သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆးပလာစတာအရည္ တီထြင္သူ


Kara Fan -2020 3M Young Scientist

ဒီတပတ္ သိပၺံနဲ႔ နည္းပညာက႑မွာ ေတာ့ 3M လူငယ္သိပၺြြံပညာရွင္ စိန္ေခၚပြဲမွာ (Young Scientist Challenge) ေဆးပလာစတာ အရည္ကိုုတီထြင္တဲ့ အေမရိကန္ေက်ာင္းသူေလး ပထမရသြားတဲ့ အေၾကာင္းကိုု ေျပာျပေပးမွာပါ။

ေဆးပလာစတာအရည္ တီထြင္သူ
please wait

No media source currently available

0:00 0:02:57 0:00
တိုက္႐ိုက္ လင့္ခ္

(03-27-20)

ဒီတပတ္ သိပၺံနဲ႔ နည္းပညာက႑မွာ ေတာ့ 3M (Young Scientist Challenge) လူငယ္သိပၺြြံပညာရွင္ စိန္ေခၚပြဲမွာ ေဆးပလာစတာ အရည္ကိုုတီထြင္တဲ့ အေမရိကန္ေက်ာင္းသူေလး ပထမရသြားတဲ့ အေၾကာင္းကိုု ေျပာျပေပးမွာပါ။

ကယ္လီဖိုုးနီးယားျပည္နယ္ San Diego က အသက္ ၁၄ ႏွစ္အရြယ္ ေက်ာင္းသူေလး Kara Fan ဟာ အေမရိကန္ႏိုုင္ငံက အလယ္တန္း ေက်ာင္းသူေက်ာင္းသား ေလးေတြ အတြက္ Discovery ပညာေရးဌာနနဲ႔ 3M ကုုမၺဏီ တိုု႔ ဦးစီးက်င္းပတဲ့ ၂၀၁၉ 3M လူငယ္ သိပၺြြံပညာရွင္ စိန္ေခၚပြဲမွာ ပထမရခဲ့ၿပီး အေမရိကန္ ႏိုုင္ငံရဲ့ ထိပ္တန္း လူငယ္သိပၺံပညာရွင္ America's Top Young Scientist အျဖစ္ အသတ္မွတ္ ခံခဲ့ရပါတယ္။

Kara Fan ရဲ့ တီထြင္မႈက လူငယ္တေယာက္အဖိုု႔ သိပ္ကိုု ထူးျခားသလိုု သူလုုပ္ခဲ့တဲ့ စမ္းသပ္မႈေတြ ကလည္း ထူးျခားပါတယ္။ တမီတာရဲ့ တစ္ဘီလီယံပံုု တပံုု ေလာက္ပဲအထူရွိတဲ့ ဆံပင္ တပင္ထက္ အဆ ရွစ္ေသာင္းေလာက္ငယ္တဲ့ နာႏိုုအရြယ္ ေငြျပားေလးေတြနဲ႔ စမ္းသပ္ရင္း အခုုလိုု တီထြင္ႏိုုင္ခဲ့တာ ျဖစ္ပါတယ္။

သူတီထြင္လိုုက္တဲ့ ပစၥည္းဟာ ရာနဲ႔ခ်ီတဲ့ ဘက္တီးရီးယား ပိုုးမႊားအမ်ိဳးအစားေတြကိုု ေသေစၿပီးပိုုးမႊားအႏၱရာယ္ကင္းေအာင္ လုုပ္ေပးႏိုုင္သလိုု ဖလင္ျပားေလးလိုု ပါးပါးလႊာလႊာေလးနဲ႔ေဆးပလာစတာသေဘာမ်ိဳးလည္း အကာအကြယ္ေပး ႏုုိင္တယ္ေျပာပါတယ္။

“ဒီေဆးပလာစတာ အရည္ေလး လူ႔အေရျပားနဲ႔ ထိသြားတာနဲ႔ သူက ဘက္တီးရီးယားပိုုးေတြ အမ်ိဳးေပါင္း ရာေပါင္းမ်ားစြာကိုု ေသေစပါတယ္။ ဒီအရည္ ေျခာက္သြားရင္ေတာ့ အလႊားပါးပါးေလး ျဖစ္သြားၿပီး အနာတဝိုုက္က အေရျပားအတြက္ အကာကြယ္ ေပးႏုုိင္ပါတယ္။”

သူအခုုလိုု သုုေတသနလုုပ္ဖိုု႔ တီထြင္ဖိုု႔ စိတ္ဝင္စားလာတာက သူ႔ရဲ့ အဖြားေၾကာင့္ပါတဲ့။

“ၾကာေတာ့ ၾကာပါၿပီး က်မဖြားဖြားက ဆီးလမ္းေၾကာင္း ပိုုးဝင္ ( UTI ) တဲ့ ေရာဂါျဖစ္ခဲ့ပါတယ္။ သူက ပဋိဇီဝေဆးေတြ ေသာက္လိုု႔ ျပန္ေကာင္းသြားတာပါ။ ဒါေၾကာင့္ ဒီပဋိဇီဝ ေဆးဆိုုတာေတြကိုု က်မစိတ္ဝင္စားသြားၿပီး သုုေတသနေတြ စလုုပ္ျဖစ္တာပါ။”လိုု႔ ေျပာပါတယ္။

ဒါ့အျပင္ ဒီလိုုစိတ္ဝင္စားမႈကေန ဘက္တီးရီးယား ေတြကိုု ဖယ္ရွားႏိုုင္ဖုုိ႔ သုုေတသနေတြ လုုပ္ခဲ့တာပါ။

"ပဋိဇီဝေဆးေတြနဲ႔ ပတ္သက္ၿပီး က်မစိတ္ဝင္စားခဲ့တာေၾကာင့္ ဒါေတြနဲ႔ပတ္သက္တာေတြကိုုပဲ သုုေတသန လုုပ္ျဖစ္ပါတယ္။ တေန႔ေတာ့ သတၱဳ အမ်ိဳးမ်ိဳး အေၾကာင္း ေရးထားတဲ့ ဝက္ဘ္ဆိုုဒ္ တခုုကိုု သြားေတြ႔ေတာ့ သတၱဳက ဘက္တီးရီးယားကိုု ေသေစႏုုိင္တယ္လိုု႔ ေရးထားပါတယ္။ ဒါေၾကာင့္ က်မသုုေတသနမွာ သတၱဳကိုု သံုုးမယ္လုုိ႔ ဆံုုးျဖတ္လိုုက္ပါတယ္။ ေနာက္ - ဘက္တီးရီးယားေတြ ေသေစဖုုိ႔အတြက္ ေၾကးနီကိုု ပထမဆံုုး သံုုးၿပီးစမ္းၾကည့္မယ္လိုု႔ ဆံုုးျဖတ္လိုုက္ၿပီး ေနာက္တျခားသတၱဳေတြနဲ႔ စမ္းသပ္မႈေတြ အမ်ားႀကီး လုုပ္ျဖစ္ပါတယ္။ အဲဒီအခါမွာ ပိုုးသတ္ဖုုိ႔အတြက္ အထိေရာက္ဆံုုး သတၽၱဳက ေငြ သတၱဳ ဆိုုတာ သြားေတြ႔ၿပီး အခုု ဒီပေရာဂ်က္ကိုု လုုပ္ျဖစ္တာပါ”

“ေငြမႈန္ပါတဲ့ အရည္ထဲက ေငြမႈန္ကေလးေတြက ဘက္တီးရီးယားနဲ႔ေတြ႔ၿပီး သူကဘက္တီးရီးယားရဲ့ ဆဲလ္ နံရံထဲကိုု ေဖါက္ဝင္သြားတယ္”

Kara Fan က သူဟာ biosynthesis နည္းနဲ႔ စမ္းသပ္ခဲ့တာလိုု႔ ေျပာပါတယ္။ လိုုခ်င္တဲ့ complex ေမာ္လီက်ဴး ေတြကိုု သက္ရွိဆဲလ္ အတြင္းမွာပဲ ဖန္တီးယူတာ ျဖစ္ပါတယ္။ ဒီ့အတြက္ ေငြမႈန္ပါတဲ့ ေဖ်ာ္ရည္ molecular silver solution ကိုု ရေအာင္ နည္းလမ္းရွာခဲ့တာ ျဖစ္ၿပီး ဘက္တီးရီးယားေတြ တကယ္ေသၿပီး ထပ္မပြါးေအာင္ ေငြႏိုုက္ထရိတ္နဲ႔ သံပုုရာရြက္ကိုုသံုုး ခဲ့တယ္လိုု႔ ေျပာပါတယ္။

“ဒီေတာ့ ဒီနာႏိုု္အမႈန္ေလးေတြက ဘက္တီးရီးယားကိုု ေသေစပါတယ္။ သူတိုု႔က ဘက္တီးရီးယားကိုု ဝိုုင္းထားလိုုက္ၿပီး သူ႔ရဲ့ ဆဲလ္ အလႊာထဲကိုု ထိုုးေဖါက္သြားတာပါလိုု႔ ေျပာသြားတာပါ။”

အခုုလိုု ပဋိဇီဝေဆးမသံုုးပဲ ဘက္တီးရီးယား ပိုုးေတြသတ္ႏိုုင္ဖိုု႔ ေအာင္ေအာင္ျမင္ျမင္ လုုပ္ႏိုုင္ခဲ့တာဟာ ေတာ္ရံုု အစြမ္းသတၱိမ်ိဳးေတာ့ မဟုုတ္ပါဘူး။

“တခ်ိဳ႕လူေတြက ပဋိဇီဝေဆးေတြကိုု သိပ္သံုုးၾကပါတယ္။ ဒီလိုုသံုုးတာဟာ ျပႆနာ အေတာ္ႀကီးပါတယ္။ ဘာေၾကာင့္လဲ ဆိုုေတာ့ ဘက္တီးရီးယားေတြက ဒီေဆးဒဏ္ကိုု ခံႏိုုင္ရည္ရွိသြားလိုု႔ပါ။ သုုေတသန လုုပ္ထားတဲ့ စာရင္းေတြအရ ဆိုုရင္ေတာ့ ၂၀၅၀ မွာ လူေပါင္း ၁၀ သန္းေလာက္ ဒီျပႆနာေၾကာင့္ ေသဆံုုး ႏိုုင္တာ ျဖစ္ၿပီး ဒါဟာ ကင္ဆာနဲ႔ ဆီးခ်ိဳ ေရာဂါ ၂ ခုု ေၾကာင့္ ေသဆံုုးရသူ စုုစုုေပါင္းထက္ ပိုုမ်ားေနပါတယ္လိုု႔လည္း ေျပာပါတယ္။”

ကုုလသမဂၢ စားနပ္ရိကၡာအဖြဲ႔ FAO ၊ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO နဲ႔ ဥေရာပသမဂၢက ၂၀၁၉ မွာ ေကာက္ယူထားတဲ့ စစ္တမ္းေတြအရ ပဋိဇီဝေဆး မတုုိးေတာ့ပဲ ေသဆံုုးရသူ အေရအတြက္ဟာ တႏွစ္ကိုု ၇ သိန္းေလာက္ ရွိေနတယ္လိုု႔ ဆိုုပါတယ္။ကမာၻတလႊားမွာ အခုုလိုု ပဋိဇီဝေဆး အလြန္အကၽြံ ေသာက္သံုုးေနၾကတဲ့ ျပႆနာအတြက္ ေခါင္းခဲေနခ်ိန္မ်ိဳးမိုု႔ Kara Fan ရဲ့ တီထြင္မႈက အခုု ပဏာမ အေရြးခံရတဲ့ သူအားလံုုးထဲမွာ အမ်ားက အာရံုုအစိုုက္ဆံုုး ျဖစ္ေနပါတယ္။

3M က အင္ဂ်င္နီယာ Sara Frisco ကေတာ့

”ၿပိဳင္ပြဲဝင္ၾကတဲ့ သူအားလံုုးထဲမွာ ဒီကေလးမေလးရဲ့ ပေရာဂ်က္က က်မကိုု အဆြဲေဆာင္ ႏုုိင္ဆံုုးပါ။ ဒီကေန႔ေခတ္မွာ ပဋိဇီဝေဆး အလြန္အကၽြံ သံုုးေနၾကတဲ့ ျပႆနာက အေတာ္ကိုု ႀကီးေနတဲ့ အတြက္ ဒီလက္ရွိ္ ျပႆနာကိုု ေျဖရွင္းႏိုုင္မယ့္ တီထြင္မႈ တခုု အျဖစ္ တကယ္ပဲ ၾကည့္ျဖစ္ပါတယ္။”

သူနဲ႔အတူ ၿပိဳင္ပြဲဝင္ၾကသူေတြဟာ Scotch tape တိုု႔ Post-It notes စာရြက္ တိုုလိုု လူသံုုးမ်ားတဲ့ ပစၥည္းေတြ ကေန ေလသန္႔ေအာင္ စစ္ေပးတဲ့ ပစၥည္းမ်ိဳးအထိ လုုပ္ၾကတဲ့ ပဥၥမတန္း ေက်ာင္းသူ ေက်ာင္းသားေလးေတြ ျဖစ္ၿပီး သူတိုု႔ဟာ ကမာၻတဝွမ္း ႀကံဳေနရတဲ့ ျပႆနာေတြကိုု သိပၺြံနည္းက်က် ေတြးေခၚၿပီး လူမႈဘဝ တိုုးတက္မႈရွိေအာင္ တီထြင္ဖိုု႔ ႀကိဳးစား ၾကတာပါ။

ဒီ ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ လူငယ္ေတြကိုု ဝါရွင္တန္ဒီစီနဲ႔ အေမရိကန္ျပည္ေထာင္စုုမွာ ရွိတဲ့ ျပည္နယ္ ၅၁ ခုုက တေယာက္စီ ေရြးခ်ယ္ေပးလိုုက္တာ ျဖစ္ၿပီး သူတိုု႔ဟာ လူသားေတြေန႔စဥ္ ရင္ဆိုုင္ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကိုု ေျဖရွင္းႏုုိင္ဖုုိ႔ ရည္ရြယ္တဲ့ ဘယ္တီထြင္မႈ မ်ိဳးကိုု မဆိုု ဝင္ေရာက္ယွဥ္ၿပိဳင္ ႏိုုင္ပါတယ္။ ယွဥ္ၿပိဳင္တဲ့ ေနရာမွာ ကိုုယ့္ တီထြင္မႈကိုု ျပသတဲ့ ၁ မိနစ္ - ၂ မိနစ္စာ ဗီဒီယိုုေခြ ကိုု တင္သြင္းရပါတယ္။

ႏွစ္စဥ္ႏွစ္တုုိင္း ဒီ ၿပိဳင္ပြဲဝင္ေတြထဲက ဆယ္ေယာက္ကိုု ဇကာတင္ေရြးခ်ယ္ၿပီး ဒီဆယ္ေယာက္ ဟာ ေႏြရာသီတေလ်ွာက္လံုုး သုုေတသန ပညာရွင္ေတြရဲ့ ေစာင့္ေရွာက္မႈနဲ႔ အလုုပ္ကိုု လက္တြဲလုုပ္ၾကရပါတယ္။ ေဆာင္းရာသီေရာက္တဲ့ အခါမွာေတာ့ Minnesota ျပည္နယ္ St. Paul ၿမိဳ႕မွာ ရွိတဲ့ 3M ဓါတ္ခြဲခန္း ေတြကိုုသြား 3M သုုေတသီေတြနဲ႔ ေတြ႔ဆံုုရၿပီး 3M တီထြင္မႈ စင္တာကိုုပါ သြားေရာက္ လည္ပတ္ခြင့္ရပါတယ္။

ဒီလူငယ္ေတြကိုု Discovery Education ဌာနက ေရြးခ်ယ္ထားတဲ့ ကၽြမ္းက်င္သိပၺြံပညာရွင္ေတြက ႀကီးၾကပ္စစ္ေဆး ၾကပါတယ္။ ဒီဒိုုင္လူႀကီးေတြက လူငယ္ေတြရဲ့ အရည္အခ်င္းကိုု စစ္ေဆး အမွတ္ေပးတဲ့ အခါမွာေတာ့ တီထြင္မႈနဲ႔ သိပၺံဆိုုင္ရာဗဟုုသုုတရွိမႈ ၂ ခုု အတြက္ အမွတ္ ၃၀ စီ၊ လူမႈအသိုုင္းဝိုုင္းအတြက္ ဘယ္ေလာက္အက်ိဳးရွိၿပီး စိတ္ဝင္စားေစမယ္ ဆိုုတာနဲ႔ ႏႈတ္ေျဖေမးျမန္း တင္ျပမႈ ဘယ္ေလာက္ ေကာင္းေကာင္းလုုပ္ႏုုိင္တယ္ ဆိုုတာအတြက္ အမွတ္ ၂၀ စီ သတ္မွတ္ထားၿပီး အေကာင္းဆံုုးလူကိုု ေရြးခ်ယ္ေပးၾကတာပါ။

လူငယ္သိပၺြံပညာရွင္စိန္ေခၚပြဲ အတြက္ ဝင္ၿပိဳင္မယ့္ ကေလးဟာ အသက္ ၁၀ ႏွစ္ျပည့္တဲ့သူ ျဖစ္ရမွာပါ။ ဒီၿပိဳင္ပြဲကိုု အေမရိကန္ျပည္ေထာင္စုုထဲမွာ ရွိတဲ့ ေက်ာင္းအားလံုုးက ၅ တန္းကေန ၈ တန္းအထိ ေက်ာင္းသူေက်ာင္းသားေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ႏုုိင္ၾကတယ္ ဆိုုတာ အသိေပးရင္း ဒီသီတင္းပတ္အတြက္ သိပၺြံနဲ႔ နည္းပညာ က႑ကိုု ဒီမွာပဲ ရပ္နားလိုုက္ပါရေစ။

(unicode)

ဒီတပတ် သိပ္ဗံနဲ့ နည်းပညာကဏ္ဍမှာ တော့ 3M (Young Scientist Challenge) လူငယ်သိပ္ဗွံပညာရှင် စိန်ခေါ်ပွဲမှာ ဆေးပလာစတာ အရည်ကိုတီထွင်တဲ့ အမေရိကန်ကျောင်းသူလေး ပထမရသွားတဲ့ အကြောင်းကို ပြောပြပေးမှာပါ။

ကယ်လီဖိုးနီးယားပြည်နယ် San Diego က အသက် ၁၄ နှစ်အရွယ် ကျောင်းသူလေး Kara Fan ဟာ အမေရိကန်နိုင်ငံက အလယ်တန်း ကျောင်းသူကျောင်းသား လေးတွေ အတွက် Discovery ပညာရေးဌာနနဲ့ 3M ကုမ္ဗဏီ တို့ ဦးစီးကျင်းပတဲ့ ၂၀၁၉ 3M လူငယ် သိပ္ဗွံပညာရှင် စိန်ခေါ်ပွဲမှာ ပထမရခဲ့ပြီး အမေရိကန် နိုင်ငံရဲ့ ထိပ်တန်း လူငယ်သိပ္ဗံပညာရှင် America's Top Young Scientist အဖြစ် အသတ်မှတ် ခံခဲ့ရပါတယ်။

Kara Fan ရဲ့ တီထွင်မှုက လူငယ်တယောက်အဖို့ သိပ်ကို ထူးခြားသလို သူလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေ ကလည်း ထူးခြားပါတယ်။ တမီတာရဲ့ တစ်ဘီလီယံပုံ တပုံ လောက်ပဲအထူရှိတဲ့ ဆံပင် တပင်ထက် အဆ ရှစ်သောင်းလောက်ငယ်တဲ့ နာနိုအရွယ် ငွေပြားလေးတွေနဲ့ စမ်းသပ်ရင်း အခုလို တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတီထွင်လိုက်တဲ့ ပစ္စည်းဟာ ရာနဲ့ချီတဲ့ ဘက်တီးရီးယား ပိုးမွှားအမျိုးအစားတွေကို သေစေပြီးပိုးမွှားအန္တရာယ်ကင်းအောင် လုပ်ပေးနိုင်သလို ဖလင်ပြားလေးလို ပါးပါးလွှာလွှာလေးနဲ့ဆေးပလာစတာသဘောမျိုးလည်း အကာအကွယ်ပေး နိုင်တယ်ပြောပါတယ်။

“ဒီဆေးပလာစတာ အရည်လေး လူ့အရေပြားနဲ့ ထိသွားတာနဲ့ သူက ဘက်တီးရီးယားပိုးတွေ အမျိုးပေါင်း ရာပေါင်းများစွာကို သေစေပါတယ်။ ဒီအရည် ခြောက်သွားရင်တော့ အလွှားပါးပါးလေး ဖြစ်သွားပြီး အနာတဝိုက်က အရေပြားအတွက် အကာကွယ် ပေးနိုင်ပါတယ်။”

သူအခုလို သုတေသနလုပ်ဖို့ တီထွင်ဖို့ စိတ်ဝင်စားလာတာက သူ့ရဲ့ အဖွားကြောင့်ပါတဲ့။

“ကြာတော့ ကြာပါပြီး ကျမဖွားဖွားက ဆီးလမ်းကြောင်း ပိုးဝင် ( UTI ) တဲ့ ရောဂါဖြစ်ခဲ့ပါတယ်။ သူက ပဋိဇီဝဆေးတွေ သောက်လို့ ပြန်ကောင်းသွားတာပါ။ ဒါကြောင့် ဒီပဋိဇီဝ ဆေးဆိုတာတွေကို ကျမစိတ်ဝင်စားသွားပြီး သုတေသနတွေ စလုပ်ဖြစ်တာပါ။”လို့ ပြောပါတယ်။

ဒါ့အပြင် ဒီလိုစိတ်ဝင်စားမှုကနေ ဘက်တီးရီးယား တွေကို ဖယ်ရှားနိုင်ဖို့ သုတေသနတွေ လုပ်ခဲ့တာပါ။

"ပဋိဇီဝဆေးတွေနဲ့ ပတ်သက်ပြီး ကျမစိတ်ဝင်စားခဲ့တာကြောင့် ဒါတွေနဲ့ပတ်သက်တာတွေကိုပဲ သုတေသန လုပ်ဖြစ်ပါတယ်။ တနေ့တော့ သတ္တု အမျိုးမျိုး အကြောင်း ရေးထားတဲ့ ဝက်ဘ်ဆိုဒ် တခုကို သွားတွေ့တော့ သတ္တုက ဘက်တီးရီးယားကို သေစေနိုင်တယ်လို့ ရေးထားပါတယ်။ ဒါကြောင့် ကျမသုတေသနမှာ သတ္တုကို သုံးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက် - ဘက်တီးရီးယားတွေ သေစေဖို့အတွက် ကြေးနီကို ပထမဆုံး သုံးပြီးစမ်းကြည့်မယ်လို့ ဆုံးဖြတ်လိုက်ပြီး နောက်တခြားသတ္တုတွေနဲ့ စမ်းသပ်မှုတွေ အများကြီး လုပ်ဖြစ်ပါတယ်။ အဲဒီအခါမှာ ပိုးသတ်ဖို့အတွက် အထိရောက်ဆုံး သတျ္တုက ငွေ သတ္တု ဆိုတာ သွားတွေ့ပြီး အခု ဒီပရောဂျက်ကို လုပ်ဖြစ်တာပါ”

“ငွေမှုန်ပါတဲ့ အရည်ထဲက ငွေမှုန်ကလေးတွေက ဘက်တီးရီးယားနဲ့တွေ့ပြီး သူကဘက်တီးရီးယားရဲ့ ဆဲလ် နံရံထဲကို ဖေါက်ဝင်သွားတယ်”

Kara Fan က သူဟာ biosynthesis နည်းနဲ့ စမ်းသပ်ခဲ့တာလို့ ပြောပါတယ်။ လိုချင်တဲ့ complex မော်လီကျူး တွေကို သက်ရှိဆဲလ် အတွင်းမှာပဲ ဖန်တီးယူတာ ဖြစ်ပါတယ်။ ဒီ့အတွက် ငွေမှုန်ပါတဲ့ ဖျော်ရည် molecular silver solution ကို ရအောင် နည်းလမ်းရှာခဲ့တာ ဖြစ်ပြီး ဘက်တီးရီးယားတွေ တကယ်သေပြီး ထပ်မပွါးအောင် ငွေနိုက်ထရိတ်နဲ့ သံပုရာရွက်ကိုသုံး ခဲ့တယ်လို့ ပြောပါတယ်။

“ဒီတော့ ဒီနာနိုအမှုန်လေးတွေက ဘက်တီးရီးယားကို သေစေပါတယ်။ သူတို့က ဘက်တီးရီးယားကို ဝိုင်းထားလိုက်ပြီး သူ့ရဲ့ ဆဲလ် အလွှာထဲကို ထိုးဖေါက်သွားတာပါလို့ ပြောသွားတာပါ။”

အခုလို ပဋိဇီဝဆေးမသုံးပဲ ဘက်တီးရီးယား ပိုးတွေသတ်နိုင်ဖို့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာဟာ တော်ရုံ အစွမ်းသတ္တိမျိုးတော့ မဟုတ်ပါဘူး။

“တချို့လူတွေက ပဋိဇီဝဆေးတွေကို သိပ်သုံးကြပါတယ်။ ဒီလိုသုံးတာဟာ ပြဿနာ အတော်ကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘက်တီးရီးယားတွေက ဒီဆေးဒဏ်ကို ခံနိုင်ရည်ရှိသွားလို့ပါ။ သုတေသန လုပ်ထားတဲ့ စာရင်းတွေအရ ဆိုရင်တော့ ၂၀၅၀ မှာ လူပေါင်း ၁၀ သန်းလောက် ဒီပြဿနာကြောင့် သေဆုံး နိုင်တာ ဖြစ်ပြီး ဒါဟာ ကင်ဆာနဲ့ ဆီးချို ရောဂါ ၂ ခု ကြောင့် သေဆုံးရသူ စုစုပေါင်းထက် ပိုများနေပါတယ်လို့လည်း ပြောပါတယ်။”

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ FAO ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဥရောပသမဂ္ဂက ၂၀၁၉ မှာ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ပဋိဇီဝဆေး မတိုးတော့ပဲ သေဆုံးရသူ အရေအတွက်ဟာ တနှစ်ကို ၇ သိန်းလောက် ရှိနေတယ်လို့ ဆိုပါတယ်။ကမ္ဘာတလွှားမှာ အခုလို ပဋိဇီဝဆေး အလွန်အကျွံ သောက်သုံးနေကြတဲ့ ပြဿနာအတွက် ခေါင်းခဲနေချိန်မျိုးမို့ Kara Fan ရဲ့ တီထွင်မှုက အခု ပဏာမ အရွေးခံရတဲ့ သူအားလုံးထဲမှာ အများက အာရုံအစိုက်ဆုံး ဖြစ်နေပါတယ်။

3M က အင်ဂျင်နီယာ Sara Frisco ကတော့

”ပြိုင်ပွဲဝင်ကြတဲ့ သူအားလုံးထဲမှာ ဒီကလေးမလေးရဲ့ ပရောဂျက်က ကျမကို အဆွဲဆောင် နိုင်ဆုံးပါ။ ဒီကနေ့ခေတ်မှာ ပဋိဇီဝဆေး အလွန်အကျွံ သုံးနေကြတဲ့ ပြဿနာက အတော်ကို ကြီးနေတဲ့ အတွက် ဒီလက်ရှိ ပြဿနာကို ဖြေရှင်းနိုင်မယ့် တီထွင်မှု တခု အဖြစ် တကယ်ပဲ ကြည့်ဖြစ်ပါတယ်။”

သူနဲ့အတူ ပြိုင်ပွဲဝင်ကြသူတွေဟာ Scotch tape တို့ Post-It notes စာရွက် တိုလို လူသုံးများတဲ့ ပစ္စည်းတွေ ကနေ လေသန့်အောင် စစ်ပေးတဲ့ ပစ္စည်းမျိုးအထိ လုပ်ကြတဲ့ ပဉ္စမတန်း ကျောင်းသူ ကျောင်းသားလေးတွေ ဖြစ်ပြီး သူတို့ဟာ ကမ္ဘာတဝှမ်း ကြုံနေရတဲ့ ပြဿနာတွေကို သိပ္ဗွံနည်းကျကျ တွေးခေါ်ပြီး လူမှုဘဝ တိုးတက်မှုရှိအောင် တီထွင်ဖို့ ကြိုးစား ကြတာပါ။

ဒီ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လူငယ်တွေကို ဝါရှင်တန်ဒီစီနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ပြည်နယ် ၅၁ ခုက တယောက်စီ ရွေးချယ်ပေးလိုက်တာ ဖြစ်ပြီး သူတို့ဟာ လူသားတွေနေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တဲ့ ဘယ်တီထွင်မှု မျိုးကို မဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ပါတယ်။ ယှဉ်ပြိုင်တဲ့ နေရာမှာ ကိုယ့် တီထွင်မှုကို ပြသတဲ့ ၁ မိနစ် - ၂ မိနစ်စာ ဗီဒီယိုခွေ ကို တင်သွင်းရပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီ ပြိုင်ပွဲဝင်တွေထဲက ဆယ်ယောက်ကို ဇကာတင်ရွေးချယ်ပြီး ဒီဆယ်ယောက် ဟာ နွေရာသီတလျှောက်လုံး သုတေသန ပညာရှင်တွေရဲ့ စောင့်ရှောက်မှုနဲ့ အလုပ်ကို လက်တွဲလုပ်ကြရပါတယ်။ ဆောင်းရာသီရောက်တဲ့ အခါမှာတော့ Minnesota ပြည်နယ် St. Paul မြို့မှာ ရှိတဲ့ 3M ဓါတ်ခွဲခန်း တွေကိုသွား 3M သုတေသီတွေနဲ့ တွေ့ဆုံရပြီး 3M တီထွင်မှု စင်တာကိုပါ သွားရောက် လည်ပတ်ခွင့်ရပါတယ်။

ဒီလူငယ်တွေကို Discovery Education ဌာနက ရွေးချယ်ထားတဲ့ ကျွမ်းကျင်သိပ္ဗွံပညာရှင်တွေက ကြီးကြပ်စစ်ဆေး ကြပါတယ်။ ဒီဒိုင်လူကြီးတွေက လူငယ်တွေရဲ့ အရည်အချင်းကို စစ်ဆေး အမှတ်ပေးတဲ့ အခါမှာတော့ တီထွင်မှုနဲ့ သိပ္ဗံဆိုင်ရာဗဟုသုတရှိမှု ၂ ခု အတွက် အမှတ် ၃၀ စီ၊ လူမှုအသိုင်းဝိုင်းအတွက် ဘယ်လောက်အကျိုးရှိပြီး စိတ်ဝင်စားစေမယ် ဆိုတာနဲ့ နှုတ်ဖြေမေးမြန်း တင်ပြမှု ဘယ်လောက် ကောင်းကောင်းလုပ်နိုင်တယ် ဆိုတာအတွက် အမှတ် ၂၀ စီ သတ်မှတ်ထားပြီး အကောင်းဆုံးလူကို ရွေးချယ်ပေးကြတာပါ။

လူငယ်သိပ္ဗွံပညာရှင်စိန်ခေါ်ပွဲ အတွက် ဝင်ပြိုင်မယ့် ကလေးဟာ အသက် ၁၀ နှစ်ပြည့်တဲ့သူ ဖြစ်ရမှာပါ။ ဒီပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုထဲမှာ ရှိတဲ့ ကျောင်းအားလုံးက ၅ တန်းကနေ ၈ တန်းအထိ ကျောင်းသူကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြတယ် ဆိုတာ အသိပေးရင်း ဒီသီတင်းပတ်အတွက် သိပ္ဗွံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG