သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မ်က္ရည္ယိုဗံုး ဒဏ္က ကာကြယ္ဖို႔


ရန္ကုန္ၿမိဳ႕ ဆႏၵျပပြဲတစ္ခုအတြင္း မ်က္ရည္ယိုဗံုးဒဏ္ကိုေရွာင္ရန္ ဆုတ္လာၾကသည့္ ဆႏၵျပသူမ်ား။ (မတ္ ၉၊ ၂၀၂၁)

စစ္တပ္အာဏာသိမ္းတာကို လက္မခံပဲ လမ္းေတြေပၚဆႏၵျပေနၾကတဲ့ ျမန္မာျပည္သူေတြ ရင္ဆိုင္ေနရတဲ့  အႏၱရာယ္ႀကီးတဲ့ မ်က္ရည္ယိုဗံုးဒဏ္ကေန ကာကြယ္ဖို႔ ႀကိဳတင္ျပင္ဆင္သင့္တာေတြနဲ႔ ထိေတြ႔မိခဲ့ရင္ ဘာလုပ္သင့္တယ္ ဆိုတာေတြကို ဒီတပတ္မွာ ေျပာျပေပးမွာပါ။

မ်က္ရည္ယိုဗံုး ဒဏ္က ကာကြယ္ဖို႔
please wait

No media source currently available

0:00 0:07:29 0:00
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

Zawgyi

စစ္တပ္အာဏာသိမ္းတာကို လက္မခံပဲ လမ္းေတြေပၚဆႏၵျပေနၾကတဲ့ ျမန္မာျပည္သူေတြ ရင္ဆိုင္ေနရတဲ့ အႏၱရာယ္ႀကီးတဲ့ မ်က္ရည္ယိုဗံုးဒဏ္ကေန ကာကြယ္ဖို႔ ႀကိဳတင္ျပင္ဆင္သင့္တာေတြနဲ႔ ထိေတြ႔မိခဲ့ရင္ ဘာလုပ္သင့္တယ္ ဆိုတာေတြကို ဒီတပတ္မွာ ေျပာျပေပးမွာပါ။

မ်က္ရည္ယိုဗံုး CS ေခၚ chlorobenzal malono nitrile (C10H5ClN2) poison အတြက္ အဆိပ္ေျဖေဆး မရွိေသးပါဘူး။ ဒီဓါတုပစၥည္းနဲ႔ ထိၿပီဆိုရင္ေတာ့ အသားအရည္ ေလာင္တာ၊ မ်က္လံုးေတြ၊ ခံတြင္းေတြ လည္ေခ်ာင္းေတြ စပ္ၿပီး ေခ်ာင္းဆိုးတာ၊ အသက္႐ႈၾကပ္တာ ႐ုတ္တရက္ စိတ္ ကစဥ္႔ကလ်ားျဖစ္သြားတာမ်ိဳးေတြ ႀကံဳရႏုိင္ပါတယ္။ အမ်ားအျပား ထိမိ သြားတယ္ဆိုရင္ေတာ့ ေအာ့အန္ေစႏိုင္ပါတယ္။ (မ်က္ရည္ယိုဗံုးထိရံုနဲ႔ ခ်က္ခ်င္းေသဆံုး မသြားႏုိင္ေပမယ့္ ဥပမာ ရဲလက္ထဲမွာ ခ်ဳပ္ထားခံရတာမ်ဳိး ထြက္ေပါက္မရွိ ေနရာက်ဥ္းက်ဥ္းေလးမွာ မ်က္ရည္ယိုဗံုးထိတာမ်ဳိးဆို ေသဆံုးတာထိ ျဖစ္ႏိုင္ပါတယ္။)

အဓိကရုန္းႏွိမ္နင္းေရးမွာ သံုးခြင့္ေပးထားတဲ့ မ်က္ရည္ယိုဗံုး - CS အဆိပ္မထိေအာင္ အတတ္ႏိုင္ဆံုး ႀကိဳစားဖို႔ လိုအပ္သလို ဒီ cyanocarbon ဓါတုပစၥည္းရဲ့ သေဘာသဘာဝကို နားလည္ဖို႔လည္း လိုပါတယ္။ ဒီလို နားလည္ထားရင္ ေရွာင္ႏိုင္တိမ္းႏိုင္တယ္လို႔ အေမရိကန္စစ္တပ္ သဘာဝဝန္းက်င္ က်န္းမာေရးဆိုင္ရာ အႀကီးအကဲ တဦးျဖစ္တဲ့ ဦးသူရေအာင္က ေျပာပါတယ္။

ဦးသူရေအာင္။. ။“ဒီ ဓါတုပစၥည္းက က်ေနာ္ေျပာခဲ့သလို chain (ဓါတုတြဲဆက္မႈ) ႀကီးက အရမ္းရွည္ေတာ့ သူက ေလထုထက္ အရမ္းေလးတယ္။ ေလးေတာ့ သူက အေပၚျမင့္ျမင့္ကို သူမသြားႏိုင္ဘူး။ သူ႔အေငြ႔က အေပၚတက္ဖို႔ chance အခြင့္အလန္းက နည္းတယ္။ ေအာက္ကိုပဲ သြားမယ္ေပါ့။ ေျပာခ်င္တာက သူ႔ကို ေအာက္မွာ ထားၿပီး ကိုယ္က အေပၚျမင့္ျမင့္မွာေနဖို႔ လိုတယ္။ အဲဒီ မ်က္ရည္ယိုဗံုး လာေနတာကို မ်က္ႏွာဖံုး ဘာညာရွိတဲ့ လူက သြားၿပီး တြန္းထုတ္မယ္ဆိုရင္လည္ အဲဒီအလံုးကို ေျမနိမ့္ရာကို ေရာက္ေအာင္ လုပ္ရမယ္။ ဒါမွ သူ႔ရဲ့ ရွိသမ ွ် ဓါတ္ေငြ႔ေတြ အားလံုးက နိမ့္တဲ့ေနရာ ကိုပဲ က်သြားမယ္ေပါ့။ အဲဒီလိုမ်ိဳးေလးေတြ လုပ္ဖုိ႔ အႀကံေပးခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ ေလတိုက္တဲ့ဆီကို ေျပးပါ။ ဘာလို႔လည္း ဆိုေတာ့ အေငြ႔က ေလအားနဲ႔ လိုက္လာမွာ ေၾကာက္လို႔။

ဒါနဲ႔ ပတ္သက္ၿပီး ေဟာင္ေကာင္က နည္းတခုက. ဘာေတြ႔လိုက္လည္း ဆိုေတာ့ သူတို႔ႏိုင္ငံ ေတြကေတာ့ ပစၥည္္းေတြ ေပါေတာ့။ သစ္ရြက္ေတြ မႈတ္ထုတ္တဲ့ စက္ကေလးကို သယ္သြားၾကတယ္။ အဲဒီ အေငြ႔လာတာနဲ႔ သူတုိ႔က ဟိုဘက္ကို ျပန္မႈတ္ထုတ္လိုက္တယ္။ ကိုယ့္ဆီ မလာေအာင္။ အဲဒီေတာ့ ဒီအေငြ႔က ဟိုဘက္ ေရာက္သြားတာ ေပါ့ေနာ္။

ေနာက္ ေဟာင္ေကာင္မွာပဲ ေနာက္တနည္းက ျမန္မာျပည္က Generation Z ကေလးေတြလည္း လုပ္ေနတာ ေတြ႔ေနတာ ကေတာ့ သူတု႔ိက ဖံုးအုပ္လိုက္တယ္ ျမန္ျမန္။ အဲဒီမွာ ေရနဲ႔ေလာင္းလိုက္တယ္ ျမန္ျမန္။ သံမန္တလင္းေပၚမွာ၊ လမ္းေပၚမွာပဲ ေရနဲ႔ သူ႔ဟာသူ activate ျဖစ္္ပေစေလ။ ဘာျဖစ္ျဖစ္ေပါ့။ လူ႔ခႏၶာ လူ႔ အေရျပားကို မေရာက္ရင္ ၿပီးတာပဲ ဆိုေတာ့ အဲဒီနည္းေတြနဲ႔ အုပ္ေနတာ ဆိုေတာ့ အဲဒါက မႏွစ္ကမွ ေဟာင္ေကာင္မွာ ေတြ႔တာေတြ ေပါ့ေနာ္။ အဲဒါကို ဒီ ျမန္မာ Generation Z ကေလးေတြက ႀကိဳၿပီးေတာ့ သိေနၿပီသူတုိ႔။ အဲဒီနည္းေတြနဲ႔ လုပ္ေနၿပီ။ ဒါေပမယ့္ အႏၱရာယ္ အရမ္းမ်ားတယ္။

တကယ္လို႔ သူက၊ အဲဒီ ပစ္လိုက္တဲ့ ဘူးမွာ အေပါက္ကေလး ၄ ခု ထိပ္မွာ ရွိတယ္။ သူက က်က်ခ်င္း ဖံုး- ဆို တန္းေပါက္တာကိုး။ အဲဒီလို ေပါက္ေတာ့ ကိုယ္က အခ်ိန္မွီ အုပ္ႏိုင္ရင္ ေကာင္းတယ္။ မအုပ္ႏုိင္ရင္ သူက ပူလာၿပီ ေအာက္က သံကပါ ပူလာၿပီ။ သြားကိုင္လိုက္ရင္ လက္ကို ပူႏိုင္တာတို႔ရွိတယ္ေပါ့ေ နာ္။ တင္းနစ္ရက္ကက္ကလည္း သူက အေပၚကခ်ည္း လာတာမ်ိဳး မဟုတ္ပဲ ေအာက္ကလည္း လာေတာ့ သူက ရို္က္ရတာ ခက္တာမ်ိဳးတို႔။ ဒါမ်ိဳးေလးေတြ ရွိတာေပါ့။ ေနာက္ သူမသြားခင္မွာတင္ အေငြ႔က ကိုယ့္ႏွာေခါင္းထဲတို႔ ဘာတို႔ ဝင္လာတာေတြ ရွိတာကိုး။ အခု ျမန္မာျပည္မွာ ဝတ္စားသြားတာေတြက လည္း အဲဒါမ်ိဳးကို ကာကြယ္ဖို႔ေတာ့ လုပ္ထားတဲ့ပံုပဲ။”

ေမး။. ။“မ်က္ရည္ယိုဗံုးနဲ႔ ပစ္လာရင္ ဘယ္လိုခုခံကာကြယ္တာ အေကာင္းဆံုးလဲ။ လူေတြ အႏၱရာယ္မရွိေအာင္ေလ။ အဲဒါေလး ေျပာျပေပးပါ။”

ဦးသူရေအာင္။. ။“ဟုတ္ကဲ့ ပထမဆံုးကေတာ့ preparation ေပါ့ေနာ္။ မသြားခင္မွာ လံုးဝ မ်က္ကပ္မွန္မတပ္ပါနဲ႔။ မ်က္ကပ္မွန္က အထဲထဲေရာက္သြားရင္ ျပန္ထုတ္ရတာ ခက္တဲ့အျပင္ တခ်ိဳ႕ဆိုရင္ မ်က္လံုးကို ေလာင္သြားၿပီး မ်က္စိကန္းတာမ်ိဳး ျဖစ္တတ္တယ္။ အဲဒီေတာ့ မ်က္ကပ္မွန္တပ္သူမ်ား ထြက္မယ္ဆိုရင္ မ်က္မွန္ကို ေျပာင္းတပ္ရမွာေပါ့။ ေနာက္ မ်က္စိကို အကာကြယ္ေပးတဲ့ goggle ေပါ့။ ေရကူးတဲ့အခါ တပ္တဲ့ goggle မ်ိဳးလည္း တပ္လို႔ ရပါတယ္။ အခုအခ်ိန္က ကိုဗစ္ ျဖစ္ေနေတာ့ dust mask ႏွာေခါင္းစည္း ေတြလည္းရွိပါတယ္။ dusk musk ေတြနဲ႔ ကာထားၿပီးေတာ့ goggle ေတြနဲ႔ဆိုရင္ အနည္းဆံုး ႏူးည့ံတဲ့အသားအရည္ ထဲကို ဝင္မသြားဘူးေပါ့။ ေနာက္ အက်ီလက္ရွည္ကေတာ့ အၿမဲ ဝတ္ရမယ္ေနာ္။ ဒါက ျပင္ဆင္တဲ့အေနနဲ႔ ဘာလို႔လည္း ဆိုေတာ့ သူက ထိသမ ွ်ကို သူက ပူေစမွာ ျဖစ္တယ္။ ေနာက္ သူက ေက်ာပိုးအိတ္တို႔ ဘာတို႔ယူသြားလို႔ရွိရင္ အက်ီအပိုေတြဘာေတြ ထည့္သြားေပါ့။

ေမး။. ။“တကယ္လုိ႔ ဒီမ်က္ရည္ယိိုဗံုးက အေငြ႔ေတြ အမႈန္ေတြက ကုိယ္နဲ႔ထိသြားၿပီ ဆိုရင္ ေကာ ဘာလုပ္ရမလဲ။”

ဦးသူရေအာင္။. ။“ဟုတ္ကဲ့။ ခုနတုန္းက preparation ဘယ္လိုယူဖုိ႔နဲ႔ ဘယ္လိုကာကြယ္ဖို႔ ကို ေျပာၿပီးေတာ့။. အခု ထိသြားၿပီဆိုရင္၊ ကိုယ္ကေတာ့ ကာကြယ္ထားတဲ့အတြက္ မ်က္လံုးတို႔ ပါးစပ္အထဲတို႔ကို မဝင္ဘူးပဲ ဆိုပါေတာ့။ ဒါေပမယ့္ ဒီလည္ပင္းတို႔ လြတ္ေနတဲ့ လက္ေနရာတို႔က အရမ္း ပူလာၿပီ။ တခုခု ျဖစ္လာၿပီ ဆိုရင္ေတာ့ ခုနေျပာခဲ့တဲ့ အတိုင္း အက်ီအပိုကလည္း အိတ္ထဲမွာ ပါမယ္။ သူက အိတ္ထဲမွာ ရွိေနတဲ့အတြက္ အဲဒီရွိတဲ့အက်ီက မထိထားဘူး ေပါ့ေနာ္။ အသားနဲ႔ အက်ီအျပင္မွာရွိတဲ့ အမႈန္႔နဲ႔ ထပ္ထပ္ၿပီးေတာ့ စိုစြတ္ၿပီး မေလာင္ေအာင္၊ အဲဒီအက်ီကို လႊင့္ပစ္ခဲ့တာတို႔ ဘာတို႔လုပ္ရမွာေပါ့ေနာ္။ နံပါတ္ ၁ က။

ေနာက္ ေရေဆးမယ္ ဆိုရင္ မ်က္မွန္တို႔ အက်ီတို႔ကို ဆပ္ျပာနဲ႔ ျမန္ျမန္ ေဆးလိုက္လို႔ ရတယ္။ ဒီမ်က္လံုးက်ေတာ့ ဆပ္ျပာနဲ႔ ေဆးလို႔ မရေတာ့ဘူး။ ေရနဲ႔ပဲ ေဆးရမယ္။ မပြတ္ခိုင္းဘူး။ ေရကို ဒီလို ေခါင္းတဖက္ေစာင္းၿပီးေတာ့၊ ေရကိုလည္း သူကညႊစ္စရာ ပါတာေလးမ်ိဳးဆို ေကာင္းတာေပါ့။ ေရမ်ားမ်ား မကုန္ဘူးေပါ့။ ညွစ္စရာေလးနဲ႔ ညွစ္တယ္ဆိုရင္။ ဒီမ်က္လံုး အထဲထဲမွာ မေတာ္တဆ ဒီမ်က္လံုးပတ္ဝန္းက်င္မွာ ရွိႏိုင္တာေတြကို မ်က္လံုး ပိတ္ၿပီးေတာ့ ျဖစ္ျဖစ္၊ ေလာင္းခ်ရမွာေပါ့။မပြတ္ပဲနဲ႔ ေရအားနဲ႔ပဲ။ ဒီဘက္မ်က္လံုးေပၚကဟာ ဒီဘက္ ပါသြားေအာင္၊ ဟိုဘက္ကဟာ ဟိုဘက္ပါသြားေအာင္ ေရနဲ႔ညွစ္ခ်ဖို႔။ ေနာက္ၿပီးေတာ့ အဝတ္အစားေတြကို ကိုယ္ဟာကိုယ္ ျပန္ေလ ွ်ာ္မယ္ ဆိုရင္လည္း ပလပ္စတိတ္အိတ္နဲ႔ ထည့္ၿပီး ျပန္ၿပီး မထြက္ေအာင္ေပါ့။ ကၽြတ္ကၽြတ္အိတ္ ဆိုရင္လည္း ခ်ီလိုက္ေပါ့။ ဘာလို႔လည္း ဆိုေတာ့ အိမ္ေရာက္မွ ျပန္ေလ ွ်ာ္မယ္ ဆိုေတာ့။ သူက ဆက္ဆက္ၿပီး ေလာင္တတ္တယ္။ တကယ္လို႔ အက်ီရဲ့ အျပင္မွာ ရွိေနရင္ ေနာက္တေယာက္က သြားထိရင္ အဲဒီလူ လက္ကို အပူေလာင္တာမ်ိဳး ျဖစ္တာပဲ။ ဘာလို႔လည္း ဆိုေတာ့ သူက စိုစြတ္တဲ့ အရာကို ေလာင္ဖို႔ အၿမဲတမ္း ႀကိဳးစားေနတာ။

ခုနေျပာသလို ဒီဗံုးအာနိသင္ ေလ်ာ့သြားေအာင္ ေရနဲ႔ လုပ္တာ မွန္သလား ဆိုေတာ့။ ေရနဲ႔လည္း သူက စိုစြတ္ေတာ့ activate ျဖစ္မွာပဲ။ ဒါေပမယ့္ လမ္းႀကီးက ခံစားခ်က္ မရွိေတာ့ မသိဘူး။ လူ႔အေရျပားက ခံစားခ်က္ရွိေတာ့ သိတယ္ေလ။ အဲဒီေတာ့ activate မျဖစ္ေသးတဲ့ အဝတ္အစားရဲ့ အျပင္ကဟာကို ထပ္မထိဖို႔ ႀကိဳးစားရမွာ ေပါ့ေနာ္။ တခ်ိဳ႕ဆိုရင္ ပါးစပ္ေတြ ဘာေတြမအုပ္မိေတာ့ဒီလည္ပင္းထဲကို ဝင္သြားၿပီးေတာ့ အရမ္းေခ်ာင္းဆိုးတာ ဘာညာ ျဖစ္ရင္ ဒီအဆုပ္ထဲမွာ ေအာက္ဆီဂ်င္ မရတဲ့ လူတေယက္လို ဆက္ဆံၿပီးေတာ့ သူ႕ကို ေအာက္ဆီဂ်င္ေပးၿပီးေတာ့ အသက္ျပန္ကယ္တာမ်ိဳး လုပ္ရမယ္။

ေနာက္ၿပီးေတာ့ မ်က္လံုးထဲကို မေတာ္တဆ ဝင္သြားတယ္ ဆိုရင္ ခုနေျပာသလို ေရကို တဖက္တခ်က္ဆီက ေဆးတယ္ဆိုရင္လည္း အမႈန္တို႔ အေငြ႔လိုမ်ိဳး မျမင္ႏုိင္ေလာက္တဲ့ အထိကို ေရနဲ႔ ေဆးေပးရမွာ၊ မပြတ္ပဲနဲ႔ ေပါ့ေနာ္။

တကယ္လို႔ CS poison ထိရင္ အခုအခ်ိန္ အထိ antidote အဆိပ္ေျဖေဆး ဆိုတာ မရွိေသးဘူး။ ေခ်ာင္းအရမ္းဆိုးလို႔ ဒါေလးထုိးလိုက္ရင္ ေခ်ာင္းဆိုး သက္သာသြားမယ္ ဆိုတာမ်ိဳး မရွိေသးဘူး။ ေနာက္ အေရျပားေတြဘာေတြ ေလာင္တယ္ ဆိုရင္လည္း ေနပူေလာင္သလိုမ်ိဳး ၊ မီးေလာင္ သလိုမ်ိဳးပဲ ကုေပးရမယ္။ ပထမဦးဆံုးေတာ့ chemical ေတြ မရွိေအာင္ လုပ္ရမွာ ေပါ့ေနာ္။ ခက္တာက ဒီအေရျပားေပၚမွာ ဒီအေငြ႔ ကပ္ေနရင္ ေရေလာင္းတဲ့အခါ၊ ပူလည္း ပူအံုးမယ္။ သူ႔ကိုလည္း ကုန္ေအာင္ လုပ္ရအံုးမယ္။ ေရထိတာနဲ႔လည္း သူက activate ျဖစ္အံုးမယ္ ဆုိ အဲဒီလိုမ်ိဳး ဟာေတြ ရွိေတာ့ ေနေလာင္ထားတဲ့လူ။ မီးေလာင္ထားတဲ့ လူတေယာက္လို ဆက္ဆံၿပီးေတာ့ ကုေပးရမွာပါ။”

အေမရိကန္စစ္တပ္ သဘာဝဝန္းက်င္ က်န္းမာေရးဆိုင္ရာ အႀကီးအကဲ ဦးသူရေအာင္ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸြံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

စစ်တပ်အာဏာသိမ်းတာကို လက်မခံပဲ လမ်းတွေပေါ်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကြီးတဲ့ မျက်ရည်ယိုဗုံးဒဏ်ကနေ ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်သင့်တာတွေနဲ့ ထိတွေ့မိခဲ့ရင် ဘာလုပ်သင့်တယ် ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပေးမှာပါ။

မျက်ရည်ယိုဗုံး CS ခေါ် chlorobenzal malono nitrile (C10H5ClN2) poison အတွက် အဆိပ်ဖြေဆေး မရှိသေးပါဘူး။ ဒီဓါတုပစ္စည်းနဲ့ ထိပြီဆိုရင်တော့ အသားအရည် လောင်တာ၊ မျက်လုံးတွေ၊ ခံတွင်းတွေ လည်ချောင်းတွေ စပ်ပြီး ချောင်းဆိုးတာ၊ အသက်ရှုကြပ်တာ ရုတ်တရက် စိတ် ကစဉ့်ကလျားဖြစ်သွားတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အများအပြား ထိမိ သွားတယ်ဆိုရင်တော့ အော့အန်စေနိုင်ပါတယ်။ (မျက်ရည်ယိုဗုံးထိရုံနဲ့ ချက်ချင်းသေဆုံး မသွားနိုင်ပေမယ့် ဥပမာ ရဲလက်ထဲမှာ ချုပ်ထားခံရတာမျိုး ထွက်ပေါက်မရှိ နေရာကျဉ်းကျဉ်းလေးမှာ မျက်ရည်ယိုဗုံးထိတာမျိုးဆို သေဆုံးတာထိ ဖြစ်နိုင်ပါတယ်။)

အဓိကရုန်းနှိမ်နင်းရေးမှာ သုံးခွင့်ပေးထားတဲ့ မျက်ရည်ယိုဗုံး - CS အဆိပ်မထိအောင် အတတ်နိုင်ဆုံး ကြိုစားဖို့ လိုအပ်သလို ဒီ cyanocarbon ဓါတုပစ္စည်းရဲ့ သဘောသဘာဝကို နားလည်ဖို့လည်း လိုပါတယ်။ ဒီလို နားလည်ထားရင် ရှောင်နိုင်တိမ်းနိုင်တယ်လို့ အမေရိကန်စစ်တပ် သဘာဝဝန်းကျင် ကျန်းမာရေးဆိုင်ရာ အကြီးအကဲ တဦးဖြစ်တဲ့ ဦးသူရအောင်က ပြောပါတယ်။

ဦးသူရအောင်။. ။“ဒီ ဓါတုပစ္စည်းက ကျနော်ပြောခဲ့သလို chain (ဓါတုတွဲဆက်မှု) ကြီးက အရမ်းရှည်တော့ သူက လေထုထက် အရမ်းလေးတယ်။ လေးတော့ သူက အပေါ်မြင့်မြင့်ကို သူမသွားနိုင်ဘူး။ သူ့အငွေ့က အပေါ်တက်ဖို့ chance အခွင့်အလန်းက နည်းတယ်။ အောက်ကိုပဲ သွားမယ်ပေါ့။ ပြောချင်တာက သူ့ကို အောက်မှာ ထားပြီး ကိုယ်က အပေါ်မြင့်မြင့်မှာနေဖို့ လိုတယ်။ အဲဒီ မျက်ရည်ယိုဗုံး လာနေတာကို မျက်နှာဖုံး ဘာညာရှိတဲ့ လူက သွားပြီး တွန်းထုတ်မယ်ဆိုရင်လည် အဲဒီအလုံးကို မြေနိမ့်ရာကို ရောက်အောင် လုပ်ရမယ်။ ဒါမှ သူ့ရဲ့ ရှိသမ ျှ ဓါတ်ငွေ့တွေ အားလုံးက နိမ့်တဲ့နေရာ ကိုပဲ ကျသွားမယ်ပေါ့။ အဲဒီလိုမျိုးလေးတွေ လုပ်ဖို့ အကြံပေးချင်ပါတယ်။ နောက်ပြီးတော့ လေတိုက်တဲ့ဆီကို ပြေးပါ။ ဘာလို့လည်း ဆိုတော့ အငွေ့က လေအားနဲ့ လိုက်လာမှာ ကြောက်လို့။

ဒါနဲ့ ပတ်သက်ပြီး ဟောင်ကောင်က နည်းတခုက. ဘာတွေ့လိုက်လည်း ဆိုတော့ သူတို့နိုင်ငံ တွေကတော့ ပစ္စည်းတွေ ပေါတော့။ သစ်ရွက်တွေ မှုတ်ထုတ်တဲ့ စက်ကလေးကို သယ်သွားကြတယ်။ အဲဒီ အငွေ့လာတာနဲ့ သူတို့က ဟိုဘက်ကို ပြန်မှုတ်ထုတ်လိုက်တယ်။ ကိုယ့်ဆီ မလာအောင်။ အဲဒီတော့ ဒီအငွေ့က ဟိုဘက် ရောက်သွားတာ ပေါ့နော်။

နောက် ဟောင်ကောင်မှာပဲ နောက်တနည်းက မြန်မာပြည်က Generation Z ကလေးတွေလည်း လုပ်နေတာ တွေ့နေတာ ကတော့ သူတု့ိက ဖုံးအုပ်လိုက်တယ် မြန်မြန်။ အဲဒီမှာ ရေနဲ့လောင်းလိုက်တယ် မြန်မြန်။ သံမန်တလင်းပေါ်မှာ၊ လမ်းပေါ်မှာပဲ ရေနဲ့ သူ့ဟာသူ activate ဖြစ်ပစေလေ။ ဘာဖြစ်ဖြစ်ပေါ့။ လူ့ခန္ဓာ လူ့ အရေပြားကို မရောက်ရင် ပြီးတာပဲ ဆိုတော့ အဲဒီနည်းတွေနဲ့ အုပ်နေတာ ဆိုတော့ အဲဒါက မနှစ်ကမှ ဟောင်ကောင်မှာ တွေ့တာတွေ ပေါ့နော်။ အဲဒါကို ဒီ မြန်မာ Generation Z ကလေးတွေက ကြိုပြီးတော့ သိနေပြီသူတို့။ အဲဒီနည်းတွေနဲ့ လုပ်နေပြီ။ ဒါပေမယ့် အန္တရာယ် အရမ်းများတယ်။

တကယ်လို့ သူက၊ အဲဒီ ပစ်လိုက်တဲ့ ဘူးမှာ အပေါက်ကလေး ၄ ခု ထိပ်မှာ ရှိတယ်။ သူက ကျကျချင်း ဖုံး- ဆို တန်းပေါက်တာကိုး။ အဲဒီလို ပေါက်တော့ ကိုယ်က အချိန်မှီ အုပ်နိုင်ရင် ကောင်းတယ်။ မအုပ်နိုင်ရင် သူက ပူလာပြီ အောက်က သံကပါ ပူလာပြီ။ သွားကိုင်လိုက်ရင် လက်ကို ပူနိုင်တာတို့ရှိတယ်ပေါ့ေ နာ်။ တင်းနစ်ရက်ကက်ကလည်း သူက အပေါ်ကချည်း လာတာမျိုး မဟုတ်ပဲ အောက်ကလည်း လာတော့ သူက ရိုက်ရတာ ခက်တာမျိုးတို့။ ဒါမျိုးလေးတွေ ရှိတာပေါ့။ နောက် သူမသွားခင်မှာတင် အငွေ့က ကိုယ့်နှာခေါင်းထဲတို့ ဘာတို့ ဝင်လာတာတွေ ရှိတာကိုး။ အခု မြန်မာပြည်မှာ ဝတ်စားသွားတာတွေက လည်း အဲဒါမျိုးကို ကာကွယ်ဖို့တော့ လုပ်ထားတဲ့ပုံပဲ။”

မေး။. ။“မျက်ရည်ယိုဗုံးနဲ့ ပစ်လာရင် ဘယ်လိုခုခံကာကွယ်တာ အကောင်းဆုံးလဲ။ လူတွေ အန္တရာယ်မရှိအောင်လေ။ အဲဒါလေး ပြောပြပေးပါ။”

ဦးသူရအောင်။. ။“ဟုတ်ကဲ့ ပထမဆုံးကတော့ preparation ပေါ့နော်။ မသွားခင်မှာ လုံးဝ မျက်ကပ်မှန်မတပ်ပါနဲ့။ မျက်ကပ်မှန်က အထဲထဲရောက်သွားရင် ပြန်ထုတ်ရတာ ခက်တဲ့အပြင် တချို့ဆိုရင် မျက်လုံးကို လောင်သွားပြီး မျက်စိကန်းတာမျိုး ဖြစ်တတ်တယ်။ အဲဒီတော့ မျက်ကပ်မှန်တပ်သူများ ထွက်မယ်ဆိုရင် မျက်မှန်ကို ပြောင်းတပ်ရမှာပေါ့။ နောက် မျက်စိကို အကာကွယ်ပေးတဲ့ goggle ပေါ့။ ရေကူးတဲ့အခါ တပ်တဲ့ goggle မျိုးလည်း တပ်လို့ ရပါတယ်။ အခုအချိန်က ကိုဗစ် ဖြစ်နေတော့ dust mask နှာခေါင်းစည်း တွေလည်းရှိပါတယ်။ dusk musk တွေနဲ့ ကာထားပြီးတော့ goggle တွေနဲ့ဆိုရင် အနည်းဆုံး နူးညံ့တဲ့အသားအရည် ထဲကို ဝင်မသွားဘူးပေါ့။ နောက် အကျီလက်ရှည်ကတော့ အမြဲ ဝတ်ရမယ်နော်။ ဒါက ပြင်ဆင်တဲ့အနေနဲ့ ဘာလို့လည်း ဆိုတော့ သူက ထိသမ ျှကို သူက ပူစေမှာ ဖြစ်တယ်။ နောက် သူက ကျောပိုးအိတ်တို့ ဘာတို့ယူသွားလို့ရှိရင် အကျီအပိုတွေဘာတွေ ထည့်သွားပေါ့။

မေး။. ။“တကယ်လို့ ဒီမျက်ရည်ယိုဗုံးက အငွေ့တွေ အမှုန်တွေက ကိုယ်နဲ့ထိသွားပြီ ဆိုရင် ကော ဘာလုပ်ရမလဲ။”

ဦးသူရအောင်။. ။“ဟုတ်ကဲ့။ ခုနတုန်းက preparation ဘယ်လိုယူဖို့နဲ့ ဘယ်လိုကာကွယ်ဖို့ ကို ပြောပြီးတော့။. အခု ထိသွားပြီဆိုရင်၊ ကိုယ်ကတော့ ကာကွယ်ထားတဲ့အတွက် မျက်လုံးတို့ ပါးစပ်အထဲတို့ကို မဝင်ဘူးပဲ ဆိုပါတော့။ ဒါပေမယ့် ဒီလည်ပင်းတို့ လွတ်နေတဲ့ လက်နေရာတို့က အရမ်း ပူလာပြီ။ တခုခု ဖြစ်လာပြီ ဆိုရင်တော့ ခုနပြောခဲ့တဲ့ အတိုင်း အကျီအပိုကလည်း အိတ်ထဲမှာ ပါမယ်။ သူက အိတ်ထဲမှာ ရှိနေတဲ့အတွက် အဲဒီရှိတဲ့အကျီက မထိထားဘူး ပေါ့နော်။ အသားနဲ့ အကျီအပြင်မှာရှိတဲ့ အမှုန့်နဲ့ ထပ်ထပ်ပြီးတော့ စိုစွတ်ပြီး မလောင်အောင်၊ အဲဒီအကျီကို လွှင့်ပစ်ခဲ့တာတို့ ဘာတို့လုပ်ရမှာပေါ့နော်။ နံပါတ် ၁ က။

နောက် ရေဆေးမယ် ဆိုရင် မျက်မှန်တို့ အကျီတို့ကို ဆပ်ပြာနဲ့ မြန်မြန် ဆေးလိုက်လို့ ရတယ်။ ဒီမျက်လုံးကျတော့ ဆပ်ပြာနဲ့ ဆေးလို့ မရတော့ဘူး။ ရေနဲ့ပဲ ဆေးရမယ်။ မပွတ်ခိုင်းဘူး။ ရေကို ဒီလို ခေါင်းတဖက်စောင်းပြီးတော့၊ ရေကိုလည်း သူကညွှစ်စရာ ပါတာလေးမျိုးဆို ကောင်းတာပေါ့။ ရေများများ မကုန်ဘူးပေါ့။ ညှစ်စရာလေးနဲ့ ညှစ်တယ်ဆိုရင်။ ဒီမျက်လုံး အထဲထဲမှာ မတော်တဆ ဒီမျက်လုံးပတ်ဝန်းကျင်မှာ ရှိနိုင်တာတွေကို မျက်လုံး ပိတ်ပြီးတော့ ဖြစ်ဖြစ်၊ လောင်းချရမှာပေါ့။မပွတ်ပဲနဲ့ ရေအားနဲ့ပဲ။ ဒီဘက်မျက်လုံးပေါ်ကဟာ ဒီဘက် ပါသွားအောင်၊ ဟိုဘက်ကဟာ ဟိုဘက်ပါသွားအောင် ရေနဲ့ညှစ်ချဖို့။ နောက်ပြီးတော့ အဝတ်အစားတွေကို ကိုယ်ဟာကိုယ် ပြန်လေ ျှာ်မယ် ဆိုရင်လည်း ပလပ်စတိတ်အိတ်နဲ့ ထည့်ပြီး ပြန်ပြီး မထွက်အောင်ပေါ့။ ကျွတ်ကျွတ်အိတ် ဆိုရင်လည်း ချီလိုက်ပေါ့။ ဘာလို့လည်း ဆိုတော့ အိမ်ရောက်မှ ပြန်လေ ျှာ်မယ် ဆိုတော့။ သူက ဆက်ဆက်ပြီး လောင်တတ်တယ်။ တကယ်လို့ အကျီရဲ့ အပြင်မှာ ရှိနေရင် နောက်တယောက်က သွားထိရင် အဲဒီလူ လက်ကို အပူလောင်တာမျိုး ဖြစ်တာပဲ။ ဘာလို့လည်း ဆိုတော့ သူက စိုစွတ်တဲ့ အရာကို လောင်ဖို့ အမြဲတမ်း ကြိုးစားနေတာ။

ခုနပြောသလို ဒီဗုံးအာနိသင် လျော့သွားအောင် ရေနဲ့ လုပ်တာ မှန်သလား ဆိုတော့။ ရေနဲ့လည်း သူက စိုစွတ်တော့ activate ဖြစ်မှာပဲ။ ဒါပေမယ့် လမ်းကြီးက ခံစားချက် မရှိတော့ မသိဘူး။ လူ့အရေပြားက ခံစားချက်ရှိတော့ သိတယ်လေ။ အဲဒီတော့ activate မဖြစ်သေးတဲ့ အဝတ်အစားရဲ့ အပြင်ကဟာကို ထပ်မထိဖို့ ကြိုးစားရမှာ ပေါ့နော်။ တချို့ဆိုရင် ပါးစပ်တွေ ဘာတွေမအုပ်မိတော့ဒီလည်ပင်းထဲကို ဝင်သွားပြီးတော့ အရမ်းချောင်းဆိုးတာ ဘာညာ ဖြစ်ရင် ဒီအဆုပ်ထဲမှာ အောက်ဆီဂျင် မရတဲ့ လူတယေက်လို ဆက်ဆံပြီးတော့ သူ့ကို အောက်ဆီဂျင်ပေးပြီးတော့ အသက်ပြန်ကယ်တာမျိုး လုပ်ရမယ်။

နောက်ပြီးတော့ မျက်လုံးထဲကို မတော်တဆ ဝင်သွားတယ် ဆိုရင် ခုနပြောသလို ရေကို တဖက်တချက်ဆီက ဆေးတယ်ဆိုရင်လည်း အမှုန်တို့ အငွေ့လိုမျိုး မမြင်နိုင်လောက်တဲ့ အထိကို ရေနဲ့ ဆေးပေးရမှာ၊ မပွတ်ပဲနဲ့ ပေါ့နော်။

တကယ်လို့ CS poison ထိရင် အခုအချိန် အထိ antidote အဆိပ်ဖြေဆေး ဆိုတာ မရှိသေးဘူး။ ချောင်းအရမ်းဆိုးလို့ ဒါလေးထိုးလိုက်ရင် ချောင်းဆိုး သက်သာသွားမယ် ဆိုတာမျိုး မရှိသေးဘူး။ နောက် အရေပြားတွေဘာတွေ လောင်တယ် ဆိုရင်လည်း နေပူလောင်သလိုမျိုး ၊ မီးလောင် သလိုမျိုးပဲ ကုပေးရမယ်။ ပထမဦးဆုံးတော့ chemical တွေ မရှိအောင် လုပ်ရမှာ ပေါ့နော်။ ခက်တာက ဒီအရေပြားပေါ်မှာ ဒီအငွေ့ ကပ်နေရင် ရေလောင်းတဲ့အခါ၊ ပူလည်း ပူအုံးမယ်။ သူ့ကိုလည်း ကုန်အောင် လုပ်ရအုံးမယ်။ ရေထိတာနဲ့လည်း သူက activate ဖြစ်အုံးမယ် ဆို အဲဒီလိုမျိုး ဟာတွေ ရှိတော့ နေလောင်ထားတဲ့လူ။ မီးလောင်ထားတဲ့ လူတယောက်လို ဆက်ဆံပြီးတော့ ကုပေးရမှာပါ။”

အမေရိကန်စစ်တပ် သဘာဝဝန်းကျင် ကျန်းမာရေးဆိုင်ရာ အကြီးအကဲ ဦးသူရအောင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG