သုံးရလွယ်ကူစေသည့် Link များ

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ မဲစာရင်းတွေ ကပ်နေ ပါပြီ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ အတွက် အတွေ့အကြုံ ကောင်းကောင်းမရှိတဲ့ အတွက် မဲပေးဖို့အပြင် နိုင်ငံရေးအသိရှိဖို့အတွက် နည်းပညာကုမ္ပဏီတွေက NGO တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်နေကြတယ်လို့ နိုင်ငံရပ်ခြား NGO အဖွဲ့အစည်း တခုနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲအတွက် ပညာပေးမှုတွေ လုပ်နေတဲ့ ဒစ်ဂျစ်တယ် ကဝေ ကုမ္ပဏီက ကိုအောင်ခမ်း ကပြောပါတယ်။

သူတို့အဖွဲ့ကနေ လူငယ်တွေအတွက် အဓိကထား အသိပေးနေတာဖြစ်ပြီး ရွေးကောက်ပွဲကို စောင့်ကြည့်လို့ ရမယ့် application တွေလုပ်ဆောင်နေတဲ့ အပြင် ဖန်တီးရာ လို အဖွဲ့ကတော့ မဲပေးမယ့် ပြည်သူတွေ သိအောင် အကောင်းဆုံး ချပြနိုင်တဲ့ နည်းပညာရှင်တွေ ပေါ်လာအောင် ရည်ရွယ်ပြီး ပြိုင်ပွဲတွေ ကျင်းပပေးနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG