သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ၁၉ အတြက္ Mask ႏွာေခါင္းစည္း ျပည္တြင္းမွာ ထုတ္ႏိုင္မလား (အပိုင္း ၁)


ုျမန္မာ ခ်ည္မ ွ်င္နဲ႔ အထည္စက္ရံု (ဝမ္းတြင္း) (ဓါတ္ပံု ဦးေအာင္ဇင္ Jasper Knights Textile Co)

Covid 19 အႏၱရာယ္ကာကြယ္ရာမွာ အေရးပါတဲ့ ႏွာေခါင္းစည္းေတြကို ျပည္တြင္းမွာ ေစ်းသက္သက္သာသာနဲ႔ သံုးႏိုင္ေအာင္ လုပ္ေပးႏိုင္တယ္လို႔ Jasper Knight ခ်ည္မ ွ်င္နဲ႔ အထည္အလိပ္ ကုမၸဏီက အင္ဂ်င္နီယာ ဦးေအာင္ဇင္က ေျပာပါတယ္။ ဒီလိုသံုးႏိုင္ေအာင္ ဘယ္လို လုပ္ႏိုင္မယ္၊ ဘာနည္းပညာေတြ လိုအပ္တယ္ဆိုတာကို ေျပာျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္

(Zawgyi/Unicode)

Zawgyi

ကိုရိုနာဗုိင္းရပ္စ္ အႏၱရာယ္ကာကြယ္ရာမွာ အေရးပါတဲ့ ႏွာေခါင္းစည္းေတြကို ျပည္တြင္းမွာ ေစ်းသက္သက္သာသာနဲ႔ သံုးႏိုင္ေအာင္ လုပ္ေပးႏိုင္တယ္လို႔ Jasper Knight ခ်ည္မ ွ်င္နဲ႔ အထည္အလိပ္ ကုမၸဏီက အင္ဂ်င္နီယာ ဦးေအာင္ဇင္က ေျပာပါတယ္။ဒီလိုသံုးႏိုင္ေအာင္ ဘယ္လို လုပ္ႏိုင္မယ္၊ ဘာနည္းပညာေတြ လိုအပ္တယ္ဆိုတာကို ဒီတပတ္မွာ ေျပာျပေပးမွာပါ။

ဦးေအာင္ဇင္။. ။“ျမန္မာႏိုင္ငံမွာ ႏွာေခါင္းစည္း ထုတ္မယ္ ဆိုလို႔ရွိရင္ ႏွာေခါင္းစည္းထုတ္တဲ့ နည္းပညာေပါ့ေလ၊ သူက အပိုင္း ၂ ပိုင္းရွိပါတယ္။ တပိုင္းကေတာ့ ႏွာေခါင္းစည္း အတြက္ သံုးတဲ့ ပိတ္အမ်ိဳးအစားေပါ့။ အဲဒီပိတ္အမ်ိဳးအစားက က်ေနာ္တို႔ ပံုမွန္သံုးေနတဲ့ ရက္ကန္းထည္လို႔ ေခၚတဲ့ ရက္ထည္တို႔ ႀကိဳးထည္တို႔ မဟုတ္ဖူး၊ စြပ္က်ယ္လို အသားမ်ိဳးျဖစ္တဲ့ ႀကိဳးထည္လည္း မဟုတ္ဖူး။ သူက non-woven (ရက္ထည္မဟုတ္တဲ့) ပိတ္အမ်ိဳးအစားမ်ိဳးေပါ့။ အဲဒီလိုေပါ့ လုိအပ္တဲ့ ပိတ္အမ်ိဳးအစားက non-woven လိုပါတယ္။ ဒီ non-woven ကိုထုတ္တဲ့ နည္းပညာက ျမန္မာႏိုင္ငံမွာေတာ့ မရွိေသးဘူး။ ဒါေပမယ့္ လုပ္မယ္ ဆိုရင္ေတာ့ လုပ္လို႔ရပါတယ္။ အဲဒါက နံပတ္ ၁ အခ်က္ပါ။

အဲဒီ ရက္ထည္မဟုတ္တဲ့ non-woven ပိတ္အမ်ိဳးအစားကို ရၿပီဆိုရင္ ေနာက္တခုက စၿပီး ခ်ဳပ္တဲ့ စံနစ္ေပါ့ေလ။ ခ်ဳပ္တဲ့စံနစ္ လိုပါတယ္။ သူ႔ကို ရိုးရိုး surgical mask - ခြဲစိတ္ခန္းသံုး ႏွာေခါင္းစည္းမွာ ဆိုရင္ ၃ လႊာ စံနစ္တက် ထပ္ရပါတယ္။ တကယ္လို႔ KN- 95 တို႔ N-95 တို႔ ဆိုရင္ေတာ့ ၅ လႊာ ထပ္ရပါတယ္။ အဲဒီ ၅ လႊာကို စံနစ္တက် ထပ္ၿပီးေတာ့ ထုတ္တဲ့ စက္မ်ိဳးေပါ့ေလ။ အဲဒီလို စက္မ်ိဳး လိုပါတယ္။”

ေမး။. ။“အဲဒါဆို နည္းပညာက အဓိက ၂ ခုေပါ့ေနာ္။”

ဦးေအာင္ဇင္။. ။“ဟုတ္ကဲ့ ၂ ခုပါ။”

ေမး။. ။“ပထမဆံုးက ပိတ္စထုတ္တဲ့ နည္းပညာ၊ ဒုတိယကေတာ့ ဒီ mask ျဖစ္ေအာင္ ႏွာေခါင္းစည္း ျဖစ္ေအာင္ ခ်ဳပ္တဲ့ နည္းပညာေပါ့။ ဆိုေတာ့ ပိတ္စနဲ႔ ပတ္သက္ၿပီး ပထမ ေျပာျပေပးပါဆရာ။ ျမန္မာျပည္မွာ အမ်ားသံုးေနတဲ့ အဝတ္ပိတ္စက ဒီကိုဗစ္ ၁၉ ဗိုင္းရပ္စ္ပိုးကို ခုခံကာကြယ္ႏိုင္စြမ္း ရွိပါ့မလားဆရာ”

ဦးေအာင္ဇင္။. ။“အမ်ားသံုးေနတဲ့ ရက္ကန္းနဲ႔ ရက္တဲ့ပိတ္စေပါ့ေလ။ အဲဒီပိတ္စကေတာ့ ကိုဗစ္ ၁၉ ေရာဂါပိုးကို ခုခံကာကြယ္ႏိုင္တဲ့ စြမ္းအင္ေတာ့ မရွိပါဘူးလို႔ပဲ ေျပာရမွာ ေပါ့ေလ။ ဘာလို႔လည္း ဆိုေတာ့ သူတို႔က ခ်ည္ထည္ျဖစ္ေအာင္လုပ္လိုက္ေရာ၊ ၿပီးေတာ့မွ အဲဒီခ်ည္ေတြကို အေက်ာ္ အႀကိဳေလးေတြနဲ႔ ရက္ထားတယ္။ သာမန္ မ်က္စိအားနဲ႔ၾကည့္ရင္ေတာ့ ဒီပိ္တ္စက ပိတ္ေနတယ္လို႔ ျမင္ရေပမယ့္ အဲ့ဒီ ခ်ည္ တခုနဲ႔ တခု ၾကားထဲမွာ ျဖစ္ေပၚေနတဲ့ အေပါက္ေတြ ေပါ့ေလ။ အဲဒီ အေပါက္ေတြက ဗိုင္းရပ္စ္ အရြယ္အစားနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ အင္မတန္မွ ႀကီးမားပါတယ္။ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ရဲ့ အရြယ္အစားက ၀.၁၂၅ မို္က္ခရြန္ အရြယ္အစားနဲ႔ ရွိေနတယ္။ က်ေနာ္တို႔ ရက္ကန္း ရက္ထည္ေတြမွာ ရွိေနတဲ့ ခ်ည္ေတြ တခုနဲ႔တခု အေက်ာ္အႀကိဳျဖစ္လို႔ ေပၚလာတဲ့ အေပါက္ေတြက ၁၀၀ မို္က္ခရြန္ေလာက္ အထိ ရွိတယ္။ အဆက အဲဒီေလာက္ကြာေနေတာ့ တကယ္လို႔ ဗိုင္းရပ္စ္က ပိတ္ေပၚမွာ လာကပ္မယ္ ဆိုရင္ အဲဒီ ဗိုင္းရပ္စ္က အသက္ရႈလမ္းေၾကာင္းထဲကို လြယ္လြယ္ကူကူ ေဖါက္ဝင္ႏိုင္မယ့္ အေနထား ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ရိုးရိုးရက္ကန္းပိတ္ေတြ၊ ထိုးတဲ့ပိတ္ေတြကေတာ့ သံုးဖို႔အတြက္ မသင့္ေတာ္တဲ့ အေနအထားမွာ ရွိပါတယ္။”

ေမး။. ။“အဲဒါဆို ႏွာေခါင္းစည္းလုပ္တဲ့ ပိတ္စက ဘယ္လိုပိတ္စလဲ ရွင္းျပေပးပါဆရာ။”

ဦးေအာင္ဇင္။. ။“ႏွာေခါင္းစည္း လုပ္တဲ့ ပိတ္စကေတာ့ non-woven fabric ရက္ထည္မဟုတ္တဲ့ ပိတ္စ ျဖစ္ပါတယ္။ ပိတ္စျဖစ္ေအာင္ လုပ္တဲ့ အခါမွာ ခ်ည္ဘဝကို မသြားပဲနဲ႔ ဖိုင္ဘာ ဆိုတဲ့ အမ ွ်င္ကေလးေတြ ဘဝက ေနၿပီးေတာ့ စုၿပီးေတာ့ လိုခ်င္တဲ့ အထူအပါးကို စီထပ္ၿပီးေတာ့ ပိတ္ျဖစ္ေအာင္ လုပ္ထားတာပါ။ ရက္ထည္ မဟုတ္ေသာ ပိတ္စေပါ့ non-woven ပိတ္စ ျဖစ္ပါတယ္။ အဲဒါက်ေတာ့ ဘာလဲဆိုရင္ အမ ွ်င္တခုနဲ႔ တခု ထပ္ထားတဲ့ ကိစၥမို႔လို႔ အကြက္ ၂ ခု ၾကားထဲမွာ ျဖစ္ေပၚေနတဲ့၊ ရက္ထည္ေတြလို ျဖစ္ေပၚေနတဲ့၊ ဒီ အေက်ာ္ အက်ေၾကာင့္ ျဖစ္ေပၚေနတဲ့ အေပါက္က ေပ်ာက္သြားၿပီးေတာ့ အင္မတန္မွ ေသးငယ္တဲ့ အေပါက္ေတြ ေပၚလာပါတယ္။ ဒါေၾကာင့္မို႔လို႔ ခ်ည္ဘဝကို မေရာက္ပဲနဲ႔. အမ ွ်င္ဘဝက ေနၿပီးေတာ့ တန္းၿပီးေတာ့ ပိတ္ျဖစ္သြားရေအာင္ လုပ္တဲ့ non-woven ပိတ္စေတြကို သံုးဖို႔ လိုအပ္ပါတယ္

အဲဒီ ပိတ္အမ်ိဳးအစားက ပံုမွန္အားျဖင့္ ၂ မ်ိဳး သံုးတယ္။ တခုက ဘာလဲဆိုရင္ spun bonded ဆိုတဲ့ နည္းပညာနဲ႔ ထုတ္လုပ္တဲ့ non-woven ပိတ္စ အမ်ိဳးအစား။ ေနာက္တခုက ဘာလဲဆိုရင္ melt blown ဆိုတဲ့နည္းပညာနဲ႔ ထုတ္တဲ့ non-woven ပိတ္စ အမ်ိဳးအစား။ အဲဒီ ၂ မ်ိဳးကို ထပ္ၿပီးေတာ့ သံုးပါတယ္။”

ေမး။. ။“ အဲဒါ။ ဗိုင္းရပ္စ္ပိုး မေဖါက္ႏိုင္ဘူးေပါ့ဆရာ။”

ဦးေအာင္ဇင္။. ။ “ဗိုင္းရပ္စ္ပိုး မေဖါက္ႏိုင္ဘူးေပါ့။ မေဖါက္ႏုိင္ေလာက္ေအာင္ က်ဥ္းေျမာင္းသြားတဲ့ အေနအထား။ ရိုးရိုး ခြဲစိပ္ခန္းသံုး ႏွာေခါင္းစည္း တခု မွာ ဆိုရင္ ပထမဦးဆံုး ေတြ႔တဲ့. ပထမ အလႊာ ကိုေတာ့ spun bonded non-woven ပိတ္စကို သံုးတယ္။ အဲဒီ spun bonded က ဘာနဲ႔လုပ္ထားသလဲ ဆိုရင္ သူ႔႕ကို သံုးတဲ့ပစၥည္းက ေပၚလီပရိုပလင္း ဆိုတဲ့ ပလပ္စတိတ္ အႏြယ္ေပါ့ေလ။ အဲဒါကို လုပ္ထားတယ္။ အဲဒီ ပလပ္စတိတ္ကို အရည္ေပ်ာ္ေအာင္ ေဖ်ာ္ၿပီးေတာ့မွ အဲဒီ ပလပ္စတိတ္ကေန ညွစ္ထုတ္လိုက္တာ။ ညွစ္ထုတ္လိုက္ေတာ့ အမ ွ်င္ကေလးေတြ ထြက္လာတယ္။ အဲဒီ အမ ွ်င္ကေလးေတြကို ျဖတ္ေတာက္ၿပီးေတာ့ တေနရာမွာ အလႊာပါးေလးျဖစ္ေအာင္ လုပ္ၿပီးေတာ့ အဲဒီ အလႊာပါးကေလးေပၚမွာ စီထပ္တဲ့ နည္းပညာေပါ့ေနာ္။ အဲဒါက spun bonded ျဖစ္ပါတယ္။ အဲဒီေတာ့ အဲဒီနည္းပညာနဲ႔ ထုတ္တဲ့ ပိတ္ျဖစ္တဲ့ အတြက္ေၾကာင့္မို႔၊ ခ်ည္ထည္လို အေပါက္ေတြ၊ ခ်ည္ကို ရက္တဲ့ ရက္ထည္ေၾကာင့္ပါတဲ့ အေပါက္ေတြ၊ ေပ်ာက္သြားတာ ေပါ့ေနာ္။

ေနာက္ထပ္အမ်ိဳးအစား တခုကေတာ့ melt blown ေပါ့ေလ။ သူက အသံုးျပဳတဲ့ ပစၥည္းကလည္း ေပၚလီ ပရိုပလင္းပါပဲ။ သူ႔ကိုလည္း ဘာလုပ္သလဲဆိုရင္ အဲဒီ ေပၚလီပရိုပလင္း ကို အရည္ေပ်ာ္ေအာင္ လုပ္တယ္။ ၿပီးရင္ညွစ္ထုတ္တယ္။ ညွစ္ထုတ္လို္က္တဲ့ ဥစၥာကို ေလပူေလေအး ၂ ခုနဲ႔ ပုတ္ၿပီးေတာ့ ညွစ္ထုတ္ၿပီးေတာ့ တေနရာမွာ စုတယ္။ အမ ွ်င္ကေလး ေတြကို ကိုယ္လိုခ်င္တဲ့ အထူအပါး အတုိင္းရေအာင္ စုထားတဲ့ သေဘာမ်ိဳး ပဲေလ။ စုထားတဲ့ ပိတ္မ်ိဳးေပါ့။ အဲဒါ မ်ိဳးကို melt blown လို႔ေခၚပါတယ္။ အဲဒီ melt blown က spun bonded ထက္ပိုၿပီးေတာ့ က်စ္လစ္တဲ့ သိပ္သည္းတဲ့ အေပါက္နဲတဲ့ ပိတ္စမ်ိဳး ျဖစ္လာပါတယ္။ အဲဒီေတာ့ ႏွာေခါင္းစည္း mask မွာ ဒုတိယအလႊာ ျဖစ္တဲ့ melt blown ကေတာ့ အဓိက ဗိုင္းရပ္စ္ကို အကာကြယ္ ေပးတာ ျဖစ္ပါတယ္။”

ေမး။. ။“ဒီႏွာေခါင္းစည္း ထုတ္ဖို႔အတြက္ ကုန္ၾကမ္းဟာ ျမန္မာျပည္မွာ လြယ္လြဝ္ကူကူ ရႏိုင္ပါ့မလား ဆရာ”

ဦးေအာင္ဇင္။. ။“ေလာေလာဆယ္ ျမန္မာျပည္ရဲ့ အေနအထားကေတာ့ အဲဒီကုန္ၾကမ္း ထုတ္လုပ္တဲ့ စက္ရံုေတြ မရွိေသးပါဘူး။ အဲဒီအတြက္ ေလာေလာဆယ္ေတာ့ မရနိုင္ေသးဘူး ခင္ဗ်။ ဒါေပမယ့္လို႔ အဲဒီ ေပၚလီပရိုပလင္း ဆိုတဲ့ ေကာ္ေစ့ အမ်ိဳးအစားကေတာ့ က်ေနာ္တို႔ ႏိုင္ငံမွာ သံုးေနပါတယ္။ အဓိက ပလပ္စတိတ္ လုပ္ငန္းေတြ ပလပ္စတိတ္ထည္ေတြမွာ အဲဒီ ေကာ္ေစ့ကို သံုးၿပီးေတာ့၊ ေကာ္ေစ့ကို အရည္ညွစ္ၿပီးေတာ့ လိုခ်င္တဲ့ ပလပ္စတိတ္ အခ်ပ္ေတြ ထုတ္တဲ့ ပံုစံကေတာ့ က်ေနာ္တို႔ ဆီမွာ လုပ္ပါတယ္ခင္ဗ်။ အဲဒီေတာ့ ကုန္ၾကမ္း အေနနဲ႔ ေပၚလီပရိုပလင္ကုိ ျပည္တြင္းမွာ ထုတ္လုပ္ႏုိင္ျခင္း မရွိေပမယ့္ ျပည္ပက တင္သြင္းလို႔ ရပါတယ္ခင္ဗ်။”

ေမး။ ။“စက္ေတြ သံုးရမယ္ဆိုရင္ ဘယ္လို စက္အမ်ိဳးအစားေတြ သံုးရမလဲ၊ ဘာေတြ လုိမလဲ ဆရာ။”

ဦးေအာင္ဇင္။. ။“ခုနက တုန္းက ပိတ္အမ်ိဳးအစား ၂ မ်ိဳးကို ထုတ္တဲ့ စက္အမ်ိဳးအစား ေပါ့ေလ။ အဲဒါကေတာ့ spun bonded ကိုထုတ္တဲ့ စက္အမ်ိဳးအစားရယ္၊melt blown ကိုထုတ္တဲ့ စက္အမ်ိဳးစားရယ္၊ အဲဒီ စက္အမ်ိဳးစားေတြအတြက္ ကုန္ၾကမ္းကေတာ့ ေပၚလီ. ပရိုပလင္း ဆိုတဲ့ ေကာ္ေစ့ကို ကုန္ၾကမ္းသံုးၿပီးေတာ့ ပိတ္ျဖစ္ေအာင္ ထုတ္တဲ့ စက္ေတြပါ။ အဲဒီ စက္ေတြကေတာ့ ေလာေလာဆယ္ ျပည္တြင္းမွာ မရွိေသးဘူး။ ရင္းႏွီးျမႈပ္ႏွံမယ္ ဆိုရင္လည္းပဲ ပမာဏက နဲနဲေလးေတာ့ မ်ားတယ္။ နည္းပညာကလည္း နဲနဲေတာ့ ပါတယ္။ လုပ္ရင္ေတာ့ မျဖစ္ဖူး ဆိုတာ မဟုတ္ဖူး။ ျဖစ္တာေတာ့ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီ အဆင့္နဲ႔ စာလို႔ရွိရင္ ေလာေလာဆယ္ အဲဒီလို ျပည္ပကိုခ်ည္းပဲ က်ေနာ္တို႔က လံုးဝ ပစ္ပယ္လို႔ မရဘူး။ သို႔ေသာ္ အကယ္လို႔ ျပည္တြင္းထဲမွာ mask ကို ထုတ္တဲ့ စက္ကိုေပါ့ေလ။ အဲလိုစက္ေတြကို ျပည္တြင္းထဲမွာ လုပ္မယ္ ဆိုရင္ေတာ့ ျပည္ပကေန ႏွာေခါင္းစည္း ေတြ ဝယ္သံုးေနတာထက္ စာလို႔ရွိရင္ အမ်ားႀကီး သက္သာတဲ့ ႏႈန္းထားနဲ႔ က်ေနာ္တုိ႔ ျပည္တြင္းမွာ အစားထိုးၿပီး ထုတ္လုပ္ ႏုိင္မယ္လုိ႔ ယူဆပါတယ္ ခင္ဗ်ာ။”

ခ်ည္မ ွ်င္နဲ႔ အထည္အလိပ္ အင္ဂ်င္နီယာ ဦးေအာင္ဇင္ပါ။ ေနာက္တပတ္မွာေတာ့ ႏွာေခါင္းစည္း ထုတ္ဖို႔ လိုအပ္တဲ့ နည္းပညာေတြထဲက ႏွာေခါင္းစည္း ခ်ဳပ္တဲ့နည္းပညာ အေၾကာင္း ဆက္ ေျပာျပေပးမယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸြြံနဲ႔နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကာကွယ်ရာမှာ အရေးပါတဲ့ နှာခေါင်းစည်းတွေကို ပြည်တွင်းမှာ ဈေးသက်သက်သာသာနဲ့ သုံးနိုင်အောင် လုပ်ပေးနိုင်တယ်လို့ Jasper Knight ချည်မ ျှင်နဲ့ အထည်အလိပ် ကုမ္ပဏီက အင်ဂျင်နီယာ ဦးအောင်ဇင်က ပြောပါတယ်။ဒီလိုသုံးနိုင်အောင် ဘယ်လို လုပ်နိုင်မယ်၊ ဘာနည်းပညာတွေ လိုအပ်တယ်ဆိုတာကို ဒီတပတ်မှာ ပြောပြပေးမှာပါ။

ဦးအောင်ဇင်။. ။“မြန်မာနိုင်ငံမှာ နှာခေါင်းစည်း ထုတ်မယ် ဆိုလို့ရှိရင် နှာခေါင်းစည်းထုတ်တဲ့ နည်းပညာပေါ့လေ၊ သူက အပိုင်း ၂ ပိုင်းရှိပါတယ်။ တပိုင်းကတော့ နှာခေါင်းစည်း အတွက် သုံးတဲ့ ပိတ်အမျိုးအစားပေါ့။ အဲဒီပိတ်အမျိုးအစားက ကျနော်တို့ ပုံမှန်သုံးနေတဲ့ ရက်ကန်းထည်လို့ ခေါ်တဲ့ ရက်ထည်တို့ ကြိုးထည်တို့ မဟုတ်ဖူး၊ စွပ်ကျယ်လို အသားမျိုးဖြစ်တဲ့ ကြိုးထည်လည်း မဟုတ်ဖူး။ သူက non-woven (ရက်ထည်မဟုတ်တဲ့) ပိတ်အမျိုးအစားမျိုးပေါ့။ အဲဒီလိုပေါ့ လိုအပ်တဲ့ ပိတ်အမျိုးအစားက non-woven လိုပါတယ်။ ဒီ non-woven ကိုထုတ်တဲ့ နည်းပညာက မြန်မာနိုင်ငံမှာတော့ မရှိသေးဘူး။ ဒါပေမယ့် လုပ်မယ် ဆိုရင်တော့ လုပ်လို့ရပါတယ်။ အဲဒါက နံပတ် ၁ အချက်ပါ။

အဲဒီ ရက်ထည်မဟုတ်တဲ့ non-woven ပိတ်အမျိုးအစားကို ရပြီဆိုရင် နောက်တခုက စပြီး ချုပ်တဲ့ စံနစ်ပေါ့လေ။ ချုပ်တဲ့စံနစ် လိုပါတယ်။ သူ့ကို ရိုးရိုး surgical mask - ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းမှာ ဆိုရင် ၃ လွှာ စံနစ်တကျ ထပ်ရပါတယ်။ တကယ်လို့ KN- 95 တို့ N-95 တို့ ဆိုရင်တော့ ၅ လွှာ ထပ်ရပါတယ်။ အဲဒီ ၅ လွှာကို စံနစ်တကျ ထပ်ပြီးတော့ ထုတ်တဲ့ စက်မျိုးပေါ့လေ။ အဲဒီလို စက်မျိုး လိုပါတယ်။”

မေး။. ။“အဲဒါဆို နည်းပညာက အဓိက ၂ ခုပေါ့နော်။”

ဦးအောင်ဇင်။. ။“ဟုတ်ကဲ့ ၂ ခုပါ။”

မေး။. ။“ပထမဆုံးက ပိတ်စထုတ်တဲ့ နည်းပညာ၊ ဒုတိယကတော့ ဒီ mask ဖြစ်အောင် နှာခေါင်းစည်း ဖြစ်အောင် ချုပ်တဲ့ နည်းပညာပေါ့။ ဆိုတော့ ပိတ်စနဲ့ ပတ်သက်ပြီး ပထမ ပြောပြပေးပါဆရာ။ မြန်မာပြည်မှာ အများသုံးနေတဲ့ အဝတ်ပိတ်စက ဒီကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်နိုင်စွမ်း ရှိပါ့မလားဆရာ”

ဦးအောင်ဇင်။. ။“အများသုံးနေတဲ့ ရက်ကန်းနဲ့ ရက်တဲ့ပိတ်စပေါ့လေ။ အဲဒီပိတ်စကတော့ ကိုဗစ် ၁၉ ရောဂါပိုးကို ခုခံကာကွယ်နိုင်တဲ့ စွမ်းအင်တော့ မရှိပါဘူးလို့ပဲ ပြောရမှာ ပေါ့လေ။ ဘာလို့လည်း ဆိုတော့ သူတို့က ချည်ထည်ဖြစ်အောင်လုပ်လိုက်ရော၊ ပြီးတော့မှ အဲဒီချည်တွေကို အကျော် အကြိုလေးတွေနဲ့ ရက်ထားတယ်။ သာမန် မျက်စိအားနဲ့ကြည့်ရင်တော့ ဒီပိတ်စက ပိတ်နေတယ်လို့ မြင်ရပေမယ့် အဲ့ဒီ ချည် တခုနဲ့ တခု ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ အပေါက်တွေ ပေါ့လေ။ အဲဒီ အပေါက်တွေက ဗိုင်းရပ်စ် အရွယ်အစားနဲ့ နှိုင်းယှဉ်ရင်တော့ အင်မတန်မှ ကြီးမားပါတယ်။ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ရဲ့ အရွယ်အစားက ဝ.၁၂၅ မိုက်ခရွန် အရွယ်အစားနဲ့ ရှိနေတယ်။ ကျနော်တို့ ရက်ကန်း ရက်ထည်တွေမှာ ရှိနေတဲ့ ချည်တွေ တခုနဲ့တခု အကျော်အကြိုဖြစ်လို့ ပေါ်လာတဲ့ အပေါက်တွေက ၁၀၀ မိုက်ခရွန်လောက် အထိ ရှိတယ်။ အဆက အဲဒီလောက်ကွာနေတော့ တကယ်လို့ ဗိုင်းရပ်စ်က ပိတ်ပေါ်မှာ လာကပ်မယ် ဆိုရင် အဲဒီ ဗိုင်းရပ်စ်က အသက်ရှုလမ်းကြောင်းထဲကို လွယ်လွယ်ကူကူ ဖေါက်ဝင်နိုင်မယ့် အနေထား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရိုးရိုးရက်ကန်းပိတ်တွေ၊ ထိုးတဲ့ပိတ်တွေကတော့ သုံးဖို့အတွက် မသင့်တော်တဲ့ အနေအထားမှာ ရှိပါတယ်။”

မေး။. ။“အဲဒါဆို နှာခေါင်းစည်းလုပ်တဲ့ ပိတ်စက ဘယ်လိုပိတ်စလဲ ရှင်းပြပေးပါဆရာ။”

ဦးအောင်ဇင်။. ။“နှာခေါင်းစည်း လုပ်တဲ့ ပိတ်စကတော့ non-woven fabric ရက်ထည်မဟုတ်တဲ့ ပိတ်စ ဖြစ်ပါတယ်။ ပိတ်စဖြစ်အောင် လုပ်တဲ့ အခါမှာ ချည်ဘဝကို မသွားပဲနဲ့ ဖိုင်ဘာ ဆိုတဲ့ အမ ျှင်ကလေးတွေ ဘဝက နေပြီးတော့ စုပြီးတော့ လိုချင်တဲ့ အထူအပါးကို စီထပ်ပြီးတော့ ပိတ်ဖြစ်အောင် လုပ်ထားတာပါ။ ရက်ထည် မဟုတ်သော ပိတ်စပေါ့ non-woven ပိတ်စ ဖြစ်ပါတယ်။ အဲဒါကျတော့ ဘာလဲဆိုရင် အမ ျှင်တခုနဲ့ တခု ထပ်ထားတဲ့ ကိစ္စမို့လို့ အကွက် ၂ ခု ကြားထဲမှာ ဖြစ်ပေါ်နေတဲ့၊ ရက်ထည်တွေလို ဖြစ်ပေါ်နေတဲ့၊ ဒီ အကျော် အကျကြောင့် ဖြစ်ပေါ်နေတဲ့ အပေါက်က ပျောက်သွားပြီးတော့ အင်မတန်မှ သေးငယ်တဲ့ အပေါက်တွေ ပေါ်လာပါတယ်။ ဒါကြောင့်မို့လို့ ချည်ဘဝကို မရောက်ပဲနဲ့. အမ ျှင်ဘဝက နေပြီးတော့ တန်းပြီးတော့ ပိတ်ဖြစ်သွားရအောင် လုပ်တဲ့ non-woven ပိတ်စတွေကို သုံးဖို့ လိုအပ်ပါတယ်

အဲဒီ ပိတ်အမျိုးအစားက ပုံမှန်အားဖြင့် ၂ မျိုး သုံးတယ်။ တခုက ဘာလဲဆိုရင် spun bonded ဆိုတဲ့ နည်းပညာနဲ့ ထုတ်လုပ်တဲ့ non-woven ပိတ်စ အမျိုးအစား။ နောက်တခုက ဘာလဲဆိုရင် melt blown ဆိုတဲ့နည်းပညာနဲ့ ထုတ်တဲ့ non-woven ပိတ်စ အမျိုးအစား။ အဲဒီ ၂ မျိုးကို ထပ်ပြီးတော့ သုံးပါတယ်။”

မေး။. ။“ အဲဒါ။ ဗိုင်းရပ်စ်ပိုး မဖေါက်နိုင်ဘူးပေါ့ဆရာ။”

ဦးအောင်ဇင်။. ။ “ဗိုင်းရပ်စ်ပိုး မဖေါက်နိုင်ဘူးပေါ့။ မဖေါက်နိုင်လောက်အောင် ကျဉ်းမြောင်းသွားတဲ့ အနေအထား။ ရိုးရိုး ခွဲစိပ်ခန်းသုံး နှာခေါင်းစည်း တခု မှာ ဆိုရင် ပထမဦးဆုံး တွေ့တဲ့. ပထမ အလွှာ ကိုတော့ spun bonded non-woven ပိတ်စကို သုံးတယ်။ အဲဒီ spun bonded က ဘာနဲ့လုပ်ထားသလဲ ဆိုရင် သူ့ကို သုံးတဲ့ပစ္စည်းက ပေါ်လီပရိုပလင်း ဆိုတဲ့ ပလပ်စတိတ် အနွယ်ပေါ့လေ။ အဲဒါကို လုပ်ထားတယ်။ အဲဒီ ပလပ်စတိတ်ကို အရည်ပျော်အောင် ဖျော်ပြီးတော့မှ အဲဒီ ပလပ်စတိတ်ကနေ ညှစ်ထုတ်လိုက်တာ။ ညှစ်ထုတ်လိုက်တော့ အမ ျှင်ကလေးတွေ ထွက်လာတယ်။ အဲဒီ အမ ျှင်ကလေးတွေကို ဖြတ်တောက်ပြီးတော့ တနေရာမှာ အလွှာပါးလေးဖြစ်အောင် လုပ်ပြီးတော့ အဲဒီ အလွှာပါးကလေးပေါ်မှာ စီထပ်တဲ့ နည်းပညာပေါ့နော်။ အဲဒါက spun bonded ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီနည်းပညာနဲ့ ထုတ်တဲ့ ပိတ်ဖြစ်တဲ့ အတွက်ကြောင့်မို့၊ ချည်ထည်လို အပေါက်တွေ၊ ချည်ကို ရက်တဲ့ ရက်ထည်ကြောင့်ပါတဲ့ အပေါက်တွေ၊ ပျောက်သွားတာ ပေါ့နော်။

နောက်ထပ်အမျိုးအစား တခုကတော့ melt blown ပေါ့လေ။ သူက အသုံးပြုတဲ့ ပစ္စည်းကလည်း ပေါ်လီ ပရိုပလင်းပါပဲ။ သူ့ကိုလည်း ဘာလုပ်သလဲဆိုရင် အဲဒီ ပေါ်လီပရိုပလင်း ကို အရည်ပျော်အောင် လုပ်တယ်။ ပြီးရင်ညှစ်ထုတ်တယ်။ ညှစ်ထုတ်လိုက်တဲ့ ဥစ္စာကို လေပူလေအေး ၂ ခုနဲ့ ပုတ်ပြီးတော့ ညှစ်ထုတ်ပြီးတော့ တနေရာမှာ စုတယ်။ အမ ျှင်ကလေး တွေကို ကိုယ်လိုချင်တဲ့ အထူအပါး အတိုင်းရအောင် စုထားတဲ့ သဘောမျိုး ပဲလေ။ စုထားတဲ့ ပိတ်မျိုးပေါ့။ အဲဒါ မျိုးကို melt blown လို့ခေါ်ပါတယ်။ အဲဒီ melt blown က spun bonded ထက်ပိုပြီးတော့ ကျစ်လစ်တဲ့ သိပ်သည်းတဲ့ အပေါက်နဲတဲ့ ပိတ်စမျိုး ဖြစ်လာပါတယ်။ အဲဒီတော့ နှာခေါင်းစည်း mask မှာ ဒုတိယအလွှာ ဖြစ်တဲ့ melt blown ကတော့ အဓိက ဗိုင်းရပ်စ်ကို အကာကွယ် ပေးတာ ဖြစ်ပါတယ်။”

မေး။. ။“ဒီနှာခေါင်းစည်း ထုတ်ဖို့အတွက် ကုန်ကြမ်းဟာ မြန်မာပြည်မှာ လွယ်လွဝ်ကူကူ ရနိုင်ပါ့မလား ဆရာ”

ဦးအောင်ဇင်။. ။“လောလောဆယ် မြန်မာပြည်ရဲ့ အနေအထားကတော့ အဲဒီကုန်ကြမ်း ထုတ်လုပ်တဲ့ စက်ရုံတွေ မရှိသေးပါဘူး။ အဲဒီအတွက် လောလောဆယ်တော့ မရနိုင်သေးဘူး ခင်ဗျ။ ဒါပေမယ့်လို့ အဲဒီ ပေါ်လီပရိုပလင်း ဆိုတဲ့ ကော်စေ့ အမျိုးအစားကတော့ ကျနော်တို့ နိုင်ငံမှာ သုံးနေပါတယ်။ အဓိက ပလပ်စတိတ် လုပ်ငန်းတွေ ပလပ်စတိတ်ထည်တွေမှာ အဲဒီ ကော်စေ့ကို သုံးပြီးတော့၊ ကော်စေ့ကို အရည်ညှစ်ပြီးတော့ လိုချင်တဲ့ ပလပ်စတိတ် အချပ်တွေ ထုတ်တဲ့ ပုံစံကတော့ ကျနော်တို့ ဆီမှာ လုပ်ပါတယ်ခင်ဗျ။ အဲဒီတော့ ကုန်ကြမ်း အနေနဲ့ ပေါ်လီပရိုပလင်ကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ခြင်း မရှိပေမယ့် ပြည်ပက တင်သွင်းလို့ ရပါတယ်ခင်ဗျ။”

မေး။ ။“စက်တွေ သုံးရမယ်ဆိုရင် ဘယ်လို စက်အမျိုးအစားတွေ သုံးရမလဲ၊ ဘာတွေ လိုမလဲ ဆရာ။”

ဦးအောင်ဇင်။. ။“ခုနက တုန်းက ပိတ်အမျိုးအစား ၂ မျိုးကို ထုတ်တဲ့ စက်အမျိုးအစား ပေါ့လေ။ အဲဒါကတော့ spun bonded ကိုထုတ်တဲ့ စက်အမျိုးအစားရယ်၊melt blown ကိုထုတ်တဲ့ စက်အမျိုးစားရယ်၊ အဲဒီ စက်အမျိုးစားတွေအတွက် ကုန်ကြမ်းကတော့ ပေါ်လီ. ပရိုပလင်း ဆိုတဲ့ ကော်စေ့ကို ကုန်ကြမ်းသုံးပြီးတော့ ပိတ်ဖြစ်အောင် ထုတ်တဲ့ စက်တွေပါ။ အဲဒီ စက်တွေကတော့ လောလောဆယ် ပြည်တွင်းမှာ မရှိသေးဘူး။ ရင်းနှီးမြှုပ်နှံမယ် ဆိုရင်လည်းပဲ ပမာဏက နဲနဲလေးတော့ များတယ်။ နည်းပညာကလည်း နဲနဲတော့ ပါတယ်။ လုပ်ရင်တော့ မဖြစ်ဖူး ဆိုတာ မဟုတ်ဖူး။ ဖြစ်တာတော့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အဆင့်နဲ့ စာလို့ရှိရင် လောလောဆယ် အဲဒီလို ပြည်ပကိုချည်းပဲ ကျနော်တို့က လုံးဝ ပစ်ပယ်လို့ မရဘူး။ သို့သော် အကယ်လို့ ပြည်တွင်းထဲမှာ mask ကို ထုတ်တဲ့ စက်ကိုပေါ့လေ။ အဲလိုစက်တွေကို ပြည်တွင်းထဲမှာ လုပ်မယ် ဆိုရင်တော့ ပြည်ပကနေ နှာခေါင်းစည်း တွေ ဝယ်သုံးနေတာထက် စာလို့ရှိရင် အများကြီး သက်သာတဲ့ နှုန်းထားနဲ့ ကျနော်တို့ ပြည်တွင်းမှာ အစားထိုးပြီး ထုတ်လုပ် နိုင်မယ်လို့ ယူဆပါတယ် ခင်ဗျာ။”

ချည်မ ျှင်နဲ့ အထည်အလိပ် အင်ဂျင်နီယာ ဦးအောင်ဇင်ပါ။ နောက်တပတ်မှာတော့ နှာခေါင်းစည်း ထုတ်ဖို့ လိုအပ်တဲ့ နည်းပညာတွေထဲက နှာခေါင်းစည်း ချုပ်တဲ့နည်းပညာ အကြောင်း ဆက် ပြောပြပေးမယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG