သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီဇေျပာင္း ကိုရိုနာဗိုင္းရပ္စ္ ပိုးသစ္မ်ား


Covid 19

ကိုရိုနာဗုိင္းရပ္စ္ကပ္ေရာဂါ ျဖစ္ပြါးတာ တႏွစ္ရွိလာခ်ိန္မွာ ဒီေရာဂါအတြက္ ကာကြယ္ေဆးေတြ ရလာၿပီျဖစ္ေပမယ့္ စိုးရိမ္စရာေကာင္းေအာင္ ကူးစက္ျမန္တဲ့ ဗီဇေျပာင္းပိုးသစ္ေတြရဲ့ အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရပါတယ္။ ဒီပိုးသစ္ေတြ အေၾကာင္း အဏုဇီဝေဗဒ ပညာရွင္ မခင္ဇာဝင္းျပည့္က ေျပာျပ ေပးမွာပါ

ဗီဇေျပာင္း ကိုရိုနာဗိုင္းရပ္စ္ ပိုးသစ္မ်ား
please wait

No media source currently available

0:00 0:07:14 0:00
တိုက္႐ိုက္ လင့္ခ္


Unicode/Zawgyi

(Zawgyi)

ကိုရိုနာဗုိင္းရပ္စ္ကပ္ေရာဂါ ျဖစ္ပြါးတာ တႏွစ္ရွိလာခ်ိန္မွာ ဒီေရာဂါအတြက္ ကာကြယ္ေဆးေတြ ရလာၿပီျဖစ္ေပမယ့္ စိုးရိမ္စရာေကာင္းေအာင္ ကူးစက္ျမန္တဲ့ ဗီဇေျပာင္းပိုးသစ္ေတြရဲ့ အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရပါတယ္။ ဒီပိုးသစ္ေတြ အေၾကာင္း အဏုဇီဝေဗဒ ပညာရွင္ မခင္ဇာဝင္းျပည့္ကို ေမးျမန္းၿပီး တင္ျပေပးပါ့မယ္။

မခင္ဇာဝင္းျပည့္။. SARS-CoV-2 ရဲ့ gene မ်ိဳးဗီဇကို ေတြ႔တာက ၂၀၁၉ မွာ ဒီဇင္ဘာမွာ တရုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ စေတြ႔ခဲ့တာ။ အဲဒါက ေနၿပီးေတာ့ ေဖေဖၚဝါရီလ ေလာက္မွာ ဥေရာပမွာ စၿပီးေတာ့ ျပန္႔တယ္။ ၂၀၂၀ ေဖေဖၚဝါရီမွာ အသြင္ေျပာင္း mutation တခု ထြက္လာတယ္။ ဒါက D614G ဆိုၿပီးေတာ့။ အဲဒီကေန ၂၀၂၀ ဇြန္လေလာက္မွာ WHO ကေနေၾကညာတယ္။ တကမာၻ လံုးမွာ ျပန္႔ေနၿပီ။ ဒီ D614G mutation ေပါ့။ မ်ိဳးဗီဇေျပာင္းသြားတဲ့ ဗုိင္းရပ္စ္အမ်ိဳးအစားက တကမာၻလံုးကို ျပန္႔သြားၿပီ ဆိုၿပီးေတာ့။

အဲဒီကေနမွ ေနာက္ဆက္တြဲဘာျဖစ္လဲ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ sequencing လုပ္တယ္။ မူလ အေနထားဘယ္လိုရွိတယ္ ဆိုတာ သိေအာင္ လုပ္ေတာ့ ၾသဂုတ္လ ေလာက္မွာ ဒီ D614G အမ်ိဳးအစားက ျမန္မာျပည္မွာ ေရာက္ေနၿပီ ဆိုၿပီးေတာ့ က်န္းမာေရးဦးစီးဌာနက ေၾကညာခဲ့တယ္။ အဲဒီအခ်ိန္မွာ ဆိုရင္ တကမာၻလံုးကို ျပန္႔ေနၿပီေပါ့ေနာ္။ ဒီ ျမန္မာႏုိင္ငံမွာ ေတြ႔တဲ့ ဗီဇေျပာင္းတဲ့ဟာက က်န္တာေတြကို သူတုိ႔ ဆက္ၿပီးေတာ့ sequencing လုပ္၊ ဆက္ၿပီးေတာ့ ရွာေဖြရအံုးမယ္လို႔ ထင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ D614G ေတြ႔ရၿပီး အဲဒီကေန ၿပီးသြားခ်ိန္မွာ ဘယ္မ်ိဳးစိတ္ - ဘယ္မ်ိဳးဗီဇေျပာင္းတယ္ ဆိုတဲ့ဟာကို မေတြ႔ရေသးဘူး။ က်န္းမာေရးဝန္ႀကီးဌာနကေရာ၊ တရားဝင္ ေၾကညာတာ မရွိေသးပါဘူး။”

ေမး။. ။“ဒီၿဗိတိန္မွာ ေတြ႔တဲ့ ပိုးမ်ိဳးနဲ႔ ေနာက္ပိုင္းမွာ ဘာေတြ ဆက္ေျပာင္းလဲတာ ေတြ႕႔ရလဲ ေျပာျပေပးပါ။”

မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့ပါ။ ၿဗိတိန္ျဖစ္တဲ့ဟာက သူစၿပီးေတာ့ မ်ိဳးဗီဇေျပာင္းလဲတာကို ေတြ႔တာက စက္တင္ဘာ ၂၀၂၀ မွာ စေတြ႔ပါတယ္။ အဲဒီကေန ေနာက္ဆက္တြဲသူတို႔ ဒီဟာကို လုိက္စစ္တဲ့အခါမွာ မ်ိဳးဗီဇေျပာင္းတဲ့ strain မ်ိဳးကြဲ ကို သူတုိ႔ ႏိုင္ငံေပါင္း ၅၀ ေက်ာ္မွာ သူတုိ႔ ေတြ႔ခဲ့ၿပီးၿပီ။ အခုထိေတာ့ ဆက္ၿပီးေတာ့ ရွာေနတုန္းပဲေပါ့။ ဘယ္နားေတြမွာ ရွိမလဲ ဆိုတာ ဆက္ၿပီး ရွာေနတုန္းပဲ။

သူက ၃၀% ကေန ၅၀ % အထိ ကူးစက္ျမန္တယ္ေပါ့ေနာ္။

၃၀ ကေန ၅၀ % ဆိုတာက - တကယ္လို႔ ၅၀ % ပိုၿပီး ကူးႏိုင္တယ္ ဆိုတာက- ၂ ဆခန္႔ ပိုၿပီးေတာ့ ကူးႏိုင္တယ္ ဆိုတာပါ။ အဲဒီ ၿဗိတိန္မွာ ေတြ႔ရတဲ့ total mutation က ၂၃ ခု ရွိတယ္ေပါ့။ အဲဒီကေန ထပ္ၿပီးေတာ့ ျဖစ္သြားတာကေတာ့ ေတာင္အာဖရိက mutant ရွိတယ္။ ဘရာဇီးလ္ mutant ရွိတယ္။ အခု ေနာက္ဆံုး ကယ္လီဖိုးနီးယား mutant ရွိတယ္ေပါ့။

ေတာင္အာဖရိက mutant ဆိုရင္ သူ႔ရဲ့ အဓိက အေရးႀကီးတာက spike mutation ေပါ့။ spike mutation ဆိုလို႔ရွိရင္ spike ရဲ့ ပရိုတိန္းေပါ့ေနာ္။ ဒီ ဗိုင္းရပ္စ္ရဲ့ ဆူးခၽြန္ေလး ေပၚမွာ အသြင္ေျပာင္းတာ mutation က ရွိတယ္။ အဲဒါက လူရဲ့ လက္ခံေနရာမွာ သြားေပါင္းတဲ့ ေနရာမွာ နဲနဲ အေျပာင္းအလဲ ရွိတယ္။ အဲဒါေၾကာင့္ ဒီမ်ိဳးစိတ္အကူးခံရတဲ့ လူမွာ viral Load က ပိုျမင့္တယ္လို႔ အခု ေလာေလာဆယ္ ေလ့လာေတြ႔ရွိထားတယ္။ ဒီဟာရဲ့ အက်ိဳးဆက္က ဘာလဲ ဆိုေတာ့ ပိုၿပီးေတာ့ ကူးစက္ျမန္ႏိုင္တယ္ ပဲ ရွိေသးတယ္။ သူတို႔ ဒါကို ေလ့လာခ်က္ ထပ္လုပ္ရအံုးမယ္။”

ေမး။. ။“ဒါက ေတာင္အာဖရိက ဗီဇေျပာင္းမ်ိဳးသစ္ေပါ့။ ေနာက္ ဘရာဇီးလ္ ကက်ေတာ့ေရာ။“

မခင္ဇာဝင္းျပည့္။. ။“ဘရာဇီးလ္ ကက်ေတာ့ သူလဲ အဲလိုပဲ။ mutation ကေတာ့ သံုးခု- သံုးေနရာလား မသိဘူးရွိတယ္။ အဲဒီမွာက spike mutation က အာဖရိကက ေျပာင္းတာနဲ႔ တူတူပဲ ျဖစ္တဲ့ အတြက္ေၾကာင့္ သူ႔ရဲ့ အေျခေနကလည္း တူတူပဲလို႔ ထင္ရတယ္ ေပါ့ေနာ္။ ဒါေပမယ့္ သူတို႔ ဘာေတြ သက္ေရာက္မႈရွိမယ္၊ ကြာအံုးမလဲ ဆိုတာကို ၾကည့္ရအံုးမယ္။ ဒီဘရာဇီးလ္မ်ိဳးကေတာ့ အရင္ႏွစ္ ဒီဇင္ဘာ ၁၅ ရက္ ၂၃ ရက္ ေလာက္ အတြင္းမွာ ေတြ႔ခဲ့တယ္။ အခုဆိုရင္ေတာ့ သူက ဒီ စစ္သမ ွ် ဟာေတြရဲ့ ၄၂ ရာခိုင္ႏႈန္းေလာက္က အဲဒီ mutant ေတြခ်ည္းပဲ ျဖစ္ေနတယ္။

ေနာက္ဆံုး အေနနဲ႔ေတြ႔တဲ့ဟာကေတာ့ ကယ္လီဖိုးနီးယား mutant ေပါ့ေနာ္။ ကယ္လီဖိုးနီးယား mutant ဆိုလို႔ရွိရင္ သူက bio genome တခုလံုးမွာ ေျပာင္းေနတာက ၅ ေနရာေလာက္ ျဖစ္ေနတယ္။

ဒီ ကယ္လီဖိုးနီးယား mutant မွာ စပိုက္ ျမဴေတးရွင္းက L452R ပရိုတိန္းရဲ့ ၄၅၂ ခုေျမာက္ ေနရာမွာ သူက L ကေနၿပီးေတာ့ R ကိုေျပာင္းတယ္။ ဒီနမူနာ ၄၅၀၀ ေလာက္ကို စစ္တဲ့ အခါမွာ ၂၄ % မွာ ဒီမ်ိဳးကို ေတြ႔တယ္ေပါ့။ ဒီ ကယ္လီဖိုးနီးယား mutant ကေတာ့ အေမရိကန္မွာေတြ႔တဲ့ဟာ ပါ။ ဒီ ဇန္နဝါရီမွာ ေတြ႔တာ။”

ေမး။. ။“အခု ဗီဇေျပာင္းမ်ိဳးသစ္ေတြက ကူးစက္ျမန္တယ္လို႔ ေျပာပါတယ္။ ဘယ္ေလာက္ ပိုၿပီ ျမန္ပါသလဲ။ မူလ ေတြ႔ရတဲ့ ကိုရိုနာဗိုင္းရပ္စ္ နဲ႔ စာရင္”

မခင္ဇာဝင္းျပည့္။. ။“ကယ္လီဖိုးနီးယားရယ္၊ ေတာင္အာဖရိကရယ္၊ ဘရာဇီးလ္ ရယ္က ဟာေတြက က်ေတာ့ ေလ့လာေနတုန္းပဲ။ ၿဗိတိန္ ယူေကက ဟာ က်ေတာ့ ၂ ဆခန္႔ ပိုၿပီး ကူးႏိုင္တယ္လို႔ ေျပာထားပါတယ္။”

ေမး။. ။“ဗီဇေျပာင္း မ်ိဳးသစ္ေတြလည္း ေပၚေနၿပီ။ ဒါေပမယ့္ တခ်ိန္ထည္းမွာပဲ ဒီကာကြယ္ေဆးေတြကလည္း ေပၚေနၿပီ။ ဒီအခု ေပၚေနတဲ့ ကာကြယ္ေဆးေတြနဲ႔ ဒီဗီဇေျပာင္း မ်ိဳးသစ္ကို ႏိုင္မႏိုင္ ေျပာျပေပးပါ။”

မခင္ဇာဝင္းျပည့္။. ။“အခု ယူေက ကမ်ိဳးကို က်ေတာ့ Moderna ကေရာ Pfizer ကပါ စမ္းေနတယ္။ သူတို႔ အေနနဲ႔ကေတာ့ အေျခေနေကာင္းတယ္ ဆိုၿပီး ေျပာထားတယ္။ ေတာင္အာဖရိကဟာကို Moderna က အခုမွ စမ္းေနတုန္း ရွိေသးတယ္။ အတိအက်ေတာ့ ဘာမွ မေျပာေသးဘူးေပါ့။ ဘရာဇီးလ္ကဟာကလည္း စမ္းရမယ့္ဟာေတြ ရွိေနေသးတယ္။ ကယ္လီဖိုးနီးယားက ဟာကေတာ့ သူတို႔ အခုမွေတြ႔ထားတာ ဆိုေတာ့ စမ္းေတာင္ မစမ္းရေသးဘူးေပါ့။ အခု သူတို႔ ေနာက္ဆံုးေတြ႔ထားတဲ့ဟာ။”

ေမး။. ။“အဲဒီမွာ ျမန္မာႏိုင္ငံကို ေရာက္မယ့္ဟာက AstraZeneca ကေန ထုတ္တာေပါ့ေနာ္။ အိႏၵိယကေန ေပးတာ။ ဆိုေတာ့။ ဒီေဆးကို ထိုးတဲ့ သူေတြအေနနဲ႔ သိခ်င္ၾကမွာက ငါတို႔ထိုးတဲ့ ေဆးက ကူးစက္ျမန္ ဗီဇေျပာင္းပိုးအတြက္ေကာ အဆင္ေျပရဲ့လား ဆိုတာ။ အဏုဇီဝေဗဒ ေလ့လာသူတေယာက္ အေနနဲ႔ ဘယ္လို ျမင္ပါသလဲ။”

မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့ပါ။ ဒီ AstraZeneca ကေန ထုတ္တဲ့ ေဆးေတြက ၅၀ % ကေန ၇၀ % အထိ ထိေရာက္မႈရွိတယ္။ ကာကြယ္ေပးႏိုင္တယ္ ဆိုၿပီး သူတို႔ ေျပာထားတယ္။ စိတ္ခ်လက္ခ်ပဲ ထိုးသင့္တယ္လို႔ ေျပာရမွာ ေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ ကာကြယ္ေဆးဆိုတာကေတာ့ တအားႀကီး ျပန္႔ေနတဲ့ဟာနဲ႔ ေဆးရံုတက္ေနရတဲ့ ႏႈန္းေတြကို ထိန္းႏိုင္ဖို႔ အတြက္ ထိုးကိုထိုးေပးရမွာ ေပါ့ေနာ္။”

ေမး။. ။“ျမန္မာႏိုင္ငံကို တရုတ္ႏိုင္ငံကလည္း သူတို႔ဆီကထုတ္တဲ့ ကာကြယ္ေဆးကို ေပးမယ္ဆုိေတာ့ ဒီတရုတ္ ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီး ဘယ္လိုျမင္ပါလဲ။”

မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့ပါ။ ဒီၿဗိတိန္က ထုတ္တဲ့ဟာဆိုရင္ လူ၂၄ ၀၀၀ ေက်ာ္လားမသိဘူး စမ္းတယ္ေပါ့ေနာ္။ အဲဒီမွာ စမ္းတာက လူႀကီးေတြဘယ္ေလာက္ပါတယ္၊ လူငယ္ေတြ. ဘယ္ေလာက္ပါတယ္။ ေနာက္ ကိုယ္ဝန္ေဆာင္ေတြ ကေလးေတြဆို မပါေသးဘူး။ ဒါဆိုေတာ့ အသက္ ၁၈ ႏွစ္ အထက္ေတြပဲ ထုိးရမယ္။ သူတုိ႔မွာ ဒီလိုမ်ိဳး ေဒတာ ေလးေတြ ရွိတယ္။ ဒီ အေမရိိကန္ကဆို သူတို႔ဟာ သူတို႔ ေဒတာ အလိုက္ရွိတယ္။

တရုတ္ကဟာကေတာ့ သူတို႔ရဲ့ နည္းပညာက ေက်ာက္ႀကီး ကာကြယ္ေဆးေတြ ေခတ္တုန္းက လိုေပ့ါေနာ္။ ဒီ ဗိုင္းရပ္စ္ကိုပဲ ေရာဂါျဖစ္ေစတဲ့ ဓါတ္ကို chemical နဲ႔ inactivate လုပ္ၿပီးေတာ့ ေရာဂါျဖစ္ေစတဲ့ ဓါတ္ကို ေဖ်ာက္ၿပီးေတာ့ ေပါ့ေနာ္။ လူထဲကို ထည့္ေပးတာ။ လူဘယ္ႏွစ္ေရာက္ စမ္းၿပီးၿပီ။ ေနာက္ သူတို႔ရဲ့ စိတ္ခ်ရမႈ၊ ထိေရာက္မႈက ဘယ္ေလာက္ ရာခိုင္ႏႈန္း ဆိုတာေတာ့ ေျပာထားတယ္။ ဒါေပမယ့္ ဒီဟာသည္ လူဘယ္ႏွစ္ေယာက္မွာ ဘယ္ေလာက္ ထိေရာက္မႈရွိတယ္။ ဘယ္ေလာက္ရာခိုင္ႏႈန္းရွိတယ္။ တကယ္လို႔ ကာကြယ္ေဆးေၾကာင့္ ေဘးထြက္ဆိုးက်ိဳး ျဖစ္ခဲ့တယ္ ဆိုလို႔ရွိရင္ rate က ဘယ္ေလာက္ ျဖစ္ခဲ့တယ္။ ေဆးရံုတက္ရတဲ့အထိ ဘယ္ႏွစ္ေယာက္ ျဖစ္ခဲ့တယ္။ ဘယ္ဟာမ်ိဳး ဘယ္ႏွစ္ေယာက္ ရခဲ့တယ္။ ဘယ္ေလာက္ ရာခိုင္ႏႈန္း ရခဲ့တယ္။ ဒါမ်ိဳးေတြ။ အဓိက အခ်က္လက္ data ေတြ မေတြ႔မိဘူး။

မခင္ဇာဝင္းျပည့္ပါ။

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးတာ တနှစ်ရှိလာချိန်မှာ ဒီရောဂါအတွက် ကာကွယ်ဆေးတွေ ရလာပြီဖြစ်ပေမယ့် စိုးရိမ်စရာကောင်းအောင် ကူးစက်မြန်တဲ့ ဗီဇပြောင်းပိုးသစ်တွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပိုးသစ်တွေ အကြောင်း အဏုဇီဝဗေဒ ပညာရှင် မခင်ဇာဝင်းပြည့်ကို မေးမြန်းပြီး တင်ပြပေးပါ့မယ်။

မခင်ဇာဝင်းပြည့်။. “ SARS-CoV-2 ရဲ့ gene မျိုးဗီဇကို တွေ့တာက ၂၀၁၉ မှာ ဒီဇင်ဘာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စတွေ့ခဲ့တာ။ အဲဒါက နေပြီးတော့ ဖေဖေါ်ဝါရီလ လောက်မှာ ဥရောပမှာ စပြီးတော့ ပြန့်တယ်။ ၂၀၂၀ ဖေဖေါ်ဝါရီမှာ အသွင်ပြောင်း mutation တခု ထွက်လာတယ်။ ဒါက D614G ဆိုပြီးတော့။ အဲဒီကနေ ၂၀၂၀ ဇွန်လလောက်မှာ WHO ကနေကြေညာတယ်။ တကမ္ဘာ လုံးမှာ ပြန့်နေပြီ။ ဒီ D614G mutation ပေါ့။ မျိုးဗီဇပြောင်းသွားတဲ့ ဗိုင်းရပ်စ်အမျိုးအစားက တကမ္ဘာလုံးကို ပြန့်သွားပြီ ဆိုပြီးတော့။

အဲဒီကနေမှ နောက်ဆက်တွဲဘာဖြစ်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ sequencing လုပ်တယ်။ မူလ အနေထားဘယ်လိုရှိတယ် ဆိုတာ သိအောင် လုပ်တော့ သြဂုတ်လ လောက်မှာ ဒီ D614G အမျိုးအစားက မြန်မာပြည်မှာ ရောက်နေပြီ ဆိုပြီးတော့ ကျန်းမာရေးဦးစီးဌာနက ကြေညာခဲ့တယ်။ အဲဒီအချိန်မှာ ဆိုရင် တကမ္ဘာလုံးကို ပြန့်နေပြီပေါ့နော်။ ဒီ မြန်မာနိုင်ငံမှာ တွေ့တဲ့ ဗီဇပြောင်းတဲ့ဟာက ကျန်တာတွေကို သူတို့ ဆက်ပြီးတော့ sequencing လုပ်၊ ဆက်ပြီးတော့ ရှာဖွေရအုံးမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ D614G တွေ့ရပြီး အဲဒီကနေ ပြီးသွားချိန်မှာ ဘယ်မျိုးစိတ် - ဘယ်မျိုးဗီဇပြောင်းတယ် ဆိုတဲ့ဟာကို မတွေ့ရသေးဘူး။ ကျန်းမာရေးဝန်ကြီးဌာနကရော၊ တရားဝင် ကြေညာတာ မရှိသေးပါဘူး။”

မေး။. ။“ဒီဗြိတိန်မှာ တွေ့တဲ့ ပိုးမျိုးနဲ့ နောက်ပိုင်းမှာ ဘာတွေ ဆက်ပြောင်းလဲတာ တွေ့ရလဲ ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့ပါ။ ဗြိတိန်ဖြစ်တဲ့ဟာက သူစပြီးတော့ မျိုးဗီဇပြောင်းလဲတာကို တွေ့တာက စက်တင်ဘာ ၂၀၂၀ မှာ စတွေ့ပါတယ်။ အဲဒီကနေ နောက်ဆက်တွဲသူတို့ ဒီဟာကို လိုက်စစ်တဲ့အခါမှာ မျိုးဗီဇပြောင်းတဲ့ strain မျိုးကွဲ ကို သူတို့ နိုင်ငံပေါင်း ၅၀ ကျော်မှာ သူတို့ တွေ့ခဲ့ပြီးပြီ။ အခုထိတော့ ဆက်ပြီးတော့ ရှာနေတုန်းပဲပေါ့။ ဘယ်နားတွေမှာ ရှိမလဲ ဆိုတာ ဆက်ပြီး ရှာနေတုန်းပဲ။

သူက ၃၀% ကနေ ၅၀ % အထိ ကူးစက်မြန်တယ်ပေါ့နော်။

၃၀ ကနေ ၅၀ % ဆိုတာက - တကယ်လို့ ၅၀ % ပိုပြီး ကူးနိုင်တယ် ဆိုတာက- ၂ ဆခန့် ပိုပြီးတော့ ကူးနိုင်တယ် ဆိုတာပါ။ အဲဒီ ဗြိတိန်မှာ တွေ့ရတဲ့ total mutation က ၂၃ ခု ရှိတယ်ပေါ့။ အဲဒီကနေ ထပ်ပြီးတော့ ဖြစ်သွားတာကတော့ တောင်အာဖရိက mutant ရှိတယ်။ ဘရာဇီးလ် mutant ရှိတယ်။ အခု နောက်ဆုံး ကယ်လီဖိုးနီးယား mutant ရှိတယ်ပေါ့။

တောင်အာဖရိက mutant ဆိုရင် သူ့ရဲ့ အဓိက အရေးကြီးတာက spike mutation ပေါ့။ spike mutation ဆိုလို့ရှိရင် spike ရဲ့ ပရိုတိန်းပေါ့နော်။ ဒီ ဗိုင်းရပ်စ်ရဲ့ ဆူးချွန်လေး ပေါ်မှာ အသွင်ပြောင်းတာ mutation က ရှိတယ်။ အဲဒါက လူရဲ့ လက်ခံနေရာမှာ သွားပေါင်းတဲ့ နေရာမှာ နဲနဲ အပြောင်းအလဲ ရှိတယ်။ အဲဒါကြောင့် ဒီမျိုးစိတ်အကူးခံရတဲ့ လူမှာ viral Load က ပိုမြင့်တယ်လို့ အခု လောလောဆယ် လေ့လာတွေ့ရှိထားတယ်။ ဒီဟာရဲ့ အကျိုးဆက်က ဘာလဲ ဆိုတော့ ပိုပြီးတော့ ကူးစက်မြန်နိုင်တယ် ပဲ ရှိသေးတယ်။ သူတို့ ဒါကို လေ့လာချက် ထပ်လုပ်ရအုံးမယ်။”

မေး။. ။“ဒါက တောင်အာဖရိက ဗီဇပြောင်းမျိုးသစ်ပေါ့။ နောက် ဘရာဇီးလ် ကကျတော့ရော။“

မခင်ဇာဝင်းပြည့်။. ။“ဘရာဇီးလ် ကကျတော့ သူလဲ အဲလိုပဲ။ mutation ကတော့ သုံးခု- သုံးနေရာလား မသိဘူးရှိတယ်။ အဲဒီမှာက spike mutation က အာဖရိကက ပြောင်းတာနဲ့ တူတူပဲ ဖြစ်တဲ့ အတွက်ကြောင့် သူ့ရဲ့ အခြေနေကလည်း တူတူပဲလို့ ထင်ရတယ် ပေါ့နော်။ ဒါပေမယ့် သူတို့ ဘာတွေ သက်ရောက်မှုရှိမယ်၊ ကွာအုံးမလဲ ဆိုတာကို ကြည့်ရအုံးမယ်။ ဒီဘရာဇီးလ်မျိုးကတော့ အရင်နှစ် ဒီဇင်ဘာ ၁၅ ရက် ၂၃ ရက် လောက် အတွင်းမှာ တွေ့ခဲ့တယ်။ အခုဆိုရင်တော့ သူက ဒီ စစ်သမ ျှ ဟာတွေရဲ့ ၄၂ ရာခိုင်နှုန်းလောက်က အဲဒီ mutant တွေချည်းပဲ ဖြစ်နေတယ်။

နောက်ဆုံး အနေနဲ့တွေ့တဲ့ဟာကတော့ ကယ်လီဖိုးနီးယား mutant ပေါ့နော်။ ကယ်လီဖိုးနီးယား mutant ဆိုလို့ရှိရင် သူက bio genome တခုလုံးမှာ ပြောင်းနေတာက ၅ နေရာလောက် ဖြစ်နေတယ်။

ဒီ ကယ်လီဖိုးနီးယား mutant မှာ စပိုက် မြူတေးရှင်းက L452R ပရိုတိန်းရဲ့ ၄၅၂ ခုမြောက် နေရာမှာ သူက L ကနေပြီးတော့ R ကိုပြောင်းတယ်။ ဒီနမူနာ ၄၅၀၀ လောက်ကို စစ်တဲ့ အခါမှာ ၂၄ % မှာ ဒီမျိုးကို တွေ့တယ်ပေါ့။ ဒီ ကယ်လီဖိုးနီးယား mutant ကတော့ အမေရိကန်မှာတွေ့တဲ့ဟာ ပါ။ ဒီ ဇန်နဝါရီမှာ တွေ့တာ။”

မေး။. ။“အခု ဗီဇပြောင်းမျိုးသစ်တွေက ကူးစက်မြန်တယ်လို့ ပြောပါတယ်။ ဘယ်လောက် ပိုပြီ မြန်ပါသလဲ။ မူလ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် နဲ့ စာရင်”

မခင်ဇာဝင်းပြည့်။. ။“ကယ်လီဖိုးနီးယားရယ်၊ တောင်အာဖရိကရယ်၊ ဘရာဇီးလ် ရယ်က ဟာတွေက ကျတော့ လေ့လာနေတုန်းပဲ။ ဗြိတိန် ယူကေက ဟာ ကျတော့ ၂ ဆခန့် ပိုပြီး ကူးနိုင်တယ်လို့ ပြောထားပါတယ်။”

မေး။. ။“ဗီဇပြောင်း မျိုးသစ်တွေလည်း ပေါ်နေပြီ။ ဒါပေမယ့် တချိန်ထည်းမှာပဲ ဒီကာကွယ်ဆေးတွေကလည်း ပေါ်နေပြီ။ ဒီအခု ပေါ်နေတဲ့ ကာကွယ်ဆေးတွေနဲ့ ဒီဗီဇပြောင်း မျိုးသစ်ကို နိုင်မနိုင် ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“အခု ယူကေ ကမျိုးကို ကျတော့ Moderna ကရော Pfizer ကပါ စမ်းနေတယ်။ သူတို့ အနေနဲ့ကတော့ အခြေနေကောင်းတယ် ဆိုပြီး ပြောထားတယ်။ တောင်အာဖရိကဟာကို Moderna က အခုမှ စမ်းနေတုန်း ရှိသေးတယ်။ အတိအကျတော့ ဘာမှ မပြောသေးဘူးပေါ့။ ဘရာဇီးလ်ကဟာကလည်း စမ်းရမယ့်ဟာတွေ ရှိနေသေးတယ်။ ကယ်လီဖိုးနီးယားက ဟာကတော့ သူတို့ အခုမှတွေ့ထားတာ ဆိုတော့ စမ်းတောင် မစမ်းရသေးဘူးပေါ့။ အခု သူတို့ နောက်ဆုံးတွေ့ထားတဲ့ဟာ။”

မေး။. ။“အဲဒီမှာ မြန်မာနိုင်ငံကို ရောက်မယ့်ဟာက AstraZeneca ကနေ ထုတ်တာပေါ့နော်။ အိန္ဒိယကနေ ပေးတာ။ ဆိုတော့။ ဒီဆေးကို ထိုးတဲ့ သူတွေအနေနဲ့ သိချင်ကြမှာက ငါတို့ထိုးတဲ့ ဆေးက ကူးစက်မြန် ဗီဇပြောင်းပိုးအတွက်ကော အဆင်ပြေရဲ့လား ဆိုတာ။ အဏုဇီဝဗေဒ လေ့လာသူတယောက် အနေနဲ့ ဘယ်လို မြင်ပါသလဲ။”

မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့ပါ။ ဒီ AstraZeneca ကနေ ထုတ်တဲ့ ဆေးတွေက ၅၀ % ကနေ ၇၀ % အထိ ထိရောက်မှုရှိတယ်။ ကာကွယ်ပေးနိုင်တယ် ဆိုပြီး သူတို့ ပြောထားတယ်။ စိတ်ချလက်ချပဲ ထိုးသင့်တယ်လို့ ပြောရမှာ ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကာကွယ်ဆေးဆိုတာကတော့ တအားကြီး ပြန့်နေတဲ့ဟာနဲ့ ဆေးရုံတက်နေရတဲ့ နှုန်းတွေကို ထိန်းနိုင်ဖို့ အတွက် ထိုးကိုထိုးပေးရမှာ ပေါ့နော်။”

မေး။. ။“မြန်မာနိုင်ငံကို တရုတ်နိုင်ငံကလည်း သူတို့ဆီကထုတ်တဲ့ ကာကွယ်ဆေးကို ပေးမယ်ဆိုတော့ ဒီတရုတ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။”

မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့ပါ။ ဒီဗြိတိန်က ထုတ်တဲ့ဟာဆိုရင် လူ၂၄ ၀၀၀ ကျော်လားမသိဘူး စမ်းတယ်ပေါ့နော်။ အဲဒီမှာ စမ်းတာက လူကြီးတွေဘယ်လောက်ပါတယ်၊ လူငယ်တွေ. ဘယ်လောက်ပါတယ်။ နောက် ကိုယ်ဝန်ဆောင်တွေ ကလေးတွေဆို မပါသေးဘူး။ ဒါဆိုတော့ အသက် ၁၈ နှစ် အထက်တွေပဲ ထိုးရမယ်။ သူတို့မှာ ဒီလိုမျိုး ဒေတာ လေးတွေ ရှိတယ်။ ဒီ အမေရိကန်ကဆို သူတို့ဟာ သူတို့ ဒေတာ အလိုက်ရှိတယ်။

တရုတ်ကဟာကတော့ သူတို့ရဲ့ နည်းပညာက ကျောက်ကြီး ကာကွယ်ဆေးတွေ ခေတ်တုန်းက လိုပေ့ါနော်။ ဒီ ဗိုင်းရပ်စ်ကိုပဲ ရောဂါဖြစ်စေတဲ့ ဓါတ်ကို chemical နဲ့ inactivate လုပ်ပြီးတော့ ရောဂါဖြစ်စေတဲ့ ဓါတ်ကို ဖျောက်ပြီးတော့ ပေါ့နော်။ လူထဲကို ထည့်ပေးတာ။ လူဘယ်နှစ်ရောက် စမ်းပြီးပြီ။ နောက် သူတို့ရဲ့ စိတ်ချရမှု၊ ထိရောက်မှုက ဘယ်လောက် ရာခိုင်နှုန်း ဆိုတာတော့ ပြောထားတယ်။ ဒါပေမယ့် ဒီဟာသည် လူဘယ်နှစ်ယောက်မှာ ဘယ်လောက် ထိရောက်မှုရှိတယ်။ ဘယ်လောက်ရာခိုင်နှုန်းရှိတယ်။ တကယ်လို့ ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့တယ် ဆိုလို့ရှိရင် rate က ဘယ်လောက် ဖြစ်ခဲ့တယ်။ ဆေးရုံတက်ရတဲ့အထိ ဘယ်နှစ်ယောက် ဖြစ်ခဲ့တယ်။ ဘယ်ဟာမျိုး ဘယ်နှစ်ယောက် ရခဲ့တယ်။ ဘယ်လောက် ရာခိုင်နှုန်း ရခဲ့တယ်။ ဒါမျိုးတွေ။ အဓိက အချက်လက် data တွေ မတွေ့မိဘူး။

မခင်ဇာဝင်းပြည့်ပါ။

XS
SM
MD
LG