သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇော်ဂျီနဲ့ မြန်မာယူနီကုတ်


Zawgyi Font Download and Setting
Zawgyi Font Download and Setting

မြန်မာစာ အတွက် Google ရှာဖွေရေးစနစ်မှာ ဘာသာပြန်ပေးတဲ့စာမျက်နှာ ကို ဒီဇင်ဘာလ ၁၂ ရက်မှာ စတင်ထည့်သွင်းပေးခဲ့ပေမဲ့ အသုံးပြုသူ တော်တော်များများကတော့ သူတို့ ရိုက်ထည့်လိုက်တဲ့ စာတွေကို၊ အမှန်အတိုင်း ပြန်ထုတ်ပေးတာကို မြင်ရမှာမဟုတ်ပါဘူး။ အမှန်အတိုင်း မြင်ရဖို့ ဆိုရင်တော့ Google က အသုံးပြုထားတဲ့ နိုင်ငံတကာက အသိအမှတ်ပြု စံနှုန်းကို လိုက်နာတဲ့ ဖောင့် Myanmar3 လို Unicode ဖောင့်ကို အသုံးပြုရမှာဖြစ်ပါတယ်။

ဇော်ဂျီက စံနှုန်းကို လိုက်နာမထားဘူးလို့ မြန်မာဝီကီပီဒီယား ရဲ့ ကြီးကြပ်သူ တစ်ဦးဖြစ်တဲ့ ကိုဇော်သက်အောင်က ပြောပါတယ်။

ယူနီကုတ်မှာ code point ကိုသုံးဖို့ အတိအကျ သတ်မှတ်မှု ရှိပါတယ်။ ဇော်ဂျီမှာ ရရစ် ၇မျိုးအတွက် ကုတ်ပွိင့် ၇ မျိုး ယူထားတာမျိုးပါ။ မြန်မာစာအတွက် ကုတ်ပွိင့်က တမျိုးထဲပေးထားတာမို့ တခြားတိုင်းရင်းသား ဘာသာစကားတွေ အတွက်ပေးထားတဲ့ ကုတ်ပွိင့်ကို ယူသုံးထားတာလို မလိုက်နာမှုပါ။ ဒါ့အပြင် စာလုံးစီရာမှာ လိုက်နာဖို့ သတ်မှတ်ချက်တချို့ကိုလည်း ဇော်ဂျီက လိုက်နာ မထားဘူးလို့ ဆိုပါတယ်။

အခုအချိန်မှာ အများစုက ဇော်ဂျီကို အသုံးများတာမို့ အစိုးရ ဝက်ဘ်ဆိုက် စာမျက်နှာကအစ ယူနီကုတ်သုံးနေတဲ့ ဝက်ဘ်ဆိုက်တွေကို အများ ဖတ်လို့ရအောင် ဇော်ဂျီဖေါင့်ကိုပါ ထည့်သွင်းပေးထားရတယ်လို့ သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာကို ကိုင်တွယ်ရသူ တဦးဖြစ်တဲ့ ဦးဇော်ဌေးက ပြောပါတယ်။

စံနှုံး မလိုက်နာတဲ့ ဇော်ဂျီဖေါင့်နဲ့ အသုံးများနေတဲ့ မြန်မာစာပေလောကအတွက် အခု Google translate လို အသုံးတဲ့တဲ့ နည်းပညာသစ်အသုံးမတဲ့ပဲ ဖြစ်နေတာ ဟာ အခု လက်တွေ့မှာ ကြုံကြရတဲ့ အခက်အခဲတခုပါ။ အရင်ကတည်းက ကြုံနေကြရတဲ့ အခက်အခဲက မြန်မာစာအတွက်ယူနီကုတ်ထည့်ထားတဲ့ ဘယ်ကွန်ပြူတာ မှာမဆို ဇော်ဂျီနဲ့ ရိုက်တဲ့ စာတွေကို ဖတ်လို့မရတာဖြစ်ပြီး သူ့ကို သီးသန့်ထပ်ထည့်မှ ဖတ်လို့ရတာ ဖြစ်ပါတယ်။

နည်းပညာလောကဟာ တနေ့တခြားတိုးတက်နေတာပါ။ အင်တာနက်မှာ စာစီစာရိုက်ရုံတင်မကပဲ Google မှာလို့ ပြန်လည်ရှာဖွေရေးနဲ့ သိမ်းဆည်းရေးတွေ အတွက် ကာလကြာရှည်စွာ အသုံးတည့်စေဖို့ အများသုံး မြန်မာစာကို ယူနီကုတ်လို စံနဲ့ ဖြစ်အောင် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဒါမှ နောင်ပေါ်လာမယ့် OCR လို့ခေါ်တဲ့ optical recognitionလို စာလုံးကို ဖတ်ပြီး သူ့ဟာသူ သိအောင်လုပ်တဲ့ နည်းပညာလို နည်းပညာသစ်မျိုး တွေကိုပါ လွယ်လွယ်ကူကူ သုံးစွဲနိုင်မှာ ဖြစ်သလို ကိုယ်အခု ရေးမှတ်ထားတဲ့ စာတွေကို နှစ်ပေါင်း ဘယ်လောက်ကြာကြာ မပျောက်မပျက် ကွန်ပြူတာမှာ ပြန်တွေ့နိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG