သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid 19 ေရာဂါပိုးကူးစက္မႈ ရွိမရွိ စမ္းသပ္နည္း


Covid 19 testing in lab (Photo credit Dr Phyu Myat)

ဒီတပတ္ေတာ့ Covid 19 ေရာဂါပိုုး အကူးစက္ခံရမႈ ရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ ဘယ္လိုု လုုပ္ရတယ္ ဆိုုတာကိုု အေမရိကန္ႏုုိင္ငံ UTMB တက္ဆက္စ္ ေဆးတကၠသိုုလ္ Galveston မွာရွိတဲ့ အဏုုဇီဝေဗဒ ဓါတ္ခြဲခန္းက ေဒါက္တာျဖဴျမတ္ေသြးကိုု ေမးျမန္းၿပီး တင္ျပေပးမွာပါ။

Covid 19 ေရာဂါပိုးကူးစက္မႈ ရွိမရွိ စမ္းသပ္နည္း
please wait

No media source currently available

0:00 0:06:59 0:00
တိုက္႐ိုက္ လင့္ခ္

(Zawgyi/Unicode)


(ZAWGYI)

ဒီတပတ္ေတာ့ Covid 19 ေရာဂါပိုုး အကူးစက္ခံရမႈ ရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ ဘယ္လိုု လုုပ္ရတယ္ ဆိုုတာကိုု အေမရိကန္ႏုုိင္ငံ UTMB တက္ဆက္စ္ ေဆးတကၠသိုုလ္ Galveston မွာရွိတဲ့ အဏုုဇီဝေဗဒ ဓါတ္ခြဲခန္းက ေဒါက္တာျဖဴျမတ္ေသြးကိုု ေမးျမန္းၿပီး တင္ျပေပးမွာပါ။

မႏွစ္က ႏွစ္ကုုန္ပိုုင္းမွာ တရုုတ္ႏုုိင္ငံက စတင္ခဲ့တဲ့ ကိုုရိုုနာဗိုုင္းရပ္စ္ ေရာဂါအတြက္ (PHEIC - Public Health Emergency of International Concern) အေရးေပၚအေျခေနအျဖစ္ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ၂၀၂၀ ဇန္နဝါရီ ၃၀ မွာ သတ္မွတ္လိုုက္ၿပီး မတ္လ ၁၁ ရက္ေနမွာေတာ့ ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကညာခဲ့တာပါ။ ဧၿပီလ ၂၃ ရက္ေန႔မွာေတာ့ ကမာၻတလႊား ႏိုုင္ငံေပါင္း ၁၈၅ ႏိုုင္ငံမွာ ေရာဂါအကူးစက္ခံရသူ ၂.၆၉ သန္းေက်ာ္နဲ႔ ေသဆံုုးရသူက တသိန္း၈ေသာင္း ၈ ေထာင္ေက်ာ္ ရွိေနပါၿပီ။ ဒါေပမယ့္ ျပန္သက္သာလာသူကလည္း ၇ သိန္း၄ ေသာင္း နီးပါးရွိေနပါတယ္။

ဒီကပ္ေရာဂါဒဏ္ကိုု အဆိုုးဝါးဆံုုး ခံေနရတဲ့ အေမရိကန္ႏုုိင္ငံမွာေတာ့ ႏွစ္စဥ္ ဓါတ္ခြဲခန္းပညာရွင္ေတြရဲ့ ေက်းဇူးကိုုဂုုဏ္ျပဳတဲ့ သီတင္းပတ္ (National Medical Laboratory Professionals Week) သတ္မွတ္ထားၿပီး ဒီႏွစ္ ၂၀၂၀ အတြက္ေတာ့ ဧၿပီလ ၁၉ ရက္ကေန ၂၅ ရက္ေန႔ အထိျဖစ္ပါတယ္။ ဒီႏွစ္ဆန္းကစၿပီး Covid 19 ကပ္ေရာဂါဆိုုးေၾကာင့္ ေဝဒနာရွင္ေတြနဲ႔အတူ စိတ္ေမာလူေမာ ျဖစ္ၾကရတဲ့ ေဆးဝန္ထမ္းေတြ ထဲမွာ ဓါတ္ခြဲခန္းပညာရွင္ေတြကလည္းပါပါတယ္။

ဒီဓါတ္ခြဲခန္းပညာရွင္ေတြဟာ ကိုုရိုုနာဗိုုင္းရပ္စ္ ေရာဂါရွင္ေတြနဲ႔တိုုက္ရိုုက္ မထိေတြ႔ရေပမယ့္ ေရာဂါပိုုးရွိမရွိစမ္းသပ္ဖိုု႔ ယူထားတဲ့ ဇီဝနမူနာေတြနဲ႔ ထိေတြ႔ဆက္ဆံရတာေၾကာင့္ အႏၱရာယ္ႀကီးပါတယ္။ ဒါေပမယ့္ ဓါတ္ခြဲခန္းေတြမွာ လိုုက္နာရမယ့္ စည္းမ်ဥ္းေတြကိုု လိုုက္နာၿပီး စစ္ေဆးေပးေနတယ္လိုု႔ ေဒါက္တာျဖဴျမတ္ေသြးက ေျပာပါတယ္။

ေဒါက္တာျဖဴျမတ္ေသြး။ ။“ေျပာရမယ္ ဆိုုလိုု႔ရွိရင္ေတာ့ frontline မွာ နမူနာ sample ေတြနဲ႔ ေတြ႔တယ္။ covid 19 ဗိုုင္းရပ္စ္ ပါႏုုိင္တဲ့ specimen နမူနာေတြ အကုုန္လံုုးနဲ႔ ေတြ႔တာေပါ့ေနာ္။ ဒီမွာဆိုုရင္ ဓါတ္ခြဲခန္းမွာ ခ်ထားတဲ့ စည္းကမ္းအတိုုင္း သြားတယ္။ ဓါတ္ခြဲခန္းမွာ standard precaution အရ လက္အိတ္ မဝတ္မေနရ သတ္မွတ္ထားတယ္။ ေနာက္ biosafety cabinet ဆိုုတာ ရွိတယ္။ နမူနာ sample အတြက္ေရာ ဝန္းက်င္ environmental အတြက္ေရာ အႏၱရာယ္ကင္းဖိုု႔ လုုပ္ထားတဲ့ ေနရာ။ Biosafety Level 2 - ဇီဝနမူနာအတြက္ စိတ္ခ်ရတဲ့ အဆင့္ ၂ ရွိတဲ့ အဲဒီေနရာထဲမွာ ဒီနမူနာေတြကိုု စမ္းသပ္ရတယ္။ ကိုုင္တြယ္ရတယ္။”

အခုုလိုု စစ္ေဆးစမ္းသပ္မႈလုုပ္ဖိုု႔ အတြက္ ေရာဂါလကၡဏာျပေနတဲ့ လူနာေတြဆီကျဖစ္ေစ ဘာေရာဂါလကၡဏာမွ မျပတဲ့ လူေတြဆီကျဖစ္ေစ ဇီဝနမူနာကိုု ယူတဲ့အခါ ဘယ္လိုနမူနာမ်ိဳးကို ယူရတာပါလဲ။


ေဒါက္တာျဖဴျမတ္ေသြး။ ။“Nasopharyngeal (NP) လိုု႔ ေခၚတာေပါ့ေနာ္။ ဒီႏွာေခါင္းကေန လံုုးဝအတြင္းပိုုင္းအထိ ဝါဂြမ္းတံနဲ႔ အဆံုုးအထိထိုုးရတယ္။ အဲဒီဟာက အဓိကယူရတယ္။ အဲဒီဟာကပဲ FDA ကေနၿပီးေတာ့ ခြင့္ျပဳထားတဲ့ နမူနာေပါ။ ဒါေပမယ့္ တခ်ိဳ႕က က်ေတာ့ ဒီအာေခါင္ကေနၿပီးေတာ့လည္း ယူၾကတယ္။ ဒါကိုုလည္း FDA ကေနၿပီးေတာ့ ခၽြင္းခ်က္ နဲနဲ ေပးထားတယ္။ အဲဒီ ၂ ခုုပဲ အဓိကက၊ ဒီဟာက အဆုုတ္လမ္းေၾကာင္းရဲ့ အေပၚပိုုင္း နမူနာကိုုပဲ ယူလိုု႔ ရတယ္ေပါ့ေနာ္။ ေအာက္ပိုုင္း အတြက္ကိုု က်ေတာ့ FDA ကေရာ CDC ကေရာ ခြင့္မျပဳထားေသးဘူး။ ဒီ ဓါတ္ခြဲခန္းေတြမွာ ဥပေဒနဲ႔ ညီဖိုု႔အတြက္ကိုု အဲဒီ အသက္ရွဴလမ္းေၾကာင္းရဲ့ အေပၚပိုုင္းကိုုပဲ ယူၾကတာ ေပါ့ေနာ္။ ဒီႏွာေခါင္းရယ္၊ ပါးစပ္ဆိုုရင္ ဟိုုးအတြင္းဆံုုး အာေခါင္ အတြင္းဆံုုးရယ္။ မ်ားေသာအားျဖင့္က ႏွာေခါင္းပဲ ယူၾကတာ ေပါ့ေနာ္။”

covid 19 ေရာဂါအတြက္ ဇီဝနမူနာယူၿပီး စမ္းသပ္စစ္ေဆးမႈ ေတြ လုုပ္တဲ့အခါ ဒီေရာဂါအတြက္ ပိုုးရွိမရွိ တိုုက္ရိုုက္စစ္ေဆးတာက အဓိကအားျဖင့္ တနည္းပဲ ရွိတယ္လိုု႔ ေျပာပါတယ္။

ေဒါက္တာျဖဴျမတ္ေသြး။ ။“အဓိက main နည္းလမ္းကက်ေတာ့ တခုုပဲ ရွိတာေပါ့ေနာ္။ တခုုပဲ ရွိတယ္ဆိုုတာက ဒီဗုုိင္းရပ္စ္ရဲ့ ႏ်ဴကလစ္ အက္ဆစ္ nucleic acid ကိုု အဲဒါက genetic material မ်ိဳးဗီဇဆိုုင္ရာ ပစၥည္းေပါ့ေနာ္။ အဲဒါကိုု စမ္းသပ္ရတဲ့နည္း။ ဒီတနည္းပဲ ရွိတယ္။ နည္းက တနည္းထဲပဲ ဒါေပမယ့္ form ကအမ်ိဳးမ်ိဳးပဲ။ ပံုုစံေတြက အမ်ိဳးမ်ိဳးေပါ့ေနာ္။”

covid 19 ေရာဂါအတြက္ WHO ကခ်ထားေပးတဲ့ စံ - စမ္းသပ္စစ္ေဆးမႈက (real- time reverse transcription polymerase chain reaction) rRT-PCR နည္းပဲျဖစ္ပါတယ္။ ဒီလိုု ေရာဂါပိုုးရွိမရွို တိုုက္ရိုုက္စမ္းသပ္ႏုုိင္သလိုု အခုုအခါမွာ ေရာဂါပိုုးကိုု ခုုခံကာကြယ္ဖိုု႔ ကိုုယ္ထဲက ကိုုယ္ခံအား ထုုတ္ေပးမႈ ရွိမရွိကိုုပါ စမ္းသပ္ၿပီး ဒီေရာဂါပိုုးကိုု ေျခရာေကာက္ႏိုုင္တယ္လုုိ႔လည္း ေျပာပါတယ္။

ေဒါက္တာျဖဴျမတ္ေသြး။ ။“ဒီေရာဂါရွိမရွိကိုု အတိအက် စမ္းသပ္ႏုုိင္တာက အခုုေျပာတဲ့ rRT-PCR နည္းက ေတာ့ ရွိလား မရွိလား အတိအက် စမ္းသပ္တာ။ ေနာက္တခုုကေတာ့ ဒီေရာဂါရလိုု႔ ကိုုယ္ခံအား ထြက္လာတဲ့ antibody စမ္းတာ serology test လိုု႔ေခၚတာ ေပါ့ေနာ္။ serology test ဆိုုတာက Covid ရွိမရွိကိုု မေျပာႏုုိင္ဘူး။ အကယ္ရ ်္ antibody ရွိတယ္ ဆိုုရင္၊ ဒါရွိတာက အရင္က Covid ပိုုး ရွိခဲ့တာလည္း ျဖစ္ႏုုိုုင္တယ္။ လက္ရွိမွာ Covid ျဖစ္ေနတာလည္း ျဖစ္ႏိုုင္တယ္ ေပါ့ေနာ္။”

အခုုလိုု ကိုုယ္ခံအားထုုတ္ေပးမႈ ရွိမရွိကိုု စမ္းသပ္တာကိုု serology test လုုပ္တယ္လိုု႔ေခၚပါတယ္။ ဒီလိုုစစ္ေဆးတာဟာ covid 19 ေရာဂါလကၡဏာ မျပတဲ့ သူေတြကိုု စမ္းသပ္ရာမွာ သိပ္ကိုု အသံုုးဝင္ သလိုု အေျဖထုုတ္ဖိုု႔ လည္း ျမန္ၿပီး လြယ္လည္း လြယ္တယ္လိုု႔ ေျပာပါတယ္။

ေဒါက္တာျဖဴျမတ္ေသြး။ ။“မ်ားေသာအားျဖင့္ ေရာဂါလကၡဏာ မျပတဲ့လူေတြ အတြက္ ေတာ့ သိပ္အသံုုးဝင္တာေပါ့။ ဘာလိုု႔လည္း ဆုုိေတာ့ ေရာဂါလကၡဏာ မရွိတဲ့ မျပတဲ့ လူေတြကိုု ေရာဂါပိုုး ရွိလားဆိုုၿပီးေတာ့ reagent ေတြ test စမ္းတဲ့ kits ပစၥည္းေတြ အရမ္းကိုု ရွားပါးေနတဲ့ အခ်ိန္မွာ antibody ကိုု ျမန္ျမန္ေလး စစ္လိုုက္တဲ့ အခါ antibody ထြက္လာၿပီ ဆိုုရင္ ေရာဂါပိုုး ရွိမရွိေတာ့ မသိဘူး။ ဒါေပမယ့္ သူ႔မွာ ကိုုယ္ခံအား ရွိေနတယ္ ဆိုုတာကိုု သိတယ္။ သူက လြယ္လည္းလြယ္တယ္ေပါ့ေနာ္။ antibody က ဒီေသြးထဲမွာပဲ လွည့္ေနတာ ဆိုုေတာ့။ ေသြးေဖါက္ၿပီးေတာ့ စစ္တာေပါ့ေနာ္။ အဲဒီလိုုဆိုုရင္ lab ႀကီးရင္ႀကီးသလိုု ခ်က္ခ်င္းပဲ အေျဖထြက္လာတယ္။ ျမန္လည္းျမန္တယ္။ nucleic acid အဲ့ဒီ rRT-PCR ကိုု သံုုးၿပီးေတာ့ စစ္တဲ့နည္း ထက္စာလိုု႔ ရွိရင္ ဒီ Serology test ကေတာ့ လံုုးဝျမန္တယ္။”

ေနာက္တနည္းက cat scan လိုု႔ ေခၚတဲ့ ဓါတ္မွန္ရိုုက္တဲ့နည္းျဖစ္ပါတယ္။

ေဒါက္တာျဖဴျမတ္ေသြး။ ။“ဓါတ္မွန္ရိုုက္တဲ့ အပိုုင္းက်ေတာ့ clinical imaging အပိုုင္း ျဖစ္သြားတယ္ ေပါ့ေနာ္။ ဒါက အဆုုတ္နဲ႔ ဆိုုင္တဲ့ technologists ပညာရွင္ေတြ၊ x rays နဲ႔ ဆိုုင္တဲ့ technologists ပညာရွင္ေတြ၊ သူတိုု႔က ေနၿပီးေတာ့ ရိုုက္တာေတြေပါ့။ viral ဗိုုင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ နမိုုးနီးယား အဆုုတ္ေယာင္ေရာဂါေတြ၊ covid ေၾကာင့္ ရတဲ့ ေရာဂါဆိုုရင္ ဒီ ရင္ဘတ္ကိုု ရိုုက္တဲ့ အိပ္စေရး chest x- ray မွာေရာ CT မွာေရာ သူတိုု႔ က သိပ္သိသာတဲ့ လကၡဏာကိုု ၾကည့္ၾကတာေပါ့ေနာ္။ ဒါေပမယ့္ တခုုရွိတာက ဒီ ကိုုရိုုနာဗုုိုုင္းရပ္စ္ ကလည္း ၊ ကိုုရိုုနာအမ််ိဳးစား family ထဲမွာပါတဲ့ ဗိုုင္းရပ္စ တခုု ျဖစ္တာေၾကာင့္ တခ်ိဳ႕က်ေတာ့ လကၡဏာေတြက တူေနမယ္ ေပါ့ေနာ္။ အိပ္စေရး ေပၚမွာ၊ ဒီဗုုိင္းရပ္စ္ ေၾကာင့္လည္း ျဖစ္ႏုုိင္တယ္။ ဟိုုဗုုိင္းရပ္စ္ ေၾကာင့္လည္း ျဖစ္ႏုုိင္တယ္။ အဲဒီလိုု ပံုုစံမ်ိဳး ျဖစ္ေနတဲ့ အတြက္ အတိအက်ႀကီး၊ လံုုးဝေျပာလိုု႔ မရဘူး။ ဒါေပမယ့္ ဒီအိပ္စေရး ေပၚကိုု ၾကည့္ၿပီးေတာ့၊ ဒီဟာက ဗုုိင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ နမိုုးနီးယား ျဖစ္ေနပံုုရတယ္၊ ပိုုၿပီး တိတိက်က် သိရေအာင္ microbiology lab ေတြကိုု နမူနာ ပိုု႔ရေအာင္ဆုုိၿပီး ဒီ မ်ားေသာအားျဖင့္ အဲဒီလုုိမ်ိဳး လူနာေတြ အိပ္စေရး ရိုုက္တဲ့ အဆင့္ ေရာက္ၿပီဆိုု rRT-PCR နည္းကိုု သံုုးၿပီးေတာ့ ဗိုုင္းရပ္စ္ကိုု ရွာတဲ့ နည္းနဲ႔ စမ္းဖိုု႔ ပိုု႔ၾကတာ မ်ားတယ္။ ဒါက အတည္ျပဳခ်က္ ရယူတာေပါ့ေနာ္။ confirmation လုုိုု႔ေခၚတာေပါ့ေနာ္။ လူနာက ေဆးရံုုကိုု လာမယ္။ ေခ်ာင္းဆိုုတယ္ ဘာညာ ဆိုု အိပ္စေရး ရိုုက္မယ္။ ေပၚလာတယ္။ ဆိုုရင္ ဒါကိုု ေသခ်ာေအာင္ RT- PCR နည္းကိုု သံုုးမယ္ဆိုုၿပီး တဆင့္ၿပီးတဆင့္ေပါ့ေနာ္။ အေျဖထုုတ္တာပါ”

ေဒါက္တာျဖဴျမတ္ေသြးရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၺံနဲ႔ နည္းပညာက႑ကိုု ဒီမွာပဲ ရပ္နားလိုုက္ပါရေစ။

(UNICODE)

ဒီတပတ်တော့ Covid 19 ရောဂါပိုး အကူးစက်ခံရမှု ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ ဘယ်လို လုပ်ရတယ် ဆိုတာကို အမေရိကန်နိုင်ငံ UTMB တက်ဆက်စ် ဆေးတက္ကသိုလ် Galveston မှာရှိတဲ့ အဏုဇီဝဗေဒ ဓါတ်ခွဲခန်းက ဒေါက်တာဖြူမြတ်သွေးကို မေးမြန်းပြီး တင်ပြပေးမှာပါ။

မနှစ်က နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါအတွက် (PHEIC - Public Health Emergency of International Concern) အရေးပေါ်အခြေနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၂၀ ဇန်နဝါရီ ၃၀ မှာ သတ်မှတ်လိုက်ပြီး မတ်လ ၁၁ ရက်နေမှာတော့ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့တာပါ။ ဧပြီလ ၂၃ ရက်နေ့မှာတော့ ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှာ ရောဂါအကူးစက်ခံရသူ ၂.၆၉ သန်းကျော်နဲ့ သေဆုံးရသူက တသိန်း၈သောင်း ၈ ထောင်ကျော် ရှိနေပါပြီ။ ဒါပေမယ့် ပြန်သက်သာလာသူကလည်း ၇ သိန်း၄ သောင်း နီးပါးရှိနေပါတယ်။

ဒီကပ်ရောဂါဒဏ်ကို အဆိုးဝါးဆုံး ခံနေရတဲ့ အမေရိကန်နိုင်ငံမှာတော့ နှစ်စဉ် ဓါတ်ခွဲခန်းပညာရှင်တွေရဲ့ ကျေးဇူးကိုဂုဏ်ပြုတဲ့ သီတင်းပတ် (National Medical Laboratory Professionals Week) သတ်မှတ်ထားပြီး ဒီနှစ် ၂၀၂၀ အတွက်တော့ ဧပြီလ ၁၉ ရက်ကနေ ၂၅ ရက်နေ့ အထိဖြစ်ပါတယ်။ ဒီနှစ်ဆန်းကစပြီး Covid 19 ကပ်ရောဂါဆိုးကြောင့် ဝေဒနာရှင်တွေနဲ့အတူ စိတ်မောလူမော ဖြစ်ကြရတဲ့ ဆေးဝန်ထမ်းတွေ ထဲမှာ ဓါတ်ခွဲခန်းပညာရှင်တွေကလည်းပါပါတယ်။

ဒီဓါတ်ခွဲခန်းပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါရှင်တွေနဲ့တိုက်ရိုက် မထိတွေ့ရပေမယ့် ရောဂါပိုးရှိမရှိစမ်းသပ်ဖို့ ယူထားတဲ့ ဇီဝနမူနာတွေနဲ့ ထိတွေ့ဆက်ဆံရတာကြောင့် အန္တရာယ်ကြီးပါတယ်။ ဒါပေမယ့် ဓါတ်ခွဲခန်းတွေမှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို လိုက်နာပြီး စစ်ဆေးပေးနေတယ်လို့ ဒေါက်တာဖြူမြတ်သွေးက ပြောပါတယ်။

ဒေါက်တာဖြူမြတ်သွေး။ ။“ပြောရမယ် ဆိုလို့ရှိရင်တော့ frontline မှာ နမူနာ sample တွေနဲ့ တွေ့တယ်။ covid 19 ဗိုင်းရပ်စ် ပါနိုင်တဲ့ specimen နမူနာတွေ အကုန်လုံးနဲ့ တွေ့တာပေါ့နော်။ ဒီမှာဆိုရင် ဓါတ်ခွဲခန်းမှာ ချထားတဲ့ စည်းကမ်းအတိုင်း သွားတယ်။ ဓါတ်ခွဲခန်းမှာ standard precaution အရ လက်အိတ် မဝတ်မနေရ သတ်မှတ်ထားတယ်။ နောက် biosafety cabinet ဆိုတာ ရှိတယ်။ နမူနာ sample အတွက်ရော ဝန်းကျင် environmental အတွက်ရော အန္တရာယ်ကင်းဖို့ လုပ်ထားတဲ့ နေရာ။ Biosafety Level 2 - ဇီဝနမူနာအတွက် စိတ်ချရတဲ့ အဆင့် ၂ ရှိတဲ့ အဲဒီနေရာထဲမှာ ဒီနမူနာတွေကို စမ်းသပ်ရတယ်။ ကိုင်တွယ်ရတယ်။”

အခုလို စစ်ဆေးစမ်းသပ်မှုလုပ်ဖို့ အတွက် ရောဂါလက္ခဏာပြနေတဲ့ လူနာတွေဆီကဖြစ်စေ ဘာရောဂါလက္ခဏာမှ မပြတဲ့ လူတွေဆီကဖြစ်စေ ဇီဝနမူနာကို ယူတဲ့အခါ ဘယ်နေရာကနေ ယူရတာပါလဲ။


ဒေါက်တာဖြူမြတ်သွေး။ ။“Nasopharyngeal (NP) လို့ ခေါ်တာပေါ့နော်။ ဒီနှာခေါင်းကနေ လုံးဝအတွင်းပိုင်းအထိ ဝါဂွမ်းတံနဲ့ အဆုံးအထိထိုးရတယ်။ အဲဒီဟာက အဓိကယူရတယ်။ အဲဒီဟာကပဲ FDA ကနေပြီးတော့ ခွင့်ပြုထားတဲ့ နမူနာပေါ။ ဒါပေမယ့် တချို့က ကျတော့ ဒီအာခေါင်ကနေပြီးတော့လည်း ယူကြတယ်။ ဒါကိုလည်း FDA ကနေပြီးတော့ ချွင်းချက် နဲနဲ ပေးထားတယ်။ အဲဒီ ၂ ခုပဲ အဓိကက၊ ဒီဟာက အဆုတ်လမ်းကြောင်းရဲ့ အပေါ်ပိုင်း နမူနာကိုပဲ ယူလို့ ရတယ်ပေါ့နော်။ အောက်ပိုင်း အတွက်ကို ကျတော့ FDA ကရော CDC ကရော ခွင့်မပြုထားသေးဘူး။ ဒီ ဓါတ်ခွဲခန်းတွေမှာ ဥပဒေနဲ့ ညီဖို့အတွက်ကို အဲဒီ အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်းကိုပဲ ယူကြတာ ပေါ့နော်။ ဒီနှာခေါင်းရယ်၊ ပါးစပ်ဆိုရင် ဟိုးအတွင်းဆုံး အာခေါင် အတွင်းဆုံးရယ်။ များသောအားဖြင့်က နှာခေါင်းပဲ ယူကြတာ ပေါ့နော်။”

covid 19 ရောဂါအတွက် ဇီဝနမူနာယူပြီး စမ်းသပ်စစ်ဆေးမှု တွေ လုပ်တဲ့အခါ ဒီရောဂါအတွက် ပိုးရှိမရှိ တိုက်ရိုက်စစ်ဆေးတာက အဓိကအားဖြင့် တနည်းပဲ ရှိတယ်လို့ ပြောပါတယ်။

ဒေါက်တာဖြူမြတ်သွေး။ ။“အဓိက main နည်းလမ်းကကျတော့ တခုပဲ ရှိတာပေါ့နော်။ တခုပဲ ရှိတယ်ဆိုတာက ဒီဗိုင်းရပ်စ်ရဲ့ နျူကလစ် အက်ဆစ် nucleic acid ကို အဲဒါက genetic material မျိုးဗီဇဆိုင်ရာ ပစ္စည်းပေါ့နော်။ အဲဒါကို စမ်းသပ်ရတဲ့နည်း။ ဒီတနည်းပဲ ရှိတယ်။ နည်းက တနည်းထဲပဲ ဒါပေမယ့် form ကအမျိုးမျိုးပဲ။ ပုံစံတွေက အမျိုးမျိုးပေါ့နော်။”

covid 19 ရောဂါအတွက် WHO ကချထားပေးတဲ့ စံ - စမ်းသပ်စစ်ဆေးမှုက (real- time reverse transcription polymerase chain reaction) rRT-PCR နည်းပဲဖြစ်ပါတယ်။ ဒီလို ရောဂါပိုးရှိမရှို တိုက်ရိုက်စမ်းသပ်နိုင်သလို အခုအခါမှာ ရောဂါပိုးကို ခုခံကာကွယ်ဖို့ ကိုယ်ထဲက ကိုယ်ခံအား ထုတ်ပေးမှု ရှိမရှိကိုပါ စမ်းသပ်ပြီး ဒီရောဂါပိုးကို ခြေရာကောက်နိုင်တယ်လို့လည်း ပြောပါတယ်။

ဒေါက်တာဖြူမြတ်သွေး။ ။“ဒီရောဂါရှိမရှိကို အတိအကျ စမ်းသပ်နိုင်တာက အခုပြောတဲ့ rRT-PCR နည်းက တော့ ရှိလား မရှိလား အတိအကျ စမ်းသပ်တာ။ နောက်တခုကတော့ ဒီရောဂါရလို့ ကိုယ်ခံအား ထွက်လာတဲ့ antibody စမ်းတာ serology test လို့ခေါ်တာ ပေါ့နော်။ serology test ဆိုတာက Covid ရှိမရှိကို မပြောနိုင်ဘူး။ အကယ်ရ ျ် antibody ရှိတယ် ဆိုရင်၊ ဒါရှိတာက အရင်က Covid ပိုး ရှိခဲ့တာလည်း ဖြစ်နိုင်တယ်။ လက်ရှိမှာ Covid ဖြစ်နေတာလည်း ဖြစ်နိုင်တယ် ပေါ့နော်။”

အခုလို ကိုယ်ခံအားထုတ်ပေးမှု ရှိမရှိကို စမ်းသပ်တာကို serology test လုပ်တယ်လို့ခေါ်ပါတယ်။ ဒီလိုစစ်ဆေးတာဟာ covid 19 ရောဂါလက္ခဏာ မပြတဲ့ သူတွေကို စမ်းသပ်ရာမှာ သိပ်ကို အသုံးဝင် သလို အဖြေထုတ်ဖို့ လည်း မြန်ပြီး လွယ်လည်း လွယ်တယ်လို့ ပြောပါတယ်။

ဒေါက်တာဖြူမြတ်သွေး။ ။“များသောအားဖြင့် ရောဂါလက္ခဏာ မပြတဲ့လူတွေ အတွက် တော့ သိပ်အသုံးဝင်တာပေါ့။ ဘာလို့လည်း ဆိုတော့ ရောဂါလက္ခဏာ မရှိတဲ့ မပြတဲ့ လူတွေကို ရောဂါပိုး ရှိလားဆိုပြီးတော့ reagent တွေ test စမ်းတဲ့ kits ပစ္စည်းတွေ အရမ်းကို ရှားပါးနေတဲ့ အချိန်မှာ antibody ကို မြန်မြန်လေး စစ်လိုက်တဲ့ အခါ antibody ထွက်လာပြီ ဆိုရင် ရောဂါပိုး ရှိမရှိတော့ မသိဘူး။ ဒါပေမယ့် သူ့မှာ ကိုယ်ခံအား ရှိနေတယ် ဆိုတာကို သိတယ်။ သူက လွယ်လည်းလွယ်တယ်ပေါ့နော်။ antibody က ဒီသွေးထဲမှာပဲ လှည့်နေတာ ဆိုတော့။ သွေးဖေါက်ပြီးတော့ စစ်တာပေါ့နော်။ အဲဒီလိုဆိုရင် lab ကြီးရင်ကြီးသလို ချက်ချင်းပဲ အဖြေထွက်လာတယ်။ မြန်လည်းမြန်တယ်။ nucleic acid အဲ့ဒီ rRT-PCR ကို သုံးပြီးတော့ စစ်တဲ့နည်း ထက်စာလို့ ရှိရင် ဒီ Serology test ကတော့ လုံးဝမြန်တယ်။”

နောက်တနည်းက cat scan လို့ ခေါ်တဲ့ ဓါတ်မှန်ရိုက်တဲ့နည်းဖြစ်ပါတယ်။

ဒေါက်တာဖြူမြတ်သွေး။ ။“ဓါတ်မှန်ရိုက်တဲ့ အပိုင်းကျတော့ clinical imaging အပိုင်း ဖြစ်သွားတယ် ပေါ့နော်။ ဒါက အဆုတ်နဲ့ ဆိုင်တဲ့ technologists ပညာရှင်တွေ၊ x rays နဲ့ ဆိုင်တဲ့ technologists ပညာရှင်တွေ၊ သူတို့က နေပြီးတော့ ရိုက်တာတွေပေါ့။ viral ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ နမိုးနီးယား အဆုတ်ယောင်ရောဂါတွေ၊ covid ကြောင့် ရတဲ့ ရောဂါဆိုရင် ဒီ ရင်ဘတ်ကို ရိုက်တဲ့ အိပ်စရေး chest x- ray မှာရော CT မှာရော သူတို့ က သိပ်သိသာတဲ့ လက္ခဏာကို ကြည့်ကြတာပေါ့နော်။ ဒါပေမယ့် တခုရှိတာက ဒီ ကိုရိုနာဗိုင်းရပ်စ် ကလည်း ၊ ကိုရိုနာအမျျိုးစား family ထဲမှာပါတဲ့ ဗိုင်းရပ်စ တခု ဖြစ်တာကြောင့် တချို့ကျတော့ လက္ခဏာတွေက တူနေမယ် ပေါ့နော်။ အိပ်စရေး ပေါ်မှာ၊ ဒီဗိုင်းရပ်စ် ကြောင့်လည်း ဖြစ်နိုင်တယ်။ ဟိုဗိုင်းရပ်စ် ကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒီလို ပုံစံမျိုး ဖြစ်နေတဲ့ အတွက် အတိအကျကြီး၊ လုံးဝပြောလို့ မရဘူး။ ဒါပေမယ့် ဒီအိပ်စရေး ပေါ်ကို ကြည့်ပြီးတော့၊ ဒီဟာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ နမိုးနီးယား ဖြစ်နေပုံရတယ်၊ ပိုပြီး တိတိကျကျ သိရအောင် microbiology lab တွေကို နမူနာ ပို့ရအောင်ဆိုပြီး ဒီ များသောအားဖြင့် အဲဒီလိုမျိုး လူနာတွေ အိပ်စရေး ရိုက်တဲ့ အဆင့် ရောက်ပြီဆို rRT-PCR နည်းကို သုံးပြီးတော့ ဗိုင်းရပ်စ်ကို ရှာတဲ့ နည်းနဲ့ စမ်းဖို့ ပို့ကြတာ များတယ်။ ဒါက အတည်ပြုချက် ရယူတာပေါ့နော်။ confirmation လို့ခေါ်တာပေါ့နော်။ လူနာက ဆေးရုံကို လာမယ်။ ချောင်းဆိုတယ် ဘာညာ ဆို အိပ်စရေး ရိုက်မယ်။ ပေါ်လာတယ်။ ဆိုရင် ဒါကို သေချာအောင် RT- PCR နည်းကို သုံးမယ်ဆိုပြီး တဆင့်ပြီးတဆင့်ပေါ့နော်။ အဖြေထုတ်တာပါ”

ဒေါက်တာဖြူမြတ်သွေးရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ဗံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG