သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းက ဆာလ်ဖျူရစ်အက်ဆစ်စက်ရုံ အန္တရာယ်


လက်ပံတောင်းက အဆိပ်သင့်ရေ
လက်ပံတောင်းက အဆိပ်သင့်ရေ
မုံရွာခရိုင်ထဲမှာထုတ်လုပ်နေတဲ့ ကြေးနီသတ္တုတူးဖေါ်ရေးလုပ်ငန်းတွေဟာ အရင် အိုင်ဗင်ဟို ကုမ္ပဏီ ဦးစီးထုတ်လုပ်နေချိန်ကတဲက ဒေသခံတွေနဲ့ ဝန်းကျင်အတွက် အန္တရာယ်ဖြစ်နေတာတွေကို တွေ့ခဲ့ရတယ်လို့ EcoDev
သဘာဝဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့က ဒေါက်တာဝင်းမျိုးသူကပြောပါတယ်။

ဒါ့အပြင် အခုလက်ရှိမှာလည်း ဒေသခံတွေနဲ့ ပြဿနာဖြစ်နေတဲ့ ဒီကြးနီသတ္တုထုတ်လုပ်မှုမှာ အသုံးပြုနေတဲ့ ဆာလ်ဖျူရစ်အက်ဆစ်ကို ဦးပိုင်က စက်ရုံတည်ဆောက်ပြီး ဒေသတွင်းမှာပဲ ထုတ်လုပ်နေတာမို့ အခြေနေတွေဟာ ပိုပြီးဆိုးဝါးနေတာပါ။ ဆာလ်ဖျူရစ်အက်ဆစ်ကြောင့် ရေထု၊ လေထုနဲ့ သဘာဝပါတ်ဝန်းကျင်ကိုရော ဒေသခံလူထုရဲ့ ကျန်းမာရေးအတွက်ပါ ထိခိုက်မှု များနေတဲ့ အထောက်အထားတွေ အများကြီးတွေ့နေရတယ်လို့ ဆိုပါတယ်။

ကြေးနီထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် ISO စံနှုံးတွေနဲ့ အညီလုပ်ဆောင်ဖို့ လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပေးချက်တွေကို ဒေသအာဏာပိုင်တွေက အခုထိ မလိုက်နာသေးဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင်လူနဲ့ ဝန်းကျင်အတွက် အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းထုတ် စက်ရုံဟာ လူနေအိမ်ခြေနဲ့ နီးတဲ့နေရာမှာ ရှိနေတာဟာ အဓိက ပြဿနာဖြစ်နေတာမို့ ဒီစက်ရုံကို ရွှေ့ပြောင်းပစ်ဖို့ပါ အကြံပြုထားပါတယ်။
XS
SM
MD
LG