သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NASA နဲ့ ဂြိုဟ်တုများ


Mini Satellite Launch
Mini Satellite Launch
ကမ္ဘာ့လေထုထဲမှာဖြစ်စေ လေထုရဲ့ အပေါ်ယံလွှာမှာဖြစ်စေ ပျံသန်းမှုဆိုင်ရာ သုတေသနတွေလုပ်ဖို့ ၁၉၅၈ ခုနှစ်အောက်တိုဘာလ ၁ရက်နေ့မှာ အမေရိကန်သမ္မတနဲ့ လွှတ်တော်က အာသာကစူးစမ်းလေ့လာရေးအဖွဲ့ နာဆာကို မွေးဖွားပေးလိုက်ပါတယ်။ အခုလို နာဆာအဖွဲ့ပေါ်ပေါက်လာတာဟာ ရုရှားရဲ့ အာကာသထဲ ပထမဆုံး စေလွှတ်လိုက်တဲ့ Sputnik 1 ဂြိုဟ်တု ကြောင့် ဆိုရင် မမှားပါဘူး။

သမတ Dwight D Eisenhower လက်ထက်မှာ ၁၉၅၇ ဇူလိုင်လဆန်းကနေ ၁၉၅၈ ဒီဇင်ဘာလကုန်အတွင်းကျရောက်တဲ့ IGY နိုင်ငံတကာ ဘူမိရူပနှစ် အထိမ်းအမှတ် အတွက် ကမ္ဘာပတ်လမ်းကြောင်းထဲ သိပ္ပံလေ့လာရေး ဂြိုဟ်တုတွေ လွှတ်တင်ဖို့ အတည်ပြုပေးခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများ မြေကမ္ဘာသိပ္ပံ အချက်အလက် စုဆောင်းရေး IGY အတွက် ၁၉၅၇ အောက်တိုဘာလမှာ ရုရှားက Sputnik 1 ဂြိုဟ်တုလွှတ်တင်လိုက်ချိန်မှာတော့ အာကာသဆိုင်ရာ သုတေသန တွေကို အပြိုင်အဆိုင် လုပ်လာကြပါတော့တယ်။

၁၉၅၈ ခု ဇန်နဝါရီလကုန်မှာ အမေရိကန်ပြည်ထောင်စုက ပထမဆုံး ဂြိုဟ်တု Explorer 1 ကို လွှတ်တင်နိုင်ခဲ့ပြီး ကမ္ဘာကို ဝန်းရံထားတဲ့ ဓါတ်ရောင်ခြည်ဇုံ Van Allen Radiation Belt ရှိနေတယ် ဆိုတာကို ဖေါ်ပြနိုင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက နာဆာ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ကို ထူထောင်ခဲ့ပြီး လပိုင်းအတွင်းမှာပဲ အာကာသစူးစမ်းရေးတွေ စတင်လုပ်ဆောင် ခဲ့သလို နောက်ပိုင်းမှာ ဂြိုဟ်တုအမျိုးအစား အများအပြားကို လွှတ်တင်နိုင်ခဲ့တယ် လို့ နာဆာက သိပွံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

ဂြိုဟ်တုတွေကို အသုံးပြုတဲ့ပေါ်မူတည်ပြီး အမျိုးအစား ခွဲလို့ ရပါတယ်။
ဒုံးခွင်းဒုံးအဖြစ်သုံးတဲ့ ဖျက်ဆီးရေးဂြိုဟ်တု၊ ဂြိုဟ်အတု ကိုသုံးပြီး ဂြိုဟ်အစစ်တွေကို လေ့လာတဲ့ Astronomical Satellite ဇီဝလေ့လာရေး Bio satellite ကမ္ဘာ့ပထဝီနဲ့ ဘူမိဗေဒ လေ့လာရေးအတွက်သုံးတဲ့ Earth Observation Satellite ထောက်လှန်းရေးသုံးဂြိုဟ်တု၊ ဆက်သွယ်ရေးဂြိုဟ်တုတွေနဲ့ ရာသီဥတုအတွက် သုံးတဲ့ဂြိုဟ်တုတွေ၊ Navigation satellite လို့ခေါ်တဲ့ GPS စံနစ်သုံးတဲ့ ခရီးသွားလာရေးအတွက် ဂြိုဟ်တုတွေ လည်း ရှိပါတယ်။

အလေးချိန်ကိုကြည့်ပြီး ခွဲထားတာကတော့ မိုက်ခရို micro satellite တို့ သိပ်ပြီးသေးငယ်တဲ့ nano satellite တို့ဖြစ်ပါတယ်။ အာကာသထဲမှာ ဂြိုဟ်တုသေးသေးလေးတွေကို တွဲဆက်ထားတာမျိုးလည်း ရှိပါတယ်။

လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုပေါင်း ၆၀၀၀ ကျော်မှာ ထက်ဝက်လောက်က အသုံးပြုတဲ့ လောင်စာကုန်ပြီး သက်တမ်းကုန်သွားပြီဖြစ်ပါတယ်။ ဒီလို ဂြိုဟ်တုတွေ အတွက် သင်္ချ ိုင်းကိုပါ ဖန်တီးပေးထားရတာပါ။ ဂြိုဟ်တုပျက်တွေထားရာ ပါတ်လမ်းတခုဆီရောက်အောင် ပစ်တင်ထားရတာကို ဂြိုဟ်တုသင်္ချ ိုင်း လို့ခေါ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ဂြိုဟ်တုပေါင်းကတော့ တထောင်လောက် ရှိနေပါတယ်။
XS
SM
MD
LG