သုံးရလွယ်ကူစေသည့် Link များ

ပညာရပ်တခု တိုးတက်ဖို့ လိုအပ်တဲ့ အချက်တွေထဲမှာ စံနစ်တကျ မှတ်တမ်းတင်မှုဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စံနစ်တကျ မှတ်တမ်းတင်နိုင်ဖို့ ကြိုးစားခဲ့တာတွေရှိပေမယ့် ဒီအလေ့ထွန်းကားဖို့ အများကြီး လိုအပ်နေပါတယ်လို့ ဆရာဦးဝင်းဖေက ပြောပါတယ်။

ရှေးရှင်ဘုရင်တွေ အဆက်ဆက် စံနှုံး သတ်မှတ်တာတွေ ရှိခဲ့ပါတယ်။ အတိုင်းအတာတွေနဲ့ ပါတ်သက်ပြီး စံနှုံး သတ်မှတ်တဲ့ထဲမှာ ဆယ်ဆံခြည် တနှမ်းဆိုတာမျိုး ရှိနေတာမို့ ဆံပင်တို့ နှမ်းစေ့တို့နဲ့ တိုင်းတာရာမှာ အရွယ်အစားအတွက် တိတိကျကျ မပေးနိုင်ပါဘူး။ ဒါ့ကြောင့် စံနှုံး သတ်မှတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး ကျောက်စာတိုင်မှာ အတိုင်းအတာ တချို့ထားခဲ့တာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ရှေးဘုရင်တွေ လက်ထက် မှတ်တမ်းမှတ်ရာ တချို့ ထက် ကိုယ်တိုင်လက်တွေ လုပ်ဆောင်ခဲ့ရတဲ့ မှတ်တမ်းတခု အနေနဲ့ ဆရာဦးဝင်းဖေက သူမန္တလေး ပန်တျာကျောင်းအုပ်ဘဝက ရူပဗေဒပါမောက္ခ ဦးမောင်မောင်ခရဲ့ ဦးစီးမှုနဲ့ မြန်မာ ဂီတ သံစဉ်တချို့ကို ရူပဗေဒ ပညာရှင်တွေ တိုင်းတာဖို့ လုပ်ပေးခဲ့ရတာ ဖြစ်ပြီး ဒီမှတ်တမ်းကို အရင်က ရန်ကုန်တက္ကသိုလ်မှာ မှတ်တမ်းတင်ဖို့ သိမ်းထားခဲ့တယ်လို့ ပြောပါတယ်။

မြန်မာဂီတကို မှတ်တမ်းတင်ဖို့ ကျိုးစားခဲ့သူတွေထဲမှာ စောင်းဆရာကြီး ဒေဝအိနြာ၊ မြဝတီမင်းကြီး ဦးစနဲ့ ပြင်စည်မင်းသားကြီးတို့ ပါဝင်သလို အစောဆုံး ကျိုးစားခဲ့သူကတော့ ညောင်ရမ်းခေတ်က ဝန်ကြီး ပဒေသရာဇာ ဖြစ်ပါတယ်။

XS
SM
MD
LG