သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဝေးထိမ်း ဒရုံးယာဉ်နဲ့ စည်းမျဉ်းစည်းကမ်း


အဝေးထိမ်း ဒရုံးယာဉ်
အဝေးထိမ်း ဒရုံးယာဉ်

အဝေးထိမ်း ဒရုံးယာဉ်ကို စီးပွါးဖြစ်သုံးနိုင်ချေက အတော်များပါတယ်။ မောင်းသူမပါတဲ့ ဒရုံး လေယာဉ်တွေဟာ ငွေကြေးအရ သက်သာပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးနိုင်သလို ဆန်းသစ်တီထွင်ချင်သူတွေ ပေါ်လာအောင်လည်း လုပ်ပေးနိုင်ပါတယ်။

စီးပွါးဖြစ် ဒရုံးယာဉ်တွေဟာ စိုက်ပျိုးရေးအတွက် ပိုးသတ်ဆေးဖြန်းတဲ့ မောင်းသူမဲ့လေယာဉ်တွေလို ပေါင် ၂၀၀ လောက်လေးတဲ့ ယာဉ်တွေကနေ တချို့ ယာဉ်အသေးလေးတွေကတော့ ၄ ပေါင်လောက်အထိပဲ ရှိတာပါ။

ဒါပေမယ့် လက်ရှိ စည်းကမ်း သတ်မှတ်ချက်တွေကြောင့် ဒရုံးယာဉ်အများအပြားအတွက် ပျံသန်းခွင့် မရဘူးလို့ small unmanned air vehicle မောင်းသူမဲ့ လေယာဉ်ငယ်လေးတွေ နဲ့ ပါတ်သက်တဲ့ သတင်းဂျာနယ် အယ်ဒီတာ Patrick Egan ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒရုံးယာဉ် တွေကို စီးပွါးဖြစ် သုံးမယ်ဆိုရင် FAA လေကြောင်းအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှ သုံးနိုင်ပါတယ်။ သုံးဖို့ လျှောက်ထားတဲ့ ကုမ္ပဏီ ရာနဲ့ချီရှိပေမယ့် အခုအချိန်အထိ ခွင့်ပြုထားတာက ၁၄ ခုပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဝါသနာရှင်တွေအတွက် တင်းကြပ်တဲ့ ကန့်သတ်ချက်ထားပြီး ခွင့်ပြုတာတော့ ရှိပါတယ်။ ဝါသနာရှင်တွေ အနေနဲ့ လေဆိပ်တွေကနေ အနဲဆုံး ၅ မိုင်အကွာမှာ အမြင့်ပေ ၄၀၀ လောက်အထိပျံသန်းနိုင်ပေမယ့် ယာဉ်ကို မျက်စိအောက်က အပျောက်မခံ ထားရမှာ ဖြစ်ပါတယ်။

အမေရိကန် လေကြောင်းဆိုင်ရာ ဌာနက အသေးစား စီးပွားရေး လုပ်ငန်းသုံး done ယာဉ်တွေ အသုံးပြုမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းသစ် မူကြမ်းတရပ်ကို 2015 ဖေဖေါ်ဝါရီလ ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဝေးထိန်း drone ယာဉ်တွေကို ဖြတ်သန်းသွားလာနေကြသူတွေနဲ့ ဝေးရာမှာ အသုံးပြုဖို့နဲ့ နေ့ခင်းဘက်မှာပဲ သုံးဖို့အပြင် တနာရီကို ၉၉ မိုင်နှုန်းအောက် သာ မောင်းနှင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။ Drone ယာဉ် အသုံးပြုသူတွေ အနေနဲ့ ပြည်ထောင်စု လေကြောင်း အုပ်ချုပ်ရေးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ အသုံးပြုခွင့် အထူး လိုင်စင် ရှိရမှာလည်း ဖြစ်ပါတယ်။ Drone ယာဉ် အသုံးပြုပျံသန်းစဉ် ကောက်ယူတဲ့ အချက်အလက်တွေကို တချို့ချွင်းချက်ထားမှုတွေမှအပ ရက်ပေါင်း ၁၈၀ လောက် အထိပဲ သိမ်းထားခွင့်ရှိတယ်လို့လည်း မူကြမ်းမှာ ထည့်သွင်းထားပါတယ်။

FAA က စီးပွါးဖြစ် ဒရုံးယာဉ်တွေနဲ့ ပါတ်သက်ပြီး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ ချမှတ်ဖို့ ကျိုးစားနေပေမယ့် စီးပွါးရေး လုပ်ငန်းကြီးတွေနဲ့ အသေးစား ကုမ္ပဏီတွေ အမြန်လှုပ်ရှားနိုင်ဖို့ မရှိသေးပါဘူး။ ဒီ ဒရုံးယာဉ်တွေနဲ့ ပါတ်သက်ပြီး ပြဌာန်းမယ့် ဥပဒေတွေဟာ လူထောင်ပေါင်းများစွာ အတွက် အလုပ်အကိုင်တွေအပြင် ဒေါ်လာ ဘီလျံနဲ့ ချီတဲ့ စီးပွါးရေးလုပ်ငန်းတွေ အတွက် သက်ရောက်မှု ရှိစေတာ ဖြစ်ပါတယ်။

မောင်းသူမဲ့ လေယာဉ်များအဖွဲ့ အကြီးအကဲ Michael Drobac ကတော့ ဒီနည်းပညာတိုးတက်နိုင်ဖို့ အာဏာပိုင်တွေဘက်က လမ်းဖွင့်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

FAA က ရဲ့ San Diego ဓါတ်အားပေး ကုမ္ပဏီကို သူတို့ရဲ့ ဓါတ်အားဖြန့်ဖြူးတဲ့ တိုင်တွေနဲ့ လိုင်းတွေကို ဒရုံးယာဉ်နဲ့ စစ်ဆေးဖို့ ခွင့်ပြုထား ပါတယ်။ သူတို့ရဲ့ ဒရုံးယာဉ်ဟာ ၄ ပေါင်လောက်လေးပြီး သူ့မှာ ကင်မရာတပ်ထားတဲ့အတွက် ဘယ်နေရာမှာ ပျက်စီးနေတယ် ဘယ်နေရာက ပြင်ဖို့ လိုနေတယ် ဆိုတာတွေကို မြေပြင်မှာ ရှိတဲ့ အင်ဂျင်နီယာတွေက သိနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အမေရိကန်ပြည်ထောင်စုမှာ ဓါတ်အားလိုင်းတွေကို စစ်ဆေးရာကနေ သေဆုံးခဲ့ရသူ ရဟတ်ယာဉ်မောင်း ၁၄ ဦး ရှိခဲ့တာပါ။ အခုလို မောင်းသူမဲ့ ဒရုံးယာဉ်ကို သုံးတဲ့အတွက် လူ့အသက်အန္တရာယ်အတွက် စိုးရိမ် စရာနဲသွားပါတယ်။
မောင်းသူမဲ့ လေယာဉ်တွေအတွက် စိုက်ပျိုးရေးကဏ္ဍဟာ တကယ့်ဈေးကွက်ကြီးဖြစ်ပါတယ်။ FAA က စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် တွေ ထုတ်ပြန်ပြီးတဲ့နောက်မှာ ဆိုရင် စိုက်ပျိုးရေးသုံး ဒရုံးယာဉ်တွေဟာ ဈေးကွက်မှာ ရာနှုံး ၈၀ လောက်ယူထားမယ်လို့ ခန့်မှန်းကြပါတယ်။

ဒရုံးယာဉ်တွေဟာ အာဖရိကတိုက်က တောရိုင်းတရိစ္ဆာန် ခိုးထုတ်တဲ့သူတွေကို ဖမ်းဖို့၊ ပင်လယ်ပြင်ထဲက ဘယ်နေရာမှာ ရေနံယိုဖိတ်မှု ရှိနေတယ် ဆိုတာတွေအပြင် စိုက်ပျိုးရေးပြဿနာတွေ ဖြေရှင်းရာမှာ သိပ်ကို အသုံးဝင်လာနိုင်တာမို့ ဒါဟာ တကယ့်စီးပွါးရေးဈေးကွက်တခု ဖြစ်ပါတယ်။

XS
SM
MD
LG