သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေပြင် ဘယ်လောက်သန့်စင်သလဲ


Irrawaddy delta
Irrawaddy delta
မြန်မာ့ငပိမှာ ဓါတ်မြေသြဇာလို ပြင်ပဓါတုပစ္စည်းတွေ ထည့်မယ်ဆိုရင် ဘာမှ အကျိုးမရှိတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပြခဲ့သလို ဒီတပါတ်မှာတော့ ဒီငပိထုတ်တဲ့ ငါးတွေရှင်သန်တဲ့ မြန်မာ့ရေပြင်ကရော ဘယ်အတိုင်းတာထိ သန့်စင်တယ်ဆိုတာ တင်ပြထားပါတယ်။
ငပိလုပ်ငန်းတွေမှာ ဓါတ်မြေသြဇာထည့်တာထက် အန္တရာယ်ပိုကြီးတာက မသိနားမလည်သူတွေဟာ ဟိုးအရင်တုန်းက ပိုးသတ်ဆေးတွေကိုပါ သုံးစွဲခဲ့ကြတာမို့ ပညာပေးမှုတွေ များများ လုပ်ပေးဖို့ လိုအပ်နေတယ်လို့ ငါးလုပ်ငန်းတာဝန်ခံတွေကလည်း သတိပေးနေပါတယ်။
မြန်မာ့မြစ်ချောင်းတွေမှာ ရွှေတူးဖေါ်ရေးအတွက် သုံးတဲ့ဓါတုပစ္စည်းတွေအပြင် လက်ပံတောင်းကြေးနီသတ္တုသိုက်လို သတ္တုတွင်းတွေက ရလာတဲ့ ဓါတုအညစ်အကြေးတွေ၊ စက္ကူစက်ရုံလို စက်ရုံတွေက စွန့်ပစ်တဲ့ အညစ်အကြေးတွေနဲ့ ညစ်ညမ်းမှုတွေ ဖြစ်နေတာမို့ ငါးပုဇွန်သယံဇာတတွေ အတွက် အန္တရာယ်သိပ်များနေတာပါ။
XS
SM
MD
LG