သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝဲလောင်ဆည်ကို နမူနာယူပါ

A village boy gathering water from dry sandy stream near Welaung Dam
A village boy gathering water from dry sandy stream near Welaung Dam
မြန်မာနိုင်ငံမှာ ရှေးမြန်မာမင်းတွေ လက်ထက်ကစပြီး ဆည်မြောင်းတာတမံတွေနဲ့ ရေကိုလိုသလို အသုံးချလာခဲ့ကြသလို ခေတ်အဆက်ဆက်မှာလည်း ထွန်းကားခဲ့ကြတဲ့ နည်းပညာတွေကို သုံးပြီး လယ်ယာစိုက်ပျိုးရေး အတွက်ဖြစ်စေ၊ သောက်သုံးရေအတွက်ဖြစ်စေ၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ ဖြစ်စေ ရေကို ထိမ်းချုပ်အသုံးချဖို့ စီမံကိန်းတွေ ချခဲ့ကြတာပါ။

ဒီအထဲက မိုးခေါင်ရေရှားရပ်ဝန်းထဲမှာရှိတဲ့ မြင်းခြံခရိုင် တောင်သာမြို့နယ်မှာ ရှိတဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က စီမံကိန်းချတည်ဆောက်ခဲ့တဲ့ ဝဲလောင်ဆည်ဟာ အခုအခါမှာ ဒေသခံတွေအတွက် အကျိုးမရှိဖြစ်နေတယ်လို့ ဆည်ရေပြင်မြင်နေရပြီး ရေငတ်နေတဲ့ ဆည်ရေသောက်ဒေသက ရွာခံတွေကပြောပါတယ်။

ဆည်တခုတည်ဆောက်ဖို့အတွက် စီမံကိန်းမချခင်မှာ အဘက်ဘက်က ကြိုတင်စဉ်းစားဖို့ လိုသလို တည်ဆောက်ပြီးဖြစ်နေတဲ့ ဆည်တွေကို အလဟဿ မဖြစ်အောင် ဝန်းကျင်အတွက် လိုအပ်ချက်ကို လေ့လာဆန်းစစ်ပြီး လုပ်ဆောင်နိုင်တာတွေ အများကြီးရှိတယ်လို့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူညီတွေပေးနေတဲ့ ဂျပန် JICA အဖွဲ့ရဲ့ ရေအရင်းအမြစ်ဆိုင်ရာ အကြံပေးအင်ဂျင်နီယာ ဦးအောင်ဆွေက ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသမှာ ဝဲလောင်လိုမျိုး ဒေသခံတွေအတွက် အကျိုးမရှိတဲ့ဆည်တွေ ရှိနေနိုင်တာမို့ ဒါတွေကို ဖေါ်ထုတ်ဆန်းစစ်ကြဖို့ လိုအပ်နေတာပါ။
This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG