သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေဆး နဲ႔ ကိုဗစ္စမ္းသပ္မႈ


People wait in line to be tested for COVID-19 at a testing site in the North Hollywood section of Los Angeles on Saturday, Dec. 5, 2020. With coronavirus cases surging at a record pace, California Gov. Gavin Newsom announced a new stay-at-home order…

ကာကြယ္ေဆး မေပၚခင္က ဒီေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးတာနဲ႔ အခု ကာကြယ္ေဆး ေပၚလာခဲ့တဲ့ေနာက္ပိုင္း စမ္းသပ္မႈမွာ ဘာေတြ သတိထားဖို႔ လိုပါသလဲ။ ေဒါက္တာျဖဴျမတ္သြယ္က ေျပာျပ ေပးမွာပါ။

ကာကြယ္ေဆး နဲ႔ ကိုဗစ္စမ္းသပ္မႈ
please wait

No media source currently available

0:00 0:07:12 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi /Unicode

(Zawgyi)

Covid 19 ေရာဂါပိုး ရွိမရွိ စမ္းသပ္စစ္ေဆးမႈဟာ လာမယ့္ ၂၀၂၁ ခုႏွစ္မွာ လူေတြ ေန႔စဥ္လုပ္ေနက် အလုပ္တခု ျဖစ္လာႏိုင္တယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကပါတယ္။ ကာကြယ္ေဆး မေပၚခင္ကဒီေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးတာနဲ႔ အခု ကာကြယ္ေဆး ေပၚလာခဲ့တဲ့ေနာက္ပိုင္း စမ္းသပ္မႈမွာ ဘာေတြ သတိထားဖို႔ လိုပါသလဲ။

ေျမာက္ကာရိုလိုင္းနားျပည္နယ္၊ Greenville က Vidant Medical Center အဏုဇီဝေဗဒ ဓါတ္ခြဲခန္း တာဝန္ခံ ေဒါက္တာျဖဴျမတ္သြယ္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေဒါက္တာျဖဴျမတ္သြယ္။. ။“ျဖဴတို႔လုပ္ေနတဲ့ ဓါတ္ခြဲခန္းက Vidant Medical Center ေျမာက္ကာရိုလိုင္းနားက microbiology lab ေပါ့ေနာ္။ အဲဒီမွာ လုပ္ေနတာ ၃ မ်ိဳးရွိပါတယ္။ ၂ မ်ိဳးကေတာ့ ကိုဗစ္ကို ျဖစ္ေစတဲ့ ကိုရိုနာဗိုင္းရပ္စ္ ပိုးရွိမရွိ သူ႔ရဲ့ RNA ကို စမ္းသပ္တာ။ antigen test လုပ္တာရယ္၊ PCR ကို သံုးၿပီးေတာ့ RNA ကို ပြါးမ်ားတဲ့နည္းရယ္။ အဲဒီ ၂ ခုက တမ်ိဳးေနာက္တစ္မ်ဳိးကေတာ့ Anti-body ကို တိုင္းတာ။ ကိုယ္ခံအား ရိွမရိွ၊ လကၡဏာ ရိွမရိွ၊ ေရာဂါရိွၿပီးသားလူေတြ သူတုိ႔ရဲ ႔ ကိုယ္ခံအား ရိွလာလားဆိုတဲ့ Anti-body တိုင္းတာပါ။ အဲဒီလိုမ်ဳိး စမ္းသပ္မႈ test အမ်ဳိးအစားက (၃) မ်ဳိး၊ ဒါေပမဲ့ ခြဲျခားထားတာကေတာ့ ႏွစ္မ်ဳိးပါ။ ေရာဂါပိုး ရိွလားရယ္၊ ကိုယ္ခံအား ရိွလားရယ္။”

ေမး။. ။“ အဲဒီလိုမ်ိဳး PCR နဲ႔ Antigen အဲဒီ ၂ ခု ကြာျခားခ်က္ကို ေျပာျပေပးပါ။ ဘယ္ဟာကို ဘယ္ေနရာမွာ သံုးတယ္ဆိုတာ။”

ေဒါက္တာျဖဴျမတ္သြယ္ ။ ။ “Antigen က မ်ားေသာအားျဖင့္ Primary Care Office ေတြမွာ သံုးတာမ်ားတယ္။ ေဆးခန္း Clinic ေတြမွာ သံုးတာမ်ားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Antigen test ေတြက လြယ္လည္းလြယ္တယ္။ ျမန္လည္းျမန္တယ္။ ဒါေပမဲ့ Antigen test ေတြကို အစိုးရက သံုးခြင့္ျပဳထားတာက လကၡဏာျပတဲ့ လူနာေတြေပၚမွာပဲ သံုးရမယ္လို႔ သံုးခြင့္ျပဳထားတယ္။ ဆိုေတာ့ လကၡဏာ ရိွထားတဲ့လူနာက သူ႔ဆရာဝန္နဲ႔ သြားျပတယ္။ ဒါမွမဟုတ္ သူနာျပဳနဲ႔ သြားျပတယ္ဆိုရင္ ေဆးခန္းကိုသြားၾကတယ္ဆိုရင္ အဲဒီမွာ Point of Care - တိုက္ရိုက္စမ္းသပ္မႈစက္နဲ႔ သံုးတာမ်ားတယ္။ ၿပီးေတာ့ PCR စမ္းသပ္မႈကေတာ့ စမ္းသပ္တဲ့ပံုစံက အမ်ဳိးမ်ဳိးရိွတာေၾကာင့္ ဓါတ္ခြဲခန္းေတြမွာပဲ သံုးတာမ်ားတယ္ေပါ့ေနာ္။”

ေမး ။ ။“ ဒီေရာဂါပိုး ရိွမရိွ စမ္းသပ္တဲ့အထဲမွာ ကိုယ္ခံအားစမ္းတာ ဘယ္အခ်ိိန္မွာ သံုးပါသလဲ။”

ေဒါက္တာျဖဴျမတ္သြယ္ ။ ။ “ကိုယ္ခံအား စမ္းတာၾကေတာ့ လူနာတစ္ေယာက္က လကၡဏာရိွသည္ျဖစ္ေစ၊ မရိွသည္ျဖစ္ေစ သူ႔သေဘာနဲ႔သူ အရင္တုန္းက ကိုဗစ္ ရိွထားလား၊ မရိွထားလား မသိဘူးဆိုတာကို သိခ်င္တယ္ဆိုလို႔ရိွရင္ အဲဒီအခ်ိန္မွာ သံုးလို႔လည္းရတယ္။ ေနာက္တစ္ခုၾကေတာ့ လူနာတစ္ေယာက္ကို အေရးတႀကီးနဲ႔ ေဆးရံုတင္လိုက္တယ္ဆိုရင္ သူ႔မွာ ေရာဂါလကၡဏာ ရိွခ်င္လဲ ရိွႏုိင္တယ္။ မရိွခ်င္လဲ မရိွႏိုင္ဘူး။ ဒါေပမဲ့ တျခားကိစၥေၾကာင့္မို႔ ေဆးရံုတင္္လိုက္တဲ့အခ်ိန္မွာ ကိုဗစ္ စမ္းသပ္မႈလုပ္တယ္။ ၿပီးေတာ့ အရင္တုန္းက ရိွမရိွကို သိဖို႔အတြက္လည္း စမ္းသပ္တယ္။ ဆုိေတာ့ အေျခအေနအမ်ဳိးမ်ဳိးေပၚမွာ မူတည္ၿပီးေတာ့ စမ္းသပ္တုိင္းတာပါတယ္။ ဒီအတိုင္းဆိုရင္ ၿပီးခဲ့တဲ့ သံုးေလးငါးလ ေျခာက္လတုန္းက ကိုဗစ္ရခဲ့သလား၊ မရခဲ့လား မသိခဲ့ဘူး။ လကၡဏာမရိွေပမယ့္။ အဲဒါကို သိခ်င္တယ္ဆိုရင္ တိုင္းၾကည့္လို႔ရတယ္။”

