သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလပ္စတစ္စားတဲ့ ေရာေႏွာ ဘက္တီးရီးယား


Bundles of pressed PET (polyethylene terephthalate) bottles made out of plastic. - RTS275CP

ဒီတပတ္ေတာ့ ပလပ္စတစ္ကို သီတင္းပတ္အနည္းငယ္အတြင္း ေျခဖ်က္ေပးႏိုင္တဲ့ bacterial cocktail လို႔ေခၚတဲ့ ေရာေႏွာဘက္တီးရီးယားကို ဟန္ေဂရီက ဇီဝဓါတုပညာရွင္ ၂ ဦး ဖန္တီးလိုက္တဲ့ အေၾကာင္း ေျပာျပေပးပါမယ္။

ပလပ္စတစ္စားတဲ့ ေရာေႏွာ ဘက္တီးရီးယား
please wait

No media source currently available

0:00 0:07:07 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(ZAWGYI)

ဒီတပတ္ေတာ့ ပလပ္စတစ္ကို ေျခဖ်က္တဲ့ bacterial cocktail လို႔ေခၚတဲ့ ေရာေႏွာဘက္တီးရီးယားကို ဟန္ေဂရီက ဇီဝဓါတုပညာရွင္ ၂ ဦး ဖန္တီးလိုက္တဲ့ အေၾကာင္း ေျပာျပေပးပါမယ္။

Liz Madaras။ ။ “က်မတို႔က Poliloop ကုမၸဏီကို ပူးတြဲတည္ေထာင္ထားပါတယ္။ ပလပ္စတစ္္ေတြ ေျခဖ်က္တဲ့ ဘက္တီးရီးယား တီထြင္တဲ႔ ဟန္ေဂရီယန္ ဇီဝ- နည္းပညာကုမၸဏီပါ” ဇီဝဓါတု ပညာရွင္ Liz Madaras က ေျပာသြားတာပါ။

Liz Madaras နဲ႔သူငယ္ခ်င္းျဖစ္သူ Krisztina Levay တို႔ဟာ ဟန္ေဂရီႏိုင္ငံ Budapest အေျခစိုက္ Poliloop ကုမၸဏီကို တည္ေထာင္တာ သိပ္မၾကာေသးပါဘူး။ သူတို႔ ၂ ဦးဟာ Budapest University of Technology နည္းပညာတကၠသိုလ္မွာ ေဆးဝါးဓါတုနဲ႔ အင္ဂ်င္နီယာ ဘြဲ႔လြန္တန္းတက္ခ်ိန္မွာ ေတြ႕ဆံုခဲ့ၾကတာ ျဖစ္ၿပီး သဘာဝဝန္းက်င္ကို ဘယ္လို အကူညီေပးႏုိင္မလဲ ဆိုတာကို စဥ္းစားၿပီး သုေတသနေတြ လက္တြဲလုပ္ေဆာင္ခဲ့ၾကတာပါ။ ၂ ႏွစ္ေလာက္ သုေတသနလုပ္ခဲ့တဲ့ေနာက္ ဘက္တီးရီးယား ေကာက္ေတးကို တီထြင္ႏုိင္ခဲ့ၾကပါတယ္

သူတုိ႔ရဲ့ ဒီဘက္တီးရီးယား ေကာက္ေတးဟာ ဘယ္ပလပ္စတစ္မ်ိဳးကို မဆို သီတင္းပတ္အနည္းငယ္ အတြင္းမွာပဲ စားပစ္ႏိုင္တာ ေတြ႔ရတဲ့ အတြက္ သူတုိ႔ရဲ့ ေကာက္ေတးကို ကမာၻ႔ဝန္းက်င္ညစ္ညမ္းမႈ ျပႆနာ ေျဖရွင္းေရး အတြက္ အေျဖထုတ္ေပးႏုိင္မယ္ လို႔သူတို႔က ယံုၾကည္ေနတာပါ။

ဘက္တီးရီးယား ကို တမ်ိဳးထဲ မသံုးပဲ ေရာစပ္ၿပီး သံုးတာဟာ ပလပ္စတစ္ အမ်ိဳးမ်ိဳးကို ေျခဖ်က္ႏိုင္ဖုိ႔ လုပ္တာပါ လို႔လည္း Liz က ရွင္းျပပါတယ္။

Liz Madaras။ ။“Bacterial cocktail လို႔ေခၚတဲ့ ေရာေႏွာ ဘက္တီးရီးယား က ပလပ္စတစ္ေတြကို စားႏိုင္ပါတယ္။ ပလပ္စတစ္ဆိုတာက ေမာ္လီက်ဴးေတြ သိပ္ရႈပ္ရႈပ္ေထြးေထြးနဲ႔ ဖြဲ႔စည္းထားတဲ့ ပစၥည္းေတြ ျဖစ္တဲ့အတြက္ ဘက္တီးရီးယား တမ်ိဳးထဲဆိုရင္ အလုပ္မျဖစ္လို႔ အခုလို ေရာထားတာကို ထုတ္ရတာပါ။ က်မတို႔ ေန႔တုိင္းသံုးေနတဲ့ ပစၥည္းေတြကို ၾကည့္ရင္ သူတို႔ကိုလုပ္ထားတဲ့ ပလပ္စတစ္ အမ်ိဳးအစားက အေတာ္ႀကီးကို မ်ား သလို သူတို႔ကိုဖန္တီးထားတဲ့ ဓါတ္ပစၥည္းကလည္း မ်ိဳးစံုမို႔ ခုလို ေရာေႏွာ ဘက္တီးရီးယား ေကာက္ေတးကို ထုတ္ရတာပါ။”

သူတုိ႔ရဲ့ ေကာက္ေတးဟာ တခါသံုး ပလပ္စတစ္ ဘယ္အမ်ိဳးအစားကို ျဖစ္ျဖစ္ သီတင္းပတ္ ၇ ပတ္အတြင္းမွာပဲ စားပစ္ႏုိင္သလို ဒီလို ေျခဖ်က္ဖို႔ အတြက္ ဓါတုဆိုင္ရာ လုပ္ငန္းစဥ္ေတြ လုပ္စရာမလုိပါဘူး။ ဒါ့အျပင္ ဓါတ္ေျပာင္းဖို႔ တျခား ဓါတုပစၥည္းေတြနဲ႔ ႀကိဳတင္ျပဳျပင္ေပး စရာလည္း မလိုဘူးလို႔လည္း ေျပာပါတယ္။

သူတို႔ရဲ့ ဘက္တီးရီးယားေလးေတြဟာ သူတို႔ ဓါတ္ခြဲခန္းထဲက incubator ပိုးေမြးစက္ ထဲမွာ ေနၾကပါတယ္။ သူတို႔ရဲ့ ပိုးေမြးတဲ့ စတိုခန္းထဲမွာေတာ့ စမ္းသပ္မႈကေန ရတဲ့ ေရာစပ္ထားတဲ့ ဘက္တီးရီးယား ေကာက္ေတးမ်ိဳးစံု ရွိသလို မေရာေႏွာရေသးတဲ့ ဘက္တီးရီးယား အမ်ိဳးစား သက္သက္ကုိလည္း ဒီစက္ထဲမွာပဲ သိမ္းထားတာပါ။

ရိုက္တာ သတင္းဌာနေမးျမန္းခန္းမွာ Liz က ကမာၻတလႊားမွာ စြန္႔ပစ္ ပလပ္စတစ္ေတြေၾကာင့္ ညစ္ညမ္းလာရတဲ့ ျပႆနာဟာ အေတာ္ေျဖရွင္းဖို႔ လိုအပ္ေနတဲ့ ျပႆနာလို႔ သူတို႔ျမင္တဲ့ အတြက္ ဒါကို ေျဖရွင္းႏိုင္ဖုိ႔ သုေတသနေတြ လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။ သူတို႔ တတ္ကၽြမ္းတဲ့ ဇီဝနည္းပညာနဲ႔ ဓါတုအင္ဂ်င္နီယာနည္းပညာေတြကို ေပါင္းၿပီး ပလပ္စတစ္ေတြကို သူတို႔လာရာဘဝကို ျပန္ၿပီး ပို႔ေပးႏိုင္ေအာင္ သဘာဝအတိုင္း လည္ေနတဲ့ သံသရာ စက္ဝန္းထဲ ျပန္ေရာက္သြားေစမယ့္ အေျခေနေတြကို ဖန္တီးေပးဖို႔ သူတို႔ ဆံုးျဖတ္ခဲ့တာပါတဲ့။

Liz Madaras။ ။“ ဓါတ္သဘာဝ ပ်က္စီးတဲ့ လုပ္ငန္းစဥ္ဟာ တကယ္ေတာ့ သစ္ရြက္ေလးေတြ ေဆာင္းကေန ေႏြဦးရာသီအထိ မေတြ႔ရပဲ ေပ်ာက္သြားတာမ်ိဳးနဲ႔ သိပ္ကိုတူပါတယ္။ ေပါင္းစုေနတဲ့ အဏုဇီဝ ပိုးမႊားေလးေတြ က သူတို႔ကို ေျခဖ်က္ေပးတာပါ။ ဇီဝရုပ္ၾကြင္းေလာင္စာေပၚ အေျခတည္ထုတ္ထားတဲ့ ပလပ္စတစ္ေတြ နဲ႔ က်မတို႔ရဲ့ ဘက္တီးရီးယား ေလးေတြရဲ့ လုပ္ေဆာင္မႈကလည္း ဒါမ်ိဳးပါပဲ” လို႔ Liz က ေျပာပါတယ္။

သူတို႔ရဲ့ ဘက္တီးရီးယား ေလးေတြဟာ Polylactic acid ျဖစ္တဲ့ PLA ပလပ္စတစ္ အမ်ိဳးအစားကိုလည္း လြယ္လြယ္ကူကူ ေျခဖ်က္ႏိုင္စြမ္း ရွိပါတယ္။

ၿဗိတိန္နဲ႔ အေမရိကန္က သိပၸံပညာရွင္ေတြဟာ ပလပ္စတစ္ကို စားတဲ့ အင္ဇိုင္းတမ်ိဳးကို ထြင္ႏုိင္ခဲ့ပါတယ္။ ဒီအင္ဇိုင္းက PET လို႔ အတိုေကာက္ေခၚတဲ့ poly ethylene terephthalate ကို စားပစ္ႏုိင္ပါတယ္။ ဒီ PET အမ်ိဳးအစား ပလပ္စတစ္ဟာ အေတာ္လူသံုးမ်ားၿပီး စြန္႔ပစ္လိုက္ရင္ ႏွစ္ ရာနဲ႔ခ်ီၿပီး မပ်က္မစီးရွိေနႏိုင္တဲ့ အတြက္ ပတ္ဝန္းက်င္အတြက္ အေတာ္ အႏၱရာယ္ ရွိတဲ့ အရာပါ။

ဒီလို PET အပါအဝင္ ႏိုင္ငံတကာ သေကၤတ စံနစ္နဲ႔ သတ္မွတ္ထားတဲ့ ပလပ္စတစ္အမ်ိဳးအစား ၇ ခု စလံုးကို သူတို႔ ေကာက္ေတးက ေျခဖ်က္ႏုိင္စြမ္းရွိတယ္လို႔ Poli loop ရဲ့ CEO - Liz က ေျပာပါတယ္။

Liz Madaras။ ။“ PET ကို ေျခဖ်က္ဖို႔ လုပ္တဲ့ေနရာမွာလည္း ေအာင္ျမင္မႈ ရပါတယ္။ က်မတို႔က ပလပ္စတစ္ အမ်ိဳးအစား အားလံုးအတြက္စမ္းပါတယ္။ ေကာ္ေစ့လို ပလပ္စတစ္ကစၿပီး အမ်ိဳးစား ၇ မ်ိဳးစလံုးအလုပ္ျဖစ္တဲ့အျပင္ ပလပ္စတစ္ အလႊာအထပ္ထပ္ လုပ္ထားတာတို႔၊ ပလပ္စတိတ္အေရာတို႔ ကိုပါ ေျခဖ်က္ႏိုင္စြမ္းရွိတယ္” လို႔ လည္း ေျပာပါတယ္။

ဒီလို ေျခဖ်က္ရာမွာ သီတင္းပတ္ ၂ ပတ္ေလာက္အတြင္းမွာပဲ ပလပ္စတစ္ေတြဟာ အပိုင္းအစေတြ အျဖစ္ကို ေရာက္သြားႏုိင္သလို သီတင္းပတ္ ၇ ပတ္ေရာက္ရင္ေတာ့ အညိဳေရာင္ ေအာ္ဂဲနစ္ အနည္အႏွစ္ရည္ အျဖစ္ကို ေျပာင္းသြားႏုိင္တာကို သူတို႔က လက္ေတြ႔ ျပသခဲ့ပါတယ္။

သူတို႔ရဲ့ ကနဦး ဓါတ္ခြဲခန္း စမ္းသပ္မႈေတြ အရ ဒီအနည္အႏွစ္ရည္ေတြဟာ ေျမဆီလႊာပို ေကာင္းလာေအာင္ လုပ္ေပးတဲ့ ပစၥည္းေတြ အျဖစ္ စိတ္ခ်လက္ခ် သံုးႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒါေတြကို ဇီဝပလပ္စတစ္ေတြ ထုတ္ရာမွာလည္း သံုးႏိုင္ပါတယ္။

Liz Madaras။ ။ “ပလပ္စတစ္စြန္႔ပစ္ပစၥည္း ေၾကာင့္ညစ္ညမ္းမႈဟာ တကယ့္ျပႆနာတရပ္လုိ႔ က်မတို႔ ျမင္ပါတယ္။ ဒါေၾကာင့္ ဇီဝနည္းပညာနဲ႔ ဓါတုအင္ဂ်င္နီယာနည္းပညာေတြ ေပါင္းၿပီး ပလပ္စတစ္ေတြကို သူတို႔မူလ ေနရာ ျပန္ေရာက္ေအာင္ သဘာဝရဲ့ သံသရာလည္တဲ့ ျဖစ္စဥ္ထဲ ျပန္ပို႔ေပးႏုိင္မယ့္ နည္းကို ထြင္ဖို႔ ဆံုးျဖတ္ခဲ့တာပါ။”

သူတို႔ရဲ့ Poliloop ကုမၸဏီဟာ အေမရိကန္အေျခစိုက္ နာမည္ႀကီး Techstars ရင္းႏွီးျမႈပ္ႏွံမႈ ကုမၸဏီႀကီးနဲ႔ ဟန္ေဂရီက စြန္႔ဦးတီထြင္သူေတြ အားထားရတဲ့ Vespucci Partners တို႔ဆီက အရင္းအႏွီး ရယူၿပီး စက္ရံုတည္ေဆာက္ ဖို႔ပါ စီစဥ္ေနၿပီျဖစ္ပါတယ္။

စြန္႔ဦးတီထြင္ ပညာရွင္ ၂ ဦးကေတာ့ သူတို႔ရဲ့ ဘက္တီးရီးယား ေကာက္ေတးက ပလပ္စတစ္အျပင္ ဝန္းက်င္ညစ္ညမ္းေစတဲ့ တျခားပစၥည္းေတြကို ေျခဖ်က္ႏုိင္စြမ္း ရွိမရွိ သုေတသန ဆက္လုပ္ေနၾကတယ္ ဆိုတာကို တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸြံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

(UNICODE)

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။

Liz Madaras။။ “ကျမတို့က Poliloop ကုမ္ပဏီကို ပူးတွဲတည်ထောင်ထားပါတယ်။ ပလပ်စတစ်တွေ ခြေဖျက်တဲ့ ဘက်တီးရီးယား တီထွင်တဲ့ ဟန်ဂေရီယန် ဇီဝ- နည်းပညာကုမ္ပဏီပါ” ဇီဝဓါတု ပညာရှင် Liz Madaras က ပြောသွားတာပါ။

Liz Madaras နဲ့သူငယ်ချင်းဖြစ်သူ Krisztina Levay တို့ဟာ ဟန်ဂေရီနိုင်ငံ Budapest အခြေစိုက် Poliloop ကုမ္ပဏီကို တည်ထောင်တာ သိပ်မကြာသေးပါဘူး။ သူတို့ ၂ ဦးဟာ Budapest University of Technology နည်းပညာတက္ကသိုလ်မှာ ဆေးဝါးဓါတုနဲ့ အင်ဂျင်နီယာ ဘွဲ့လွန်တန်းတက်ချိန်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး သဘာဝဝန်းကျင်ကို ဘယ်လို အကူညီပေးနိုင်မလဲ ဆိုတာကို စဉ်းစားပြီး သုတေသနတွေ လက်တွဲလုပ်ဆောင်ခဲ့ကြတာပါ။ ၂ နှစ်လောက် သုတေသနလုပ်ခဲ့တဲ့နောက် ဘက်တီးရီးယား ကောက်တေးကို တီထွင်နိုင်ခဲ့ကြပါတယ်

သူတို့ရဲ့ ဒီဘက်တီးရီးယား ကောက်တေးဟာ ဘယ်ပလပ်စတစ်မျိုးကို မဆို သီတင်းပတ်အနည်းငယ် အတွင်းမှာပဲ စားပစ်နိုင်တာ တွေ့ရတဲ့ အတွက် သူတို့ရဲ့ ကောက်တေးကို ကမ္ဘာ့ဝန်းကျင်ညစ်ညမ်းမှု ပြဿနာ ဖြေရှင်းရေး အတွက် အဖြေထုတ်ပေးနိုင်မယ် လို့သူတို့က ယုံကြည်နေတာပါ။

ဘက်တီးရီးယား ကို တမျိုးထဲ မသုံးပဲ ရောစပ်ပြီး သုံးတာဟာ ပလပ်စတစ် အမျိုးမျိုးကို ခြေဖျက်နိုင်ဖို့ လုပ်တာပါ လို့လည်း Liz က ရှင်းပြပါတယ်။

Liz Madaras။။“Bacterial cocktail လို့ခေါ်တဲ့ ရောနှော ဘက်တီးရီးယား က ပလပ်စတစ်တွေကို စားနိုင်ပါတယ်။ ပလပ်စတစ်ဆိုတာက မော်လီကျူးတွေ သိပ်ရှုပ်ရှုပ်ထွေးထွေးနဲ့ ဖွဲ့စည်းထားတဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် ဘက်တီးရီးယား တမျိုးထဲဆိုရင် အလုပ်မဖြစ်လို့ အခုလို ရောထားတာကို ထုတ်ရတာပါ။ ကျမတို့ နေ့တိုင်းသုံးနေတဲ့ ပစ္စည်းတွေကို ကြည့်ရင် သူတို့ကိုလုပ်ထားတဲ့ ပလပ်စတစ် အမျိုးအစားက အတော်ကြီးကို များ သလို သူတို့ကိုဖန်တီးထားတဲ့ ဓါတ်ပစ္စည်းကလည်း မျိုးစုံမို့ ခုလို ရောနှော ဘက်တီးရီးယား ကောက်တေးကို ထုတ်ရတာပါ။”

သူတို့ရဲ့ ကောက်တေးဟာ တခါသုံး ပလပ်စတစ် ဘယ်အမျိုးအစားကို ဖြစ်ဖြစ် သီတင်းပတ် ၇ ပတ်အတွင်းမှာပဲ စားပစ်နိုင်သလို ဒီလို ခြေဖျက်ဖို့ အတွက် ဓါတုဆိုင်ရာ လုပ်ငန်းစဉ်တွေ လုပ်စရာမလိုပါဘူး။ ဒါ့အပြင် ဓါတ်ပြောင်းဖို့ တခြား ဓါတုပစ္စည်းတွေနဲ့ ကြိုတင်ပြုပြင်ပေး စရာလည်း မလိုဘူးလို့လည်း ပြောပါတယ်။

သူတို့ရဲ့ ဘက်တီးရီးယားလေးတွေဟာ သူတို့ ဓါတ်ခွဲခန်းထဲက incubator ပိုးမွေးစက် ထဲမှာ နေကြပါတယ်။ သူတို့ရဲ့ ပိုးမွေးတဲ့ စတိုခန်းထဲမှာတော့ စမ်းသပ်မှုကနေ ရတဲ့ ရောစပ်ထားတဲ့ ဘက်တီးရီးယား ကောက်တေးမျိုးစုံ ရှိသလို မရောနှောရသေးတဲ့ ဘက်တီးရီးယား အမျိုးစား သက်သက်ကိုလည်း ဒီစက်ထဲမှာပဲ သိမ်းထားတာပါ။

ရိုက်တာ သတင်းဌာနမေးမြန်းခန်းမှာ Liz က ကမ္ဘာတလွှားမှာ စွန့်ပစ် ပလပ်စတစ်တွေကြောင့် ညစ်ညမ်းလာရတဲ့ ပြဿနာဟာ အတော်ဖြေရှင်းဖို့ လိုအပ်နေတဲ့ ပြဿနာလို့ သူတို့မြင်တဲ့ အတွက် ဒါကို ဖြေရှင်းနိုင်ဖို့ သုတေသနတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ သူတို့ တတ်ကျွမ်းတဲ့ ဇီဝနည်းပညာနဲ့ ဓါတုအင်ဂျင်နီယာနည်းပညာတွေကို ပေါင်းပြီး ပလပ်စတစ်တွေကို သူတို့လာရာဘဝကို ပြန်ပြီး ပို့ပေးနိုင်အောင် သဘာဝအတိုင်း လည်နေတဲ့ သံသရာ စက်ဝန်းထဲ ပြန်ရောက်သွားစေမယ့် အခြေနေတွေကို ဖန်တီးပေးဖို့ သူတို့ ဆုံးဖြတ်ခဲ့တာပါတဲ့။

Liz Madaras။။“ ဓါတ်သဘာဝ ပျက်စီးတဲ့ လုပ်ငန်းစဉ်ဟာ တကယ်တော့ သစ်ရွက်လေးတွေ ဆောင်းကနေ နွေဦးရာသီအထိ မတွေ့ရပဲ ပျောက်သွားတာမျိုးနဲ့ သိပ်ကိုတူပါတယ်။ ပေါင်းစုနေတဲ့ အဏုဇီဝ ပိုးမွှားလေးတွေ က သူတို့ကို ခြေဖျက်ပေးတာပါ။ ဇီဝရုပ်ကြွင်းလောင်စာပေါ် အခြေတည်ထုတ်ထားတဲ့ ပလပ်စတစ်တွေ နဲ့ ကျမတို့ရဲ့ ဘက်တီးရီးယား လေးတွေရဲ့ လုပ်ဆောင်မှုကလည်း ဒါမျိုးပါပဲ” လို့ Liz က ပြောပါတယ်။

သူတို့ရဲ့ ဘက်တီးရီးယား လေးတွေဟာ Polylactic acid ဖြစ်တဲ့ PLA ပလပ်စတစ် အမျိုးအစားကိုလည်း လွယ်လွယ်ကူကူ ခြေဖျက်နိုင်စွမ်း ရှိပါတယ်။

ဗြိတိန်နဲ့ အမေရိကန်က သိပ္ပံပညာရှင်တွေဟာ ပလပ်စတစ်ကို စားတဲ့ အင်ဇိုင်းတမျိုးကို ထွင်နိုင်ခဲ့ပါတယ်။ ဒီအင်ဇိုင်းက PET လို့ အတိုကောက်ခေါ်တဲ့ poly ethylene terephthalate ကို စားပစ်နိုင်ပါတယ်။ ဒီ PET အမျိုးအစား ပလပ်စတစ်ဟာ အတော်လူသုံးများပြီး စွန့်ပစ်လိုက်ရင် နှစ် ရာနဲ့ချီပြီး မပျက်မစီးရှိနေနိုင်တဲ့ အတွက် ပတ်ဝန်းကျင်အတွက် အတော် အန္တရာယ် ရှိတဲ့ အရာပါ။

ဒီလို PET အပါအဝင် နိုင်ငံတကာ သင်္ကေတ စံနစ်နဲ့ သတ်မှတ်ထားတဲ့ ပလပ်စတစ်အမျိုးအစား ၇ ခု စလုံးကို သူတို့ ကောက်တေးက ခြေဖျက်နိုင်စွမ်းရှိတယ်လို့ Poli loop ရဲ့ CEO - Liz က ပြောပါတယ်။

Liz Madaras။။“ PET ကို ခြေဖျက်ဖို့ လုပ်တဲ့နေရာမှာလည်း အောင်မြင်မှု ရပါတယ်။ ကျမတို့က ပလပ်စတစ် အမျိုးအစား အားလုံးအတွက်စမ်းပါတယ်။ ကော်စေ့လို ပလပ်စတစ်ကစပြီး အမျိုးစား ၇ မျိုးစလုံးအလုပ်ဖြစ်တဲ့အပြင် ပလပ်စတစ် အလွှာအထပ်ထပ် လုပ်ထားတာတို့၊ ပလပ်စတိတ်အရောတို့ ကိုပါ ခြေဖျက်နိုင်စွမ်းရှိတယ်” လို့ လည်း ပြောပါတယ်။

ဒီလို ခြေဖျက်ရာမှာ သီတင်းပတ် ၂ ပတ်လောက်အတွင်းမှာပဲ ပလပ်စတစ်တွေဟာ အပိုင်းအစတွေ အဖြစ်ကို ရောက်သွားနိုင်သလို သီတင်းပတ် ၇ ပတ်ရောက်ရင်တော့ အညိုရောင် အော်ဂဲနစ် အနည်အနှစ်ရည် အဖြစ်ကို ပြောင်းသွားနိုင်တာကို သူတို့က လက်တွေ့ ပြသခဲ့ပါတယ်။

သူတို့ရဲ့ ကနဦး ဓါတ်ခွဲခန်း စမ်းသပ်မှုတွေ အရ ဒီအနည်အနှစ်ရည်တွေဟာ မြေဆီလွှာပို ကောင်းလာအောင် လုပ်ပေးတဲ့ ပစ္စည်းတွေ အဖြစ် စိတ်ချလက်ချ သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒါတွေကို ဇီဝပလပ်စတစ်တွေ ထုတ်ရာမှာလည်း သုံးနိုင်ပါတယ်။

Liz Madaras။။ “ပလပ်စတစ်စွန့်ပစ်ပစ္စည်း ကြောင့်ညစ်ညမ်းမှုဟာ တကယ့်ပြဿနာတရပ်လို့ ကျမတို့ မြင်ပါတယ်။ ဒါကြောင့် ဇီဝနည်းပညာနဲ့ ဓါတုအင်ဂျင်နီယာနည်းပညာတွေ ပေါင်းပြီး ပလပ်စတစ်တွေကို သူတို့မူလ နေရာ ပြန်ရောက်အောင် သဘာဝရဲ့ သံသရာလည်တဲ့ ဖြစ်စဉ်ထဲ ပြန်ပို့ပေးနိုင်မယ့် နည်းကို ထွင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။”

သူတို့ရဲ့ Poliloop ကုမ္ပဏီဟာ အမေရိကန်အခြေစိုက် နာမည်ကြီး Techstars ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးနဲ့ ဟန်ဂေရီက စွန့်ဦးတီထွင်သူတွေ အားထားရတဲ့ Vespucci Partners တို့ဆီက အရင်းအနှီး ရယူပြီး စက်ရုံတည်ဆောက် ဖို့ပါ စီစဉ်နေပြီဖြစ်ပါတယ်။

စွန့်ဦးတီထွင် ပညာရှင် ၂ ဦးကတော့ သူတို့ရဲ့ ဘက်တီးရီးယား ကောက်တေးက ပလပ်စတစ်အပြင် ဝန်းကျင်ညစ်ညမ်းစေတဲ့ တခြားပစ္စည်းတွေကို ခြေဖျက်နိုင်စွမ်း ရှိမရှိ သုတေသန ဆက်လုပ်နေကြတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG