သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စိုက်ပျိုးရေး စက်မှုလယ်ယာ ပြောင်းဖို့ ကိုဗစ်ရံပုံငွေနဲ့ လုပ်နိုင်မလား


Myanmar Rice Farmers
Myanmar Rice Farmers

စက်မှုလယ်ယာ အဖြစ်ပြောင်းဖို ရာစုနှစ်ဝက်ကျော် ကြိုးစားနေပေမယ့် မအောင်မမြင်ဖြစ်နေရတဲ့ မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကို လက်ရှိ ကိုဗစ် ၁၉ ကပ်ရောဂါ ကယ်ဆယ်ကူညီရေးအတွက် ချထားပေးမယ့် ရံပုံငွေနဲ့ စက်မှုလယ်ယာ ဖြစ်လာအောင် လုပ်နိုင်ပါသလား။ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းကို မေးမြန်းပြီး တင်ပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်


(Zawgyi / Unicode)

ZAWGYI

စက်မှုလယ်ယာ အဖြစ်ပြောင်းဖို ရာစုနှစ်ဝက်ကျော် ကြိုးစားနေပေမယ့် မအောင်မမြင်ဖြစ်နေရတဲ့ မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကို လက်ရှိ ကိုဗစ် ၁၉ ကပ်ရောဂါ ကယ်ဆယ်ကူညီရေးအတွက် ချထားပေးမယ့် ရံပုံငွေနဲ့ စက်မှုလယ်ယာ ဖြစ်လာအောင်အစပျိုးပေးနိုင်ဖို့ စဉ်းစားနေသူကတော့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းပါ။

ဒေါက်တာထွန်းဝင်း။. ။“အခုဆိုရင် နိုင်ငံတော်က ပံ့ပိုးမှာက 100 billion ဘီလျံတရာ ကို ခွဲဝေပေးမှာ ဆိုတော့ အစိုးရကတော့ သူတို့ မျိုးစေ့လေးတွေ ပေးပြီးတော့ home garden လေးတွေတည်ထောင်ဖို့ လုပ်တာပေါ့ဗျာ၊ တနိုင် စိုက်ပျိုးခြံလေးတွေ။ ဒါလည်း ကျနော် ထောက်ခံတယ်။ ဒါလည်း လိုအပ်တယ်။ လယ်သမားတွေ ဘယ်မှ မသွားရပဲ ကိုယ့်အိမ်ခြံလေးတွေ လုပ်ပြီးတော့ တနိုင်ခြံလေးတွေနဲ့ စိုက်ပျိုးစားမယ်။ အဆင်ပြေတယ်။ ဒါပေမယ့် ထွက်လာတဲ့ ဟာတွေကို ဈေးကွက် ဘယ်လို လုပ်မလဲဆိုတာကိုတော့ ဘယ်သူမှ မသိသေးဘူး။

ဒါပေမယ့် အဲဒါအတွက်လည်းပေး။ အဲဒါအတွက်က သိပ်လည်းကျမှာတော့ မဟုတ်ဖူး။စောစောကလို မျိုးစေ့လေးတွေ ပေးတာက တရာသီပဲ စိုက်လို့ အဆင်ပြေသွားမယ်။

ဒါပေမယ့် တကယ်လို့များအဲဒါကို စက်ကရိယာတွေများ ဆင်ပေးလိုက်လို့ ရှိရင် ဒီစက်ကရိယာသည် ထိန်းသိမ်းတဲ့ ကာလအလျောက် ကိုင်တွယ်တဲ့ လူရဲ့ အကျိုးအလျောက်ကို ရေရှည်မှာ ဒီ လယ်သမားထုရဲ့. မနိုင်ဝန် ထမ်းနေရတဲ့ ဟာကို ကူညီမှာ ဖြစ်တဲ့အတွက် ဒီစက်ကရိယာကို အခုကတည်းက ဒီအဖွဲ့အစည်းလေးတွေကိုများ တပ်ဆင်ပေးမယ် ဆိုရင် ဒီဥစ္စာက တော်တော်ကို အဆင်ပြေမယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွါးရေးဆိုင်ရာ ထိခိုက်မှုတွေ အတွက် အစိုးရက ကျပ်ငွေ ဘီလျံ ၁၀၀ ကနေ ၅၀၀ အထိ အသုံးပြုမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားတာကြောင့် ဒီငွေကို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာ အဓိက အသုံးပြုသင့်တယ်လို့ ပညာရှင်အများအပြားက အကြံပြုထားတာပါ။

ဒီလို သုံးမယ်ဆိုရင် မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍအတွက် လိုအပ်ချက်တွေထဲက အရေးပါတဲ့ စက်မှုလယ်ယာ အဖြစ် ပြောင်းပေးဖို့ အရင်စဉ်းစား သင့်ပါတယ်။

မြန်မာ့ရေမြေမှာ မိုးခေါင်တာ၊ ရေကြီးတာ၊ လယ်ယာလုပ်သား ရှားပါးတာလို ပြဿနာ တွေအတွက် လယ်ယာသုံးစက်ကရိယာတွေ ဖြစ်တဲ့ မြေပြုပြင်တဲ့ ထွန်စက်တွေ၊ လယ်ယာသီးနှံ အစိုအခြောက်မျိုးစေ့ချစက်၊ မြေသြဇာချစက်တွေ၊ ပေါင်းရှင်း မြေဆွ ထွန်တွေ၊ ပိုးသတ်ဆေးဖျန်းစက်တွေ၊ သီးနှံစုံ ရိတ်သိမ်း ခြွေလှေ့စက်တွေ က ရေရှည်အတွက် ကူညီ ဖြေရှင်းပေးနိုင်ပါတယ်။

ဒါကြောင့် အခု ကိုဗစ်ဖြစ်နေချိန်မှာ မိုးဦးရာသီအတွက် လိုအပ်တဲ့ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ ထွန်ယက် ကုန်ကျစားရိတ် တွေအတွက်ပဲ တောင်သူ တဦးချင်းကို ဝေမ ျှ ပေး လိုက်ရင် မိုးတွင်းစာ အတွက်ပဲ ဖူလုံနိုင်မှာမို့ ရေရှည်အတွက် ကြည့်ပါလို့လည်း တိုက်တွန်းလိုက် ပါတယ်။

ဒေါက်တာထွန်းဝင်း။. ။“ကိုဗစ်က ကျနော်တို့ မြန်မာနိုင်ငံမှာ ၆ ယောက်ပဲ။ ၆ ယောက်တောင် ရန်ကုန်မှာတင်ပါပဲ။ နယ်တွေကတော့ အားလုံး healthy ပဲလေ။ နယ်တွေက ပတ်ဝန်းကျင်သဘာဝတွေ လယ်သမားတွေ ကတော့ အကုန်လုံး ကျန်းကျန်းမာမာ healthy ပဲဗျာ။ လယ်သမားတွေ မကျန်းမာတာကတော့ ငွေကြေးပဲ မကျန်းမာတာ။ အဲ ငွေကြေး မကျန်းမာဘူး။ သူတို့လိုအပ်တဲ့ရေ စက်ကရိယာ မကျန်းမာဘူး။ ရာသီဥတုက ပြင်းထန်တယ်။ အလုပ်သမားက ရှားတယ်။ အဲဒီတော့ ဒီဥစ္စာကို ကိုဗစ်ပံ့ပိုးတဲ့ ငွေလေးနဲ့သွားပြီးတော့ မြေသြဇာဖိုးလောက် ပေးတာလေးနဲ့ အလုပ်မဖြစ် လောက် ဖူး။”

မေး။. ။“လိုအပ်ချက်ကတော့ ခေတ်မှီပစ္စည်း ကရိယာတွေ ပံ့ပိုးပေးဖို့ လိုတယ်ပေါ့။ ဆိုတော့ ကြီးကြီးမားမား မစဉ်းစားပဲနဲ့ တနိုင်တပိုင်ကို ဘယ်လို စက်ပစ္စည်း တွေကို ဘယ်လိုပုံစံနဲ့ ဒီစိုက်ပျိုးရေး ကဏ္ဍအတွက် ပံ့ပိုးပေးလို့ ရနိုင်ပါလဲဆရာ။”

ဒေါက်တာထွန်းဝင်း။. “အဲဒါက ကြည့်လိုက်လို့ရှိရင် စက်ပစ္စည်းဆိုရင် လူကလန့်သွားကြတယ်။ ဘယ်လောက်များ ကုန်မလဲ။ ဘယ်လောက်များ ကျမလဲပေါ့။ ဒီဥစ္စာ ကတော့ အတိုင်းအတာ တခု ၊သိန်း ၃၀ ပတ်ဝန်းကျင် ဆိုလို့ရှိရင် လက်တွန်းထွန်စက် ဝယ်လို့ရတယ်။ သိန်း ၃၀ လောက် ကုန်မယ်ဆိုလို့ရှိရင် ကျနော်တို့က dryer လေးတွေ ဝယ်လို့ရတယ်။ ခြွေလှေ့စက် ဝယ်လို့ရတယ်။ နောက်ထပ် သိန်း သုံးလေးဆယ် ဆိုလို့ရှိရင် dryer ဆိုတဲ့ အခြောက်ခံစက်။ ဒါလည်း လိုတယ်။ ရာသီဥတုက မမှန်ဘူးလေ။ ဒီစိုက်ပျိုးချိန်မှာ မိုးခေါင်သွားမယ်။ ရိတ်သိမ်းချိန်မှာ မိုးတွေ ရွာချင်ရွာမယ်။ အဲဒီအချိန်မှာ ဒုက္ခရောက်တာပဲဗျာ။စိုက်ပျိုးချိန်မှာ ရေလိုမယ်ဆိုရင် ရေစုပ်တင်ပေးမယ့် မြေအောက်ရေတွေနဲ့စက်ကရိယာတွေနဲ့ တင်ပေးလိုက်။ ရိတ်သိမ်းချိန်မှာ မိုးရွာမယ်ဆိုရင်၊ အဲဒီမိုးမရွာခင်မှာ ကျနော်တို့က စက်ကရိယာတွေနဲ့ မြန်မြန်ဆန်ဆန် ရိတ်သိမ်း ခြွေလှေ့လိုက်။ အဲဒီတော့ ဒီဥစ္စာတွေက ကျနော်တို့က ရာသီဥတုကိုလည်း ဆိုးဝါးတဲ့ ရာသီဥတုကိုလည်း ရှောင်ရာ ရောက်တယ်။ နောက်ပြီးတော့ အလုပ်သမား ရှားနေတာကိုလည်း ဖြေရှင်းရာ ရောက်တယ်။

ဈေးကြီးတဲ့ စက်ပစ္စည်းတွေကို မြန်မာနိုင်ငံက တောင်သူလယ်သမားတိုင်း သုံးနိုင်အောင် ဘယ်လို လုပ်နိုင်ပါသလဲ။

ဒေါကတာထွန်းဝင်း။. ။“ဘယ်လောက်ကုန်မလဲ ဆိုတော့ ကုန်တယ်။ လယ်သမားကတော့ တပြားမှကို တကယ် အကြွေးထူနေတဲ့ လယ်သမား။ ဆိုတော့ လယ်သမားကို ဒီလို လုပ်ဖို့ ပြောတယ် ဆိုတာက စိတ်ကူးယာဉ်ဆန်တယ်လို့ ပြောမယ်။

ဒါပေမယ့် ကျနော်တို့က လယ်သမား တယောက် မနိုင်ရင် အုပ်စုလိုက် လယ်သမား၊ task force ခေါ်တာပေါ့။ စိတ်ဝင်စားတဲ့ လယ်သမား အဖွဲ့အစည်းကို ဖွဲ့လိုက်ပြီးတော့ အဖွဲ့အစည်းကိုသာ နိုင်ငံတော်က အဖွဲ့အစည်းကို မူတည်ပြီးတော့ ပေးရမှာ။ ဂျပန်မှာလည်း ဒီလိုပဲ လုပ်တယ်။ ကျနော်ပြောတဲ့ cold facility အအေးခန်းတွေသည်၊ ဒေသတခုမှာ တခုပဲ ဆောက်ပေးတယ်။ ဒါကို လယ်သမားအဖွဲ့အစည်းက ထိန်းသိမ်းတယ်။

လယ်သမားအဖွဲ့အစည်းက အားလုံး လယ်သမားတွေ လာသမ ျှ ကုန်ပစ္စည်းတွေကို ဆေးကျော သန့်စင်၊ ထုပ်ပိုးပြီးတော့ သိမ်းပေးတယ်။ ဒီလို honesty royalty တိုင်းပြည်ချစ်တဲ့ စိတ်ကလေးတွေ ရှိတဲ့ တောင်သူလယ်သမားတွေ အများကြီး ရှိပါတယ်။

အဲဒီ လူငယ် အဖွဲ့အစည်းလေးတွေများ ဖွဲ့စည်းမယ်။ ကျနော်တို့ ဆီမှာ ထင်ရှားမြင်သာတဲ့ အဖွဲ့ကတော့ water user group ဆိုတာ တော်တော် ထင်ရှားတယ်။ အဲဒီ အဖွဲ့က ရေရှိရေးအတွက် နယ်မှာ လယ်သမား အစုအဖွဲ့ လေးတွေက ဦးဆောင်ပြီး လုပ်တာ။ အဲဒီလို တချို့ အဖွဲ့ လေးတွေက ထင်ရှားတယ် ကောင်းတယ်။ ဆိုတော့ အဲဒီတော့ အဲဒါမျိုးသာ ဒီလယ်သမား အစုအဖွဲ့ လေးတွေကို ဒီစက်ပစ္စည်း ကရိယာ လေးတွေ တပ်ဆင်ပေးလိုက်မယ်ဆို၊ ဒီ သိန်းအများဆုံး တွက်ကြည့်ရင် ၄ -၅ ရာ အပြင် မရှိဘူး။ စောစောက အသေးစားလေးတွေ”

ဆင်းရဲတဲ့ တောင်သူလယ်သမားအများစုဟာ ပညာသိပ်မတတ်ကြသလို စက်ပစ္စည်း ကရိယာတွေနဲ့လည်း သိပ်မယဉ်ပါးကြပါဘူး။

ဒေါက်တာထွန်းဝင်း။. ။“လယ်သမားသည် ရယ်ဒီမဖြစ်သေးဘူး။ အသိပညာမရှိဘူး။ maintainance (ထိန်းသိမ်းမှု) မလုပ်တတ်သေးဘူး ဆိုရင် second option ရွေးစရာ ဒုတိယနည်းက အင်္ဂလိပ်လို ဆိုရင်တော့ leverage ပေါ့။ ပေးလိုက်တဲ့ အရင်းအနှီး တခုကို တိုးပွါးအောင် လုပ်တာ။ ဒါပဲ။

ကျနော်ပြောတာက နိုင်ငံတော်က ပေးလိုက်တဲ့ ပစ္စည်းကို မျိုးစေ့ လေးတွေ မြေသြဇာတွေ ဝယ်ပြီး ပေးလိုက်တဲ့ အခါမှာ တခါတည်း လမ်းဆုံး သွားမယ့်အစား။ ဒီ leverage ခေါ်တဲ့ ဒီနိုင်ငံတော်က ပေးလိုက်တဲ့ ပိုက်ဆံကို အတိုးအပွါး ဖြစ်အောင် ဘယ်သူတွေက လုပ်တတ်သလဲ ဆိုရင် contract farming လို့ခေါ်တဲ့ နိုင်ငံတော်မှာ ရှိနေတဲ့ ကန်ထရိုက် စိုက်ပျိုးရေး လုပ်နေတဲ့ Myanmar Rice Federation မြန်မာ နိုင်ငံ ဆန်စပါးအသင်း အဖွဲ့၊ နောက် ဧရာရွှေဝါလို ကုမ္ပဏီကြီးတွေ အများကြီး ရှိတယ်နော်။

ဒီ ကန်ထရိုက်စိုက်ပျိုးရေး လုပ်တာ စံနစ်ကျတယ်။ ဒေတာ အချက်အလက်နဲ့ စာရင်းအင်းက ထင်သာ မြင်သာ။ ပြုပြင်ထိန်းသိမ်းတာက စလို့၊ စက်ကရိယာ ကိုင်တွယ်တာက စလို့။အကျိုးရှိအောင် လယ်သမားက မြေနဲ့ လူပဲစိုက်။ သူတို့က အားလုံး စာရင်းအင်း အင်အားနဲ့ စိုက်ပြီးတော့များ ၂ ဦး ၂ ဖက် အကျိုးစီးပွါး တိုးပြီးတော့ လုပ်မယ် ဆိုရင် ဒီ ငွေသည် ပျောက်ပျက် မသွားဘူး။ သူတို့စိုးရိမ်လောက်စရာ။ ခုန ပေးတဲ့ ငွေသည် ထင်သာမြင်သာ ရှိမယ်။ ရေရှည် ခံမယ်။

ဒါမှ မဟုတ် UNOPS ခေါ်တဲ့ ကုလသမဂ္ဂ အထောက်အပံ့ USAIDတို့JICA တို့ KOICA ဆိုတဲ့ INGO တွေ အရမ်းကို တိုင်းပြည်ကို ထောက်ပံ့တယ်။ အဲဒီပုဂ္ဂိုလ်တွေ၊ အဲဒီ အဖွဲ့အစည်းတွေနဲ့ စောစောက ကိုဗစ် အထောက်အပံ့နဲ့ ပေါင်စပ်ပြီးတော့ အဲဒီက ပညာရှင်တွေနဲ့ ပေါင်းစပ်ပြီးတော့ ထင်သာ မြင်သာရှိတဲ့ မပျောက်ပျက် မပျက်စီးတဲ့ ရေရှည်ခံတဲ့ စိုက်ပျိုးကုန်ထုတ် လုပ်ငန်းကြီး တခုလုံးကို ကောင်းကောင်း လုပ်လို့ရပါတယ်။ ကောင်းကောင်း လုပ်လို့ ရပါတယ်။”

စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

UNICODE























XS
SM
MD
LG