သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္၂၀ ျပည့္ အာကာသစခန္း ကေန မဲေပးသူ


This handout photo released Oct. 22, 2020, by NASA on Twitter shows International Space Station crew member Kate Rubins pointing to a sign reading "ISS voting booth". (AFP)

ဒီတပတ္ေတာ့ ေျမကမာၻကေန မိုင္ ၂၀၀ ေက်ာ္ အကြာမွာရွိတဲ့ အျပည္ျပည္ဆိုင္ရာ အာကာသ စခန္းမွာ လူသားေတြ ေနထိုုင္တာ အႏွစ္ ႏွစ္ဆယ္ ျပည့္တဲ့၂၀၂၀ မွာ အေမရိကန္ ေရြးေကာက္ပြဲအတြက္ အာကာသထဲကေန မဲေပးတဲ့ အေၾကာင္း ေျပာျပေပးမွာပါ။

ႏွစ္၂၀ ျပည့္ အာကာသစခန္း ကေန မဲေပးသူ
please wait

No media source currently available

0:00 0:07:12 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(Zawgyi)

ဒီတပတ္ေတာ့ ေျမကမာၻကေန မိုင္ ၂၀၀ ေက်ာ္ အကြာမွာရွိတဲ့ အျပည္ျပည္ဆိုင္ရာ အာကာသ စခန္းမွာ လူသားေတြ ေနထိုုင္တာ အႏွစ္ ႏွစ္ဆယ္ ျပည့္တဲ့၂၀၂၀ မွာ အေမရိကန္ ေရြးေကာက္ပြဲအတြက္ အာကာသထဲကေန မဲေပးတဲ့ အေၾကာင္း ေျပာျပေပးမွာပါ။

၂၀၂၀ ေရြးေကာက္ပြဲမွာ မဲရံုေတြမွာ မဲေပးၾကသလို ႀကိဳတင္မဲကိုလည္း စာတုိက္က ျဖစ္ေစ၊ ႀကိဳတင္မဲေပးတဲ့ ဌာနေတြမွာ ျဖစ္ေစ ပံုစံမ်ိဳးစံုနဲ႔ မဲေပးၾကတဲ့အထဲ အေမရိကန္ အာကာသယာဥ္မႈး Kate Rubins ကေတာ့ အာကာသထဲကေန မဲေပးခဲ့တာျဖစ္ပါတယ္။

ကမာၻကေန မိုင္ ၂၀၀ ေက်ာ္ အကြာမွာရွိတဲ့ ကမာၻပတ္လမ္းေၾကာင္းထဲမွာ တနာရီကို မိုင္ ၁၇ ၅၀၀ ႏႈန္းနဲ႔ ပတ္ေနတဲ့ အျပည္ျပည္ဆိုင္ရာ အာကာသ စခန္းထဲကေန မဲေပးခဲ့တာပါ။

သူဘယ္လို မဲေပးခဲ့ပါသလဲ။

“မဲေပးဖို႔အတြက္ ျပည္ပ ခရီးသြားေနတဲ့ အေမရိကန္ ႏုိင္ငံသားေတြ ျဖည့္ရတဲ့ ေလ ွ်ာက္လႊာပံုစံမွာ ျဖည့္ၿပီး ေလ ွ်ာက္ရပါတယ္။ ျပည္ပေရာက္ အေမရိကန္ ႏိုင္ငံသား ဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ တကယ္ကိုက္မကိုက္ ကေတာ့ က်မလည္း မသိပါဘူး။ တကယ္ေတာ့ က်မတို႔က ကမာၻပတ္လမ္းေၾကာင္းထဲမွာ ရွိေနတာပါ။ အေမရိကန္ႏုိင္ငံထဲမွာေတာ့ မဟုတ္ဖူး အေဝးမွာေတာ့ ေရာက္ေနတာပါပဲ။ ဒါေၾကာင့္ အဲဒီပံုစံထဲ မွာပဲ ျဖည့္လိုက္ပါတယ္။”

အခုလို အာကာသထဲမွာ မဲေပးတာဟာ Kate အတြက္ ပထမဆံုး အႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၂၀၁၆ ေရြးေကာက္ပြဲတုန္းကလည္း အခုလိုပဲ အာကာသထဲကေနမဲေပးခဲ့တာပါ။ အဲဒီတုန္းကေတာ့

စူးစမ္းေလ့လာေရး ခရီးစဥ္ အမွတ္ ၄၈- ၄၉ မွာ အဖြဲ႔ဝင္ တဦးအေနနဲ႔ အာကာသထဲ သြားေရာက္ ခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ အာကာသယာဥ္မႈးေတြ မဲေပးခြင့္ကို ၁၉ ၉ ၇ ခုႏွစ္မွာ တက္ဆက္စ္ ျပည္နယ္ကေန တရားဝင္ျပဌာန္းေပးခဲ့တာျဖစ္ပါတယ္။ တက္ဆက္စ္ ျပည္နယ္ ေရြးေကာက္ပြဲ ဆိုင္ရာ ဥပေဒအရ မဲေပးခြင့္ရွိသူတဦးဟာ ႀကိဳတင္မဲေပးခြင့္ရွိတဲ့ ကာလမွာ ျဖစ္ေစ၊ ေရြးေကာက္ပြဲေန႔မွာ ျဖစ္ေစ အာကာသထဲေရာက္ေနမယ္ ဆိုရင္ မဲေပးခြင့္ ျပဳထားတာ ျဖစ္ပါတယ္။

ဒီဥပေဒကို တက္ဆက္စ္ ျပည္နယ္မွာ ျပဌာန္းရတဲ့ အေၾကာင္းရင္း တခုကေတာ့ အဲဒီမွာ နာဆာရဲ့ Johnson Space Center (JSC) အာကာသစခန္း ရွိၿပီး အာကာသ ယာဥ္မႈး အမ်ားစုဟာ အဲဒီျပည္နယ္ၿမိဳ႕ေတာ္ Houston မွာ ေနၾကတာေၾကာင့္ ျဖစ္ပါတယ္။

ယာဥ္မႈး တဦးဟာ အာကာသထဲမသြားခင္ သူဟာ ေရြးေကာက္ပြဲ ေန႔မွာ အာကာသထဲ သူေရာက္ေနမယ္ ဆိုတာကို ႀကိဳၿပီး အေၾကာင္းၾကားရပါတယ္။

အာကာသထဲေရာက္ေနတဲ့ ယာဥ္မႈးေတြ မဲေပးတဲ့ အခါ အြန္လိုင္းကေန ေပးရတဲ့ အီလက္ထေရာနစ္ မဲေပးစံနစ္ကို သံုးရပါတယ္။

“က်မတို႔ရတဲ့ မဲျပားက လ ွ်ိဳ႕ဝွက္ ကုဒ္နဲ႔ ပို႔လုိက္တာပါ။ အဲဒီမဲျပားကို က်မတို႔ေနတဲ့ ေကာင္တီက စာေရးဆီကို ျပန္ပို႔ေပးတဲ့ အခါ သူတို႔က မဲစာရင္းမွာ ထည့္ေရတြက္ပါတယ္။”

ေရြးေကာက္ပြဲမက်င္းခင္မွာ Johnson အာကာသစခန္း JSC ေျမျပင္ထိန္းခ်ဳပ္ေရး စခန္းကေန အာကာသယာဥ္မႈး ဆီကို လ ွ်ိဳ႕ဝွက္ ကုဒ္နဲ႔ အြန္လိုင္း မဲျပား ကို uplink နဲ႔ပို႔ေပး သလို မဲေပးတဲ့ ယာဥ္မႈးကလည္း သူ႔မဲကို downlink နဲ႔ ေကာင္တီကို ျပန္ပို႔ေပးရတာပါ။

ပထမဆံုး အာကာသထဲကေန မဲေပးခဲ့သူက ၁၉ ၉ ၇ ခုႏွစ္က ရုရွား အာကာသစခန္း Mir (Russian Space Station) ကို ေရာက္ေနတဲ့ နာဆာက အေမရိကန္အာကာသယာဥ္မႈး David Wolf ျဖစ္ပါတယ္။

အာကာသ ယာဥ္မႈးေတြအတြက္ သူတို႔ရဲ့ အာကာသ ခရီးစဥ္ေတြဟာ ၆ လေလာက္ အထိ ၾကာျမင့္တတ္တာျဖစ္ၿပီး အခုလုိ အေဝးေရာက္ မဲေပးခြင့္ရတာကို ဂုဏ္ယူတယ္လို႔ အာကာသယာဥ္မႈး Kate ကေျပာပါတယ္။

“အခုလို မဲေပးခြင့္ရတာဟာ က်မတို႔အတြက္ တကယ္ဂုဏ္ယူစရာပါ။ မဲေပးတာဟာ က်မတို႔ လုပ္ရမယ့္ တာဝန္တခုလို႔ ထင္ပါတယ္။ မဲေပးတာအတြက္ ဂုဏ္ယူသလို ဒါဟာ ႏိုင္ငံသား တေယာက္ရဲ့ တာဝန္လုိ႔လဲ ထင္ပါတယ္။ ဒါေၾကာင့္ အာကာသ ထဲကေန မဲေပးခြင့္ရတာဟာ သိပ္ကံေကာင္းတယ္လို႔ ခံစားရပါတယ္။”

၂၀၂၀ ေရြးေကာက္ပြဲမဲေပးဖုိ႔ အတြက္ အျပည္ျပည္ဆိုင္ရာ အာကာသ စခန္းထဲက အာကာသယာဥ္မႈးေတြ ေနတဲ့ ေနရာက အခန္းတခု ေရွ႕မွာ ISS မဲရံုလို႔ စာတမ္းကပ္ထားတာပါ။ Kate ဟာ အဲဒီ မဲရံုမွာ မဲေပးခဲ့တာ ျဖစ္ပါတယ္။

မဲစာရင္းထဲမွာေတာ့ သူမဲေပးတဲ့ လိပ္စာကို ‘Low- Earth orbit’ ကမာၻပတ္လမ္း လို႔ မွတ္တမ္းတင္ပါတယ္။

သူမဲေပးၿပီး ေနာက္တေန႔မွာပဲ နာဆာ အာကာသယာဥ္မႈးမ်ား NASA Astronauts အေကာင့္ကေန “အာကာသယာဥ္မႈး Kate Rubins မဲေပးခဲ့တာသိရလို႔သိပ္ဝမ္းသာေၾကာင္းနဲ႔ သူဟာ သူမ်ားေတြလို မဲေပးဖုိ႔ အၾကာႀကီးတန္းစီစရာ မလိုဘူး” လို႔ တြစ္တာမွာ ေရးပါတယ္။

အျပည္ျပည္ ဆိုင္ရာအာကာသစခန္းမွာ လူသားေတြ ေနထိုင္ၿပီး သုေတသန လုပ္ေနတာ အႏွစ္ ၂၀ ရွိပါၿပီ။ Kate ဟာ ဒီအႏွစ္ ၂၀ အထိန္းအမွတ္မွာလည္း သုေတသနတာဝန္နဲ႔ ဒီစခန္းကိုေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံသား ျဖစ္ၿပီး မဲေပးခြင့္ရခဲ့တာျဖစ္ပါတယ္။

ဒီ အႏွစ္ ၂၀ အထိန္းမွတ္ မွာ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းမွာ Kate နဲ႔အတူရွိေနသူ ေတြကေတာ့ ရုရွား ႏိုင္ငံသား ေတြ ျဖစ္တဲ့Sergey Ryzhikov နဲ႔ Sergey Kud-Sverchkov တို႔ျဖစ္ပါတယ္။ သူတို႔ကို ေအာက္တုိဘာလ ၃၁ ရက္ေန႔မွာ ေျမျပင္ထိန္းခ်ဳပ္ေရး စခန္းကေန ဆက္သြယ္ေမးျမန္းတဲ့ အခါ Sergey Ryzhikov က အခုလို ႏႈတ္ဆက္စကား ေျပာပါတယ္။

“အာကာသစခန္း ႏွစ္ ၂၀ ျပည့္ အထိန္းအမွတ္မွာ က်ေနာ္တုိ႔ ဒီမွာ ေရာက္ေနတာ သိပ္ေပ်ာ္စရာ ေကာင္းပါတယ္။ ႏိုင္ငံတကာက အဖြဲ႔ေတြလည္း က်ေနာ္တုိ႔နဲ႔အတူ ေပ်ာ္ရႊင္ၾကမယ္လို႔ ထင္ပါတယ္။”

အျပည္ျပည္ဆိုင္ရာ အာကာသစခန္းကို သကၠရာဇ္ ၂၀၀၀ ႏိုဝင္ဘာလ ၂ ရက္ေန႔မွာ နာဆာရဲ့ Expedition 1 စူးစမ္းေရးခရီစဥ္ အမွတ္ ၁ နဲ႔ လူသားေတြ သြားေရာက္ခဲ့တာ ျဖစ္ၿပီး အခု အႏွစ္ ၂၀ ျပည့္တဲ့ အထိ ဆက္ၿပီး အဲဒီမွာ သိပၸံပညာရွင္ေတြ ေနထုိင္ သုေတသန လုပ္ေနၾကတာ ျဖစ္ပါတယ္။

အေမရိကန္အာကာသယာဥ္မႈး Kate နဲ႔ ရုရွားအာကာသယာဥ္မႈး Ryzhikov တို႔ကေတာ့ စူးစမ္းေရး ခရီးစဥ္ အမွတ္ ၆၄ နဲ႔ သြားေရာက္ေနသူေတြ ျဖစ္ပါတယ္။ Kate ဟာ အဏုဇီဝေဗဒ ပညာရွင္ တဦးပါ။

“အခု ခရီးစဥ္ အတြင္းမွာ သိပၸံဆိုင္ရာ သုေတသနေတြ အမ်ားႀကီး လုပ္ဖို႔ရွိပါတယ္။ က်မက သိပၸံပညာရပ္နဲ႔ လက္ေတြ႔ စမ္းသပ္မႈေတြလုပ္ဖို႔ပဲ အၿမဲ စဥ္းစားေနတာပါ။ အခုလုပ္မယ့္ သုေတသနထဲမွာ အာကာသထဲ သက္ရွိဆဲလ္ ကလပ္စည္းေတြ ဘယ္လိုႀကီးထြားလာတယ္ ဆိုတာကို ေလ့လာဖို႔ ဆက္လုပ္ေနပါတယ္။ အခု ႏွလံုးမွာရွိတဲ့ ဆဲလ္ေတြ ဘယ္လို ႀကီးထြားတာကို ေလ့လာေနသလို တျခား တစ္ရႈး ေတြကိုလည္း ေလ့လာဖုိ႔ရိွပါတယ္။ လို႔ ေျပာသြားတာပါ။”

ဟုတ္ပါတယ္။ အာကာသစခန္းမွာက ကမာၻေပၚမွာလို ဆြဲငင္အား မမ်ားတဲ့ အတြက္ အခုလို ဆဲလ္ ေတြရဲ့ တည္ေဆာက္ပံုကို ေလ့လာဖို႔ အဆင္ေျပေနတာပါ။ အာကာသယဥ္မႈး Kate Rubins က သူဟာ microbial လို႔ေခၚတဲ့ ဘက္တီးရီးယားလို အဏုၾကည့္မွန္နဲ႔ၾကည့္မွျမင္ရတဲ့ သက္ရွိေတြနဲ႔ ပတ္သက္ၿပီး စူးစမ္းေလ့လာမႈေတြ အမ်ားအျပား လုပ္ဖို႔ ရွိတယ္လုိ႔ ေျပာပါတယ္။

“ဒီ သက္ရွိသတၱဝါေလးေတြရဲ့ အေနထားကို သိေအာင္ က်မတကယ္ ေလ့လာခ်င္ပါတယ္။ အခုဆို က်မတို႔ ဒီအာကာသစခန္းမွာ သုေတသနလုပ္ေနတာ အႏွစ္ ၂၀ ရွိပါၿပီ။ ဒီအေကာင္ေလးေတြဟာလည္း က်မတို႔နဲ႔ အတူ ရွိေနတာမို႔ ဒီေနရာမွာ သူတုိ႔အုပ္စုေတြထဲက ဘယ္သူေတြ ရွိေနတယ္၊ ဘယ္မွာ ေနတယ္၊ အခ်ိန္ၾကာလာတာနဲ႔အမ ွ် သူတို႔ ဘယ္လို ေျပာင္းလဲသြားတယ္ ဆိုတာေတြကို သိေအာင္လုပ္ဖုိ႔ က်မသိပ္စိတ္ဝင္စားပါတယ္။ လို႔ ေျပာပါတယ္။”

အျပည္ျပည္ဆုိင္ရာ အာာကသ စခန္းမွာ လူသားေတြ အေျခခ်သုေတသနလုပ္ႏို္င္တဲ့ အႏွစ္ ၂၀ ျပည့္ ေန႔မွာ အထိန္းအမွတ္ ညစာ စားပြဲေလး က်င္းပ မွာ ျဖစ္သလို သိပၸြံဆိုင္ရာ စူးစမ္းမႈေတြ ဆက္လုပ္မယ္လို႔လည္း သူက ေျပာပါတယ္။

Stanford တကၠသိုလ္ က ပါရဂူဘြဲ႔ ရထားတဲ့ Kate ဟာ အာကာသယာဥ္မႈးတဦး ျဖစ္သလို ဇီဝေဗဒဆိုင္ရာ သုေတသနလုပ္ငန္း ရာေပါင္းမ်ားစြာကို. ပါဝင္ေဆာင္ရြက္ခဲ့သူ တဦးလည္း ျဖစ္တယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

(Unicode)

ဒီတပတ်တော့ မြေကမ္ဘာကနေ မိုင် ၂၀၀ ကျော် အကွာမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ လူသားတွေ နေထိုင်တာ အနှစ် နှစ်ဆယ် ပြည့်တဲ့၂၀၂၀ မှာ အမေရိကန် ရွေးကောက်ပွဲအတွက် အာကာသထဲကနေ မဲပေးတဲ့ အကြောင်း ပြောပြပေးမှာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတွေမှာ မဲပေးကြသလို ကြိုတင်မဲကိုလည်း စာတိုက်က ဖြစ်စေ၊ ကြိုတင်မဲပေးတဲ့ ဌာနတွေမှာ ဖြစ်စေ ပုံစံမျိုးစုံနဲ့ မဲပေးကြတဲ့အထဲ အမေရိကန် အာကာသယာဉ်မှုး Kate Rubins ကတော့ အာကာသထဲကနေ မဲပေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာကနေ မိုင် ၂၀၀ ကျော် အကွာမှာရှိတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ တနာရီကို မိုင် ၁၇ ၅၀၀ နှုန်းနဲ့ ပတ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းထဲကနေ မဲပေးခဲ့တာပါ။

သူဘယ်လို မဲပေးခဲ့ပါသလဲ။

“မဲပေးဖို့အတွက် ပြည်ပ ခရီးသွားနေတဲ့ အမေရိကန် နိုင်ငံသားတွေ ဖြည့်ရတဲ့ လေ ျှာက်လွှာပုံစံမှာ ဖြည့်ပြီး လေ ျှာက်ရပါတယ်။ ပြည်ပရောက် အမေရိကန် နိုင်ငံသား ဆိုတဲ့ သတ်မှတ်ချက်နဲ့ တကယ်ကိုက်မကိုက် ကတော့ ကျမလည်း မသိပါဘူး။ တကယ်တော့ ကျမတို့က ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ရှိနေတာပါ။ အမေရိကန်နိုင်ငံထဲမှာတော့ မဟုတ်ဖူး အဝေးမှာတော့ ရောက်နေတာပါပဲ။ ဒါကြောင့် အဲဒီပုံစံထဲ မှာပဲ ဖြည့်လိုက်ပါတယ်။”

အခုလို အာကာသထဲမှာ မဲပေးတာဟာ Kate အတွက် ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၆ ရွေးကောက်ပွဲတုန်းကလည်း အခုလိုပဲ အာကာသထဲကနေမဲပေးခဲ့တာပါ။ အဲဒီတုန်းကတော့

စူးစမ်းလေ့လာရေး ခရီးစဉ် အမှတ် ၄၈- ၄၉ မှာ အဖွဲ့ဝင် တဦးအနေနဲ့ အာကာသထဲ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အာကာသယာဉ်မှုးတွေ မဲပေးခွင့်ကို ၁၉ ၉ ၇ ခုနှစ်မှာ တက်ဆက်စ် ပြည်နယ်ကနေ တရားဝင်ပြဌာန်းပေးခဲ့တာဖြစ်ပါတယ်။ တက်ဆက်စ် ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေအရ မဲပေးခွင့်ရှိသူတဦးဟာ ကြိုတင်မဲပေးခွင့်ရှိတဲ့ ကာလမှာ ဖြစ်စေ၊ ရွေးကောက်ပွဲနေ့မှာ ဖြစ်စေ အာကာသထဲရောက်နေမယ် ဆိုရင် မဲပေးခွင့် ပြုထားတာ ဖြစ်ပါတယ်။

ဒီဥပဒေကို တက်ဆက်စ် ပြည်နယ်မှာ ပြဌာန်းရတဲ့ အကြောင်းရင်း တခုကတော့ အဲဒီမှာ နာဆာရဲ့ Johnson Space Center (JSC) အာကာသစခန်း ရှိပြီး အာကာသ ယာဉ်မှုး အများစုဟာ အဲဒီပြည်နယ်မြို့တော် Houston မှာ နေကြတာကြောင့် ဖြစ်ပါတယ်။

ယာဉ်မှုး တဦးဟာ အာကာသထဲမသွားခင် သူဟာ ရွေးကောက်ပွဲ နေ့မှာ အာကာသထဲ သူရောက်နေမယ် ဆိုတာကို ကြိုပြီး အကြောင်းကြားရပါတယ်။

အာကာသထဲရောက်နေတဲ့ ယာဉ်မှုးတွေ မဲပေးတဲ့ အခါ အွန်လိုင်းကနေ ပေးရတဲ့ အီလက်ထရောနစ် မဲပေးစံနစ်ကို သုံးရပါတယ်။

“ကျမတို့ရတဲ့ မဲပြားက လ ျှို့ဝှက် ကုဒ်နဲ့ ပို့လိုက်တာပါ။ အဲဒီမဲပြားကို ကျမတို့နေတဲ့ ကောင်တီက စာရေးဆီကို ပြန်ပို့ပေးတဲ့ အခါ သူတို့က မဲစာရင်းမှာ ထည့်ရေတွက်ပါတယ်။”

ရွေးကောက်ပွဲမကျင်းခင်မှာ Johnson အာကာသစခန်း JSC မြေပြင်ထိန်းချုပ်ရေး စခန်းကနေ အာကာသယာဉ်မှုး ဆီကို လ ျှို့ဝှက် ကုဒ်နဲ့ အွန်လိုင်း မဲပြား ကို uplink နဲ့ပို့ပေး သလို မဲပေးတဲ့ ယာဉ်မှုးကလည်း သူ့မဲကို downlink နဲ့ ကောင်တီကို ပြန်ပို့ပေးရတာပါ။

ပထမဆုံး အာကာသထဲကနေ မဲပေးခဲ့သူက ၁၉ ၉ ၇ ခုနှစ်က ရုရှား အာကာသစခန်း Mir (Russian Space Station) ကို ရောက်နေတဲ့ နာဆာက အမေရိကန်အာကာသယာဉ်မှုး David Wolf ဖြစ်ပါတယ်။

အာကာသ ယာဉ်မှုးတွေအတွက် သူတို့ရဲ့ အာကာသ ခရီးစဉ်တွေဟာ ၆ လလောက် အထိ ကြာမြင့်တတ်တာဖြစ်ပြီး အခုလို အဝေးရောက် မဲပေးခွင့်ရတာကို ဂုဏ်ယူတယ်လို့ အာကာသယာဉ်မှုး Kate ကပြောပါတယ်။

“အခုလို မဲပေးခွင့်ရတာဟာ ကျမတို့အတွက် တကယ်ဂုဏ်ယူစရာပါ။ မဲပေးတာဟာ ကျမတို့ လုပ်ရမယ့် တာဝန်တခုလို့ ထင်ပါတယ်။ မဲပေးတာအတွက် ဂုဏ်ယူသလို ဒါဟာ နိုင်ငံသား တယောက်ရဲ့ တာဝန်လို့လဲ ထင်ပါတယ်။ ဒါကြောင့် အာကာသ ထဲကနေ မဲပေးခွင့်ရတာဟာ သိပ်ကံကောင်းတယ်လို့ ခံစားရပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲမဲပေးဖို့ အတွက် အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းထဲက အာကာသယာဉ်မှုးတွေ နေတဲ့ နေရာက အခန်းတခု ရှေ့မှာ ISS မဲရုံလို့ စာတမ်းကပ်ထားတာပါ။ Kate ဟာ အဲဒီ မဲရုံမှာ မဲပေးခဲ့တာ ဖြစ်ပါတယ်။

မဲစာရင်းထဲမှာတော့ သူမဲပေးတဲ့ လိပ်စာကို ‘Low- Earth orbit’ ကမ္ဘာပတ်လမ်း လို့ မှတ်တမ်းတင်ပါတယ်။

သူမဲပေးပြီး နောက်တနေ့မှာပဲ နာဆာ အာကာသယာဉ်မှုးများ NASA Astronauts အကောင့်ကနေ “အာကာသယာဉ်မှုး Kate Rubins မဲပေးခဲ့တာသိရလို့သိပ်ဝမ်းသာကြောင်းနဲ့ သူဟာ သူများတွေလို မဲပေးဖို့ အကြာကြီးတန်းစီစရာ မလိုဘူး” လို့ တွစ်တာမှာ ရေးပါတယ်။

အပြည်ပြည် ဆိုင်ရာအာကာသစခန်းမှာ လူသားတွေ နေထိုင်ပြီး သုတေသန လုပ်နေတာ အနှစ် ၂၀ ရှိပါပြီ။ Kate ဟာ ဒီအနှစ် ၂၀ အထိန်းအမှတ်မှာလည်း သုတေသနတာဝန်နဲ့ ဒီစခန်းကိုရောက်နေတဲ့ အမေရိကန်နိုင်ငံသား ဖြစ်ပြီး မဲပေးခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒီ အနှစ် ၂၀ အထိန်းမှတ် မှာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ Kate နဲ့အတူရှိနေသူ တွေကတော့ ရုရှား နိုင်ငံသား တွေ ဖြစ်တဲ့Sergey Ryzhikov နဲ့ Sergey Kud-Sverchkov တို့ဖြစ်ပါတယ်။ သူတို့ကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ မြေပြင်ထိန်းချုပ်ရေး စခန်းကနေ ဆက်သွယ်မေးမြန်းတဲ့ အခါ Sergey Ryzhikov က အခုလို နှုတ်ဆက်စကား ပြောပါတယ်။

“အာကာသစခန်း နှစ် ၂၀ ပြည့် အထိန်းအမှတ်မှာ ကျနော်တို့ ဒီမှာ ရောက်နေတာ သိပ်ပျော်စရာ ကောင်းပါတယ်။ နိုင်ငံတကာက အဖွဲ့တွေလည်း ကျနော်တို့နဲ့အတူ ပျော်ရွှင်ကြမယ်လို့ ထင်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို သက္ကရာဇ် ၂၀၀၀ နိုဝင်ဘာလ ၂ ရက်နေ့မှာ နာဆာရဲ့ Expedition 1 စူးစမ်းရေးခရီစဉ် အမှတ် ၁ နဲ့ လူသားတွေ သွားရောက်ခဲ့တာ ဖြစ်ပြီး အခု အနှစ် ၂၀ ပြည့်တဲ့ အထိ ဆက်ပြီး အဲဒီမှာ သိပ္ပံပညာရှင်တွေ နေထိုင် သုတေသန လုပ်နေကြတာ ဖြစ်ပါတယ်။

အမေရိကန်အာကာသယာဉ်မှုး Kate နဲ့ ရုရှားအာကာသယာဉ်မှုး Ryzhikov တို့ကတော့ စူးစမ်းရေး ခရီးစဉ် အမှတ် ၆၄ နဲ့ သွားရောက်နေသူတွေ ဖြစ်ပါတယ်။ Kate ဟာ အဏုဇီဝဗေဒ ပညာရှင် တဦးပါ။

“အခု ခရီးစဉ် အတွင်းမှာ သိပ္ပံဆိုင်ရာ သုတေသနတွေ အများကြီး လုပ်ဖို့ရှိပါတယ်။ ကျမက သိပ္ပံပညာရပ်နဲ့ လက်တွေ့ စမ်းသပ်မှုတွေလုပ်ဖို့ပဲ အမြဲ စဉ်းစားနေတာပါ။ အခုလုပ်မယ့် သုတေသနထဲမှာ အာကာသထဲ သက်ရှိဆဲလ် ကလပ်စည်းတွေ ဘယ်လိုကြီးထွားလာတယ် ဆိုတာကို လေ့လာဖို့ ဆက်လုပ်နေပါတယ်။ အခု နှလုံးမှာရှိတဲ့ ဆဲလ်တွေ ဘယ်လို ကြီးထွားတာကို လေ့လာနေသလို တခြား တစ်ရှုး တွေကိုလည်း လေ့လာဖို့ရှိပါတယ်။ လို့ ပြောသွားတာပါ။”

ဟုတ်ပါတယ်။ အာကာသစခန်းမှာက ကမ္ဘာပေါ်မှာလို ဆွဲငင်အား မများတဲ့ အတွက် အခုလို ဆဲလ် တွေရဲ့ တည်ဆောက်ပုံကို လေ့လာဖို့ အဆင်ပြေနေတာပါ။ အာကာသယဉ်မှုး Kate Rubins က သူဟာ microbial လို့ခေါ်တဲ့ ဘက်တီးရီးယားလို အဏုကြည့်မှန်နဲ့ကြည့်မှမြင်ရတဲ့ သက်ရှိတွေနဲ့ ပတ်သက်ပြီး စူးစမ်းလေ့လာမှုတွေ အများအပြား လုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“ဒီ သက်ရှိသတ္တဝါလေးတွေရဲ့ အနေထားကို သိအောင် ကျမတကယ် လေ့လာချင်ပါတယ်။ အခုဆို ကျမတို့ ဒီအာကာသစခန်းမှာ သုတေသနလုပ်နေတာ အနှစ် ၂၀ ရှိပါပြီ။ ဒီအကောင်လေးတွေဟာလည်း ကျမတို့နဲ့ အတူ ရှိနေတာမို့ ဒီနေရာမှာ သူတို့အုပ်စုတွေထဲက ဘယ်သူတွေ ရှိနေတယ်၊ ဘယ်မှာ နေတယ်၊ အချိန်ကြာလာတာနဲ့အမ ျှ သူတို့ ဘယ်လို ပြောင်းလဲသွားတယ် ဆိုတာတွေကို သိအောင်လုပ်ဖို့ ကျမသိပ်စိတ်ဝင်စားပါတယ်။ လို့ ပြောပါတယ်။”

အပြည်ပြည်ဆိုင်ရာ အာာကသ စခန်းမှာ လူသားတွေ အခြေချသုတေသနလုပ်နိုင်တဲ့ အနှစ် ၂၀ ပြည့် နေ့မှာ အထိန်းအမှတ် ညစာ စားပွဲလေး ကျင်းပ မှာ ဖြစ်သလို သိပ္ပွံဆိုင်ရာ စူးစမ်းမှုတွေ ဆက်လုပ်မယ်လို့လည်း သူက ပြောပါတယ်။

Stanford တက္ကသိုလ် က ပါရဂူဘွဲ့ ရထားတဲ့ Kate ဟာ အာကာသယာဉ်မှုးတဦး ဖြစ်သလို ဇီဝဗေဒဆိုင်ရာ သုတေသနလုပ်ငန်း ရာပေါင်းများစွာကို. ပါဝင်ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်တယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG