ပျောက်ဆုံး မလေးလေယာဉ်ကို ရှာဖွေရာမှာ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။
ဒီကောင်းကင်ဂြိုဟ်တုတွေဟာ ကမ္ဘာအထက် မိုင် ၃၀၀ ကျော်လောက်မှာ လွှတ်တင်ထားတာပါ။ တနာရီ မိုင်တသောင်းလောက်နဲ့ ကမ္ဘာပါတ်လမ်းထဲမှာ လှည့်ပါတ်နေတဲ့ ဒီဂြိုဟ်တုတွေရဲ့ အရွယ်အစားဟာ ကားတစင်းစာလောက်လေး ပေမယ့် ထောက်လှန်းရေးအတွက် သုံးတဲ့ ဂြိုဟ်တုတွေကတော့ ကား၂စီးစာ ၃ တန်လောက်လေးပါတယ်။
ဆက်သွယ်ရေးဂြိုဟ်တုတွေကိုတော့ ကမ္ဘာအထက် မိုင် ၂ သောင်းနဲ့ ၂ သောင်းခွဲလောက်အမြင့်မှာ လွှတ်တင်ထားပြီး သူတို့ဟာ တနာရီကို မိုင်တသောင်းနဲ့ ၂ သောင်းကြားလှည့်ပါတ်နေတာပါ။ သူတို့ကို ကမ္ဘာရဲ့ လည့်ပါတ်နှုံးနဲ့ ကိုက်အောင် ချိန်ထားတာမို့ ဆက်သွယ်ရေးစံနစ်အတွက် အဆင်ပြေစေတာဖြစ်ပါတယ်။
ထောက်လှန်းရေးဂြိုဟ်တုမှာ ၆ ပေလောက်ရှိတဲ့ မှန်ဘီလူးပါတဲ့၊ အအေးခံထားတဲ့ မီဂါပစ်ဆဲလ် ဒစ်ဂျစ်တယ် ကင်မရာနဲ့ ကမ္ဘာပါတ်လမ်းကြောင်းအထက် အမြင့် မိုင်လေး ငါးရာကနေ ရိုက်ယူရင် ကမ္ဘာပေါ်က ၆ လက်မလောက် အရွယ်အစားရှိတဲ့ အရာဝတ္တုတခုကို ကောင်းကောင်းမြင်နိုင်ပါတယ်။
အခု မလေးလေယာဉ်ပျောက်ကို ရှာဖွေရာမှာ ဂြိုဟ်တုကနေ ပင်လယ်သမုဒ္ဒရာထဲ ကို ရိုက်ယူတာဖြစ်ပြီး ပင်လယ်ထဲ မုန်တိုင်းတိုက်ခတ်နေချိန် တိမ်ဖုံးနေချိန်နဲ့ လှိုင်းကြီးနေချိန်မျိုးတွေမှာ အောက်က အနေထားကို ကောင်းကောင်းမမြင်နိုင်တဲ့ အခါမျိုးရှိပါတယ်။ ဒါပေမယ့် အနီအောက်ရောင်ခြည်နဲ့ မြင်နိုင်တဲ့ ကင်မရာတွေကို သုံးနိုင်သလို ကွန်ပြူတာမှာ software သုံးပြီးလည်း ပြန်လည်စီစစ် ခွဲခြားပေးနိုင် ပါတယ်။