သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျခင္ အခ်က္လက္ ေကာက္ယူမယ့္ Abuzz app


An Anopheles stephensi mosquito

တဝီဝီနဲ႔ ပ်ံေနတဲ့ ျခင္ရဲ့ အသံကိုနားေထာင္ၿပီး ဒါဟာ လူေတြကို အႏၱရာယ္ ေပးႏိုင္တဲ့ ျခင္ဟုတ္မဟုတ္ သိပၸံပညာရွင္ေတြ ဖၚထုတ္ႏိုင္ၿပီ ဆိုတဲ့ အေၾကာင္း တင္ျပေပးပါမယ္။

ျခင္ အခ်က္လက္ ေကာက္ယူမယ့္ Abuzz app
please wait

No media source currently available

0:00 0:07:08 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(Zawgyi)

ကုိယ့္အနားမွာ ျခင္တေကာင္ တဝီဝီနဲ႔ ပ်ံေနမယ္ဆိုရင္ ဒီအသံက စိတ္အေႏွာက္အယွက္ ျဖစ္စရာပါ။ ဒါေပမယ့္ သိပၸံပညာရွင္ေတြကေတာ့ ဒီျခင္ရဲ့ အသံကို နားေထာင္ၿပီး သူဟာ လူေတြအတြက္ အႏၱရာယ္ ေပးႏိုင္ မေပးႏိုင္ဆိုတာကို ေဖၚထုတ္ႏိုင္ပါၿပီ။

((NAT SOUND MOSQUITOES))
အခု ၾကားရတဲ့ အသံပိုင္ရွင္ ျခင္ကေလးေတြဟာ ကမာၻေပၚမွာ လူေတြအတြက္ အႏၱရာယ္ အႀကီးဆံုး သတၱဝါျဖစ္ပါတယ္။

သူတို႔က ငွက္ဖ်ား၊ ငန္းဝါ အဖ်ားနဲ႔ ေသြးလြန္တုပ္ေကြးလို ေရာဂါေတြကို ျဖစ္ေစတဲ့ ဘက္တီးရီးယား ေတြကို သယ္လာတတ္တဲ့ အတြက္ ကမာၻတလႊားမွာ ႏွစ္စဥ္ လူေပါင္း သိန္းနဲ႔ခ်ီ ေသဆံုးရတာပါ။

အခုလို လူကို ေသေစတဲ့အထိ ဒုကၡေပးႏိုင္တဲ့ အေကာင္ေလးေတြကို ဘယ္မွာ ေတြ႔ႏိုင္တယ္ ဆိုတာကို ေစာင့္ၾကည့္ႏိုင္တဲ့ app ကို သိပၸံပညာရွင္ေတြက ထြင္ပါတယ္။. ျခင္ေတြရဲ့ အသံကို သံုးၿပီးထြင္ထားတဲ့ ဒီ app ကို Google ရဲ့ Android ျဖစ္ျဖစ္ Apple ရဲ့ iOS ျဖစ္ျဖစ္ ဘယ္လက္ကိုင္ဖံုးမွာ မဆို သံုးႏိုင္ပါတယ္။

လက္ကိုင္ဖံုးရွိတဲ့ ဘယ္သူမဆို ဒီ app ကို သံုးၿပီး ဘယ္လို ျခင္အမ်ိဳးအစားလဲ ဆိုတာ သိေအာင္ လုပ္ႏိုင္တဲ့အတြက္ ဒီေရာဂါဆိုးေတြ မရေအာင္
တားဆီးႏုိင္တယ္လို႔ ဒီ app တီထြင္တဲ့ အဖြဲ႔က - Haripriya Vaidehi Narayanan က ေျပာပါတယ္။

“ကိုယ့္ အနားမွာ ျခင္တေကာင္ ေရာက္လာတယ္ဆိုရင္ ကိုယ့္ လက္ကိုင္ဖံုးကို ဖြင့္လိုက္ရံုပဲ။ ၿပီးရင္ ဒီ application ကို ဖြင့္ - အဲဒီျခင္ ရွိတဲ့ ေနရာကို ဖံုးနဲ႔ ခ်ိန္လိုက္။ ေနာက္ မွတ္တမ္းတင္တဲ့ record ဆိုတဲ့ ခလုပ္ကို ႏွိပ္လိုက္ရံုပါပဲ”

Narayanan ဟာ Stanford တကၠသိုလ္က ဘြဲ႔လြန္ေက်ာင္းသူတဦး အေနနဲ႔ ဒီစီမံကိန္းမွာ စၿပီး ပါဝင္ခဲ့တာပါ။ သူဟာ အခုအခါမွာေတာ့ Los Angeles က ကယ္လီဖိုးနီးယားျပည္နယ္ တကၠသိုလ္ - ကိုယ္ခံအားဆိုင္ရာ - ေရာဂါၿပီး ပညာဌာနမွာ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။
“ျခင္က သူ႔အေတာင္ပံေတြကို တဖ်ပ္ဖ်ပ္ခတ္ ၿပီး ကိုယ့္နားမွာ စၿပီး ပ်ံဝဲလာမယ္ ဆိုရင္ တဝီဝီနဲ႔ စိတ္ရႈပ္စရာအသံကို ၾကားရမွာပါ။ ဒီအသံကို က်မတို႔က Abuzz app နဲ႔ အသံဖမ္းၿပီး record လုပ္ရပါတယ္”

ျခင္ေတြ သယ္ႏုိင္တဲ့ေရာဂါ အမ်ားအျပား အတြက္ ကုသဖို႔ ေဆးမရွိသလို သူတို႔အတြက္ ကာကြယ္ေဆးလည္း မရွိပါဘူး။ ဒါေၾကာင့္ ဒီေရာဂါေတြ ကို ထိန္းခ်ဳပ္ဖို႔ လုပ္မယ္ ဆိုရင္ အေကာင္းဆံုးနည္းလမ္းက ျခင္ေတြကိုပဲ ပစ္မွတ္ထားႏွိမ္နင္းရမွာ ျဖစ္ပါတယ္။

“ငွက္ဖ်ားတို႔ ေသြးလြန္တုပ္ေကြးတုိ႔လို ျခင္ေၾကာင့္ ျဖစ္တဲ့ ေရာဂါေတြကို ကိုင္တြယ္တဲ့အခါ အေရးအႀကီးဆံုး အဆင့္က ျခင္ေတြ ဘယ္မွာရွိေနတယ္ ဆိုတာကို သိဖို႔ လိုတယ္။”

ဒါေပမယ့္ ျခင္ေတြကိုေစာင့္ၾကည့္မွတ္တမ္းတင္တဲ့ သမရိုးက် နည္းက အခ်ိန္ကုန္သလို စားရိတ္ကလည္း ႀကီးမားပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ျခင္ေတြကို ေထာင္ဖမ္းဖို႔က လူအင္အား အေတာ္လိုသလို ဖမ္းမိတဲ့ျခင္ဟာ ဘာအမ်ိဳးစားလည္း ဆိုတာကို ေျပာႏိုင္ဖို႔လည္း အေသအခ်ာေလ့က်င့္ေပးထားတဲ့ ကၽြမ္းက်င္ပညာရွင္ေတြလည္း လိုအပ္လို႔ပါ။

ျခင္မ်ိဳးစိတ္ေပါင္းက ၃၅၀၀ ေလာက္ရိွပါတယ္။ ဒါေပမယ့္ ဒီအထဲမွာ လူကိုအႏၱရာယ္ေပးႏိုင္တဲ့ မ်ိဳးစိတ္က ၄၀ ေလာက္ပဲ ရွိတယ္လို႔ ဒီစီမံကိန္းမွာ စံုစမ္းေရးအတြက္ အဓိကတာဝန္ယူထားတဲ့ Stanford တကၠသိုလ္ ဇီဝအင္ဂ်င္နီယာ ဌာနက ပါေမာကၡ Manu Prakash က ေျပာပါတယ္။

“ကိုယ့္ အိမ္ၿခံဝင္းထဲမွာ ရွိေနတဲ့ ျခင္ဟာ စိတ္အေႏွာက္ယွက္ပဲ ေပးတဲ့ျခင္လား လူအတြက္ အႏၱရာယ္ ျဖစ္ေစႏုိင္တဲ ျခင္လား ဆိုတာ သိဖို႔ လုိပါတယ္။ ”

ဒီလို သိႏိုင္ဖို႔ Prakash ရဲ့ အဖြဲ႔က ျခင္ေတြရဲ့ အသံကို နားေထာင္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ အဓိကအေၾကာင္းက ျခင္ေတြဟာ သူတုိ႔ရဲ့ အေတာင္ေတြကို အေပၚေအာက္ ခတ္ခဲ့အခါ ျမည္တဲ့ အသံက ျခင္မ်ိဳး တမ်ိဳးနဲ႔ တမ်ိဳး မတူၾကတာေၾကာင့္ ျဖစ္ပါတယ္။ မ်ိဳးစိတ္တိုင္းအတြက္ တမ်ိဳးနဲ႔ တမ်ိဳး တဝီဝီျမည္သံဟာ နဲနဲေလးစီ ေလာက္ေတာ့ ကြဲၾကပါတယ္။

((NAT SOUND MOSQUITOES))
အခု ၾကားရတဲ့ အသံဟာ စိတ္အေႏွာက္အယွက္ပဲ ေပးတဲ့ ျခင္တေကာင္ရဲ့ အသံပါ။ ဒီအမ်ိဳးအစားက လူေတြမွာ ေရာဂါျဖစ္ေစတဲ့ ကပ္ပါးေကာင္ေတြကို သယ္လာ တတ္တဲ့ အမ်ိဳးစား မဟုတ္ပါဘူး။

((NAT SOUND MOSQUITOES))
အခု ၾကားရတဲ အသံကေတာ့ ငွက္ဖ်ားေရာဂါ သယ္ေဆာင္ႏိုင္တဲ့ အႏၱရာယ္ ေပးႏိုင္ေျခရွိတဲ့ ျခင္အမ်ိဳးအစား ရဲ့ တဝီဝီ ျမည္သံ ျဖစ္ပါတယ္။

ဒီျခင္ရဲ့ ဝီသံကို လက္ကိုင္ဖံုးထဲက Abuzz app နဲ႔ ဖံုးသံုးသူက မွတ္တမ္းတင္ႏိုင္ပါတယ္။ အသံဖမ္းတာကလည္း တစကၠန္႔ - ၂ စကၠန္႔ေလာက္ပဲ လုိပါတယ္။ အဲဒီအသံကို application က သူ႔မွာ ရွိတဲ့ database အခ်က္အလက္ေတြနဲ႔ ႏိႈင္းယွဥ္ၿပီး ဘယ္လို ျခင္မ်ိဳးစိတ္မ်ိဳး ျဖစ္ႏိုင္တယ္ ဆိုတာကို ထုတ္ေပးပါတယ္။

တကယ္ေတာ့ ဆဲလ္ဖံုး လို႔ေခၚတဲ့ လက္ကိုင္ဖံုးေတြ ဒါမွမဟုတ္ စမတ္ဖံုးေတြဟာ ဘီလီယံနဲ႔ ခ်ီတဲ့ လူေတြရဲ့ လက္ထဲမွာ ေရာက္ေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ အရင္တုန္းက မလုပ္ႏိုင္ခဲ့ေပမယ့္ အခု ျခင္ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ေစာင့္ၾကည့္ ႏိုင္ၿပီလို႔ သူတို႔ အဖြဲ႔က ေျပာပါတယ္။

“ဒီ App ကို သံုးဖို႔အတြက္ စမတ္ဖံုး အမ်ိးအစား သိပ္ေကာင္းေကာင္း ရွိစရာမလိ္ုပါဘူး။ ရိုးရိုး လက္ကိုင္ဖံုး ေလာက္ဆို ေကာင္းေကာင္း သံုးလို႔ ရပါၿပီ။ ”

ကမာၻတလႊားက လူေတြ ေပးတဲ့ အခ်က္အလက္ေတြေပၚမူတည္ၿပီး အႏၱရာယ္ႀကီးတဲ့ ျခင္အမ်ိဳးအစား ေတြ ဘယ္မွာ ေနတယ္ ဆိုတာကို ျပတဲ့ ေျမပံုေတြကို ဒီ application က တေျဖးေျဖးထုတ္ယူပါတယ္။

ဒါဟာ သိပၸံပညာရွင္ေတြ အတြက္ အေထာက္အကူ ျဖစ္ေစရံုတင္ မကပဲ က်န္းမာေရးအာဏာပိုင္ေတြ အတြက္လည္း ဘယ္ေဒသမွာ ဘာေရာဂါ ျဖစ္လာေတာ့မယ္ ဆိုတာနဲ႔
ဘယ္ေနရာမွာေတာ့ ျခင္ႏိွမ္နင္းေရး လုပ္ရမယ္ ဆုိတာေတြကို ခန္႔မွန္းတြက္ဆ ႏိုင္မွာ ျဖစ္ပါတယ္။

အခုလုိမ်ိဳး လူမႈအသိုင္းအဝိုင္းကပါ ပါဝင္ လုပ္ေဆာင္မႈမ်ိဳးဟာ ျခင္ကေန ျဖစ္တဲ့ ေရာဂါဆိုင္ရာ ျပႆနာႀကီးေတြကို ေျဖရွင္းရာမွာ အဓိက က႑ကေန ပါဝင္မယ္လို႔လည္း Prakash က ယံုၾကည္ပါတယ္။

“ဒီအသံုးခ်နည္းက လူမ်ားမ်ား ပါဝင္လာေလ ပိုေကာင္းေလမို႔ က်ေနာ္တို႔ သိပ္စိတ္လႈပ္ရွားေနတာပါ။ ခပ္ရွင္းရွင္း ေျပာမယ္ဗ်ာ။ တကယ္လို႔ ေန႔တိုင္းလိုလိုပဲ သိန္းနဲ႔ ခ်ီတဲ့ လူေတြက ျခင္ေတြကို မွတ္တမ္းတင္ၾကမယ္ ဆိုရင္ တြက္ၾကည့္စမ္းပါ။ တကမာၻလံုးပါလာဖို႔ လိုအပ္ေနတဲ့ အသိုင္းဝိုင္းမ်ိဳးကို ဖန္တီးေပးမယ့္ သေဘာျဖစ္ပါတယ္။”

Abuzz app ကို ဒီဇင္ဘာ ဒါမွမဟုတ္ ဇန္နဝါရီ ေလာက္မွာfree download လုပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

အျပည့္အစံုကို abuzz.stanford.edu. ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာမွာ သြားေရာက္ ၾကည့္ရႈႏိုင္ပါတယ္။

ၿဗိတိန္ႏုိင္ငံ Oxford တကၠသိုလ္က ေနာက္ သုေတသနပညာရွင္မ်ား အဖြဲ႔တဖြဲ႔ကလည္း အလားတူ ပဲ လက္ကိုင္ဖံုး သံုး app တခု ျဖစ္တဲ့ Mozzwear ကို သံုးၿပီး ငွက္ဖ်ား ျခင္ေတြကို သူတုိ႔ရဲ့ အသံေတြနဲ႔ ခြဲျခားသိဖို႔ ႀကိဳးစားေနတာပါ။

((NAT SOUND MOSQUITOES))
ျခင္ေတြရဲ့ တဝီဝီျမည္တဲ့ အသံၾကားလုိက္တာနဲ႔ အမ်ားစုက ရိုက္ဖို႔ ျပင္ေနၾကေပမယ့္ ျခင္ကို မရိုက္ခင္ လက္ကိုင္ဖံုးကို ထုတ္ၿပီး အရင္ မွတ္တမ္းတင္ၾကဖို႔
သုေတသန ပညာရွင္ေတြကေမ ွ်ာ္လင့္ ေနၾကေၾကာင္း

VOA သတင္းေထာက္ Asher Jones ရဲ့ ေျပာၾကားခ်က္ကို တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔ နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

(Unicode)

ကိုယ့်အနားမှာ ခြင်တကောင် တဝီဝီနဲ့ ပျံနေမယ်ဆိုရင် ဒီအသံက စိတ်အနှောက်အယှက် ဖြစ်စရာပါ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီခြင်ရဲ့ အသံကို နားထောင်ပြီး သူဟာ လူတွေအတွက် အန္တရာယ် ပေးနိုင် မပေးနိုင်ဆိုတာကို ဖေါ်ထုတ်နိုင်ပါပြီ။

((NAT SOUND MOSQUITOES))
အခု ကြားရတဲ့ အသံပိုင်ရှင် ခြင်ကလေးတွေဟာ ကမ္ဘာပေါ်မှာ လူတွေအတွက် အန္တရာယ် အကြီးဆုံး သတ္တဝါဖြစ်ပါတယ်။

သူတို့က ငှက်ဖျား၊ ငန်းဝါ အဖျားနဲ့ သွေးလွန်တုပ်ကွေးလို ရောဂါတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယား တွေကို သယ်လာတတ်တဲ့ အတွက် ကမ္ဘာတလွှားမှာ နှစ်စဉ် လူပေါင်း သိန်းနဲ့ချီ သေဆုံးရတာပါ။

အခုလို လူကို သေစေတဲ့အထိ ဒုက္ခပေးနိုင်တဲ့ အကောင်လေးတွေကို ဘယ်မှာ တွေ့နိုင်တယ် ဆိုတာကို စောင့်ကြည့်နိုင်တဲ့ app ကို သိပ္ပံပညာရှင်တွေက ထွင်ပါတယ်။. ခြင်တွေရဲ့ အသံကို သုံးပြီးထွင်ထားတဲ့ ဒီ app ကို Google ရဲ့ Android ဖြစ်ဖြစ် Apple ရဲ့ iOS ဖြစ်ဖြစ် ဘယ်လက်ကိုင်ဖုံးမှာ မဆို သုံးနိုင်ပါတယ်။

လက်ကိုင်ဖုံးရှိတဲ့ ဘယ်သူမဆို ဒီ app ကို သုံးပြီး ဘယ်လို ခြင်အမျိုးအစားလဲ ဆိုတာ သိအောင် လုပ်နိုင်တဲ့အတွက် ဒီရောဂါဆိုးတွေ မရအောင်
တားဆီးနိုင်တယ်လို့ ဒီ app တီထွင်တဲ့ အဖွဲ့က - Haripriya Vaidehi Narayanan က ပြောပါတယ်။

“ကိုယ့် အနားမှာ ခြင်တကောင် ရောက်လာတယ်ဆိုရင် ကိုယ့် လက်ကိုင်ဖုံးကို ဖွင့်လိုက်ရုံပဲ။ ပြီးရင် ဒီ application ကို ဖွင့် - အဲဒီခြင် ရှိတဲ့ နေရာကို ဖုံးနဲ့ ချိန်လိုက်။ နောက် မှတ်တမ်းတင်တဲ့ record ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်ရုံပါပဲ”

Narayanan ဟာ Stanford တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသူတဦး အနေနဲ့ ဒီစီမံကိန်းမှာ စပြီး ပါဝင်ခဲ့တာပါ။ သူဟာ အခုအခါမှာတော့ Los Angeles က ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် - ကိုယ်ခံအားဆိုင်ရာ - ရောဂါပြီး ပညာဌာနမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
“ခြင်က သူ့အတောင်ပံတွေကို တဖျပ်ဖျပ်ခတ် ပြီး ကိုယ့်နားမှာ စပြီး ပျံဝဲလာမယ် ဆိုရင် တဝီဝီနဲ့ စိတ်ရှုပ်စရာအသံကို ကြားရမှာပါ။ ဒီအသံကို ကျမတို့က Abuzz app နဲ့ အသံဖမ်းပြီး record လုပ်ရပါတယ်”

ခြင်တွေ သယ်နိုင်တဲ့ရောဂါ အများအပြား အတွက် ကုသဖို့ ဆေးမရှိသလို သူတို့အတွက် ကာကွယ်ဆေးလည်း မရှိပါဘူး။ ဒါကြောင့် ဒီရောဂါတွေ ကို ထိန်းချုပ်ဖို့ လုပ်မယ် ဆိုရင် အကောင်းဆုံးနည်းလမ်းက ခြင်တွေကိုပဲ ပစ်မှတ်ထားနှိမ်နင်းရမှာ ဖြစ်ပါတယ်။

“ငှက်ဖျားတို့ သွေးလွန်တုပ်ကွေးတို့လို ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကိုင်တွယ်တဲ့အခါ အရေးအကြီးဆုံး အဆင့်က ခြင်တွေ ဘယ်မှာရှိနေတယ် ဆိုတာကို သိဖို့ လိုတယ်။”

ဒါပေမယ့် ခြင်တွေကိုစောင့်ကြည့်မှတ်တမ်းတင်တဲ့ သမရိုးကျ နည်းက အချိန်ကုန်သလို စားရိတ်ကလည်း ကြီးမားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခြင်တွေကို ထောင်ဖမ်းဖို့က လူအင်အား အတော်လိုသလို ဖမ်းမိတဲ့ခြင်ဟာ ဘာအမျိုးစားလည်း ဆိုတာကို ပြောနိုင်ဖို့လည်း အသေအချာလေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း လိုအပ်လို့ပါ။

ခြင်မျိုးစိတ်ပေါင်းက ၃၅၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် ဒီအထဲမှာ လူကိုအန္တရာယ်ပေးနိုင်တဲ့ မျိုးစိတ်က ၄၀ လောက်ပဲ ရှိတယ်လို့ ဒီစီမံကိန်းမှာ စုံစမ်းရေးအတွက် အဓိကတာဝန်ယူထားတဲ့ Stanford တက္ကသိုလ် ဇီဝအင်ဂျင်နီယာ ဌာနက ပါမောက္ခ Manu Prakash က ပြောပါတယ်။

“ကိုယ့် အိမ်ခြံဝင်းထဲမှာ ရှိနေတဲ့ ခြင်ဟာ စိတ်အနှောက်ယှက်ပဲ ပေးတဲ့ခြင်လား လူအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ ခြင်လား ဆိုတာ သိဖို့ လိုပါတယ်။ ”

ဒီလို သိနိုင်ဖို့ Prakash ရဲ့ အဖွဲ့က ခြင်တွေရဲ့ အသံကို နားထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဓိကအကြောင်းက ခြင်တွေဟာ သူတို့ရဲ့ အတောင်တွေကို အပေါ်အောက် ခတ်ခဲ့အခါ မြည်တဲ့ အသံက ခြင်မျိုး တမျိုးနဲ့ တမျိုး မတူကြတာကြောင့် ဖြစ်ပါတယ်။ မျိုးစိတ်တိုင်းအတွက် တမျိုးနဲ့ တမျိုး တဝီဝီမြည်သံဟာ နဲနဲလေးစီ လောက်တော့ ကွဲကြပါတယ်။

((NAT SOUND MOSQUITOES))
အခု ကြားရတဲ့ အသံဟာ စိတ်အနှောက်အယှက်ပဲ ပေးတဲ့ ခြင်တကောင်ရဲ့ အသံပါ။ ဒီအမျိုးအစားက လူတွေမှာ ရောဂါဖြစ်စေတဲ့ ကပ်ပါးကောင်တွေကို သယ်လာ တတ်တဲ့ အမျိုးစား မဟုတ်ပါဘူး။

((NAT SOUND MOSQUITOES))
အခု ကြားရတဲ အသံကတော့ ငှက်ဖျားရောဂါ သယ်ဆောင်နိုင်တဲ့ အန္တရာယ် ပေးနိုင်ခြေရှိတဲ့ ခြင်အမျိုးအစား ရဲ့ တဝီဝီ မြည်သံ ဖြစ်ပါတယ်။

ဒီခြင်ရဲ့ ဝီသံကို လက်ကိုင်ဖုံးထဲက Abuzz app နဲ့ ဖုံးသုံးသူက မှတ်တမ်းတင်နိုင်ပါတယ်။ အသံဖမ်းတာကလည်း တစက္ကန့် - ၂ စက္ကန့်လောက်ပဲ လိုပါတယ်။ အဲဒီအသံကို application က သူ့မှာ ရှိတဲ့ database အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး ဘယ်လို ခြင်မျိုးစိတ်မျိုး ဖြစ်နိုင်တယ် ဆိုတာကို ထုတ်ပေးပါတယ်။

တကယ်တော့ ဆဲလ်ဖုံး လို့ခေါ်တဲ့ လက်ကိုင်ဖုံးတွေ ဒါမှမဟုတ် စမတ်ဖုံးတွေဟာ ဘီလီယံနဲ့ ချီတဲ့ လူတွေရဲ့ လက်ထဲမှာ ရောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အရင်တုန်းက မလုပ်နိုင်ခဲ့ပေမယ့် အခု ခြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့် နိုင်ပြီလို့ သူတို့ အဖွဲ့က ပြောပါတယ်။

“ဒီ App ကို သုံးဖို့အတွက် စမတ်ဖုံး အမျိးအစား သိပ်ကောင်းကောင်း ရှိစရာမလိုပါဘူး။ ရိုးရိုး လက်ကိုင်ဖုံး လောက်ဆို ကောင်းကောင်း သုံးလို့ ရပါပြီ။ ”

ကမ္ဘာတလွှားက လူတွေ ပေးတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး အန္တရာယ်ကြီးတဲ့ ခြင်အမျိုးအစား တွေ ဘယ်မှာ နေတယ် ဆိုတာကို ပြတဲ့ မြေပုံတွေကို ဒီ application က တဖြေးဖြေးထုတ်ယူပါတယ်။

ဒါဟာ သိပ္ပံပညာရှင်တွေ အတွက် အထောက်အကူ ဖြစ်စေရုံတင် မကပဲ ကျန်းမာရေးအာဏာပိုင်တွေ အတွက်လည်း ဘယ်ဒေသမှာ ဘာရောဂါ ဖြစ်လာတော့မယ် ဆိုတာနဲ့
ဘယ်နေရာမှာတော့ ခြင်နှိမ်နင်းရေး လုပ်ရမယ် ဆိုတာတွေကို ခန့်မှန်းတွက်ဆ နိုင်မှာ ဖြစ်ပါတယ်။

အခုလိုမျိုး လူမှုအသိုင်းအဝိုင်းကပါ ပါဝင် လုပ်ဆောင်မှုမျိုးဟာ ခြင်ကနေ ဖြစ်တဲ့ ရောဂါဆိုင်ရာ ပြဿနာကြီးတွေကို ဖြေရှင်းရာမှာ အဓိက ကဏ္ဍကနေ ပါဝင်မယ်လို့လည်း Prakash က ယုံကြည်ပါတယ်။

“ဒီအသုံးချနည်းက လူများများ ပါဝင်လာလေ ပိုကောင်းလေမို့ ကျနော်တို့ သိပ်စိတ်လှုပ်ရှားနေတာပါ။ ခပ်ရှင်းရှင်း ပြောမယ်ဗျာ။ တကယ်လို့ နေ့တိုင်းလိုလိုပဲ သိန်းနဲ့ ချီတဲ့ လူတွေက ခြင်တွေကို မှတ်တမ်းတင်ကြမယ် ဆိုရင် တွက်ကြည့်စမ်းပါ။ တကမ္ဘာလုံးပါလာဖို့ လိုအပ်နေတဲ့ အသိုင်းဝိုင်းမျိုးကို ဖန်တီးပေးမယ့် သဘောဖြစ်ပါတယ်။”

Abuzz app ကို ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီ လောက်မှာfree download လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

အပြည့်အစုံကို abuzz.stanford.edu. ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က နောက် သုတေသနပညာရှင်များ အဖွဲ့တဖွဲ့ကလည်း အလားတူ ပဲ လက်ကိုင်ဖုံး သုံး app တခု ဖြစ်တဲ့ Mozzwear ကို သုံးပြီး ငှက်ဖျား ခြင်တွေကို သူတို့ရဲ့ အသံတွေနဲ့ ခွဲခြားသိဖို့ ကြိုးစားနေတာပါ။

((NAT SOUND MOSQUITOES))
ခြင်တွေရဲ့ တဝီဝီမြည်တဲ့ အသံကြားလိုက်တာနဲ့ အများစုက ရိုက်ဖို့ ပြင်နေကြပေမယ့် ခြင်ကို မရိုက်ခင် လက်ကိုင်ဖုံးကို ထုတ်ပြီး အရင် မှတ်တမ်းတင်ကြဖို့
သုတေသန ပညာရှင်တွေကမေ ျှာ်လင့် နေကြကြောင်း

VOA သတင်းထောက် Asher Jones ရဲ့ ပြောကြားချက်ကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG