သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ၁၉ အတြက္ Mask ႏွာေခါင္းစည္း ျပည္တြင္းမွာ ထုတ္ႏိုင္မလား (အပိုင္း ၂)


This photo taken on May 8, 2020 shows a worker wearing a face mask sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for exp

ႏွာေခါင္းစည္းထုတ္ဖို႔ ေကာ္ေစ့နဲ႔ လုပ္တဲ့ ရက္ထည္မဟုတ္တဲ့ ပိတ္စ ၂ မ်ိဳးလိုသလို ဘယ္လိုခ်ဳပ္ရတယ္ဆိုတာ ခ်ည္မ ွ်င္နဲ႔ အထည္အလိပ္အင္ဂ်င္နီယာ ဦးေအာင္ဇင္က ေျပာျပမွာပါ။

တိုက္႐ိုက္ လင့္ခ္


Unicode/Zawgyi

(Zawgyi)

ကိုရိုနာဗိုင္းရပ္စ္အႏၱရာယ္. ကာကြယ္ရာမွာ ထိေရာက္တဲ့ ႏွာေခါင္းစည္းေတြ ျမန္မာႏုိ္င္ငံမွာ ထုတ္လုပ္ဖို႔Polypropylene ေခၚ ေကာ္ေစ့နဲ႔ လုပ္ထားတဲ့ ရက္ထည္မဟုတ္တဲ့ ပိတ္စ အမ်ိဳးအစား ၂ မ်ိဳး (spun bond နဲ႔ melt blown) ရဖိုလိုအပ္ သလို ဒီပိတ္စေတြရၿပီဆိုရင္ ႏွာေခါင္းစည္းျဖစ္ေအာင္ ဘယ္လိုခ်ဳပ္ရတယ္ ဆိုတာကို Jasper Knight ကုမၸဏီက ခ်ည္မ ွ်င္နဲ႔ အထည္အလိပ္အင္ဂ်င္နီယာ ဦးေအာင္ဇင္က ဒီတပတ္မွာ ဆက္ၿပီးေျပာျပေပးမွာပါ။

ဦးေအာင္ဇင္။. ။“အသံုးမ်ားတဲ့ mask အမ်ိဳးအစားက ၂ ခုရွိပါတယ္။ ခြဲစိတ္ခန္းသံုး surgical mask ဆိုတဲ့ ၃ လႊာထပ္ထားတဲ့ အခ်ပ္ အျပားေပါ့ေလ၊ flat -mask အမ်ိဳးအစား၊ face mask အမ်ိဳးအစားေပါ့ေလ။ ေနာက္တခုက ဘာလဲ ဆိုေတာ့ KN95 ဒါမွမဟုတ္ N 95 ေပါ့ေလ။ အဲဒီလိုမ်ိဳး ၅ လႊာ ထပ္ၿပီးေတာ့ တကယ့္ကို ေဆးရံုလုပ္ငန္းေတြမွာ သံုးႏိုင္တဲ့ mask အမ်ိဳးအစား ဆိုၿပီး ၂ မ်ိဳး ရွိပါတယ္။ အဲဒီ ၂ မ်ိဳးအတြက္ ထုတ္လုပ္ဖို႔ စက္ေတြ ရွိပါတယ္။

ေမး။. “ဟုတ္ကဲ့ ျပည္တြင္းမွာ mask ခ်ဳပ္မယ္ ဆိုလို႔ရွိရင္ သူ႕ရဲ့နည္းပညာ ကေရာ ဆရာ၊ ဘယ္လိုနည္းပညာသံုးရပါလဲ။”

ဦးေအာင္ဇင္။. ။“mask ခ်ဳပ္မယ္ ဆိုလို႔ရွိရင္ နည္းပညာ အေနနဲ႔ ၾကည့္မယ္ဆိုရင္ သူက အဓိက ကေတာ့ ေပၚလီပရိုပလင္း (ေကာ္ေစ့) ကို သံုးထားတဲ့အတြက္ေၾကာင့္ သူ႔ကိုခ်ဳပ္တဲ့ အခါမွာ အပ္နဲ႔ အပ္ခ်ည္ေပါ့ေလ၊ အဲဒါေတြကို မသံုးေတာ့ပဲနဲ႔ အရည္ေပ်ာ္တဲ့ နည္းပညာေပါ့၊ အရည္ေပ်ာ္တယ္။ က်ေနာ္တို႔ သာမန္အားျဖင့္ mask တခုကို ၾကည့္မယ္ ဆိုရင္ အေပါက္ကေလးေတြ ေတြ႔ရတယ္။ ခ်ဳပ္ရိုးေတြနဲ႔ ျဖစ္ေနတယ္။ ဒါေပမယ့္ တကယ့္တကယ္ေတာ့ အပ္ခ်ည္ ခ်ဳပ္ရိုးကို သံုးမထားဘူး။ အဲဒီမွာ ရွိတဲ့ ေပၚလီပရိုပလင္း (ေကာ္ေစ့) ပလပ္စတိတ္ အမ်ိဳးအစားကို အရည္ေပ်ာ္ေအာင္ လုပ္ၿပီးေတာ့မွာ အေပါက္ကေလးေတြ ေဖါက္ၿပီး ေတာ့မွ - အဲဒီ အရည္ေပ်ာ္ၿပီး ပူးတြဲတဲ့ နည္းပညာ ေပါ့ေလ။ အဲဒီလိုမ်ိဳး ခ်ဳပ္စက္မ်ိဳးေတြ လုိပါတယ္။

အဲဒီခ်ဳပ္စက္ေတြကေတာ႔ရိုးရိုး ခြဲစိတ္ခန္းသံုး ႏွာေခါင္းစည္း surgical mask တခုကို ထုတ္မယ္ဆိုရင္ ရိုးရိုး manual အမ်ိဳးအစားလည္း သံုးလို႔ရပါတယ္။ semi- auto ဆီမီးေအာ္တို အမ်ိဳးအစားလည္း သံုးလို႔ ရပါတယ္။ ေနာက္တခုက ေအာ္တုိမက္တစ္ အမ်ိဳးအစားလည္း သံုးလို႔ရပါတယ္ခင္ဗ်။”

ေမး။. ။“ တကယ္လို႔ ေကာ္ေစ့နဲ႔လုပ္တဲ့ ပိတ္စကို ကိုယ္တိုင္ထုတ္ဖို႔ ေစ်းသိပ္ႀကီးမယ္ ဆိုရင္ျပည္ပကေန ကုန္ၾကမ္း သြင္းၿပီးေတာ့ ျပည္တြင္းမွာ ႏွာေခါင္းစည္းေတြ ခ်ဳပ္ဖို႔ ေကာင္းတယ္ေပါ့ေနာ္။”

ဦးေအာင္ဇင္။. “ဟုတ္ကဲ့ အဲဒါက ပိုၿပီးေတာ့ ျဖစ္ႏိုင္တဲ့၊ လုပ္ႏိုင္တဲ့ အေနထား ေပါ့ေနာ္။”

ေမး။. ။“ဒါဆိုရင္ ကုန္က်စားရိတ္ကေရာ ဘယ္ေလာက္ေလာက္ ရွိမလဲ ဆရာ။”

ဦးေအာင္ဇင္။. ။“ကုန္က်စားရိတ္ ဘယ္ေလာက္ေလာက္ ရွိမလဲ ဆိုရင္၊ က်ေနာ္တုိ႔ ရိုးရိုး ဆာဂ်ီကယ္ မတ္စ္ တခုကို ထုတ္မယ္ ဆိုရင္ ကုန္က်စားရိတ္က ေအာ္တိုမက္တစ္ စက္ဆိုရင္ ျမန္မာေငြ အၾကမ္းဖ်င္း အားျဖင့္ က်ပ္ သိန္း တေထာင္ နီးပါးေလာက္ ရင္းႏွီးျမွပ္ႏွံမႈ ရွိပါတယ္။

ေနာက္ ဆီမီး ေအာ္တိုေပါ့ေလ။ ေအာ္တိုမက္တစ္ မဟုတ္ပဲနဲ႔ တဝက္တပ်က္ အလုိအေလ်ာက္ စံနစ္ကို သံုး မယ္ ဆိုလို႔ရွိရင္ေတာ့ ျမန္မာေငြ သိန္း ၆ ရာ - ၇ ရာေလာက္ ရွိပါတယ္။

ဒီမတ္စ္ကို ထုတ္မယ္ဆိုရင္အဓိက လုိအပ္တာကေတာ့ တကယ္လို႔ ၃ လႊာဆိုရင္ ၃ လႊာကို လိုသလို ထပ္ၿပီးေတာ့ လိုသလို ထုတ္ေပးတဲ့ sheetအခ်ပ္ျပားထုတ္တဲ့ စက္တခု လိုပါတယ္။ အဲဒီစက္မွာ တခါထဲ ႏွာေခါင္းပတ္ ေပါ့ေလ။ nose bar ကို တခါထဲ ထည့္ေပးတဲ့ ႏွာေခါင္းပတ္ ကိုပါ တခါထဲထည့္ေပးတဲ့ စက္တခု လိုပါတယ္။ ၿပီးရင္ ear loop လို႔ေခၚတဲ့ နားရြက္ကို ခ်ိတ္တဲ့ ႀကိဳးေလးေတြကို ဆက္တြဲေပးဖို႔စက္အမ်ိဳးအစားလည္း လိုပါတယ္။ အဲဒါေတြကို ေတာက္ေလ ွ်ာက္ တဆက္ထဲ လုပ္ေပးရင္ ေအာ္တိုမက္တစ္ ျဖစ္သြားပါတယ္။ ေတာက္ေလ ွ်ာက္ မဟုတ္ပဲနဲ႔ တဝက္တပ်က္ လုပ္ေပးမယ္ ဆိုရင္ ဆီမီးေအာ္တိုမက္တစ္။ ေနာက္ manual ဆိုလို႔ရွိရင္ လံုးဝ manual သံုးတာပါ။

Manual အမ်ိဳးအစား ဆိုရင္ေတာ့ လိုအပ္တဲ့ အရင္းအႏွီး ပမာဏက သိန္း ၄၀၀ - ၄၅၀ ပတ္ဝန္းက်င္ေလာက္ ကုန္က်ႏိုင္တဲ့ အေျခေန ရွိပါတယ္ခင္ဗ်ာ။”

ေမး။. ။“ဒီလိုဆိုရင္ ႏွာေခါင္းစည္း ထုတ္တဲ့ စက္ရံုကို ျပည္နယ္ တခုမွာ စက္ရံု တခုေလာက္ တည္ ႏိုင္တယ္ ဆိုရင္ေတာ့ ျမန္မာႏိုင္ငံ အတြက္ လံုလံုေလာက္ေလာက္ ရွိမယ္လို႔ ထင္ပါသလား။”

ဦးေအာင္ဇင္။. ။“ရႏိုင္တဲ့ အေနထားရွိပါတယ္။ အဲဒီလိုဆိုရင္ အဲဒီ စက္ရံုေတြရဲ့ အေနအထားက သူတုိ႔ရဲ့ ထုတ္လုပ္ႏိုင္မႈ စြမ္းရည္ေပါ့ production capacity အဲဒီစြမ္းရည္က တမိနစ္ကို အခု တရာနဲ႔ တရာ့ငါးဆယ္ ဝန္းက်င္မွာ ရွိပါတယ္။ အဲဒါဆိုေတာ့ ျပည္နယ္တခု၊ တိုင္းတခုမွာ အနည္းဆံုး စက္ရံု တရံုစီေလာက္ ရွိႏိုင္မယ္ ဆိုရင္ေတာ့ အဲဒီမွာ ရွိတဲ့ ျပည္နယ္လူထုေတြ အတြက္ကို ပိုၿပီးေတာ့ သက္သာတဲ့ ႏႈန္းထားေတြေပါ့။ သက္သာတဲ့ ႏႈန္းထားဆိုတာ အခု ေလာေလာဆယ္ ကုန္ၾကမ္းေတြရဲ့ ေပါက္ေစ်း အရ ဆိုရင္ေတာ့ မတ္စ္ တခုကို ၃၀ - ၄၀ ပတ္ဝန္းက်င္ ေလာက္နဲ႔ ထုတ္လုပ္ႏုိင္တဲ့ အေနထားျဖစ္ပါတယ္။ ျမန္မာေငြ ၃၀ က်ပ္ - ၄၀ က်ပ္ေပါ့ေလ။ အဲဒီ ပတ္ဝန္းက်င္ေလာက္ပါ။”

ေမး။. ။“ဟုတ္ကဲ့ အခုေလာေလာဆယ္ေရာ ဒီႏွာေခါင္းစည္းေတြရဲ့ ေစ်း ဘယ္ေလာက္ ရွိပါလဲ။”

ဦးေအာင္ဇင္။. ။“ပထမပိုင္းတုန္းက၊ က်ေနာ္တို႔ ကိုဗစ္ျဖစ္ခါစတုန္းကေတာ့ ႏွာေခါင္းစည္း တခုကို ၇၀၀ တို႔ တေထာင္တို႔ျဖစ္သြားတယ္။ ျမန္မာျပည္မွာေလ။ ေနာက္ ဒီႏွာေခါင္းစည္းရဲ့ သဘာဝ ကလည္းပဲ တခါပဲ သံုးၿပီး လႊင့္ပစ္ရမွာ ျဖစ္တဲ့ အတြက္ေၾကာင့္ မို႔လို႔၊ ့ ျမန္မာႏိုင္ငံရဲ့ ျပည္သူေတြရဲ့ လက္ရွိ အေျခေန ေပါ့ေလ။ စားဝတ္ေနေရး အေျခေန အရေတာ့ အဲဒီ ၇၀၀- ၈၀၀ တန္ကို ဝယ္သံုးႏိုင္တဲ့ အေနထားကေတာ့ အင္မတန္ ႀကီးကို ရွားပါတယ္။ ဒါေၾကာင့္မို႔သာ ပထမဦးဆံုး အဝတ္မတ္စ္နဲ႔ အစားထိုးမယ္ ဆိုၿပီးေတာ့ အဝတ္မတ္စ္ ေတြကို က်ေနာ္တုိ႔ႏုိင္ငံက လုပ္ဖုိ႔ ႀကိဳးစားၾကတာ ေပါ့ေလ။ ဒါေပမယ့္ အဝတ္မတ္စ္ ကေတာ့ အျပည့္အဝေတာ့ ကာကြယ္မႈေတာ့ မေပးႏုိင္ဘူးေပါ့။ ဒါေပမယ့္ အခု ေလာေလာဆယ္ လက္ရွိ အေနအထားအရ ၾကည့္မယ္ ဆိုရင္ေတာ့ ေစ်းက နဲနဲ က်သြားၿပီ။ ဒီ ဆာဂ်ီကယ္ မတ္စ္ ေတြက။ အခုဆိုရင္ အခု ၅၀ ပါတဲ့ ဘူးတဘူးကို ျမန္မာေငြ ၄ ေထာင္က်ပ္။ ဒီ့ထက္ပိုၿပီးေတာ့ အမ်ိဳးအစား ေကာင္းမယ္ ဆိုရင္ေတာ့ ျမန္မာေငြ ၅၀၀၀ - ၆၀၀၀ က်ပ္ ဝန္းက်င္နဲ႔ ေလာေလာဆယ္ ဝယ္လို႔ရေနပါတယ္။”

ေမး။. ။“အခုေလာေလာဆယ္မွာ အဝတ္မတ္စ္ေတြ ခ်ဳပ္ၿပီးေတာ့ အလယ္မွာ ပိုးမေဖါက္ႏိုင္တဲ့ အလႊာပါးကို ထည့္ရင္ေကာ ဘယ္လိုေနမလဲဆရာ။”

ဦးေအာင္ဇင္။ ။“အဲဒါက အသံုးျပဳလို႔ ပိုအဆင္ေျပႏုိင္မယ့္ အေနထားမွာ ရွိပါတယ္၊ ဒီအဝတ္မတ္စ္ကို။

က်ေနာ္တုိ႔ ဒီ ဆာဂ်ီကယ္ မတ္စ္ တခုကို ၾကည့္မယ္ ဆိုလို႔ရွိရင္လည္း အျပင္လႊာ ေပါ့ေလ။ ဒီ spun bonded လို႔ေခၚတဲ့ ပိတ္အမ်ိဳးအစား နဲ႔လုပ္ထားတဲ့ အလႊာ။ အဲဒီ အျပင္လႊာက ဘာလည္း ဆိုရင္ အဓိကကေတာ့ အရည္စက္ေတြ၊ အရည္စက္ အမႈန္ ေပါ့ေလ။ အရည္စက္အမႈန္နဲ႔ ဖုံမႈန္႕ေတြကို ကာကြယ္ေပးတာေပါ့။ အဲဒီ ဖံုမႈန္႔ေတြရဲ့ အရြယ္အစားက ၁၀ မိုက္ခရြန္ ေလာက္ရွိပါတယ္။ အဲ ၁၀ မိုက္ခရြန္ေလာက္ကို ပထမ အလႊာက စစ္ထုတ္ ကာကြယ္ေပးႏုိင္ပါတယ္။

ဒုတိယအလႊာက်ေတာ့ အမွန္ဆိုရင္ ၂၅ GSM လို႔ ေခၚတာ ေပါ့ေလ။ ဒုတိယ အလႊာကို ၂၅ gram per square meter ေပါ့။ ဒီ ပိတ္ တမီတာမွာ အေလးခ်ိန္အားျဖင့္ - ဒါက ပိတ္ရဲ့ အထူအပါးကို ဆိုလုိတာပါ။ - ၂၅ ဂရမ္ေလာက္ အထိ ေလးတဲ့ပိတ္အမ်ိဳးအစားမ်ိဳးကို သံုးလိုက္မယ္ ဆိုရင္ေတာ့၊ ဒီ ဒုတိယ အလႊာက ၀.၃ မိုက္ခရြန္ အရြယ္အစားရွိတဲ့ အမႈန္ေတြကို မဝင္ႏုိင္ေအာင္ ကာကြယ္ေပးတယ္ ဒုတိယ အလႊာက။ အၾကမ္းဖ်င္းအားျဖင့္ ၾကည့္မယ္ ဆိုလို႔ရွိရင္ ရိုးရိုး ဆာဂ်ီကယ္ မတ္စ္ တခုက ၃၀ % အထိ ကာကြယ္ႏုိင္တဲ့ အေနအထားမွာ ရွိပါတယ္။ ဒီဗို္င္းရပ္စ္ ကူးစက္မႈကို ေပါ့ေလ။

ဆိုလိုတာက ဘာလဲ ဆိုေတာ့ က်ေနာ္တို႔ အဝတ္မတ္စ္ကိုလည္းပဲ အဝတ္မတ္စ္ ၂ လႊာရဲ့ ၾကားထဲမွာ - ဒီအဝတ္မတ္စ္ကေတာ့ ျပန္ေလ ွ်ာ္ၿပီး သံုးလုိ႔ရတယ္။ က်ေနာ္တို႔ ဒီ ဆာဂ်ီကယ္မတ္စ္ disposable တခါသံုး ေတြကေတာ့ ျပန္ေလ ွ်ာ္ၿပီး သံုးလို႔ မရဘူး။ အဲဒီေတာ့ ဒီ အဝတ္မတ္စ္ ၂ လႊာရဲ့ ၾကားထဲမွာ layer ေနရာေလး ထားၿပီးေတာ့ အထဲထဲမွာ က်ေနာ္တုိ႔ ခုနက ၀.၃ မိုက္ခရြန္ေလာက္ အထိ အရြယ္အစားရွိတဲ့ အမႈန္ေတြကို ကာကြယ္ႏုိင္တဲ့ melt blown ဆိုတဲ့ ပိတ္စ အမ်ိဳးအစားမ်ိဳးကို ထည့္ၿပီးေတာ့။ အဲဒီ ပိတ္စ အမ်ိဳးအစားမ်ိဳးကို အလဲအဖယ္ လုပ္မယ္ ေပါ့ေလ။ အဲလို အလဲအဖယ္ လုပ္ၿပီး သံုးမယ္ ဆိုရင္ေတာ့ ပိုၿပီးေတာ့ ကာကြယ္ႏုိင္တဲ့ စြမ္းရည္ ရွိပါတယ္ ခင္ဗ်။”

ခ်ည္မ ွ်င္နဲ႔ အထည္အလိပ္ အင္ဂ်င္နီယာ ဦးေအာင္ဇင္ ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔ နည္းပညာက႑ ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

(Unicode)

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်. ကာကွယ်ရာမှာ ထိရောက်တဲ့ နှာခေါင်းစည်းတွေ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ Polypropylene ခေါ် ကော်စေ့နဲ့ လုပ်ထားတဲ့ ရက်ထည်မဟုတ်တဲ့ ပိတ်စ အမျိုးအစား ၂ မျိုး (spun bond နဲ့ melt blown) ရဖိုလိုအပ် သလို ဒီပိတ်စတွေရပြီဆိုရင် နှာခေါင်းစည်းဖြစ်အောင် ဘယ်လိုချုပ်ရတယ် ဆိုတာကို Jasper Knight ကုမ္ပဏီက ချည်မ ျှင်နဲ့ အထည်အလိပ်အင်ဂျင်နီယာ ဦးအောင်ဇင်က ဒီတပတ်မှာ ဆက်ပြီးပြောပြပေးမှာပါ။

ဦးအောင်ဇင်။. ။“အသုံးများတဲ့ mask အမျိုးအစားက ၂ ခုရှိပါတယ်။ ခွဲစိတ်ခန်းသုံး surgical mask ဆိုတဲ့ ၃ လွှာထပ်ထားတဲ့ အချပ် အပြားပေါ့လေ၊ flat - mask အမျိုးအစား၊ face mask အမျိုးအစားပေါ့လေ။ နောက်တခုက ဘာလဲ ဆိုတော့ KN95 ဒါမှမဟုတ် N 95 ပေါ့လေ။ အဲဒီလိုမျိုး ၅ လွှာ ထပ်ပြီးတော့ တကယ့်ကို ဆေးရုံလုပ်ငန်းတွေမှာ သုံးနိုင်တဲ့ mask အမျိုးအစား ဆိုပြီး ၂ မျိုး ရှိပါတယ်။ အဲဒီ ၂ မျိုးအတွက် ထုတ်လုပ်ဖို့ စက်တွေ ရှိပါတယ်။
မေး။. “ဟုတ်ကဲ့ ပြည်တွင်းမှာ mask ချုပ်မယ် ဆိုလို့ရှိရင် သူ့ရဲ့နည်းပညာ ကရော ဆရာ၊ ဘယ်လိုနည်းပညာသုံးရပါလဲ။”
ဦးအောင်ဇင်။. ။“mask ချုပ်မယ် ဆိုလို့ရှိရင် နည်းပညာ အနေနဲ့ ကြည့်မယ်ဆိုရင် သူက အဓိက ကတော့ ပေါ်လီပရိုပလင်း (ကော်စေ့) ကို သုံးထားတဲ့အတွက်ကြောင့် သူ့ကိုချုပ်တဲ့ အခါမှာ အပ်နဲ့ အပ်ချည်ပေါ့လေ၊ အဲဒါတွေကို မသုံးတော့ပဲနဲ့ အရည်ပျော်တဲ့ နည်းပညာပေါ့၊ အရည်ပျော်တယ်။ ကျနော်တို့ သာမန်အားဖြင့် mask တခုကို ကြည့်မယ် ဆိုရင် အပေါက်ကလေးတွေ တွေ့ရတယ်။ ချုပ်ရိုးတွေနဲ့ ဖြစ်နေတယ်။ ဒါပေမယ့် တကယ့်တကယ်တော့ အပ်ချည် ချုပ်ရိုးကို သုံးမထားဘူး။ အဲဒီမှာ ရှိတဲ့ ပေါ်လီပရိုပလင်း (ကော်စေ့) ပလပ်စတိတ် အမျိုးအစားကို အရည်ပျော်အောင် လုပ်ပြီးတော့မှာ အပေါက်ကလေးတွေ ဖေါက်ပြီး တော့မှ - အဲဒီ အရည်ပျော်ပြီး ပူးတွဲတဲ့ နည်းပညာ ပေါ့လေ။ အဲဒီလိုမျိုး ချုပ်စက်မျိုးတွေ လိုပါတယ်။
အဲဒီချုပ်စက်တွေကတော့ ရိုးရိုး ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း surgical mask တခုကို ထုတ်မယ်ဆိုရင် ရိုးရိုး manual အမျိုးအစားလည်း သုံးလို့ရပါတယ်။ semi- auto ဆီမီးအော်တို အမျိုးအစားလည်း သုံးလို့ ရပါတယ်။ နောက်တခုက အော်တိုမက်တစ် အမျိုးအစားလည်း သုံးလို့ရပါတယ်ခင်ဗျ။”
မေး။. ။“ တကယ်လို့ ကော်စေ့နဲ့လုပ်တဲ့ ပိတ်စကို ကိုယ်တိုင်ထုတ်ဖို့ ဈေးသိပ်ကြီးမယ် ဆိုရင် ပြည်ပကနေ ကုန်ကြမ်း သွင်းပြီးတော့ ပြည်တွင်းမှာ နှာခေါင်းစည်းတွေ ချုပ်ဖို့ ကောင်းတယ်ပေါ့နော်။”
ဦးအောင်ဇင်။. “ဟုတ်ကဲ့ အဲဒါက ပိုပြီးတော့ ဖြစ်နိုင်တဲ့၊ လုပ်နိုင်တဲ့ အနေထား ပေါ့နော်။”
မေး။. ။“ဒါဆိုရင် ကုန်ကျစားရိတ်ကရော ဘယ်လောက်လောက် ရှိမလဲ ဆရာ။”
ဦးအောင်ဇင်။. ။“ကုန်ကျစားရိတ် ဘယ်လောက်လောက် ရှိမလဲ ဆိုရင်၊ ကျနော်တို့ ရိုးရိုး ဆာဂျီကယ် မတ်စ် တခုကို ထုတ်မယ် ဆိုရင် ကုန်ကျစားရိတ်က အော်တိုမက်တစ် စက်ဆိုရင် မြန်မာငွေ အကြမ်းဖျင်း အားဖြင့် ကျပ် သိန်း တထောင် နီးပါးလောက် ရင်းနှီးမြှပ်နှံမှု ရှိပါတယ်။
နောက် ဆီမီး အော်တိုပေါ့လေ။ အော်တိုမက်တစ် မဟုတ်ပဲနဲ့ တဝက်တပျက် အလိုအလျောက် စံနစ်ကို သုံး မယ် ဆိုလို့ရှိရင်တော့ မြန်မာငွေ သိန်း ၆ ရာ - ၇ ရာလောက် ရှိပါတယ်။
ဒီမတ်စ်ကို ထုတ်မယ်ဆိုရင် အဓိက လိုအပ်တာကတော့ တကယ်လို့ ၃ လွှာဆိုရင် ၃ လွှာကို လိုသလို ထပ်ပြီးတော့ လိုသလို ထုတ်ပေးတဲ့ sheet အချပ်ပြားထုတ်တဲ့ စက်တခု လိုပါတယ်။ အဲဒီစက်မှာ တခါထဲ နှာခေါင်းပတ် ပေါ့လေ။ nose bar ကို တခါထဲ ထည့်ပေးတဲ့ နှာခေါင်းပတ် ကိုပါ တခါထဲထည့်ပေးတဲ့ စက်တခု လိုပါတယ်။ ပြီးရင် ear loop လို့ခေါ်တဲ့ နားရွက်ကို ချိတ်တဲ့ ကြိုးလေးတွေကို ဆက်တွဲပေးဖို့ စက်အမျိုးအစားလည်း လိုပါတယ်။ အဲဒါတွေကို တောက်လေ ျှာက် တဆက်ထဲ လုပ်ပေးရင် အော်တိုမက်တစ် ဖြစ်သွားပါတယ်။ တောက်လေ ျှာက် မဟုတ်ပဲနဲ့ တဝက်တပျက် လုပ်ပေးမယ် ဆိုရင် ဆီမီးအော်တိုမက်တစ်။ နောက် manual ဆိုလို့ရှိရင် လုံးဝ manual သုံးတာပါ။
Manual အမျိုးအစား ဆိုရင်တော့ လိုအပ်တဲ့ အရင်းအနှီး ပမာဏက သိန်း ၄၀၀ - ၄၅၀ ပတ်ဝန်းကျင်လောက် ကုန်ကျနိုင်တဲ့ အခြေနေ ရှိပါတယ်ခင်ဗျာ။”
မေး။. ။“ဒီလိုဆိုရင် နှာခေါင်းစည်း ထုတ်တဲ့ စက်ရုံကို ပြည်နယ် တခုမှာ စက်ရုံ တခုလောက် တည် နိုင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံ အတွက် လုံလုံလောက်လောက် ရှိမယ်လို့ ထင်ပါသလား။”
ဦးအောင်ဇင်။. ။“ရနိုင်တဲ့ အနေထားရှိပါတယ်။ အဲဒီလိုဆိုရင် အဲဒီ စက်ရုံတွေရဲ့ အနေအထားက သူတို့ရဲ့ ထုတ်လုပ်နိုင်မှု စွမ်းရည်ပေါ့ production capacity အဲဒီစွမ်းရည်က တမိနစ်ကို အခု တရာနဲ့ တရာ့ငါးဆယ် ဝန်းကျင်မှာ ရှိပါတယ်။ အဲဒါဆိုတော့ ပြည်နယ်တခု၊ တိုင်းတခုမှာ အနည်းဆုံး စက်ရုံ တရုံစီလောက် ရှိနိုင်မယ် ဆိုရင်တော့ အဲဒီမှာ ရှိတဲ့ ပြည်နယ်လူထုတွေ အတွက်ကို ပိုပြီးတော့ သက်သာတဲ့ နှုန်းထားတွေပေါ့။ သက်သာတဲ့ နှုန်းထားဆိုတာ အခု လောလောဆယ် ကုန်ကြမ်းတွေရဲ့ ပေါက်ဈေး အရ ဆိုရင်တော့ မတ်စ် တခုကို ၃၀ - ၄၀ ပတ်ဝန်းကျင် လောက်နဲ့ ထုတ်လုပ်နိုင်တဲ့ အနေထားဖြစ်ပါတယ်။ မြန်မာငွေ ၃၀ ကျပ် - ၄၀ ကျပ်ပေါ့လေ။ အဲဒီ ပတ်ဝန်းကျင်လောက်ပါ။”
မေး။. ။“ဟုတ်ကဲ့ အခုလောလောဆယ်ရော ဒီနှာခေါင်းစည်းတွေရဲ့ ဈေး ဘယ်လောက် ရှိပါလဲ။”
ဦးအောင်ဇင်။. ။“ပထမပိုင်းတုန်းက၊ ကျနော်တို့ ကိုဗစ်ဖြစ်ခါစတုန်းကတော့ နှာခေါင်းစည်း တခုကို ၇၀၀ တို့ တထောင်တို့ဖြစ်သွားတယ်။ မြန်မာပြည်မှာလေ။ နောက် ဒီနှာခေါင်းစည်းရဲ့ သဘာဝ ကလည်းပဲ တခါပဲ သုံးပြီး လွှင့်ပစ်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့၊့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေရဲ့ လက်ရှိ အခြေနေ ပေါ့လေ။ စားဝတ်နေရေး အခြေနေ အရတော့ အဲဒီ ၇၀၀- ၈၀၀ တန်ကို ဝယ်သုံးနိုင်တဲ့ အနေထားကတော့ အင်မတန် ကြီးကို ရှားပါတယ်။ ဒါကြောင့်မို့သာ ပထမဦးဆုံး အဝတ်မတ်စ်နဲ့ အစားထိုးမယ် ဆိုပြီးတော့ အဝတ်မတ်စ် တွေကို ကျနော်တို့နိုင်ငံက လုပ်ဖို့ ကြိုးစားကြတာ ပေါ့လေ။ ဒါပေမယ့် အဝတ်မတ်စ် ကတော့ အပြည့်အဝတော့ ကာကွယ်မှုတော့ မပေးနိုင်ဘူးပေါ့။ ဒါပေမယ့် အခု လောလောဆယ် လက်ရှိ အနေအထားအရ ကြည့်မယ် ဆိုရင်တော့ ဈေးက နဲနဲ ကျသွားပြီ။ ဒီ ဆာဂျီကယ် မတ်စ် တွေက။ အခုဆိုရင် အခု ၅၀ ပါတဲ့ ဘူးတဘူးကို မြန်မာငွေ ၄ ထောင်ကျပ်။ ဒီ့ထက်ပိုပြီးတော့ အမျိုးအစား ကောင်းမယ် ဆိုရင်တော့ မြန်မာငွေ ၅၀၀၀ - ၆၀၀၀ ကျပ် ဝန်းကျင်နဲ့ လောလောဆယ် ဝယ်လို့ရနေပါတယ်။”
မေး။. ။“အခုလောလောဆယ်မှာ အဝတ်မတ်စ်တွေ ချုပ်ပြီးတော့ အလယ်မှာ ပိုးမဖေါက်နိုင်တဲ့ အလွှာပါးကို ထည့်ရင်ကော ဘယ်လိုနေမလဲဆရာ။”
ဦးအောင်ဇင်။ ။“အဲဒါက အသုံးပြုလို့ ပိုအဆင်ပြေနိုင်မယ့် အနေထားမှာ ရှိပါတယ်၊ ဒီအဝတ်မတ်စ်ကို။
ကျနော်တို့ ဒီ ဆာဂျီကယ် မတ်စ် တခုကို ကြည့်မယ် ဆိုလို့ရှိရင်လည်း အပြင်လွှာ ပေါ့လေ။ ဒီ spun bonded လို့ခေါ်တဲ့ ပိတ်အမျိုးအစား နဲ့လုပ်ထားတဲ့ အလွှာ။ အဲဒီ အပြင်လွှာက ဘာလည်း ဆိုရင် အဓိကကတော့ အရည်စက်တွေ၊ အရည်စက် အမှုန် ပေါ့လေ။ အရည်စက်အမှုန်နဲ့ ဖုံမှုန့်တွေကို ကာကွယ်ပေးတာပေါ့။ အဲဒီ ဖုံမှုန့်တွေရဲ့ အရွယ်အစားက ၁၀ မိုက်ခရွန် လောက်ရှိပါတယ်။ အဲ ၁၀ မိုက်ခရွန်လောက်ကို ပထမ အလွှာက စစ်ထုတ် ကာကွယ်ပေးနိုင်ပါတယ်။
ဒုတိယအလွှာကျတော့ အမှန်ဆိုရင် ၂၅ GSM လို့ ခေါ်တာ ပေါ့လေ။ ဒုတိယ အလွှာကို ၂၅ gram per square meter ပေါ့။ ဒီ ပိတ် တမီတာမှာ အလေးချိန်အားဖြင့် - ဒါက ပိတ်ရဲ့ အထူအပါးကို ဆိုလိုတာပါ။ - ၂၅ ဂရမ်လောက် အထိ လေးတဲ့ပိတ်အမျိုးအစားမျိုးကို သုံးလိုက်မယ် ဆိုရင်တော့၊ ဒီ ဒုတိယ အလွှာက ဝ.၃ မိုက်ခရွန် အရွယ်အစားရှိတဲ့ အမှုန်တွေကို မဝင်နိုင်အောင် ကာကွယ်ပေးတယ် ဒုတိယ အလွှာက။ အကြမ်းဖျင်းအားဖြင့် ကြည့်မယ် ဆိုလို့ရှိရင် ရိုးရိုး ဆာဂျီကယ် မတ်စ် တခုက ၃၀ % အထိ ကာကွယ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်မှုကို ပေါ့လေ။
ဆိုလိုတာက ဘာလဲ ဆိုတော့ ကျနော်တို့ အဝတ်မတ်စ်ကိုလည်းပဲ အဝတ်မတ်စ် ၂ လွှာရဲ့ ကြားထဲမှာ - ဒီအဝတ်မတ်စ်ကတော့ ပြန်လေ ျှာ်ပြီး သုံးလို့ရတယ်။ ကျနော်တို့ ဒီ ဆာဂျီကယ်မတ်စ် disposable တခါသုံး တွေကတော့ ပြန်လေ ျှာ်ပြီး သုံးလို့ မရဘူး။ အဲဒီတော့ ဒီ အဝတ်မတ်စ် ၂ လွှာရဲ့ ကြားထဲမှာ layer နေရာလေး ထားပြီးတော့ အထဲထဲမှာ ကျနော်တို့ ခုနက ဝ.၃ မိုက်ခရွန်လောက် အထိ အရွယ်အစားရှိတဲ့ အမှုန်တွေကို ကာကွယ်နိုင်တဲ့ melt blown ဆိုတဲ့ ပိတ်စ အမျိုးအစားမျိုးကို ထည့်ပြီးတော့။ အဲဒီ ပိတ်စ အမျိုးအစားမျိုးကို အလဲအဖယ် လုပ်မယ် ပေါ့လေ။ အဲလို အလဲအဖယ် လုပ်ပြီး သုံးမယ် ဆိုရင်တော့ ပိုပြီးတော့ ကာကွယ်နိုင်တဲ့ စွမ်းရည် ရှိပါတယ် ခင်ဗျ။”
ချည်မ ျှင်နဲ့ အထည်အလိပ် အင်ဂျင်နီယာ ဦးအောင်ဇင် ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍ ကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG