သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့ပြဝန်းကျင်အတွက် အစိုးရသစ်ဆီက မျှော်လင့်ချက်


Rangoon in 2005
Rangoon in 2005

ရန်ကုန် မန္တလေးအပါအဝင် မြို့ကြီးတွေမှာ သဘာဝဝန်းကျင်နဲ့ ပါတ်သက်ပြီး ခံစားနေရတဲ့ထဲမှာ ဆိုးဝါးတာတွေက ယာဉ်ကြပ်ပြီး လမ်းတွေပိတ်ဆို့နေတာ၊ အမှိုက်နဲ့ ရေရှားပါးတဲ့ ပြဿ နာတွေ ဖြစ်ပါတယ်။

ရေရှားပါးတာ အတွက် ရေရှည်ဖြေရှင်းဖို့ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် လက်တလောမှာ တော့ လက်ရှိ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် လေလွင့်ဖိတ်စင် နေတာတွေကို ပြန်ထိမ်းသိမ်းနိုင်တယ်လို့ ဆရာဝင်းမျိုးသူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ စည်ပင်သာယာမှာ ပွင့်လင်းမြင်သာမှု တာဝန်ခံ တာဝန်ယူမှု မရှိပဲ အရွေးကောက်ခံ ဝန်ထမ်းတွေ မရှိပဲ ဖြစ်နေတာမို့ အားနည်းချက်တွေ များသလို အမှိုက်သိမ်းဆည်းမှုမှာ အားနည်းပြီး ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ကိုက်ညီမှု မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အရေးအကြီးဆုံးက ရန်ကုန်မြို့မှာ တချိန်တုန်းက ရှိခဲ့တဲ့ စုပေါင်းအမှိုက်ရှင်းတာတွေ၊ ရေမြောင်းဆယ်တာတွေ၊ အမှိုက်တွေကို နေရာတကျစွန့်ပစ်တာ လိုမျိုး ပြည်သူတွေ ကိုယ်တိုင်ပါဝင်တဲ့ ဝန်းကျင် ထိမ်းသိမ်းရေး ပြန်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

လမ်းပိတ်ဆို့မှုအတွက် ကရေရှည်လုပ်ရမယ့် ကိစ္စဖြစ်ပေမယ့် လက်ငင်းလုပ်နိုင်တာကတော့ လမ်းပေါ်က ကျူးကျော် ဈေးသည်တွေကို နေရာချထားရေး ဖြစ်ပါတယ်။ အရင်လေဟာပြင်ဈေးလို ကျယ်ကျယ်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ဆိုင်နေရာ အတည်တကျနဲ့ ချထားပေးနိုင်ရင်တော့ လမ်းတွေ အတွက်သာမက အလုပ်အကိုင် ပြဿ နာတွေကိုပါ ဖြေရှင်းနိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ရေရှည် လုပ်သင့်တာတွေထဲက ကျေးလက်မှာ မြေယာ အခြေခံတဲ့ စီးပွါးတိုးတက်မှု ရှိအောင် လုပ်ဖို့ပါ။ လက်တွေ့မှာ မြေက အများကြီးရှိပေမယ့် လူနဲစုက ကိုင်တွယ်ထားတာမို့ မြေရှားတဲ့ ပြဿ နာ ကြုံနေရ ပြီး မြေယာမဲ့က ရာနှုံး ၄၀ လောက် ရှိနေပါတယ်။

ရေရှည်မှာ စွမ်းအင်က အရေးပါတာမို့ ရေရှည်မှာစွမ်းအင်ဖွံ့ဖြိုးတိုးတက်ဖို့ ပြန်ပြည့်မြဲ စွမ်းအင်တွေကို အကောင်ထည် ဖေါ်ရမှာ ဖြစ်ပါတယ်။ အစိုးရက ဓါတ်အားလိုင်းကနေ ပေးဝေတာကို အဓိက လုပ်နေပေမယ့် တကယ်တမ်းမှာ ဓါတ်အားလိုင်း မရောက်တဲ့ နေရာတွေ အတွက်ပါ စဉ်းစားပြီး ရင်းနှီးမြှုပ်နှံဖို လိုအပ်နေတာပါ။

မြို့ပြအတွက် အဓိက လိုအပ်တာက master plan ပါ။ ဒါကို သေသေချာချာ ပြန်ပြီး ချမှတ်ဖို့ဖြစ်ပါတယ်။ အစီအမံ မကောင်းပဲ ဆက်သွားနေမယ်ဆိုရင် လုပ်သမျှဟာ ဆေးမြီးတိုနဲ့ ကုတဲ့ သဘောပဲ ဖြစ်နေမယ်လို ထောက်ပြပါတယ်။ ဒါ့အပြင် ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဖို့လည်း အရေးကြီးပါတယ်။ နိုင်ငံတကာ ကျင့်သုံးနေတဲ့ မြို့ပြကို ပြန်လည် စိမ်းလန်းအောင် လုပ်တဲ့ နည်းစံနစ်တွေနဲ့ ပြန်လည်ထူထောင် မယ်ဆိုရင် စွမ်းအင်ဆိုင်ရာ စံသတ်မှတ်ချက်တွေ၊ အဆောက်အဦး ဆောက်လုပ်ရာမှာ လိုက်နာရမယ့် စံသတ်မှတ်ချက်တွေနဲ့ ပြန်လည်တည်ဆောက်ပြီး လိုအပ်သလို capacity building လို့ခေါ်တဲ့ ပုဂ္ဂလိက တွေနဲ့ပါ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် လာမယ့် ၅ နှစ် ဆယ်နှစ်အတွင်းမှာ အရင် ယာယီ ဖြေရှင်းထားတာတွေပါ ပြေလည်နိုင်မယ်လို့ လည်း ပြောပါတယ်။

XS
SM
MD
LG