ကမ္ဘာကြီးနဲ့တကွ စင်္ကြာဝဋာကြီးကို ဖြစ်ပေါ်လာစေတဲ့ အခြေခံအမှုန် ရှိတယ်ဆိုတာကို တင်ပြခဲ့တဲ့ သိပံပညာရှင် ၂ ဦးကို ၂၀၁၃ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်လ်ဆု ချီးမြှင့်လိုက်ပါတယ်။ ဘယ်လ်ဂျီယံ တက္ကသိုလ်က François Englert နဲ့ ဗြိတိန်နိုင်ငံ Edinburgh တက္ကသိုလ်က Peter W. Higgs တို့ကို ချီးမြှင့်လိုက်တာပါ။
Higgs အမှုန်လို့ လူသိများတဲ့ အခြေခံအမှုန်ရှိကြောင်း ဘယ်လို သက်သေပြခဲ့တယ် ဆိုတာနဲ့ ဒီအမှုန်ကို ကို ဖန်ဆင်းရှင်အမှုန် God particles လို့ ဘာကြောင့်ခေါ်တယ် ဆိုတာတွေကို မစ္စစ္စပီတက္ကသိုလ်က ပါမောက္ခဒေါက်တာဦးခင်မောင်မောင်က ရှင်းပြထားပါတယ်။