သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒား ခဲမဖြူ သတ္တုတွင်း


Dawei
Dawei
ထားဝယ်မြို့နယ်ထဲမှာရှိတဲ့ ဝကုန်းရွာနဲ့ ဟိန္ဒားရွာတွေနားက ဟိန္ဒားသတ္တုတွင်းဟာ Tin လို့ခေါ်တဲ့ ခဲမဖြူ အဓိကထွက်ပါတယ်။ ခဲမဖြူဟာ Tungsten လို့ခေါ်တဲ့ အဖြိုက်နက်နဲ့ တွဲ တွေ့ရလေ့ ရှိပါတယ်။

အရင်သတ္တုတွင်းဝန်ကြီး လက်အောက်မှာ တူးဖေါ်နေတဲ့ ဟိန္ဒားမိုင်းဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး မြန်မာ- Pongpipat လို့ခေါ်တဲ့ ထိုင်းပိုင် ကုမ္ပဏီက တူးဖေါ်ခွင့် ရခဲ့တာဖြစ်ပြီး ဒီကုမ္ပဏီက ခဲမဖြူတွေ ထုတ်လုပ်လာတဲ့ နောက်ပိုင်း ပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဒေသခံတွေ ခံစား နေရပြီလို့ မိုင်းအင်ဂျင်နီယာ ဦးစောမိုးမြင့်က ပြောပါတယ်။

အရင်သတ္တုတွင်းဝန်ကြီး လက်အောက်မှာ တနေ့ကို တန်ချိန် လေးငါးဆယ်ပဲ ထုတ်ခဲ့တဲ့ ဒီမိုင်းက အခုဆို တနေ့ကို တန်ချိန်ပေါင်း ရာထောင်ချီပြီး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ခဲမဖြူက ဝ.၆ ကီလိုဂရမ် ရဖို့ မြေစာတတန်ကို ရေဆေးထုတ်ရတာမို့ သူတို့ ဆေးထုတ်လိုက်တဲ့ မြေစာ တန်ချိန်ပေါင်း များစွာရှိနေတာဖြစ်ပြီး ဒီမြေစာတွေကို သတ္တုတွင်းတွေမှာ လုပ်ဆောင်ဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ စွန့်ပစ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ရေနဲ့ အတူ မျောပါကုန်တဲ့ မြေစာတွေကို စစ်ဖို့ ရေစစ်ကန်နဲ့ ထိမ်းထားရမှာ ဖြစ်ပြီး အနည်ထိုင်ချိန်မှာ ရေကို သန့်စင်ပြီးမှ မူလ ချောင်းမြောင်း ထဲကို ပြန်ပို့ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခု လုပ်သင့်တဲ့ လုပ်ငန်းတွေ မလုပ်တဲ့အတွက် မြစ်ကြောင်း ပြောင်းလဲမှုတွေ ဖြစ်လာပြီး ဝန်းကျင်ဒေသမှာ ရေကြီးမှုတွေနဲ့ ကြုံကြရတာမို့ နေအိမ်နဲ့ စိုက်ခင်းတွေ ပျက်စီးမှုနဲ့ သောက်သုံးရေ အခက်အခဲတွေ အပြင် ချိုးရေသုံးရေကြောင့် အရေပြား ယားယံတာလိုမျိုး ကျန်းမာရေး ထိခိုက်မှုတွေ တွေ့လာကြရပါတယ်။

ရေကိုဓါတ်ခွဲကြည့်ရာမှာလည်း ရေထဲမှာ ပါဝင်တဲ့ အာဆင်းနစ်ဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ စံထက် ၈ ဆ ပိုပြီး များနေသလို ရေထဲမှာ ခဲပါဝင်မှုကလည်း များနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG