သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြယ်တံခွန်နဲ့ ဥက္ကာပျံ


ကြယ်တံခွန်
ကြယ်တံခွန်

ပထမဆုံး လူသားတွေ စိတ်ဝင်စားနေကြတဲ့ ကြယ်တံခွန်တွေ ဥက္ကာပျံတွေနဲ့အတူ ကမ္ဘာအပါအဝင် နေစင်္ကြာဝဋ္ဌာကြီး စပေါ်လာတဲ့ အနေအထားကို ကြည့်ရအောင်ပါ။

လွန်ခဲ့တဲ့အနှစ် သန်းပေါင်း ၆၀၀၀ ကျော်က big bang လို့ခေါ်တဲ့ မဟာပေါက်ကွဲမှု ကြီးတခု ဖြစ်ပေါ်ခဲ့ပြီး၊ နောက်ထပ် နှစ်သန်းပေါင်း ၂၀၀၀ လောက်မှာတော့ လက်ရှိ နေစင်္ကြာဝဋ္ဌာကြီး စဖြစ်လာသလို ကမ္ဘာအပါအဝင် ဂြိုဟ်တွေ ပေါ်ပေါက်လာခဲ့ တယ်လို့ သိပွံပညာရှင်တွေက တွက်ဆထားကြောင်း နာဆာက သိပ္ပံပညာရှင် ဒေါက်တာပဒေသာက ပြောပါတယ်။

သက်ရှိတွေရှင်သန်ရပ်တည်နိုင်တဲ့ကမ္ဘာမှာ ရေပါဝင်ဖွဲ့စည်းထားသလို ကမ္ဘာနဲ့အတူ ဖြစ်ပေါ်လာတဲ့တခြားဂြိုဟ်တွေထဲက ဒီကြယ်တံခွန်တွေမှာ ရေရှိနေတယ်ဆိုတာ တွေ့ရတာမို့ ပညာရှင်တွေ စိတ်ဝင်းစားနေကြတာပါ။ ဒါ့အပြင် ဂြိုဟ်တွေ စဖြစ်လာတာနဲ့ ကမာပေါ်မှာ သက်ရှိတွေ ဘယ်လိုအစတည်တယ်၊ ဆိုတဲ့ အခုထိ မေးခွန်းထုတ်နေကြတဲ့ ပုစာတွေ အတွက် အဖြေတစုံတရာ ရှာပေးနိုင်မယ်လို့ပါ တွက်ဆကြတာမို့ အခုလို ကြယ်တံခွန်တွေ ဥက္ကာပျံတွေဆီကိုပါ သွားနိုင်ဖို့ လူသားတွေ ကျိုးစားနေကြတယ် လို့ဆိုပါတယ်။

အခုတော့ ကြယ်တံခွန်ရဲ့ ဂြိုဟ်ပတ်လမ်းထဲ လူသားတွေလွှတ်တင်လိုက်တဲ့ အာကာသယာဉ် Rosetta ဟာ ပထမဆုံး အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ပါပြီ။ဥရောပ အာကာသစူးစမ်းရေးအဖွဲ့ ESA က ဆယ်နှစ်ကြာကျိုးပမ်းခဲ့တဲ့ နောက်မှာ သူ့ရဲ့ Rosetta အာကာသယာဉ်ဟာ 67 P လို့ခေါ်တဲ့ Churyumov –Gerasimenko ကြယ်တံခွန် ရဲ့ ဂြိုဟ်ပါတ်လမ်းထဲကို August လ ပထမပါတ်ထဲမှာ ရောက်သွားခဲ့တာပါ။

ဒီလို သွားနိုင်ဖို့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကနာဆာကလွတ်တင်ခဲ့တဲ့ Hubble အာကာသကြည့်မှန်ပြောင်းက ဒီ ချူရီကြယ်တံခွန် အကွာဝေး ဘယ်လောက်မှာ ရှိတယ်၊ ဘာတွေနဲ့ဖွဲ့စည်းထားတယ် ဆိုတာအပါအဝင် ဒီကြယ်တံခွန်နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို တိုင်းတာပေးခဲ့ပြီး ဘယ်အဖွဲ့အစည်းကနေ သွားရောက်မယ်ဆိုတာကို ဆုံးဖြတ်ကြတာပါ။ Hubble ဆန်းစစ်ပေးခဲ့တဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီး Rosetta ဂြိုဟ်တုနဲ့သူ့ရဲ့ ဂြိုဟ်တုဆင်းယာဉ်ငယ်လေးကို တည်ဆောက်ဖို့ ဒီဇိုင်းဆွဲရ သလို ဘာကိုတိုင်းတာမယ်ဆိုတာ တွက်ချက်ပြီး ဘယ်လိုစက်ကရိယာတွေ ထည့်သွင်း လွှတ်တင်သင့်တယ် ဆိုတာကိုပါ စဉ်းစားတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG