သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေကြောင်း မတော်တဆဖြစ်မှုများ နဲ့ မလေးလေယာဉ်ပျောက်နောက်ဆုံးအခြေနေ


Airplanes in flight
Airplanes in flight
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို သီတင်း ၃ ပါတ်ကြာတဲ့အထိ မတွေ့သေးပါဘူး။ လေယာဉ်ပျောက်ဆုံးမှုဟာ စက်ချို့ယွင်းမှုကြောင့်ဖြစ်စေ၊ လေယာဉ်မောင်းသူတွေရဲ့ ဆုံးဖြတ်ချက်မှားလို့ ဖြစ်စေ တစုံတယောက်က လေယာဉ်အပိုင်စီးပြီး လိုသလိုခိုင်းလို့ဖြစ်စေ ဖြစ်နိုင်ချေ အမျိုးမျိုး ရှိတဲ့ထဲက လေယာဉ်အပိုင်စီးတာကြောင့်လို့ ထင်သူတွေ ပိုများလာနေတာပါ။ ဒီလေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ရချိန်မှာ မူလပျံသန်းတဲ့ လမ်းကြောင်းကနေ acute angle လို့ခေါ်တဲ့ ရုတ်တရက် ဒေါင့်ချိုးပြီး ကွေ့သွားတာ ဟာ လေယာဉ်ပျက်လို့ မဖြစ်နိုင်ဘူးလို့ အင်ဂျင်နီယာ ဦးကျော်သန်းကပြောပါတယ်။
ဘာဘဲပြောပြော လေယာဉ်ပျံမှာ တပ်ဆင်ထားတဲ့ black box က အချက်ပေးစံနစ် သုံးနိုင်ဖို့ ထည့်သွင်းထားတဲ့ ဘက်ထရီအားဟာ တလပဲ ခံတာမို့ ရှာဖွေသူတွေ အပြင်းအထန် ကျိုးစားနေကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၇၂ ခုနှစ်က သံတွဲမှာ ပျက်ကျခဲ့တဲ့ လေယာဉ်မှာ လိုက်ပါသွားသူ အယောက် ၃၀ လောက်မှာ ၃ ဦးလောက်ပဲ အသက်ရှင်ကျန်ရစ်တာကလွဲလို့ ကိုယ်တိုင်စစ်ဆေးခဲ့တဲ့ လေယာဉ်မတော်တဆဖြစ်မှု တွေမှာ သေဆုံးမှု မတွေ့ခဲ့ရဘူးလို့ ဦးကျော်သန်းကပြောပါတယ်။
XS
SM
MD
LG