သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ၁၉ အတြက္ ျမန္မာအင္ဂ်င္နီယာေတြရဲ့ အကူအညီ


speaker drone

COVID-19 ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံအတြက္ လေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္ (MAEU) က အင္ဂ်င္နီယာေတြက ဘယ္လိုပစၥည္းေတြတီထြင္ၿပီး အကူအညီေပးခဲ့တယ္ ဆိုတာကို ေမာင္းသူမဲ့ေလယာဥ္ သုေတသနဌာန ပါေမာကၡဌာနမႈး ေဒါက္တာသဲေမာင္ေမာင္က ေျပာျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(Zawgyi)

COVID-19 ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံအတြက္ ေဆးရံုေတြနဲ႔ လူထုပညာေပး လုပ္ငန္းေတြမွာ သံုးဖို႔ စက္ပစၥည္း ကရိယာေတြကို မိတၱီလာမွာ ရွိတဲ့ ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္ (MAEU) က အင္ဂ်င္နီယာေတြကတီထြင္ဖန္တီးေပးခဲ့ၾကပါတယ္။

ဘယ္လိုပစၥည္းေတြတီထြင္ၿပီး အကူအညီေပးခဲ့တယ္ ဆိုတာကို ေမာင္းသူမဲ့ေလယာဥ္ သုေတသနဌာန ပါေမာကၡဌာနမႈး ေဒါက္တာသဲေမာင္ေမာင္က ေျပာျပေပးမွာပါ။

ေဒါက္တာသဲေမာင္ေမာင္။. ။“ျမန္မာႏိုင္ငံ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြမွာ အေထာက္အကူ ျဖစ္ဖို႔အတြက္ က်ေနာ္တို႔ ပစၥည္း ၄ မ်ိဳး တီထြင္ၿပီး ေဆာင္ရြက္ေပးခဲ့ပါတယ္။ ပထမပစၥည္းးကေတာ့ အေဝးထိန္းနည္းပညာကို သံုးၿပီးေတာ့ သြားႏုိင္တဲ့ robot trolley နဲ႔ ေနာက္တခုကေတာ့ အေဝးထိန္းနည္းပညာကို သံုးထားတဲ့ robot spray – robot sprayer ေပါ့ေနာ္။ ေဆးျဖန္းတဲ့စက္နဲ႔ ေနာက္တခုကေတာ့ ျပည္သူေတြကို ကိုဗစ္နဲ႔ဆိုင္တဲ့ က်န္းမာေရး အသိပညာေတြ ေပးႏိုင္တဲ့ ႏႈိးေဆာ္ ေပးႏုိင္တဲ့speaker drone ။ ေနာက္ဆံုး တခု က ေဆးျဖန္း ဒရံုးေပါ့ေနာ္။ ကိုဗစ္ေရာဂါ ကာကြယ္ဖို႔ ပိုးသတ္ေဆးျဖန္းတဲ့ လုပ္ငန္းေတြမွာ ေဆာင္ရြက္ေပးႏုိင္ဖုိ႔ အတြက္ ေမာင္းသူမဲ့ေဆးျဖန္းဒရံုးေပါ့ေနာ္။ ဒီ ၄ မ်ိဳးကို က်ေနာ္တုိ႔ရဲ့ ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္ အေနနဲ႔ တီထြင္ ၿပီးေတာ့ ပညာေရးဝန္ႀကီးဌာနကေန တဆင့္ က်န္းမာေရးဝန္ႀကီးဌာနကို ေပးအပ္ၿပီးေတာ့ အသံုးခ် လုပ္ငန္းေတြမွာ စီစဥ္ ေဆာင္ရြက္ေပးႏုိင္ခဲ့ပါတယ္။”

robot trolley ကိုဘာေၾကာင့္တီထြင္ရတာပါလဲ။

ေဒါက္တာသဲေမာင္ေမာင္။. ။“အဲဒီေရာဂါက စျဖစ္လာတဲ့ အခ်ိန္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံနဲ႔ ေဝဘာဂီက ဆရာဝန္မႀကီးေတြ၊ တတ္သိပညာရွင္ေတြနဲ႔ ေဆြးေႏြးတဲ့ အခါမွာ ထေရာ္လီ လိုအပ္ပါတယ္။ လူနာေတြနဲ႔ ထိေတြ႔မႈ contact အနဲဆံုး ျဖစ္ေစဖု႔ိ ေပါ့ေနာ္။ ဒါမ်ိဳး ၾကားသိရတဲ့ အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ တကၠသိုလ္ အေနနဲ႔လည္း လုပ္ဖို႔ ဆႏၵရွိလာတာေပါ့ေနာ္။ ဒါေၾကာင့္ က်ေနာ္တို႔က အေဝးထိန္းစံနစ္သံုးတဲ့ robot trolley ကို က်န္းမာေရးဝန္ထမ္းေတြ အတြက္ ရည္ရြယ္ၿပီးေတာ့ positive လူနာေတြနဲ႔ အထိေတြ႔ အနည္းဆံုး ျဖစ္ေအာင္ ေပါ့ေနာ္။

ေမး။. ။“ဆရာတို႔ ေဝဘာဂီေဆးရံုကို ေပးပို႔တဲ့ robot trolley နဲ႔ ပတ္သက္ၿပီး နဲနဲ ရွင္းျပေပးပါဆရာ၊ ဘယ္လိုသံုးရတယ္ ဆိုတာေလ။”

ေဒါက္တာသဲေမာင္ေမာင္။. ။“ဟုတ္ကဲ့ခင္ဗ်။ ဒီ robot trolley ထဲမွာ ပါတာေတြကေတာ့ အေဝးထိန္း remote control စံနစ္ေတြ ပါဝင္ပါတယ္။ ေနာက္တခါ ထမင္းဘူး၊ ၂၀ - ၃၀ အထိ သယ္ေဆာင္ႏုိင္ဖို႔ အတြက္ အကန္႔ ၂ ကန္႔ ပါဝင္ပါတယ္။ ေနာက္ remote control ကို ေမာင္းႏွင္တဲ့ အခါ လြယ္ကူဖုိ႔နဲ႔ လူနာဆီ ေရာက္မေရာက္ကို သိရွိဖုိ႔ အတြက္ တိုက္ရိုက္ real time ၾကည့္ရႈႏိုင္တဲ့ ကင္မရာ အမ်ိဳးအစားေတြ ပါဝင္ပါတယ္ခင္ဗ်။ အဲဒါဆိုေတာ့ က်ေနာ္တို႔က အဲဒီ remote control ကိုလည္း က်န္းမာေရးဝန္ထမ္းေတြ၊ လြယ္လြယ္ကူကူနဲ႔ လိုတဲ့ေနရာေတြကို ေရာက္ေအာင္ အတြက္ အသံုးျပဳမႈ အလြယ္ကူဆံုး ျဖစ္ေအာင္လည္း တီထြင္ထားပါတယ္။ ေနာက္တခါ ဘက္ထရီစံနစ္ကိုလည္း အခ်ိန္ၾကာၾကာနဲ႔ အႀကိမ္ အေရအတြက္ မ်ားမ်ား ေဆာင္ရြက္ႏုိင္ေအာင္လို႔ ဘက္ထရီစံနစ္ေတြ ကိုလည္း ဗို႔အားမ်ားတဲ့ စံနစ္ေတြကို အသံုးျပဳၿပီး ထည့္သြင္းထားပါတယ္ခင္ဗ်။”

ေမး။. ။“ဆရာတို႔ ထေရာ္လီ ဘယ္ႏွစ္ခု ေလာက္မ်ား လုပ္ၿပီးေတာ့ လွဴ ျဖစ္ပါသလဲ ဆရာ”

ေဒါက္တာသဲေမာင္ေမာင္။. ။“ထေရာ္လီကေတာ့ ပထမဆံုး အေရးေပၚ အေနနဲ႔တုန္းက တခု တီထြင္ၿပီးေတာ့၊ ေနာက္ေတာ့ က်န္တဲ့တျခား အလွဴရွင္ ေတြကလည္း ေဆာင္ရြက္ေပးပါ ဆိုတာနဲ႔ က်န္တဲ့ အလွဴရွင္ေတြအတြက္ အလွဴရွင္ေတြရဲ့ အေထာက္အပံ့နဲ႔ ေပါ့ေနာ္။ ေနာက္ထပ္ ၂ ခု လွဴဒါန္းေပး ႏိုင္ခဲ့ပါတယ္။

ေမး။. ။“ၾကမ္းျပင္ေတြ ေဆးျဖန္းဖို႔ ပိုးသတ္ေဆးျဖန္းတဲ့ စက္ကေရာ ဆရာ။ အဲဒါနဲနဲ ရွင္းျပေပးပါ။”

ေဒါက္တာသဲေမာင္ေမာင္။. “အဲဒီ ထေရာ္လီ လုပ္ေနတဲ့ အခ်ိန္ အတြင္းမွာပဲ ေဝဘာဂီက ၾကမ္းခင္း ေဆးျဖန္းတဲ့ စက္လုိအပ္တယ္လို႔သိရတဲ့ အတြက္ေၾကာင့္ က်ေနာ္တို႔က ၾကမ္းခင္း ေဆးျဖန္းတဲ့ အေဝးထိန္းစံနစ္ပါတဲ့ sprayer robot ကို တီထြင္ခဲ့တာပါ ခင္ဗ်။ အဲ သူ႔မွာလည္း ေရွ႕မွာက ေဆးျဖန္းသြားမယ္။ အလယ္မွာ ေဆးျဖန္းပံုး တင္ထားတယ္။ အေနာက္မွာ အဲဒီ ေဆးျဖန္းထားတာေတြကို သုတ္ဖုိ႔အတြက္ အေမႊးပြ အဝတ္ေတြ ပါတာေပါ့ေနာ္။ အေရွ႕မွာ ျဖန္းမယ္ အေနာက္က တခါထည္း သုတ္သြားမယ္ေပါ့ေနာ္။ ေနာက္တခုက က်ေနာ္တုိ႔ real time ၾကည့္ရႈႏုိင္တဲ့ ကင္မရာ ပါတာေပါ့ေနာ္။ ေနာက္ က်ေနာ္တုိ႔ ဘာစဥ္းစား လိုက္သလဲ ဆိုေတာ့ တကယ္လို႔ သူက သြားရင္း ကုတင္ေအာက္ေတြ ဘာေတြ သြားတာ ျပဳတာ ေတြမွာ တိုက္မိတာေတြ ရွိႏိုင္တယ္ ေပါ့ေနာ္။ အဲဒါ ဆိုရင္ ဒါဟာ ရိုေဘာ့ဟာ သြားေရးလာေရး ခက္ခဲႏိုင္တာေၾကာင့္ ရိုေဘာ့ရဲ့ ေဘးပတ္လည္မွာ တခုခုနဲ႔ တိုက္မိရင္ လည္ၿပီးေတာ့ သူ႔အလိုလိ္ု လမ္းေၾကာင္းအတိုင္း ျဖစ္သြားေအာင္ေပါ့ေနာ္။ ထစ္ မေနေအာင္လို႔ ဘာေတြထည့္ထားလည္း ဆိုေတာ့ ဘီးေပါ့။ ဘီးေတြကို ေဒါင့္ေလးေဒါင့္မွာ ထည့္ထားတဲ့ အခါက်ေတာ့ ဒီဘီးက ကုတင္နဲ႔ပဲ တိုက္တိုက္ နံရံနဲ႔ပဲ တိုက္တိုက္ သူ႔ဟာသူ အလိုအေလ ွ်ာက္ ေခ်ာ္ၿပီးေတာ့ ထြက္သြားမယ္ ေပါ့ေနာ္။ အဲဒီအထိ တြက္ၿပီး အေသခ်ာ စဥ္းစားၿပီးေတာ့ အေဝးထိန္းစံနစ္ ပါတဲ့ ရိုေဘာ့ ေဆးျဖန္းစက္ကို ေဝဘာဂီအတြက္ က်ေနာ္တုိ႔ ေဆာင္ရြက္ေပး ႏိုင္ခဲ့ပါတယ္။

ေမး။. ။“ကိုဗစ္အခ်ိန္မွာ ဆရာ ေစာေစာက ေျပာတဲ့ ပညာေပး လုပ္ငန္းေတြအတြက္ အေထာက္အကူ ေပးတယ္ဆိုတာ ဘယ္လိုပံုစံမ်ိဳးနဲ႔ ေပးတာပါလဲ ဆရာ။”

ေဒါက္တာသဲေမာင္ေမာင္။. ။“ ဟုတ္ကဲ့ အဓိက COVID-19 ေရာဂါ က ပထမဦးဆံုး ကမာၻ႕ကပ္ေရာဂါျဖစ္ေနတာေပါ့ေနာ္ ။ အဲဒီေတာ့ အေရးႀကီးတာကေတာ့ က်ေနာ္တို႔ ျပည္သူေတြက ဒီကပ္ေရာဂါအေၾကာင္းနားလည္ဖို႔ ဘယ္လိုကာကြယ္ေရးလုပ္ငန္းေတြ ေဆာင္ရြက္ရမလဲဆိုတာ သိဖို႔ေပါ့ေနာ။္ ဒီအခ်ိန္ကာလဟာ ဒါပထမဦးဆံုးလည္းျဖစ္တဲ့အတြက္ ဒါဟာႏႈိးေဆာ္ဖို႔၊ အသိေပးလုပ္ငန္းေတြလုပ္ဖို႔ ဒီလုပ္ငန္းေတြ ေဆာင္ရြက္ဖို႔ အေရးပါတဲ့ လုပ္ငန္းတခုျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက ေရာဂါအသစ္လည္းျဖစ္တယ္။ ဘယ္လိုကာကြယ္ရမွန္းလည္းမသိဘူး ေနာက္ၿပီးေတာ့ အခ်ိန္နဲ႔ တေျပးညီ ထိထိေရာက္ေရာက္လည္း ျပည္သူေတြဆီကို အျမန္ေရာက္ခ်င္တယ္ေပါ့ေနာ္။အဲဒါေတြေၾကာင့္မို႔ ဒါ က်ေနာ္တို႔က Drone ကို အသံုးခ်ၿပီးေတာ့ Drone အေပၚမွာ Speaker တပ္ၿပီးေတာ့ အျမင့္ေပမီတာ ၅၀ ခန္႔ကေနၿပီးေတာ့ အသံုးခ်ၿပီး ေအာက္ကေန မိုက္နဲ႔ ေအာ္မယ္၊ တခါ အသံသြင္းထားမယ္ ကိုယ္ေျပာခ်င္တာကို ။ ဒါမ်ိဳးလုပ္မယ္ဆိုရင္ တရပ္ကြက္ကို Drone နဲ႔ ၂ ခါေလာက္တက္လိုက္ရင္ ရပ္ကြက္မွာရွိတဲ့လူေတြကို အခ်ိန္တိုအတြင္းမွာ ထိထိမိမိနဲ႔ သိရွိရမယ္ဆိုတာ က်ေနာ္တုိ႔ အဲလိုရည္ရြယ္ခ်က္နဲ႔ေပါ့ေနာ္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ပါတယ္။”

ေမး။။“ဆိုေတာ့ ဆရာ အခုအသံုးခ်ေနပါၿပီလား။”

ေဒါက္တာသဲေမာင္ေမာင္။ ။ ဟုတ္ကဲ့ က်ေနာ္တို႔ Speaker drone ကိုေတာ့ ၿပီးခဲ့တဲ့ covid စတဲ့ first phase မွာကတည္းကိုက က်ေနာ္တို႔ ရန္ကုန္တိုင္းမွာ ရွိတဲ့ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ကို Speaker drone ကိုအသံုးခ်ၿပီးေတာ့ အသိေပးလုပ္ငန ္းေတြ ေဆာင္ရြက္ေပးႏိုင္ခဲ့ပါတယ္ခင္ဗ်”

ေမး။. ။“အသိပညာေပးတာ အျပင္ ေဆးျဖန္းတာကေရာ ဘယ္ေနရာေတြမွာ လုပ္ပါလဲဆရာ။”

ေဒါက္တာသဲေမာင္ေမာင္။။“ ေဆးျဖန္းဒရံုးကို က်ေနာ္တို႔ကေတာ့ က်န္းမာေရးဦးစီးဌာနကို ပို႔ေဆာင္ ေပးခဲ့ၿပီး ေနာက္ပိုင္းမွာ သူတုိ႔ လုပ္ငန္း လိုအပ္ခ်က္ေပၚ မူတည္ၿပီး ေဆာင္ရြက္ပါလို႔ ေျပာလိုက္တာ ေပါ့ေနာ္။ ဘာလို႔လဲ ဆိုေတာ့ ေဆးျဖန္းျခင္းက တျခား side effect ေဘးထြက္ ဆိုးက်ိဳးေတြလည္း ရွိေကာင္း ရွိႏုိင္တာ ေပါ့ေနာ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ေဆးျဖန္း ဒရံုးကိုေတာ့ လူေတြနဲ႔ အနီးဆံုး မျဖစ္ဖုိ႔ လိုအပ္တာေပါ့ေနာ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ဘာအတြက္ ရည္ရြယ္ ထားသလဲ ဆိုေတာ့ ဒီ ကြာရင္တိုင္း စင္တာေတြ လုပ္မယ့္ ေနရာေတြမွာ လူမေရာက္ခင္ ေပါ့ေနာ္။ ဒါမွမဟုတ္လည္း ကြာရင္တိုင္း စင္တာေတြ ၿပီးၿပီး ေနာက္ပိုင္းေပါ့ေနာ္။ ကြာရင္တိုင္း စင္တာေတြက လူေတြဖယ္ၿပီး ေနာက္ပိုင္း။ ဒါမွ မဟုတ္လည္း ေဆးရံုေတြက လူေတြဖယ္ၿပီး ေနာက္ပိုင္း ဒါမွ မဟုတ္လည္း ေဆးရံုအသစ္ေတြ လုပ္တဲ့ အခါမွာ ေဆးျဖန္းတဲ့ လုပ္ငန္း ဒါမ်ိဳးေတြကေတာ့ အသံုးတဲ့မွာ ျဖစ္ပါတယ္။ ဒါက လူေတြ ၾကားထဲမွာ အမႈန္အစက္ေတြက မလိုအပ္တဲ့ ေနရာေတြ ေရာက္ႏိုင္တဲ့ အတြက္ေၾကာင့္ မို႕ လူမရွိတဲ့ ေနရာမ်ိဳး ေတြမွာ၊ လူမေရာက္ေသးတဲ့ ေနရာမ်ိဳးေတြမွာ ဒါမွမဟုတ္လည္း ညေပါ့ေနာ္။ ညပိုင္းေတြမွာ ဒါမ်ိဳးေတြ အသံုးခ်ၿပီးေတာ့ ေဆာင္ရြက္ ႏုိင္မယ္ ဆိုရင္လည္း အဆင္ေျပပါတယ္ခင္ဗ်။”

ေဒါက္တာသဲေမာင္ေမာင္ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

(Unicode)

COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ဆေးရုံတွေနဲ့ လူထုပညာပေး လုပ်ငန်းတွေမှာ သုံးဖို့ စက်ပစ္စည်း ကရိယာတွေကို မိတ္တီလာမှာ ရှိတဲ့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ် (MAEU) က အင်ဂျင်နီယာတွေက တီထွင်ဖန်တီးပေးခဲ့ကြပါတယ်။

ဘယ်လိုပစ္စည်းတွေတီထွင်ပြီး အကူအညီပေးခဲ့တယ် ဆိုတာကို မောင်းသူမဲ့လေယာဉ် သုတေသနဌာန ပါမောက္ခဌာနမှုး ဒေါက်တာသဲမောင်မောင်က ပြောပြပေးမှာပါ။

ဒေါက်တာသဲမောင်မောင်။. ။“မြန်မာနိုင်ငံ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အထောက်အကူ ဖြစ်ဖို့အတွက် ကျနော်တို့ ပစ္စည်း ၄ မျိုး တီထွင်ပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ ပထမပစ္စည်းးကတော့ အဝေးထိန်းနည်းပညာကို သုံးပြီးတော့ သွားနိုင်တဲ့ robot trolley နဲ့ နောက်တခုကတော့ အဝေးထိန်းနည်းပညာကို သုံးထားတဲ့ robot spray – robot sprayer ပေါ့နော်။ ဆေးဖြန်းတဲ့စက်နဲ့ နောက်တခုကတော့ ပြည်သူတွေကို ကိုဗစ်နဲ့ဆိုင်တဲ့ ကျန်းမာရေး အသိပညာတွေ ပေးနိုင်တဲ့ နှိုးဆော် ပေးနိုင်တဲ့ speaker drone ။ နောက်ဆုံး တခု က ဆေးဖြန်း ဒရုံးပေါ့နော်။ ကိုဗစ်ရောဂါ ကာကွယ်ဖို့ ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ငန်းတွေမှာ ဆောင်ရွက်ပေးနိုင်ဖို့ အတွက် မောင်းသူမဲ့ဆေးဖြန်းဒရုံးပေါ့နော်။ ဒီ ၄ မျိုးကို ကျနော်တို့ရဲ့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ် အနေနဲ့ တီထွင် ပြီးတော့ ပညာရေးဝန်ကြီးဌာနကနေ တဆင့် ကျန်းမာရေးဝန်ကြီးဌာနကို ပေးအပ်ပြီးတော့ အသုံးချ လုပ်ငန်းတွေမှာ စီစဉ် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။”

robot trolley ကိုဘာကြောင့်တီထွင်ရတာပါလဲ။

ဒေါက်တာသဲမောင်မောင်။. ။“အဲဒီရောဂါက စဖြစ်လာတဲ့ အချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ဝေဘာဂီက ဆရာဝန်မကြီးတွေ၊ တတ်သိပညာရှင်တွေနဲ့ ဆွေးနွေးတဲ့ အခါမှာ ထရော်လီ လိုအပ်ပါတယ်။ လူနာတွေနဲ့ ထိတွေ့မှု contact အနဲဆုံး ဖြစ်စေဖု့ိ ပေါ့နော်။ ဒါမျိုး ကြားသိရတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ တက္ကသိုလ် အနေနဲ့လည်း လုပ်ဖို့ ဆန္ဒရှိလာတာပေါ့နော်။ ဒါကြောင့် ကျနော်တို့က အဝေးထိန်းစံနစ်သုံးတဲ့ robot trolley ကို ကျန်းမာရေးဝန်ထမ်းတွေ အတွက် ရည်ရွယ်ပြီးတော့ positive လူနာတွေနဲ့ အထိတွေ့ အနည်းဆုံး ဖြစ်အောင် ပေါ့နော်။

မေး။. ။“ဆရာတို့ ဝေဘာဂီဆေးရုံကို ပေးပို့တဲ့ robot trolley နဲ့ ပတ်သက်ပြီး နဲနဲ ရှင်းပြပေးပါဆရာ၊ ဘယ်လိုသုံးရတယ် ဆိုတာလေ။”

ဒေါက်တာသဲမောင်မောင်။. ။“ဟုတ်ကဲ့ခင်ဗျ။ ဒီ robot trolley ထဲမှာ ပါတာတွေကတော့ အဝေးထိန်း remote control စံနစ်တွေ ပါဝင်ပါတယ်။ နောက်တခါ ထမင်းဘူး၊ ၂၀ - ၃၀ အထိ သယ်ဆောင်နိုင်ဖို့ အတွက် အကန့် ၂ ကန့် ပါဝင်ပါတယ်။ နောက် remote control ကို မောင်းနှင်တဲ့ အခါ လွယ်ကူဖို့နဲ့ လူနာဆီ ရောက်မရောက်ကို သိရှိဖို့ အတွက် တိုက်ရိုက် real time ကြည့်ရှုနိုင်တဲ့ ကင်မရာ အမျိုးအစားတွေ ပါဝင်ပါတယ်ခင်ဗျ။ အဲဒါဆိုတော့ ကျနော်တို့က အဲဒီ remote control ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေ၊ လွယ်လွယ်ကူကူနဲ့ လိုတဲ့နေရာတွေကို ရောက်အောင် အတွက် အသုံးပြုမှု အလွယ်ကူဆုံး ဖြစ်အောင်လည်း တီထွင်ထားပါတယ်။ နောက်တခါ ဘက်ထရီစံနစ်ကိုလည်း အချိန်ကြာကြာနဲ့ အကြိမ် အရေအတွက် များများ ဆောင်ရွက်နိုင်အောင်လို့ ဘက်ထရီစံနစ်တွေ ကိုလည်း ဗို့အားများတဲ့ စံနစ်တွေကို အသုံးပြုပြီး ထည့်သွင်းထားပါတယ်ခင်ဗျ။”

မေး။. ။“ဆရာတို့ ထရော်လီ ဘယ်နှစ်ခု လောက်များ လုပ်ပြီးတော့ လှူ ဖြစ်ပါသလဲ ဆရာ”

ဒေါက်တာသဲမောင်မောင်။. ။“ထရော်လီကတော့ ပထမဆုံး အရေးပေါ် အနေနဲ့တုန်းက တခု တီထွင်ပြီးတော့၊ နောက်တော့ ကျန်တဲ့တခြား အလှူရှင် တွေကလည်း ဆောင်ရွက်ပေးပါ ဆိုတာနဲ့ ကျန်တဲ့ အလှူရှင်တွေအတွက် အလှူရှင်တွေရဲ့ အထောက်အပံ့နဲ့ ပေါ့နော်။ နောက်ထပ် ၂ ခု လှူဒါန်းပေး နိုင်ခဲ့ပါတယ်။

မေး။. ။“ကြမ်းပြင်တွေ ဆေးဖြန်းဖို့ ပိုးသတ်ဆေးဖြန်းတဲ့ စက်ကရော ဆရာ။ အဲဒါနဲနဲ ရှင်းပြပေးပါ။”

ဒေါက်တာသဲမောင်မောင်။. “အဲဒီ ထရော်လီ လုပ်နေတဲ့ အချိန် အတွင်းမှာပဲ ဝေဘာဂီက ကြမ်းခင်း ဆေးဖြန်းတဲ့ စက်လိုအပ်တယ်လို့သိရတဲ့ အတွက်ကြောင့် ကျနော်တို့က ကြမ်းခင်း ဆေးဖြန်းတဲ့ အဝေးထိန်းစံနစ်ပါတဲ့ sprayer robot ကို တီထွင်ခဲ့တာပါ ခင်ဗျ။ အဲ သူ့မှာလည်း ရှေ့မှာက ဆေးဖြန်းသွားမယ်။ အလယ်မှာ ဆေးဖြန်းပုံး တင်ထားတယ်။ အနောက်မှာ အဲဒီ ဆေးဖြန်းထားတာတွေကို သုတ်ဖို့အတွက် အမွှေးပွ အဝတ်တွေ ပါတာပေါ့နော်။ အရှေ့မှာ ဖြန်းမယ် အနောက်က တခါထည်း သုတ်သွားမယ်ပေါ့နော်။ နောက်တခုက ကျနော်တို့ real time ကြည့်ရှုနိုင်တဲ့ ကင်မရာ ပါတာပေါ့နော်။ နောက် ကျနော်တို့ ဘာစဉ်းစား လိုက်သလဲ ဆိုတော့ တကယ်လို့ သူက သွားရင်း ကုတင်အောက်တွေ ဘာတွေ သွားတာ ပြုတာ တွေမှာ တိုက်မိတာတွေ ရှိနိုင်တယ် ပေါ့နော်။ အဲဒါ ဆိုရင် ဒါဟာ ရိုဘော့ဟာ သွားရေးလာရေး ခက်ခဲနိုင်တာကြောင့် ရိုဘော့ရဲ့ ဘေးပတ်လည်မှာ တခုခုနဲ့ တိုက်မိရင် လည်ပြီးတော့ သူ့အလိုလို လမ်းကြောင်းအတိုင်း ဖြစ်သွားအောင်ပေါ့နော်။ ထစ် မနေအောင်လို့ ဘာတွေထည့်ထားလည်း ဆိုတော့ ဘီးပေါ့။ ဘီးတွေကို ဒေါင့်လေးဒေါင့်မှာ ထည့်ထားတဲ့ အခါကျတော့ ဒီဘီးက ကုတင်နဲ့ပဲ တိုက်တိုက် နံရံနဲ့ပဲ တိုက်တိုက် သူ့ဟာသူ အလိုအလေ ျှာက် ချော်ပြီးတော့ ထွက်သွားမယ် ပေါ့နော်။ အဲဒီအထိ တွက်ပြီး အသေချာ စဉ်းစားပြီးတော့ အဝေးထိန်းစံနစ် ပါတဲ့ ရိုဘော့ ဆေးဖြန်းစက်ကို ဝေဘာဂီအတွက် ကျနော်တို့ ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။

မေး။. ။“ကိုဗစ်အချိန်မှာ ဆရာ စောစောက ပြောတဲ့ ပညာပေး လုပ်ငန်းတွေအတွက် အထောက်အကူ ပေးတယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ ပေးတာပါလဲ ဆရာ။”

ဒေါက်တာသဲမောင်မောင်။. ။“ ဟုတ်ကဲ့ အဓိက COVID-19 ရောဂါ က ပထမဦးဆုံး ကမ္ဘာ့ကပ်ရောဂါဖြစ်နေတာပေါ့နော် ။ အဲဒီတော့ အရေးကြီးတာကတော့ ကျနော်တို့ ပြည်သူတွေက ဒီကပ်ရောဂါအကြောင်းနားလည်ဖို့ ဘယ်လိုကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရမလဲဆိုတာ သိဖို့ပေါ့နော။် ဒီအချိန်ကာလဟာ ဒါပထမဦးဆုံးလည်းဖြစ်တဲ့အတွက် ဒါဟာ နှိုးဆော်ဖို့၊ အသိပေးလုပ်ငန်းတွေလုပ်ဖို့ ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အရေးပါတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ရောဂါအသစ်လည်းဖြစ်တယ်။ ဘယ်လိုကာကွယ်ရမှန်းလည်းမသိဘူး နောက်ပြီးတော့ အချိန်နဲ့ တပြေးညီ ထိထိရောက်ရောက်လည်း ပြည်သူတွေဆီကို အမြန်ရောက်ချင်တယ်ပေါ့နော်။ အဲဒါတွေကြောင့်မို့ ဒါ ကျနော်တို့က Drone ကို အသုံးချပြီးတော့ Drone အပေါ်မှာ Speaker တပ်ပြီးတော့ အမြင့်ပေမီတာ ၅၀ ခန့်ကနေပြီးတော့ အသုံးချပြီး အောက်ကနေ မိုက်နဲ့ အော်မယ်၊ တခါ အသံသွင်းထားမယ် ကိုယ်ပြောချင်တာကို ။ ဒါမျိုးလုပ်မယ်ဆိုရင် တရပ်ကွက်ကို Drone နဲ့ ၂ ခါလောက်တက်လိုက်ရင် ရပ်ကွက်မှာရှိတဲ့လူတွေကို အချိန်တိုအတွင်းမှာ ထိထိမိမိနဲ့ သိရှိရမယ်ဆိုတာ ကျနော်တို့ အဲလိုရည်ရွယ်ချက်နဲ့ပေါ့နော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။”

မေး။ ။“ဆိုတော့ ဆရာ အခုအသုံးချနေပါပြီလား။”

ဒေါက်တာသဲမောင်မောင်။ ။ ဟုတ်ကဲ့ ကျနော်တို့ Speaker drone ကိုတော့ ပြီးခဲ့တဲ့ covid စတဲ့ first phase မှာကတည်းကိုက ကျနော်တို့ ရန်ကုန်တိုင်းမှာ ရှိတဲ့ မြို့နယ် ၆ မြို့နယ်ကို Speaker drone ကိုအသုံးချပြီးတော့ အသိပေးလုပ်ငန ်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ခင်ဗျ”

မေး။. ။“အသိပညာပေးတာ အပြင် ဆေးဖြန်းတာကရော ဘယ်နေရာတွေမှာ လုပ်ပါလဲဆရာ။”

ဒေါက်တာသဲမောင်မောင်။ ။“ ဆေးဖြန်းဒရုံးကို ကျနော်တို့ကတော့ ကျန်းမာရေးဦးစီးဌာနကို ပို့ဆောင် ပေးခဲ့ပြီး နောက်ပိုင်းမှာ သူတို့ လုပ်ငန်း လိုအပ်ချက်ပေါ် မူတည်ပြီး ဆောင်ရွက်ပါလို့ ပြောလိုက်တာ ပေါ့နော်။ ဘာလို့လဲ ဆိုတော့ ဆေးဖြန်းခြင်းက တခြား side effect ဘေးထွက် ဆိုးကျိုးတွေလည်း ရှိကောင်း ရှိနိုင်တာ ပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့က ဆေးဖြန်း ဒရုံးကိုတော့ လူတွေနဲ့ အနီးဆုံး မဖြစ်ဖို့ လိုအပ်တာပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့က ဘာအတွက် ရည်ရွယ် ထားသလဲ ဆိုတော့ ဒီ ကွာရင်တိုင်း စင်တာတွေ လုပ်မယ့် နေရာတွေမှာ လူမရောက်ခင် ပေါ့နော်။ ဒါမှမဟုတ်လည်း ကွာရင်တိုင်း စင်တာတွေ ပြီးပြီး နောက်ပိုင်းပေါ့နော်။ ကွာရင်တိုင်း စင်တာတွေက လူတွေဖယ်ပြီး နောက်ပိုင်း။ ဒါမှ မဟုတ်လည်း ဆေးရုံတွေက လူတွေဖယ်ပြီး နောက်ပိုင်း ဒါမှ မဟုတ်လည်း ဆေးရုံအသစ်တွေ လုပ်တဲ့ အခါမှာ ဆေးဖြန်းတဲ့ လုပ်ငန်း ဒါမျိုးတွေကတော့ အသုံးတဲ့မှာ ဖြစ်ပါတယ်။ ဒါက လူတွေ ကြားထဲမှာ အမှုန်အစက်တွေက မလိုအပ်တဲ့ နေရာတွေ ရောက်နိုင်တဲ့ အတွက်ကြောင့် မို့ လူမရှိတဲ့ နေရာမျိုး တွေမှာ၊ လူမရောက်သေးတဲ့ နေရာမျိုးတွေမှာ ဒါမှမဟုတ်လည်း ညပေါ့နော်။ ညပိုင်းတွေမှာ ဒါမျိုးတွေ အသုံးချပြီးတော့ ဆောင်ရွက် နိုင်မယ် ဆိုရင်လည်း အဆင်ပြေပါတယ်ခင်ဗျ။”

ဒေါက်တာသဲမောင်မောင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG