သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ စွမ်းအင်ကဏ္ဍနဲ့ နိုင်ငံတကာ အကူအညီ


World Bank approves $560 million loan for Myanmar's power plan
World Bank approves $560 million loan for Myanmar's power plan

မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာအောင် နိုင်ငံတကာက သန်းထောင်ချီပြီး အကူညီတွေ ပေးနေချိန်မှာ ဒီချေးငွေတွေကို စံနစ်တကျ သုံးစွဲနိုင်ဖို့ စွမ်းအင်ကဏ္ဍအတွက် လိုအပ်နေတာတွေကို မြန်မာ ပြန်ပြည့်မြဲစွမ်းအင် အသင်းက ဦးအောင်မြင့်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာအောင် နိုင်ငံတကာက သန်းထောင်ချီပြီး အကူညီတွေ ပေးနေချိန်မှာ ဒီချေးငွေတွေကို စံနစ်တကျ သုံးစွဲနိုင်ဖို့ စွမ်းအင်ကဏ္ဍအတွက် လိုအပ်နေတာတွေကို မြန်မာ ပြန်ပြည့်မြဲစွမ်းအင် အသင်းက ဦးအောင်မြင့်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံအတွက် စွမ်းအင်ကဏ္ဍမှာ ကမ္ဘာ့ဘဏ်က ၂၀၃၀ မှာ တနိုင်ငံလုံး မီးလင်းအောင် ဖြန့်ကျက်သွားဖို့ မူချခဲ့ပြီး ဒီလို လုပ်နိုင်အောင် ငွေချထားပေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ငန်းတွေကို လေ့လာကြည့်တဲ့ အခါမှာ သုံးစွဲနေ တဲ့ ငွေတွေဟာ သင့်တော်တဲ့ လမ်းကြောင်းပေါ် ရောက်မနေဘူးလို့ ဦးအောင်မြင့်က သုံးသပ်ပါတယ်။

ဘာကြောင့် ပါလဲ။ အဓိကက နိုင်ငံတကာ ကျွမ်းကျင်သူတွေဟာ သူတို့ လက်လှ မ်းမှီတဲ့ data အချက်အလက်တွေပေါ်မှာပဲ မူတည် လုပ်ဆောင်နေ တာ ကြောင့်ပါ။ ဒါ့ကြောင့် လက်တွေ့နဲ့ ကိုက်ညီပြီး အသုံးတဲ့တဲ့ အနေထား မျိုး ဖြစ်မလာဘူးလို့ ဆိုပါတယ်။ တကယ်ဆိုရင် ground data လက်ရှိ အနေထားမှန် ကို သိဖို့ အချက်လက်တွေကို မရရအောင် လုပ်ယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီစီမံကိန်းတွေကို အစိုးရပိုင်းနဲ့ အစိုးရက တိုက်ရိုက် အာဏာရှိတဲ့ အကောင်ထည် ဖေါ်နည်းသက်သက် မဟုတ်ပဲ ပြည်သူပါပါဝင် အကောင်ထည် ဖေါ်ဖို့ လိုအပ်ပါတယ်။ ငွေထုပ်ကြီး ကိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းက expert က ချလိုက်တဲ့ လမ်းကြောင်း အတိုင်း အသေထိုင်ပြီး လုပ်ဆောင်တာမျိုးကို ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။ ဒီငွေတွေဟာ တနေ့ ပြည်သူက ပြန်ဆပ်ရမယ့် ငွေတွေမို့ စံနစ်တကျ အသုံးတဲ့တာမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

ground data အချက်အလက်တွေရဖို့ ပြင်ဆင်တဲ့ အပိုင်း assessment preparation phase မှာ နိုင်ငံတကာမှာ လုပ်ဆောင်နေသလို လုပ်နိုင်ဖို့ ငွေရော အချိန်ပါ လိုပါတယ်။ ဒီလိုလုပ်ရာမှာ အစိုးရဌာနတွေနဲ့တင် မပြီးပါဘူး ဒေသ ခံ ပြည်သူတွေ ပါဝင်ဖို့ လုပ်တဲ့နည်းလမ်းတွေ ချထားပေးရပါတယ်။ ဒီအခါမှာ သက်ဆိုင်ရာ အချက်လက်တွေကို သူ့အပိုင်းလိုက် ရလာနိုင်တာ ဖြစ်ပြီး ကိုယ်ထူကိုယ်ထ မီးလင်းရေး လုပ်ဆောင်နေတဲ့ ဒေသခံတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်မယ် ဆိုတာကို တွက်ရမှာ ဖြစ်ပါတယ်။

စွမ်းအင်ကဏ္ဍကို အကောင်ထည် ဖေါ်ရာမှာ သက်ဆိုင်ရာ စွမ်းအင်နဲ့ဆိုင်တဲ့ ဝန်ကြီးဌာန ပေါင်းစုံပါဝင်ဖို့ လိုသလို၊ ပြည်သူပါ ပါဝင်ပြီး လက်ရှိ မြေပြင်အနေထား အခြေနေမှန်တွေကို သိပြီးမှ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူက လုပ်နိုင်တဲ့ အနေထားကို မသိတဲ့ အပြင် ပြည်သူတွေပါဝင်ဖို့ လုပ်ထုံးလုပ်နည်းတွေ၊ ချေးငွေတိုက်ရိုက်ချထားဖို့တွေ၊ လိုအပ်တဲ့ နည်းပညာပံ့ပိုးမှုရအောင် နိုင်ငံတော်က စီစဉ်ပေးမှုတွေ မရှိပဲ လက်ရှိ main grid ကို ချဲ့ဖို့ ကျိုးစားနေမှုတွေဟာ စိုးရိမ်စရာ အနေထားဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

ကိုယ်ထူကိုယ်ထ လုပ်နေကြတဲ့ လူထုပါဝင်ပြီး ပြန်ပြည့်မြဲစွမ်းအင်တွေထဲက ဘယ် အမျိုးအစားဖြစ်ဖြစ် ပင်မစွမ်းအင်နဲ့ ပူးပေါင်း သုံးနိုင်အောင် စီမံကိန်းတွေ ချထားပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG