သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ဝန်းကျင် ပြန်လည်ထိမ်းသိမ်းရေး


Myanmar Jade Rush
Myanmar Jade Rush

ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖေါ်မှု အလွန်အကျွံ လုပ်နေတာကြောင့် အခြေနေ ဆိုးနေတဲ့ သဘာဝ ဝန်းကျင်ကို ထိမ်းသိမ်းနိုင်ဖို့ အခု အစိုးရသစ်အဖြစ် တာဝန်ယူရတော့မယ့် NLD ပါတီက ဒေသတွင်း ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ ဒေသရဲ့ ပျက်စီးမှု အတိုင်းအတာက သိပ်ကြီးမားနေတာမို့ ဒီ ပညာပေးလုပ်ငန်းတွေဟာ တကယ်ပဲ ထိရောက်မှု ရှိနိုင်ပါ့မလား ဆိုတာကို စိုးရိမ်နေကြပါတယ်။

ဧက ၂ သောင်းကျော် ကျယ်ဝန်းတဲ့ ဖားကန့်ဒေသထဲမှာ အဖိုးတန် ကျောက်စိမ်းတွေကို ကုမ္ပဏီ ပေါင်း ၈၅၀ ကျော်က နာရီနဲ့ အမျှ တူးဖေါ်နေတာမို့ နှစ်ပိုင်းအတွင်းမှာပဲ အခုဆို တောင်တွေက ကျင်းတွေ ဖြစ်၊ ချောက်တွေနေရာမှာ မြေစာပုံနဲ့ တောင်တွေ ဖြစ်လာသလို မြစ်ကြောင်းပိတ်ဆို့မှုတွေနဲ့ သဘာဝ ဝန်းကျင် ပျက်စီးမှုတွေ အပြင် လူမှုဝန်းကျင်မှာတော့ ဘဝ ပျက်ရ သူတွေ အသက်ဆုံး ရသူတွေ အများအပြား ရှိလာနေတာပါ။

ဒီကျောက်စိမ်းလုပ်ငန်းကို ဥပဒေ အထက်မှာ ရှိတဲ့ အဖွဲ့အစည်းတွေက ကိုင်တွယ်နေတာ ဖြစ်တဲ့အတွက် နည်းလမ်းကျတဲ့ ဥပဒေအတိုင်း လုပ်ဖို့ကိစ္စဟာ စိန်ခေါ်မှု တရပ်လို့ စိမ်းလန်း အမိမြေ ဥက္ကဌ ဆရာဝင်းမျိုးသူက ပြောပါတယ်။

ဒေသပါတ်ဝန်းကျင် ကောင်းမွန်လာစေဖို့ ပထမဆုံး mine town plan ကို ချဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီလို ချဖို့အတွက် ပါတ်ဝန်းကျင်လေ့လာ ဆန်းစစ်မှုတွေ သေသေချာချာ ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ သယံဇာတ အရင်းအမြစ် ဘယ်လောက်ရှိတယ် ဆိုတာကို သေချာ သိအောင်လုပ်ဆောင်ရမှာပါ။ ဆန်းစစ်မှု တွေကို သိလာရင် ဒါကို ဝန်ကြီးဌာန တခုထည်းက သိနေတာထက် ပြည်သူလူထု သိအောင် ချပြဖို့ လိုပါတယ်။ နောက် ကျောက်ထုတ်လုပ်မယ့် နေရာ မထုတ်ဖို့ သတ်မှတ်တဲ့ နေရာတွေ လျာထားပြီးမှ မြိုု့ကို ဘယ်မှာ ထားမယ်ဆိုတာကို နေရာ ပြန်ချပြီး လုပ်ကွက်တွေအတွက် ရသင့်တဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ဈေးကွက်ပြိုင်ဆိုင်မှုနဲ့ ရစေရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ရေသွားရေလာကစပြီး အမှိုက်ပစ်မယ့် နေရာ

ဖားကန့်ဒေသဟာ accumulated impact လို့ ခေါ်တဲ့ တစတစနဲ့ ရိုက်ခတ်မှု တဖြေးဖြေး ကြီးမားလာတဲ့ ပါတ်ဝန်းကျင်ပျက်စီးမှု ပုံစံဖြစ်နေတာပါ။ ဒါ့ကြောင့် ပညာပေးလုပ်ငန်း ကစပြီး လတ်တလော ပြုပြင်ရေးအတွက် လုပ်ဆောင်နေမှုတွေဟာ ဆေးမြီးတို သဘောပဲ ရှိနေတာမို့ ရေရှည်အတွက် အဆင်ပြေစေဖို့ သေသေချာချာ စဉ်းစားလုပ်ဆောင် ရမယ်လို့လည်း ပြောပါတယ်။

ဒီကျောက်စိမ်းလုပ်ငန်းဟာ နိုင်ငံ့ စီးပွါးရေးအတွက် သိပ်ကို အရေးပါတာပါ။ ဒါ့ကြောင့် အခု လက်ရှိ တူးဖေါ်နေတဲ့ သြဇာကြီးတဲ့ ကုမ္ပဏီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံတွေ အားလုံး ပါဝင်ပြီး ကိုယ်ကျိုးစီးပွါးတွေပါ မထိခိုက်စေဖို့အတွက် အစိုးရက ဦးဆောင်ပြီး နိုင်ငံရေးအသွင်ဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပါ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း အကြံပေးပါတယ်။ ပါဝင်နေသူတွေ အားလုံး တက်သာ ဆုတ်သာ အခင်းအကျင်းကို ဖန်တီးပေးနိုင်ဖို့ ဒီလိုဆွေးနွေးပွဲ လိုအပ်နေတာပါ။

ဒီပြဿ နာဟာ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာမဟုတ်ပေမယ့် ဖြေရှင်းချင်တဲ့ ဆန္ဒနဲ့ အားလုံးပူးပေါင်း ဖြေရှင်းဖို့တော့ လိုအပ်နေပါတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG