေးတာက FiLMBOX ပါ။ ဒီလို animation နဲ့ လှုပ်ရှားမှု တွဲပေးတဲ့ software program ကို ရုပ်ရှင်မှာ သုံးဖို့ နှစ်ရှည်လများ ကျိုးစားတီထွင်သူတွေထဲမှာ ကနေဒါနိုင်ငံသား ၂ ယောက်ဖြစ်တဲ့ Andre Gauthier နဲ့ Yves Boudreault တို့လည်း ပါပါတယ်။
Purdue တက္ကသိုလ်မှာ လေကြောင်းအင်ဂျင်နီယာတက်ခဲ့ပြီး Princeton မှာ simulation နဲ့ အသုံးချ ဂဏန်းသင်္ချာတွေ ဆည်းပူးခဲ့တဲ့ ရူပဗေဒပညာရှင် Ronald Henderson ကတော့ ရုပ်ရှင်လုပ်ငန်းမှာ ဝင်လုပ်ဖို့ စိတ်တောင်မကူးခဲ့သူပါ။ သူ့ရဲ့ ကွန်ပြူတာ ပရိုဂရမ်တွေကိုသုံးပြီး မီးခိုးအတုတွေ၊ ပေါက်ကွဲမှုတွေ မီးလောင်ကျွမ်းတာတွေနဲ့ တကယ်ကြုံနေရတယ်လို့ ထင်လာစေတဲ့ ရုပ်ရှင်တွေ ဖန်တီးနိုင်ခဲ့တာမို့ သူ့ကို အကယ်ဒမီဆုပေးခဲ့တာပါ။
စိတ်ကူးကောင်းသူတွေရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ရုပ်ရှင်အဖြစ်ဖန်တီး နိုင်အောင် ပါဝင်အားဖြည့်ကြတဲ့ သိပံ့နဲ့ နည်းပညာတီထွင်ပညာရှင်တွေကြောင့် နောင်မှာ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းမယ့် ရုပ်ရှင်ကားတွေ ထပ်ထွက်လာအုံးမှာ မလွဲပါဘူး။