ေမး ။ ။ “အခု ကာကြယ္ေဆးေတြ ထြက္ေနၿပီဆိုေတာ့ ဒါမ်ဳိးစမ္းသပ္မႈ ဘယ္ေလာက္ အေရးပါသလဲ ေျပာျပေပးပါ။

ေဒါက္တာျဖဴျမတ္သြယ္ ။ ။“ ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီအခ်ိန္မွာ အေရးႀကီးတဲ့ စမ္းသပ္မႈကေတာ့ Antibody Test ျဖစ္ပါတယ္။ ဒီဟာက အေရးႀကီးလာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္က ကာကြယ္ေဆး ထိုးၿပီးသြားၿပီ။ ပထမ (၁) လံုးထိုးသည္ျဖစ္ေစ။ ဒုတိယ (၁) လံုး ထုိးသည္ျဖစ္ေစ ေဆးပတ္ျပည့္သြားၿပီဆိုရင္ ကိုယ့္မွာ ကိုယ္ခံအား ရိွမရိွဆုိတာကို ဒီ Antibody စမ္းသပ္မႈက ကာကြယ္ေဆး ထိုးၿပီးတဲ့အခ်ိန္မွာ အေရးႀကီးလာပါၿပီ။”

ေမး ။ ။ “ကာကြယ္ေဆးဆုိတဲ့ သေဘာက ဒီေရာဂါပိုး ပြားထားတဲ့ဟာကို ကိုယ္ထဲမွာ ထည့္ေပးလိုက္တာလို႔ နားလည္ထားပါတယ္။ ဆိုေတာ့ ကာကြယ္ေဆး ထိုးၿပီးတဲ့လူက ဒီေရာဂါပိုး ေရာက္ေနတယ္လို႔ ကိုယ္ထဲကလည္း အသိအမွတ္ျပဳၿပီးေတာ့ ကိုယ္ခံအားေတြ ထုတ္တာဆုိေတာ့ အခုလိုမ်ဳိး ေရာဂါပိုး ရိွမရိွ စမ္းသပ္တဲ့ဟာနဲ႔ ဘာမ်ားသြားၿပီးေတာ့ အေႏွာင့္အယွက္ေတြမ်ား ရိွႏိုင္သလဲဆိုတာကို ေျပာျပေပးပါ။”

