သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ချောင်းများ ထိန်းသိမ်းရေး


ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ

မတ်လ ၁၄ ရက်နေ့ဟာ နိုင်ငံတကာ မြစ်ချောင်းများနေ့ ဖြစ်ပါတယ်။ အခုအခါမှာ ကမ္ဘာပေါ်က ထင်ရှားတဲ့ မြစ်ချောင်းကြီးတချို့ဟာ ပင်လယ်ထဲအထိ စီးဝင်ဖို့ မသေချာတဲ့ အနေအထားကို ရောက်နေပြီလို့ WWF သဘာဝဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တွက်ချက်ပါတယ်။

မြစ်ချောင်းတွေဟာ လူသားတွေအတွက် သိပ်ကို အရေးပါတာမို့ မြစ်တွေ မပျက်စီးစေဖို့၊ မြစ်ကျန်းမာဖို့အတွက် ဂရုစိုက်သင့်တယ်လို့ ရေအရင်းအမြစ် ဖွံ့ဖြိုးမှုဆိုင်ရာ အင်ဂျင်နီယာ ဦးချိုချိုက ပြောပါတယ်။

မြစ်တွေ ပျက်စီးရတဲ့ အကြောင်းရင်းတွေထဲမှာ လူသားတွေ ဖန်တီးတဲ့ တံတားတွေ ဆောက်တာ အပြင် မြစ်ညာက ရေဝေဧရိယာမှာ သစ်တောတွေ ခုတ်လို့ သစ်တောပြုန်းတီးပြီး ရေဝေဧရိယာ ပျက်စီးမှုဟာ အရေးပါတဲ့ အရင်းခံအကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သဲနှုံးဟာ မြစ်တစင်းရဲ့ ကျန်းမာရေးအတွက် အရေးပါပါတယ်။ မြစ်ထဲမှာ ရေတခုထဲ စီးဆင်းတာ မဟုတ်ပဲ သံနှုံးတွေကိုပါ သယ်ပြီး စီးဆင်းတာမို့ ဒီလို မြစ်တစင်းရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဒီအထဲမှာ ရေကာတာ ဆောက်လုပ်မှုတွေကိုလည်း သတိထားဖို့ လိုပါတယ်။

XS
SM
MD
LG