သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္နဲ႔ ေအာက္ဆီဂ်င္


ရန္္ကုန္၊ ပုဇြန္ေတာင္တြင္ ေအာက္ဆီဂ်င္ တန္းစီေစာင့္ေနၾကသူမ်ား။ ၁၁ ဇူလိုင္ ၂၀၂၁

ကိုဗစ္ ၁၉ တတိယလႈိင္းဒဏ္ခံေနရတဲ့ ျမန္မာႏိုင္ငံမွာေတာ့ ဒီေအာက္ဆီဂ်င္က ေရႊထက္ရွားတဲ့ အေနထား ေရာက္ေနတာပါ။ သူက ကိုဗစ္ ၁၉ အတြက္ ဘယ္ေလာက္ အေရးပါပါသလဲ ေဒါက္တာတင့္ေဆြကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ကိုဗစ္နဲ႔ ေအာက္ဆီဂ်င္
please wait

No media source currently available

0:00 0:07:20 0:00
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

Zawgyi

ေလထုထဲမွာ ေအာက္ဆီဂ်င္က ၂၁ % ပါဝင္ပါတယ္။ ဒီေအာက္ဆီဂ်င္ကို ေလထဲကေန ခြဲထုတ္သန္႔စင္ၿပီး လူနာေတြ အတြက္ သံုတဲ့ အခါ ေဆးရံုေတြမွာ ပိုက္နဲ႔တိုက္ရိုက္ေပးႏိုင္သလို လုိတဲ့ေနရာကို သယ္သြားႏိုင္ေအာင္ ေအာက္ဆီဂ်င္ထည့္တဲ့ ဆလင္ဒါဘူးေတြကိုလည္း သံုးၾကပါတယ္။ ကိုဗစ္ ၁၉ တတိယလႈိင္းဒဏ္ခံေနရတဲ့ ျမန္မာႏိုင္ငံမွာေတာ့ ဒီေအာက္ဆီဂ်င္က ေရႊထက္ရွားတဲ့ အေနထား ေရာက္ေနတာပါ။ သူက ကိုဗစ္ ၁၉ အတြက္ ဘယ္ေလာက္ အေရးပါပါသလဲ ေဒါက္တာတင့္ေဆြကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေဒါက္တာတင့္ေဆြ။. ။ ကိုဗစ္ ၁၉ ေရာဂါဟာ စျဖစ္ျဖစ္ခ်င္း ေရာဂါ လကၡဏာက နမိုးနီးယားနဲ႔ အေတာ္ဆင္တယ္။ နမိုးနီးယား ဆိုတာက အဆုတ္ေယာင္ အဆုတ္ခဲေရာဂါ ျဖစ္တယ္။ တနည္းအားျဖင့္ အသက္ရႈလမ္း ကို ဒုကၡေပးတယ္လို႔ အေစာႀကီးကတည္းက သိခဲ့ၾကပါတယ္။ ေနာက္ အသက္ရႈတဲ့ေနရာမွာ လူတိုုင္းဟာ ဒီေအာက္ဆီဂ်င္ကို ရႈသြင္းၿပီးေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ရႈထုတ္ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိုဗစ္ ေရာဂါဟာ ဒီေအာက္ဆီဂ်င္နဲ႔ တခါ အသက္ရႈလမ္းေၾကာင္းက အေရးအႀကီးဆံုး ျဖစ္ပါတတယ္ခင္ဗ်။ ဒီကေန႔ ကုထံုးအရ ဆိုရင္ သူက ေနအိမ္ေတြမွာပဲ isolation လို႔ေခၚတဲ့ သီးျခားခဲြဲေနၾက ရတာရွိတယ္။ ခြဲေနတဲ့ ကာလမွာ ဒီေအာက္ဆီမီတာလို႔ ေခၚတဲ့ လက္ေခ်ာင္းထိပ္မွာ တပ္ရတဲ့ ကရိယာ ေသးေသးေလးနဲ႔ ေအာက္ဆီဂ်င္ကို တိုင္းၾကရပါတယ္။ အဲဒီေတာ့ ဒီေအာက္ဆီ level ေခၚတဲ့ ေအာက္ဆီဂ်င္ အနည္းအမ်ား ပမာဏက နည္းသြားရင္ ေဆးရံုကို ေျပးရတယ္။ ဒါေၾကာင့္ ေအာက္ဆီဂ်င္က အေရးႀကီးတယ္။

ေမး။. ။ လူေတြ အတြက္ ေအာက္ဆီဂ်င္ပမာဏက ဘယ္ေလာက္လိုပါသလဲဆရာ။

ေျဖ။. ။ အဲဒီ ေအာက္ဆီမီတာ လို႔ေခၚတဲ့ ကရိယာေလးနဲ႔ တုိင္းတဲ့အခါမွာ ပံုမွန္အားျဖင့္ လူတိုင္းဟာ ၉ ၅ နဲ႔ ၉ ၉ ရာခိုင္ႏႈန္းမွာ ရွိၾကတယ္။ အဲဒီေတာ့ ၉ ၅ ေအာက္ ဒါမွမဟုတ္ ၉ ၂ တခ်ိဳ႕ေနရာမွာေတာ့. ၉ ၄ ။ အဲဒီေအာက္က်ရင္ ေဆးရံုသြားပါဆိုတဲ့ လမ္းညြန္ခ်က္ ရွိတယ္။ တကယ့္ေခတ္မွီတိုးတက္တဲ့ ႏိုင္ငံေတြမွာ - ျမန္မာျပည္မွာလည္း တခ်ိဳ႕ေဆးရံုႀကီးေတြမွာ ရွိပါတယ္။ ေဆးရံုမွာေအာက္ဆီဂ်င္က ပိုက္ကေနသြားၿပီးေတာ့ ဆရာမေတြက လူနာႏွာေခါင္းေတြကို တပ္ေပးၾကပါတယ္။ သို႔ေသာ္လည္း ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြ၊ ျမန္မာႏိုင္ငံသာ မကဘူး၊ က်ေနာ္ေနထိုင္ခဲ့တဲ့ အိႏၵိယႏိုင္ငံက တခ်ိဳ႕ေဆးရံုေတြမွာ ဆိုရင္ ဒီဆလင္ဒါပဲ သံုးရတယ္။ အခု က်ေနာ္တို႔ ေဖ့စ္ဘုတ္မွာ ဗမာမွာ ေတြ႔ေန႔ရသလို ဒီဆလင္ဒါမ်ိဳးပဲ သူတုိ႔ႏိုင္ငံမွာလည္း သံုးၾကရပါတယ္။

ေမး။. ။ ဒီဆလင္ဒါေတြကို သံုးတဲ့အခါ ဘာေတြ သတိထားဖို႔ လိ္ုပါသလဲ။

ေျဖ။. ။ သံုးတဲ့အခါမွာ ဒီဆလင္ဒါ ထားသိုနည္း ကိုင္တြယ္နည္း၊ ေနာက္ အခုအခ်ိန္ဆိုရင္ေတာ့ ထူးထူးျခားျခားေပါ့ေနာ္။ ဆလင္ဒါ မ်က္ႏွာျပင္ေပၚမွာ ဗိုင္းရပ္စ္ပိုး ပါလားမပါလား ဆိုတဲ့အခ်က္က နံပတ္ ၁ အေရးႀကီးတယ္။ အဲဒါၿပီးရင္ ပိုက္ေခါင္းလို႔ ေခၚတာေပ့ါေနာ္ ဗမာလိုဆိုရင္ အဲဒီပိုက္ေခါင္းက အတိအက်ပဲ - ယိုဖိတ္မႈ leakage ဆိုတာမရွိေအာင္လည္း ဂရုစိုက္ရမယ္။

ေနာက္တခု အေရးႀကီးတာ တခုေပါ့ေနာ္။ ျမန္မာျပည္ရဲ့ လက္ေတြ႔ အေျခအေနက ေရသန္႔ဘူးေတြ သံုးၾကတယ္။ ေခတ္မွီလာတယ္။ တိုးတက္လာတယ္။ ဒါေပမယ့္ က်ေနာ္သိရတဲ့ အေျခေနက ေရသန္႔ဘူးဆိုတာထဲက ေရကိုယ္တို္င္က မသန္႔ဘူး ျဖစ္ေနတယ္။ ဒါ တခ်ိဳ႕ေနရာေတြမွာ ျဖစ္ေနတယ္။ တခ်ိဳ႕ တံဆိပ္ေတြ ဆိုရင္ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က FDA က ေတာင္မွ ဒီတံဆိပ္ေတြ ဒီတံဆိပ္ေတြမသံုးပါနဲ႔လို႔ ေရသန္႔ကို တားျမစ္ရတယ္။

အခု ေအာက္ဆီဂ်င္ ဆလင္ဒါကိစၥကလည္း စတာ ရက္ပိုင္းပဲ ရွိေသးတယ္။ လပိုင္းေတာင္ မရွိေသးဘူး။ တပတ္ေလာက္ပဲ ရွိေသးတယ္။ အဲဒီေတာ့ ဘယ္စက္ရံု က ေအာက္ဆီဂ်င္ ဆလင္ဒါဟာ စံကိုက္ ဟုတ္လား မဟုတ္လား ဘယ္သူမွ မစစ္ႏိုင္ဘူး။ FDA က လည္း အလုပ္ လုပ္ႏိုင္သလား မလုပ္ႏိုင္သလား အသိဘူး။ ဆိုေတာ့ အဲဒီဟာ အတြက္က ဘာမွ မတတ္ႏိုင္ဘူး။ က်ေနာ္တို႔ စိုးရိမ္တဲ့အတြက္ တကယ္ပဲ လက္ေတြ႔သံုးၿပီးေတာ့ အႏၱရာယ္ မရွိတဲ့ ကုမၸဏီက ဆိုင္က ဆလင္ဒါ ရႏိုင္ရင္ေတာ့ ေတာ္ေသးတာေပါ့။ ဒါေပမယ့္ ဒါကလည္း အေတာ္ ခက္ခဲမယ္လို႔ ယူဆတယ္။ ဒါ့ေၾကာင့္ အၿမဲတမ္း အႏၱရာယ္ သို႔မဟုတ္ သတိထားရမယ့္ အခ်က္ေတြကို ေခါင္းထဲမွာထည့္ထားၿပီးေတာ့ ဆိုးတာထက္ ပိုမဆိုးေအာင္ ေအာက္ဆီဂ်င္ဘူး သံုးစြဲတဲ့ လူေတြေရာ၊ ေရာင္းခ်တဲ့လူေတြေရာ၊ ထုတ္တဲ့ စက္ရံုေတြေရာ အားလံုး သတိႀကီးႀကီးနဲ႔ ေဆာင္ရြက္သင့္ ၾကတယ္ လို႔လည္း က်ေနာ္ အႀကံျပဳပါရေစ။

ေမး။ ။ ေအာက္ဆီဂ်င္ လုိအပ္ေနတဲ့ လူေတြက မ်ားေနပါတယ္ဆရာ။ ဒါေၾကာင့္လူေတြက တျခားဘာကိုမွ ဂရု မစိုက္ႏိုင္ပဲ ေအာက္ဆီဂ်င္ဘူး ကိုပဲ အသဲအသန္ လုိက္ရွာေနၾကပါတယ္။ ဒါဟာ မွန္ပါရဲ့လားဆရာ။

ေျဖ။. ။ တစိတ္တပိုင္းက မွန္ကန္တယ္လို႔ တင္ျပပါရေစ။ ကိုဗစ္ေရာဂါပိုးအတြက္ ကာကြယ္မႈက အေရးအႀကီးဆံုးပါ။ ကုသတဲ့ ေဆးဆိုတာက ေဆးရံုေရာက္မွ ႀကံဖန္ၿပီး က်ေနာ္တို႔ လုပ္ရတာပါ။ ဒါက အမ်ားစုနဲ႔မဆိုင္ဘူး။ တကယ္ေတာ့ အမ်ားစုဟာ ေအာက္ဆီဂ်င္ေျပာလို႔ ေအာက္ဆီဂ်င္ေနာက္ ပဲ ဘာမွမၾကည့္ပဲ လိုက္ေနလို႔ရွိရင္ အေျခခံက်တဲ့ ကာကြယ္ေရးနဲ႔ စည္းကမ္းေတြကို ေလ်ာ့ရဲမွာ က်ေနာ္အင္မတန္မွ စိုးရိမ္ပါတယ္။

အဲဒီအေျခခံက်တဲ့ ကာကြယ္ေရး ဆိုတာကလည္း အမ်ားႀကီးမရွိဘူးေနာ္။ ၁။ အတတ္ႏိုင္ဆံုး အျပင္ကို မသြားနဲ႔။ ၂။ အျပင္ကိုသြားတိုင္း ႏွာေခါင္းစည္းသံုး။ နံပတ္ ၃။ လက္ မၾကာမၾကာေဆး။ လက္ေဆးတဲ့ အခါမွာ လည္း ရိုးရိုးဆပ္ျပာက အေကာင္းဆံုးပဲ။ အေရးေပၚက်မွသာ hand sanitizer တို႔ hand gel တို႔သာ သံုးဖို႔။ ေနာက္ နံပတ္ ၄ က ကာကြယ္ေဆး။ ဒီကာကြယ္ေဆးကေတာ့ အင္မတန္မွ ႀကီးက်ယ္တဲ့ ေမးခြန္းႀကီးပါ ျမန္မာျပည္မွာက။ အဲဒါ လုပ္သင့္တယ္လို႔ က်ေနာ္ ယူဆတယ္။ ေနာက္တခါက ၅။ မွားယြင္းတဲ့ သတင္းအခ်က္အလက္ေတြ၊ မွားယြင္းတဲ့ အႀကံေပးမႈေတြ မလုိက္ပဲနဲ႔ ခုန ကိုဗစ္ ၁၉ ကာကြယ္ေရး သင္ပုန္းႀကီးလို႔ ေခၚတဲ့ ၁ - ၂- ၃ - ၄ ကို လုိ္က္နာ ဖို႔က ေအာက္ဆီဂ်င္ထက္ ေတာင္ ပိုအေရးႀကီးတယ္။ ေအာက္ဆီဂ်င္ လုိမယ့္ သူက ရာခိုင္ႏႈန္း နဲနဲေလး။ ခုန ၁-၂-၃-၄-၅ လိုက္ဖို႔လူက ရာႏႈန္းအမ်ားႀကီး။ အဲဒီေတာ့ ဒီအမ်ားႀကီးဟာ ေအာက္ဆီဂ်င္ ေနာက္ခ်ည္းပဲ လိုက္မေနပဲ ကာကြယ္ေရး လုပ္ဖုိ႔။

အျပင္မထြက္နဲ႔၊ ထြက္ရင္ ႏွာေခါင္းစည္းစည္း၊ လက္ခဏခဏေဆး၊ ျဖစ္ႏိုင္ရင္ ကာကြယ္ေဆးထိုး ဆိုတဲ့ အခ်က္ ၄ ခ်က္ေပါ့ေနာ္။ အဲဒါကို မေမ့မေလ်ာ့ ။ လူတုိးင္းလူတိုင္း လုပ္သင့္တယ္လို႔ ေလးေလးနက္နက္ က်ေနာ္ အႀကံေပးလိုပါတယ္ ခင္ဗ်။

ေမး။. ။ ဆိုေတာ့ ေတာ္ေတာ္ေတာ့ အႏၱရယ္ႀကီးတာေပါ့ေနာ္။ ေအာက္ဆီဂ်င္ လုံလုံေလာက္ေလာက္မရွိတဲ ့ လူနာတေယာက္ဟာ ေအာက္ဆီဂ်င္ ေသြးထဲမွာ ရွိတဲ့ ႏႈန္း တက္လာေအာင္ လုပ္လို႔ရပါသလား။.

ေျဖ။. ။ က်ေနာ္ေစာေစာက ေဆြးေႏြးခဲ့သလို ဒီကိုရိုနာ ဗိုင္းရပ္စ္ပိုးဟာ ဗိုင္းရပ္စ္ ျဖစ္တဲ့ အတြက္ ဗိုင္းရပ္စ္ေၾကာင့္ ေရာဂါလကၡဏာေတြ ခံစားရတယ္။ ဖ်ားတယ္။ ဖ်ားၿပီး ခ်မ္းတယ္။ ကိုယ္ေတြ ကိုက္ခဲတယ္။ အရသာ ပ်က္တယ္။ ႏွာေခါင္း အန႔႔ံမရဘူး။ ေနာက္တခ်ိဳ႕ ဝမ္းသြားတာေတြ ျဖစ္တယ္။ ၿပီးေတာ့ တိုင္းၾကည့္ရင္ ေအာက္ဆီဂ်င္ level က်တယ္။ အဲဒီ ေရာဂါ လကၡဏာ အားလံုးဟာ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တယ္။ႏွာေခါင္း အန႔ံမရတာပဲ ျဖစ္ျဖစ္။ အခု အမ်ားဆံုး ေျပာေနၾကတာက ေအာက္ဆီဂ်င္နဲ႔ ႏွာေခါင္း အနံ႔ မရတာ ၂ ခု။ အဲဒီဟာ အားလံုးဟာ ဗိုင္းရပ္စ္ကို ခုခံအားက ႏိုင္မွ ျပန္ေကာင္းမယ္။

ဒီကိုရိုနာဗိုင္းရပ္စ္ဟာ အစားအေသာက္ေၾကာင့္လည္း မျဖစ္ဖူး။ အစားအေသာက္နဲ႔လည္း မကာကြယ္ ႏိုင္ဘူး။ အစားအေသာက္နဲ႔လည္း မကုႏိုုင္ဘူး။ ေနာက္တခါ ဗီတာမင္ A ကေန Z အထိေပါ့ေနာ္။ ျဖည့္စြက္စာ က ကေန အ အထိ။ အဲဒါေတြ ေၾကာင့္လည္း မျဖစ္ဖူး။ အဲဒါေတြနဲ႔လည္း မကာကြယ္ ႏုိင္ဘူး။ ခုခံအားနဲ႔သာ ေကာင္းႏိုင္တာ။ ဒါေၾကာင့္ ခုခံအား ေကာင္းဖို႔ အေရးႀကီးတယ္။

ေဆးပညာရွင္ ေဒါက္တာတင့္ေဆြပါ။

Unicode

လေထုထဲမှာ အောက်ဆီဂျင်က ၂၁ % ပါဝင်ပါတယ်။ ဒီအောက်ဆီဂျင်ကို လေထဲကနေ ခွဲထုတ်သန့်စင်ပြီး လူနာတွေ အတွက် သုံတဲ့ အခါ ဆေးရုံတွေမှာ ပိုက်နဲ့တိုက်ရိုက်ပေးနိုင်သလို လိုတဲ့နေရာကို သယ်သွားနိုင်အောင် အောက်ဆီဂျင်ထည့်တဲ့ ဆလင်ဒါဘူးတွေကိုလည်း သုံးကြပါတယ်။ ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ဒီအောက်ဆီဂျင်က ရွှေထက်ရှားတဲ့ အနေထား ရောက်နေတာပါ။ သူက ကိုဗစ် ၁၉ အတွက် ဘယ်လောက် အရေးပါပါသလဲ ဒေါက်တာတင့်ဆွေကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒေါက်တာတင့်ဆွေ။. ။ ကိုဗစ် ၁၉ ရောဂါဟာ စဖြစ်ဖြစ်ချင်း ရောဂါ လက္ခဏာက နမိုးနီးယားနဲ့ အတော်ဆင်တယ်။ နမိုးနီးယား ဆိုတာက အဆုတ်ယောင် အဆုတ်ခဲရောဂါ ဖြစ်တယ်။ တနည်းအားဖြင့် အသက်ရှုလမ်း ကို ဒုက္ခပေးတယ်လို့ အစောကြီးကတည်းက သိခဲ့ကြပါတယ်။ နောက် အသက်ရှုတဲ့နေရာမှာ လူတိုင်းဟာ ဒီအောက်ဆီဂျင်ကို ရှုသွင်းပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုထုတ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိုဗစ် ရောဂါဟာ ဒီအောက်ဆီဂျင်နဲ့ တခါ အသက်ရှုလမ်းကြောင်းက အရေးအကြီးဆုံး ဖြစ်ပါတတယ်ခင်ဗျ။ ဒီကနေ့ ကုထုံးအရ ဆိုရင် သူက နေအိမ်တွေမှာပဲ isolation လို့ခေါ်တဲ့ သီးခြားခွဲနေကြ ရတာရှိတယ်။ ခွဲနေတဲ့ ကာလမှာ ဒီအောက်ဆီမီတာလို့ ခေါ်တဲ့ လက်ချောင်းထိပ်မှာ တပ်ရတဲ့ ကရိယာ သေးသေးလေးနဲ့ အောက်ဆီဂျင်ကို တိုင်းကြရပါတယ်။ အဲဒီတော့ ဒီအောက်ဆီ level ခေါ်တဲ့ အောက်ဆီဂျင် အနည်းအများ ပမာဏက နည်းသွားရင် ဆေးရုံကို ပြေးရတယ်။ ဒါကြောင့် အောက်ဆီဂျင်က အရေးကြီးတယ်။

မေး။. ။ လူတွေ အတွက် အောက်ဆီဂျင်ပမာဏက ဘယ်လောက်လိုပါသလဲဆရာ။

ဖြေ။. ။ အဲဒီ အောက်ဆီမီတာ လို့ခေါ်တဲ့ ကရိယာလေးနဲ့ တိုင်းတဲ့အခါမှာ ပုံမှန်အားဖြင့် လူတိုင်းဟာ ၉ ၅ နဲ့ ၉ ၉ ရာခိုင်နှုန်းမှာ ရှိကြတယ်။ အဲဒီတော့ ၉ ၅ အောက် ဒါမှမဟုတ် ၉ ၂ တချို့နေရာမှာတော့. ၉ ၄ ။ အဲဒီအောက်ကျရင် ဆေးရုံသွားပါဆိုတဲ့ လမ်းညွန်ချက် ရှိတယ်။ တကယ့်ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေမှာ - မြန်မာပြည်မှာလည်း တချို့ဆေးရုံကြီးတွေမှာ ရှိပါတယ်။ ဆေးရုံမှာအောက်ဆီဂျင်က ပိုက်ကနေသွားပြီးတော့ ဆရာမတွေက လူနာနှာခေါင်းတွေကို တပ်ပေးကြပါတယ်။ သို့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ မြန်မာနိုင်ငံသာ မကဘူး၊ ကျနော်နေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက တချို့ဆေးရုံတွေမှာ ဆိုရင် ဒီဆလင်ဒါပဲ သုံးရတယ်။ အခု ကျနော်တို့ ဖေ့စ်ဘုတ်မှာ ဗမာမှာ တွေ့နေ့ရသလို ဒီဆလင်ဒါမျိုးပဲ သူတို့နိုင်ငံမှာလည်း သုံးကြရပါတယ်။

မေး။. ။ ဒီဆလင်ဒါတွေကို သုံးတဲ့အခါ ဘာတွေ သတိထားဖို့ လိုပါသလဲ။

ဖြေ။. ။ သုံးတဲ့အခါမှာ ဒီဆလင်ဒါ ထားသိုနည်း ကိုင်တွယ်နည်း၊ နောက် အခုအချိန်ဆိုရင်တော့ ထူးထူးခြားခြားပေါ့နော်။ ဆလင်ဒါ မျက်နှာပြင်ပေါ်မှာ ဗိုင်းရပ်စ်ပိုး ပါလားမပါလား ဆိုတဲ့အချက်က နံပတ် ၁ အရေးကြီးတယ်။ အဲဒါပြီးရင် ပိုက်ခေါင်းလို့ ခေါ်တာပေ့ါနော် ဗမာလိုဆိုရင် အဲဒီပိုက်ခေါင်းက အတိအကျပဲ - ယိုဖိတ်မှု leakage ဆိုတာမရှိအောင်လည်း ဂရုစိုက်ရမယ်။

နောက်တခု အရေးကြီးတာ တခုပေါ့နော်။ မြန်မာပြည်ရဲ့ လက်တွေ့ အခြေအနေက ရေသန့်ဘူးတွေ သုံးကြတယ်။ ခေတ်မှီလာတယ်။ တိုးတက်လာတယ်။ ဒါပေမယ့် ကျနော်သိရတဲ့ အခြေနေက ရေသန့်ဘူးဆိုတာထဲက ရေကိုယ်တိုင်က မသန့်ဘူး ဖြစ်နေတယ်။ ဒါ တချို့နေရာတွေမှာ ဖြစ်နေတယ်။ တချို့ တံဆိပ်တွေ ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က FDA က တောင်မှ ဒီတံဆိပ်တွေ ဒီတံဆိပ်တွေမသုံးပါနဲ့လို့ ရေသန့်ကို တားမြစ်ရတယ်။

အခု အောက်ဆီဂျင် ဆလင်ဒါကိစ္စကလည်း စတာ ရက်ပိုင်းပဲ ရှိသေးတယ်။ လပိုင်းတောင် မရှိသေးဘူး။ တပတ်လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ ဘယ်စက်ရုံ က အောက်ဆီဂျင် ဆလင်ဒါဟာ စံကိုက် ဟုတ်လား မဟုတ်လား ဘယ်သူမှ မစစ်နိုင်ဘူး။ FDA က လည်း အလုပ် လုပ်နိုင်သလား မလုပ်နိုင်သလား အသိဘူး။ ဆိုတော့ အဲဒီဟာ အတွက်က ဘာမှ မတတ်နိုင်ဘူး။ ကျနော်တို့ စိုးရိမ်တဲ့အတွက် တကယ်ပဲ လက်တွေ့သုံးပြီးတော့ အန္တရာယ် မရှိတဲ့ ကုမ္ပဏီက ဆိုင်က ဆလင်ဒါ ရနိုင်ရင်တော့ တော်သေးတာပေါ့။ ဒါပေမယ့် ဒါကလည်း အတော် ခက်ခဲမယ်လို့ ယူဆတယ်။ ဒါ့ကြောင့် အမြဲတမ်း အန္တရာယ် သို့မဟုတ် သတိထားရမယ့် အချက်တွေကို ခေါင်းထဲမှာထည့်ထားပြီးတော့ ဆိုးတာထက် ပိုမဆိုးအောင် အောက်ဆီဂျင်ဘူး သုံးစွဲတဲ့ လူတွေရော၊ ရောင်းချတဲ့လူတွေရော၊ ထုတ်တဲ့ စက်ရုံတွေရော အားလုံး သတိကြီးကြီးနဲ့ ဆောင်ရွက်သင့် ကြတယ် လို့လည်း ကျနော် အကြံပြုပါရစေ။

မေး။ ။ အောက်ဆီဂျင် လိုအပ်နေတဲ့ လူတွေက များနေပါတယ်ဆရာ။ ဒါကြောင့်လူတွေက တခြားဘာကိုမှ ဂရု မစိုက်နိုင်ပဲ အောက်ဆီဂျင်ဘူး ကိုပဲ အသဲအသန် လိုက်ရှာနေကြပါတယ်။ ဒါဟာ မှန်ပါရဲ့လားဆရာ။

ဖြေ။. ။ တစိတ်တပိုင်းက မှန်ကန်တယ်လို့ တင်ပြပါရစေ။ ကိုဗစ်ရောဂါပိုးအတွက် ကာကွယ်မှုက အရေးအကြီးဆုံးပါ။ ကုသတဲ့ ဆေးဆိုတာက ဆေးရုံရောက်မှ ကြံဖန်ပြီး ကျနော်တို့ လုပ်ရတာပါ။ ဒါက အများစုနဲ့မဆိုင်ဘူး။ တကယ်တော့ အများစုဟာ အောက်ဆီဂျင်ပြောလို့ အောက်ဆီဂျင်နောက် ပဲ ဘာမှမကြည့်ပဲ လိုက်နေလို့ရှိရင် အခြေခံကျတဲ့ ကာကွယ်ရေးနဲ့ စည်းကမ်းတွေကို လျော့ရဲမှာ ကျနော်အင်မတန်မှ စိုးရိမ်ပါတယ်။

အဲဒီအခြေခံကျတဲ့ ကာကွယ်ရေး ဆိုတာကလည်း အများကြီးမရှိဘူးနော်။ ၁။ အတတ်နိုင်ဆုံး အပြင်ကို မသွားနဲ့။ ၂။ အပြင်ကိုသွားတိုင်း နှာခေါင်းစည်းသုံး။ နံပတ် ၃။ လက် မကြာမကြာဆေး။ လက်ဆေးတဲ့ အခါမှာ လည်း ရိုးရိုးဆပ်ပြာက အကောင်းဆုံးပဲ။ အရေးပေါ်ကျမှသာ hand sanitizer တို့ hand gel တို့သာ သုံးဖို့။ နောက် နံပတ် ၄ က ကာကွယ်ဆေး။ ဒီကာကွယ်ဆေးကတော့ အင်မတန်မှ ကြီးကျယ်တဲ့ မေးခွန်းကြီးပါ မြန်မာပြည်မှာက။ အဲဒါ လုပ်သင့်တယ်လို့ ကျနော် ယူဆတယ်။ နောက်တခါက ၅။ မှားယွင်းတဲ့ သတင်းအချက်အလက်တွေ၊ မှားယွင်းတဲ့ အကြံပေးမှုတွေ မလိုက်ပဲနဲ့ ခုန ကိုဗစ် ၁၉ ကာကွယ်ရေး သင်ပုန်းကြီးလို့ ခေါ်တဲ့ ၁ - ၂- ၃ - ၄ ကို လိုက်နာ ဖို့က အောက်ဆီဂျင်ထက် တောင် ပိုအရေးကြီးတယ်။ အောက်ဆီဂျင် လိုမယ့် သူက ရာခိုင်နှုန်း နဲနဲလေး။ ခုန ၁-၂-၃-၄-၅ လိုက်ဖို့လူက ရာနှုန်းအများကြီး။ အဲဒီတော့ ဒီအများကြီးဟာ အောက်ဆီဂျင် နောက်ချည်းပဲ လိုက်မနေပဲ ကာကွယ်ရေး လုပ်ဖို့။

အပြင်မထွက်နဲ့၊ ထွက်ရင် နှာခေါင်းစည်းစည်း၊ လက်ခဏခဏဆေး၊ ဖြစ်နိုင်ရင် ကာကွယ်ဆေးထိုး ဆိုတဲ့ အချက် ၄ ချက်ပေါ့နော်။ အဲဒါကို မမေ့မလျော့ ။ လူတိုးင်းလူတိုင်း လုပ်သင့်တယ်လို့ လေးလေးနက်နက် ကျနော် အကြံပေးလိုပါတယ် ခင်ဗျ။

မေး။. ။ ဆိုတော့ တော်တော်တော့ အန္တရယ်ကြီးတာပေါ့နော်။ အောက်ဆီဂျင် လုံလုံလောက်လောက်မရှိတဲ့ လူနာတယောက်ဟာ အောက်ဆီဂျင် သွေးထဲမှာ ရှိတဲ့ နှုန်း တက်လာအောင် လုပ်လို့ရပါသလား။.

ဖြေ။. ။ ကျနော်စောစောက ဆွေးနွေးခဲ့သလို ဒီကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ ဗိုင်းရပ်စ် ဖြစ်တဲ့ အတွက် ဗိုင်းရပ်စ်ကြောင့် ရောဂါလက္ခဏာတွေ ခံစားရတယ်။ ဖျားတယ်။ ဖျားပြီး ချမ်းတယ်။ ကိုယ်တွေ ကိုက်ခဲတယ်။ အရသာ ပျက်တယ်။ နှာခေါင်း အန့ံ့မရဘူး။ နောက်တချို့ ဝမ်းသွားတာတွေ ဖြစ်တယ်။ ပြီးတော့ တိုင်းကြည့်ရင် အောက်ဆီဂျင် level ကျတယ်။ အဲဒီ ရောဂါ လက္ခဏာ အားလုံးဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။နှာခေါင်း အနံ့မရတာပဲ ဖြစ်ဖြစ်။ အခု အများဆုံး ပြောနေကြတာက အောက်ဆီဂျင်နဲ့ နှာခေါင်း အနံ့ မရတာ ၂ ခု။ အဲဒီဟာ အားလုံးဟာ ဗိုင်းရပ်စ်ကို ခုခံအားက နိုင်မှ ပြန်ကောင်းမယ်။

ဒီကိုရိုနာဗိုင်းရပ်စ်ဟာ အစားအသောက်ကြောင့်လည်း မဖြစ်ဖူး။ အစားအသောက်နဲ့လည်း မကာကွယ် နိုင်ဘူး။ အစားအသောက်နဲ့လည်း မကုနိုင်ဘူး။ နောက်တခါ ဗီတာမင် A ကနေ Z အထိပေါ့နော်။ ဖြည့်စွက်စာ က ကနေ အ အထိ။ အဲဒါတွေ ကြောင့်လည်း မဖြစ်ဖူး။ အဲဒါတွေနဲ့လည်း မကာကွယ် နိုင်ဘူး။ ခုခံအားနဲ့သာ ကောင်းနိုင်တာ။ ဒါကြောင့် ခုခံအား ကောင်းဖို့ အရေးကြီးတယ်။

ဆေးပညာရှင် ဒေါက်တာတင့်ဆွေပါ။

XS
SM
MD
LG