ေျဖ ။ ။ ရိွေတာ့ရိွႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကာကြယ္ေဆးထဲကို ထည့္ထားတာ ဒီဗိုင္းရပ္စ္ တစ္ခုလံုးကို ထည့္ထားတာ မဟုတ္ဘူး။ ဗိုင္းရပ္စ္နဲ႔ ဆင္တူတဲ့ အပိုင္းေလးတပိုင္းကိုပဲ သံုးၿပီးေတာ့ ကိုယ့္ရဲ ႔ ကိုယ္ခံအားကို ၾကြေအာင္လုပ္ေပးတာ။ အဲဒီအခါၾကမွ ကိုယ့္ခႏၶာကေန Antibody ထုတ္တယ္။ အဲဒီအခ်ိန္မွာ ကိုယ္က COVID Test ကိုဗစ္စမ္းသပ္မႈ လုပ္တဲ့ ေစာေစာကေျပာတဲ့ Antigen ပဲျဖစ္ျဖစ္၊ PCR ပဲျဖစ္ျဖစ္ စမ္းသပ္မႈနဲ႔ သြားၿပီးေတာ့ တိုင္းလုပ္တယ္ဆိုရင္ေတာ့ False Positive ဆိုၿပီးေတာ့ ျဖစ္ႏုိင္တဲ့ အလားအလာေတာ့ ရိွပါတယ္။ ဒါကလဲ အေျခအေနေပၚမွာ မူတည္ပါတယ္။ ကာကြယ္ေဆး ထုိးထားတဲ့လူဆိုရင္ အကယ္၍ ဖ်ားလာတယ္၊ နာလာတယ္ ျဖစ္တယ္ဆိုရင္ေတာ့ အဲဒီအခ်ိန္မွာ ကိုဗစ္ကိုပါ တုိင္းမယ္ဆိုရင္ေတာ့ ကိုယ့္ဆရာဝန္ကို ေျပာျပရမွာက ငါ့မွာ ကာကြယ္ေဆး ထိုးထားတယ္။ ဒါဆိုရင္ ကိုယ္က False Positive ျဖစ္္ႏုိင္တဲ့ အေျခအေန ရိွတယ္။ အကယ္၍ ကိုယ္က ကိုဗစ္ေၾကာင့္ ဖ်ားတာလဲ ျဖစ္ႏိုင္တယ္။ ဒီအခ်ိန္က repository season တုပ္ေကြး flu ေတြလည္း ျဖစ္တယ္။ တျခား ရာသီဥတုဆိုင္ရာ ဗိုင္းရပ္စ္ပိုးေတြလည္း ရိွတယ္ဆုိေတာ့ အဲဒီအခ်ိန္မွာ ဘာေၾကာင့္ျဖစ္မွန္း မသိတဲ့အခ်ိန္မွာ ကိုယ္က ကိုဗစ္ကာကြယ္ေဆးလည္း ထိုးထားၿပီး၊ ကိုဗစ္စစ္ေဆးမႈ လုပ္မယ္ဆိုရင္ False Positive ရႏိုင္တာေပါ့။”

ေမး ။ ။ “ကိုဗစ္-၁၉ စမ္းသပ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံမွာဆုိရင္ test kit ေတြကလည္း သိပ္မရေသးေတာ့ ဒါမ်ဳိးအေျခအေန၊ အေနအထားမ်ဳိးမွာ စစ္ေဆးစမ္းသပ္မႈ လုပ္ဖို႔အတြက္ ဘာေတြအႀကံေပးခ်င္ပါလဲ ဒီလို ေရာဂါပိုး ရွိမရွိ စမ္းသပ္တာကို။”

ေဒါက္တာျဖဴျမတ္သြယ္ ။ ။ “အဲဒီလိုမ်ဳိး စစ္ေဆးစမ္းသပ္မႈလုပ္ဖို႔ သိပ္မရိွေသးတဲ့ အခ်ိန္မွာ ကိုယ္က ေရာဂါလကၡဏာ ျပလာတာတို႔၊ ကိုဗစ္လိုမ်ဳိးဆင္ဆင္ျဖစ္တာတို႔၊ အခု ေဆာင္းတြင္းရာသီဆိုတာ့ ကိုဗစ္လည္း ျဖစ္ႏုိင္တယ္။ တုပ္ေကြးလည္း ျဖစ္ႏိုင္တယ္။ အဲဒီလိုမ်ဳိး ျဖစ္တယ္ဆိုရင္ စစ္ေဆးမႈက လံုလံုေလာက္ေလာက္ မရိွတဲ့အခ်ိန္မွာ ဘယ္လိုအႀကံေပးလို႔ ရသလဲဆိုေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ အိမ္မွာပဲ သီးျခားေနဖို႔၊ အဓိက ျဖစ္တယ္။ ေနာက္တစ္ခုကေတာ့ Antigen Test ကေတာ့ ရိွႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ Antigen Test က PCR ထက္စာရင္ ေဆးရံုေတြ၊ ေဆးခန္းေတြမွာ သံုးတာမ်ားတဲ့အတြက္ Antigen Test က နည္းနည္းလြယ္တယ္။ ၿပီးေတာ့ စရိတ္လည္း နည္းနည္းသက္သာတယ္။ အဲဒီလိုမ်ဳိးေတြ ရိွႏုိင္ရင္ေတာ့ အဲဒါမ်ဳိးနဲ႔ စမ္းသပ္ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ လံုးဝမစမ္းသပ္ႏိုင္ဘူးဆိုရင္ေတာ့ ကိုယ့္ဟာကိုယ္ Q လုပ္ႏုိင္ရင္လုပ္၊ မိသားစုနဲ႔ခြဲၿပီးေတာ့ သက္သက္ေနႏိုင္ပါတယ္။”

ေဒါက္တာျဖဴျမတ္သြယ္ပါ။ ကိုဗစ္ေရာဂါပိုးရွိမရွိ အျမန္စစ္ေဆးႏိုင္မယ့္ အိမ္သံုး Covid 19 ပိုးစစ္ကရိယာ တမ်ိဳးကိုေတာ့ အေမရိကန္ႏိုင္ငံက Lucira ကုမၸဏီက တီထြင္ႏိုင္ၿပီျဖစ္ပါတယ္။ နာရီဝက္ေလာက္အတြင္း အေျဖထုတ္ေပးႏိုင္တဲ့ ဒီကရိယာကို ဆရာဝန္ေထာက္ခံခ်က္နဲ႔ အေရးေပၚအေျခေနမွာ သံုးဖို႔ FDA က အတည္ျပဳေပးထားပါတယ္။ ဒါေပမယ့္ ဒါကို တြင္တြင္က်ယ္က်ယ္ သံုးႏိုင္ဖို႔ေတာ့ အခ်ိန္ယူရအံုးမယ္ ဆိုတာကို တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

(Unicode)

Covid 19 ရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးမှုဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ လူတွေ နေ့စဉ်လုပ်နေကျ အလုပ်တခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ ကာကွယ်ဆေး မပေါ်ခင်က ဒီရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာနဲ့ အခု ကာကွယ်ဆေး ပေါ်လာခဲ့တဲ့နောက်ပိုင်း စမ်းသပ်မှုမှာ ဘာတွေ သတိထားဖို့ လိုပါသလဲ။

မြောက်ကာရိုလိုင်းနားပြည်နယ်၊ Greenville က Vidant Medical Center အဏုဇီဝဗေဒ ဓါတ်ခွဲခန်း တာဝန်ခံ ဒေါက်တာဖြူမြတ်သွယ်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒေါက်တာဖြူမြတ်သွယ်။. ။“ဖြူတို့လုပ်နေတဲ့ ဓါတ်ခွဲခန်းက Vidant Medical Center မြောက်ကာရိုလိုင်းနားက microbiology lab ပေါ့နော်။ အဲဒီမှာ လုပ်နေတာ ၃ မျိုးရှိပါတယ်။ ၂ မျိုးကတော့ ကိုဗစ်ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိ သူ့ရဲ့ RNA ကို စမ်းသပ်တာ။ antigen test လုပ်တာရယ်၊ PCR ကို သုံးပြီးတော့ RNA ကို ပွါးများတဲ့နည်းရယ်။ အဲဒီ ၂ ခုက တမျိုး နောက်တစ်မျိုးကတော့ Anti-body ကို တိုင်းတာ။ ကိုယ်ခံအား ရှိမရှိ၊ လက္ခဏာ ရှိမရှိ၊ ရောဂါရှိပြီးသားလူတွေ သူတို့ရဲ့ ကိုယ်ခံအား ရှိလာလားဆိုတဲ့ Anti-body တိုင်းတာပါ။ အဲဒီလိုမျိုး စမ်းသပ်မှု test အမျိုးအစားက (၃) မျိုး၊ ဒါပေမဲ့ ခွဲခြားထားတာကတော့ နှစ်မျိုးပါ။ ရောဂါပိုး ရှိလားရယ်၊ ကိုယ်ခံအား ရှိလားရယ်။”

မေး။. ။“ အဲဒီလိုမျိုး PCR နဲ့ Antigen အဲဒီ ၂ ခု ကွာခြားချက်ကို ပြောပြပေးပါ။ ဘယ်ဟာကို ဘယ်နေရာမှာ သုံးတယ်ဆိုတာ။”
ဒေါက်တာဖြူမြတ်သွယ် ။ ။ “Antigen က များသောအားဖြင့် Primary Care Office တွေမှာ သုံးတာများတယ်။ ဆေးခန်း Clinic တွေမှာ သုံးတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ Antigen test တွေက လွယ်လည်းလွယ်တယ်။ မြန်လည်းမြန်တယ်။ ဒါပေမဲ့ Antigen test တွေကို အစိုးရက သုံးခွင့်ပြုထားတာက လက္ခဏာပြတဲ့ လူနာတွေပေါ်မှာပဲ သုံးရမယ်လို့ သုံးခွင့်ပြုထားတယ်။ ဆိုတော့ လက္ခဏာ ရှိထားတဲ့လူနာက သူ့ဆရာဝန်နဲ့ သွားပြတယ်။ ဒါမှမဟုတ် သူနာပြုနဲ့ သွားပြတယ်ဆိုရင် ဆေးခန်းကိုသွားကြတယ်ဆိုရင် အဲဒီမှာ Point of Care - တိုက်ရိုက်စမ်းသပ်မှုစက်နဲ့ သုံးတာများတယ်။ ပြီးတော့ PCR စမ်းသပ်မှုကတော့ စမ်းသပ်တဲ့ပုံစံက အမျိုးမျိုးရှိတာကြောင့် ဓါတ်ခွဲခန်းတွေမှာပဲ သုံးတာများတယ်ပေါ့နော်။”

မေး ။ ။“ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်တဲ့အထဲမှာ ကိုယ်ခံအားစမ်းတာ ဘယ်အချိန်မှာ သုံးပါသလဲ။”
ဒေါက်တာဖြူမြတ်သွယ် ။ ။ “ကိုယ်ခံအား စမ်းတာကြတော့ လူနာတစ်ယောက်က လက္ခဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့သဘောနဲ့သူ အရင်တုန်းက ကိုဗစ် ရှိထားလား၊ မရှိထားလား မသိဘူးဆိုတာကို သိချင်တယ်ဆိုလို့ရှိရင် အဲဒီအချိန်မှာ သုံးလို့လည်းရတယ်။ နောက်တစ်ခုကြတော့ လူနာတစ်ယောက်ကို အရေးတကြီးနဲ့ ဆေးရုံတင်လိုက်တယ်ဆိုရင် သူ့မှာ ရောဂါလက္ခဏာ ရှိချင်လဲ ရှိနိုင်တယ်။ မရှိချင်လဲ မရှိနိုင်ဘူး။ ဒါပေမဲ့ တခြားကိစ္စကြောင့်မို့ ဆေးရုံတင်လိုက်တဲ့အချိန်မှာ ကိုဗစ် စမ်းသပ်မှုလုပ်တယ်။ ပြီးတော့ အရင်တုန်းက ရှိမရှိကို သိဖို့အတွက်လည်း စမ်းသပ်တယ်။ ဆိုတော့ အခြေအနေအမျိုးမျိုးပေါ်မှာ မူတည်ပြီးတော့ စမ်းသပ်တိုင်းတာပါတယ်။ ဒီအတိုင်းဆိုရင် ပြီးခဲ့တဲ့ သုံးလေးငါးလ ခြောက်လတုန်းက ကိုဗစ်ရခဲ့သလား၊ မရခဲ့လား မသိခဲ့ဘူး။ လက္ခဏာမရှိပေမယ့်။ အဲဒါကို သိချင်တယ်ဆိုရင် တိုင်းကြည့်လို့ရတယ်။”

မေး ။ ။ “အခု ကာကွယ်ဆေးတွေ ထွက်နေပြီဆိုတော့ ဒါမျိုးစမ်းသပ်မှု ဘယ်လောက် အရေးပါသလဲ ပြောပြပေးပါ။
ဒေါက်တာဖြူမြတ်သွယ် ။ ။“ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ ဒီအချိန်မှာ အရေးကြီးတဲ့ စမ်းသပ်မှုကတော့ Antibody Test ဖြစ်ပါတယ်။ ဒီဟာက အရေးကြီးလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကာကွယ်ဆေး ထိုးပြီးသွားပြီ။ ပထမ (၁) လုံးထိုးသည်ဖြစ်စေ။ ဒုတိယ (၁) လုံး ထိုးသည်ဖြစ်စေ ဆေးပတ်ပြည့်သွားပြီဆိုရင် ကိုယ့်မှာ ကိုယ်ခံအား ရှိမရှိဆိုတာကို ဒီ Antibody စမ်းသပ်မှုက ကာကွယ်ဆေး ထိုးပြီးတဲ့အချိန်မှာ အရေးကြီးလာပါပြီ။”
မေး ။ ။ “ကာကွယ်ဆေးဆိုတဲ့ သဘောက ဒီရောဂါပိုး ပွားထားတဲ့ဟာကို ကိုယ်ထဲမှာ ထည့်ပေးလိုက်တာလို့ နားလည်ထားပါတယ်။ ဆိုတော့ ကာကွယ်ဆေး ထိုးပြီးတဲ့လူက ဒီရောဂါပိုး ရောက်နေတယ်လို့ ကိုယ်ထဲကလည်း အသိအမှတ်ပြုပြီးတော့ ကိုယ်ခံအားတွေ ထုတ်တာဆိုတော့ အခုလိုမျိုး ရောဂါပိုး ရှိမရှိ စမ်းသပ်တဲ့ဟာနဲ့ ဘာများသွားပြီးတော့ အနှောင့်အယှက်တွေများ ရှိနိုင်သလဲဆိုတာကို ပြောပြပေးပါ။”
ဖြေ ။ ။ ရှိတော့ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးထဲကို ထည့်ထားတာ ဒီဗိုင်းရပ်စ် တစ်ခုလုံးကို ထည့်ထားတာ မဟုတ်ဘူး။ ဗိုင်းရပ်စ်နဲ့ ဆင်တူတဲ့ အပိုင်းလေးတပိုင်းကိုပဲ သုံးပြီးတော့ ကိုယ့်ရဲ့ ကိုယ်ခံအားကို ကြွအောင်လုပ်ပေးတာ။ အဲဒီအခါကြမှ ကိုယ့်ခန္ဓာကနေ Antibody ထုတ်တယ်။ အဲဒီအချိန်မှာ ကိုယ်က COVID Test ကိုဗစ်စမ်းသပ်မှု လုပ်တဲ့ စောစောကပြောတဲ့ Antigen ပဲဖြစ်ဖြစ်၊ PCR ပဲဖြစ်ဖြစ် စမ်းသပ်မှုနဲ့ သွားပြီးတော့ တိုင်းလုပ်တယ်ဆိုရင်တော့ False Positive ဆိုပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာတော့ ရှိပါတယ်။ ဒါကလဲ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့လူဆိုရင် အကယ်၍ ဖျားလာတယ်၊ နာလာတယ် ဖြစ်တယ်ဆိုရင်တော့ အဲဒီအချိန်မှာ ကိုဗစ်ကိုပါ တိုင်းမယ်ဆိုရင်တော့ ကိုယ့်ဆရာဝန်ကို ပြောပြရမှာက ငါ့မှာ ကာကွယ်ဆေး ထိုးထားတယ်။ ဒါဆိုရင် ကိုယ်က False Positive ဖြစ်နိုင်တဲ့ အခြေအနေ ရှိတယ်။ အကယ်၍ ကိုယ်က ကိုဗစ်ကြောင့် ဖျားတာလဲ ဖြစ်နိုင်တယ်။ ဒီအချိန်က repository season တုပ်ကွေး flu တွေလည်း ဖြစ်တယ်။ တခြား ရာသီဥတုဆိုင်ရာ ဗိုင်းရပ်စ်ပိုးတွေလည်း ရှိတယ်ဆိုတော့ အဲဒီအချိန်မှာ ဘာကြောင့်ဖြစ်မှန်း မသိတဲ့အချိန်မှာ ကိုယ်က ကိုဗစ်ကာကွယ်ဆေးလည်း ထိုးထားပြီး၊ ကိုဗစ်စစ်ဆေးမှု လုပ်မယ်ဆိုရင် False Positive ရနိုင်တာပေါ့။”

မေး ။ ။ “ကိုဗစ်-၁၉ စမ်းသပ်မှုနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာဆိုရင် test kit တွေကလည်း သိပ်မရသေးတော့ ဒါမျိုးအခြေအနေ၊ အနေအထားမျိုးမှာ စစ်ဆေးစမ်းသပ်မှု လုပ်ဖို့အတွက် ဘာတွေအကြံပေးချင်ပါလဲ ဒီလို ရောဂါပိုး ရှိမရှိ စမ်းသပ်တာကို။”
ဒေါက်တာဖြူမြတ်သွယ် ။ ။ “အဲဒီလိုမျိုး စစ်ဆေးစမ်းသပ်မှုလုပ်ဖို့ သိပ်မရှိသေးတဲ့ အချိန်မှာ ကိုယ်က ရောဂါလက္ခဏာ ပြလာတာတို့၊ ကိုဗစ်လိုမျိုး ဆင်ဆင်ဖြစ်တာတို့၊ အခု ဆောင်းတွင်းရာသီဆိုတာ့ ကိုဗစ်လည်း ဖြစ်နိုင်တယ်။ တုပ်ကွေးလည်း ဖြစ်နိုင်တယ်။ အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင် စစ်ဆေးမှုက လုံလုံလောက်လောက် မရှိတဲ့အချိန်မှာ ဘယ်လိုအကြံပေးလို့ ရသလဲဆိုတော့ ကိုယ့်ဟာနဲ့ကိုယ် အိမ်မှာပဲ သီးခြားနေဖို့၊ အဓိက ဖြစ်တယ်။ နောက်တစ်ခုကတော့ Antigen Test ကတော့ ရှိနိုင်ရင်တော့ ကောင်းတာပေါ့။ Antigen Test က PCR ထက်စာရင် ဆေးရုံတွေ၊ ဆေးခန်းတွေမှာ သုံးတာများတဲ့အတွက် Antigen Test က နည်းနည်းလွယ်တယ်။ ပြီးတော့ စရိတ်လည်း နည်းနည်းသက်သာတယ်။ အဲဒီလိုမျိုးတွေ ရှိနိုင်ရင်တော့ အဲဒါမျိုးနဲ့ စမ်းသပ်နိုင်ရင်တော့ ကောင်းတာပေါ့။ လုံးဝမစမ်းသပ်နိုင်ဘူးဆိုရင်တော့ ကိုယ့်ဟာကိုယ် Q လုပ်နိုင်ရင်လုပ်၊ မိသားစုနဲ့ခွဲပြီးတော့ သက်သက်နေနိုင်ပါတယ်။”

ဒေါက်တာဖြူမြတ်သွယ်ပါ။ ကိုဗစ်ရောဂါပိုးရှိမရှိ အမြန်စစ်ဆေးနိုင်မယ့် အိမ်သုံး Covid 19 ပိုးစစ်ကရိယာ တမျိုးကိုတော့ အမေရိကန်နိုင်ငံက Lucira ကုမ္ပဏီက တီထွင်နိုင်ပြီဖြစ်ပါတယ်။ နာရီဝက်လောက်အတွင်း အဖြေထုတ်ပေးနိုင်တဲ့ ဒီကရိယာကို ဆရာဝန်ထောက်ခံချက်နဲ့ အရေးပေါ်အခြေနေမှာ သုံးဖို့ FDA က အတည်ပြုပေးထားပါတယ်။ ဒါပေမယ့် ဒါကို တွင်တွင်ကျယ်ကျယ် သုံးနိုင်ဖို့တော့ အချိန်ယူရအုံးမယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG