သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ်ပျောက်နဲ့ လေကြောင်းမတော်တဆ ဖြစ်မှုများ


Malaysia Airlines flight MH 370 search area as of March 28, 2014
Malaysia Airlines flight MH 370 search area as of March 28, 2014
မလေးရှား လေယာဉ်ပျောက်ကို နိုင်ငံတကာ ပူးပေါင်းပြီး ရှာဖွေနေကြပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းတဲ့ ခရီးစဉ်အမှတ် 370 လေယာဉ်ဟာ မလေးရှားကနေ ဗယက်နမ်နယ်နိမိတ်နားအရောက် ဆက်သွယ်ရေး ပြတ်တောက်သွားသလို ရုတ်တရက် အနောက်ဖက်ကို ကွေ့သွားပြီး မလေးကျွန်းဆွယ်အလွန်မှာ လေယာဉ်ပျံရဲ့ အချက်ပေးစံနစ်ကို ကောင်းကင်ဂြိုဟ်တု တွေကနေ နောက်ဆုံးဖမ်းယူရရှိခဲ့တာပါ။ ဂြိုဟ်တုက နောက်ဆက်တွဲ ရခဲ့တဲ့ ပုံတွေအရ Australia နိုင်ငံ Perth ကနေ မိုင် ၁၅၀၀ ကျော်အကွာလောက် အိန္ဒိယသမုဒ္ဒရာထဲမှာ အပျက်အစီးအပိုင်းအစတွေ ရာနဲ့ချီပြီး တွေ့နေရတာမို့ ဒီလေယာဉ်က ဟုတ်မဟုတ် အခုထိ စုံစမ်းဆဲဖြစ်ပါတယ်။
ဒီလို လေယာဉ်တွေ မတော်တဆ ဖြစ်တာဟာ စက်ချို့ယွင်းတာကြောင့် ဖြစ်စေ၊ လေယာဉ်မောင်းသူ တွေရဲ့ အမှားအယွင်းတစုံတရာ ကြောင့်ဖြစ်စေ၊ ပြင်ပလူတဦးတယောက်ရဲ့ တမင်လုပ်ဆောင်မှုကြောင့်ဖြစ်စေ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေက အများအပြားရှိနေတာပါ။
လေကြောင်းမတော်တဆ ဖြစ်မှုတွေကို ပြန်ပြီးစစ်ဆေးနိုင်ဖို့ လေယာဉ်တိုင်းမှာ စတင် ပျံသန်းစဉ်ကတည်းက မှတ်တမ်းမှတ်နေတဲ့ flight data recorder တပ်ဆင်ထားရပါတယ်။ ဒီမှတ်တမ်းတင်စက်ကို blackbox လို့ ခေါ်ကြပါတယ်။ အရင်တုန်းက လျှပ်စစ်တိုင်းတာပစ္စည်း မျိုးစုံထည့်ထားတဲ့ ဒီဘူးကို အမဲရောင်သုတ်ထားလို့ blackbox လို့ခေါ်ကြပေမယ့် အခုအခါမှာ အဝေးကမြင်နိုင်တဲ့ တောက်ပတဲ့ အရောင်တွေကို သုံးနေကြပြီဖြစ်ပါတယ်။
ဒီမှတ်တမ်းတင်စက် မှာ တပ်ဆင်ထားတဲ့ ဘက်ထရီရဲ့ သက်တမ်းဟာ တလလောက်ခံပါတယ်။ ဒါကြောင့် တလမပြည့်ခင် ရှာဖွေနိုင်ဖို့ ကျိုးစားနေကြတာပါ။
အခု ပျောက်ဆုံးမလေးလေယာဉ်ကို ပြန်တွေ့မှ ဒီ မှတ်တမ်းတွေကို စစ်ဆေးပြီး လေယာဉ်ဘာဖြစ်တယ်ဆိုတာ အတိအကျပြောနိုင်မယ်လို့ မြန်မာနိုင်ငံတွင်း လေယာဉ်မတော်တဆ ဖြစ်မှုတွေမှာ ကိုယ်တိုင်စစ်ဆေးခဲ့ရတဲ့ လေကြောင်းစိစစ်ရေးအရာရှိဟောင်း ဦးကျော်သန်းက ပြောပါတယ်။
XS
SM
MD
LG